Credit
Unicode Version ဖြင့်ဖတ်ရန်
ယောင်္ကျားလေးတွေ အမြင်မှာ လွယ်တယ်ထင်ရတဲ့ မိန်းကလေးတွေရဲ့ ပုံစံများ
မိန်းကလေးတွေဆိုတာ သူ့သဘာဝနဲ့ သူ နေကြပေမယ့် ယောင်္ကျားလေးတွေကတော့ အတွေးတွေထဲ သတ်မှတ် ပစ်လိုက်တာတွေ ရှိပါတယ် …။
ဘယ်လိုဆိုရင် ဘယ်လို မိန်းကလေးမျိုးဆိုပြီး အလွယ်တကူ သတ်မှတ် လိုက်တတ်ကြပါတယ်။ ဒါကြောင့်ပဲ ယောင်္ကျားလေးတွေက ဘယ်လို မိန်းကလေး ပုံစံတွေကို လွယ်တယ်လို့ ထင်လေ့ ရှိတယ် ဆိုတာကို ဖော်ပြပေးလိုက် ပါတယ်နော် …။
(၁) အယုံလွယ်တဲ့ မိန်းကလေး”
ရိုးသားတဲ့ မိန်းကလေး အများစုက ကိုယ့်ကို လူကောင်းပုံစံမျိုးနဲ့ လာပြောတဲ့ စကားတွေကို လက်ခံယုံကြည်လေ့ ရှိကြပါတယ်။ ဒါက သူတို့မှာ လူတွေကို ယုံကြည်ပေးတတ်တဲ့ အကျင့် ရှိလို့ပါ …။
ဒါပေမယ့်လည်း ကောင်လေးတွေ အမြင်မှာတော့ လွယ်တယ် ထင်သွားတတ်ပါတယ်။ တကယ်ရိုးသားတဲ့ သူဆိုတာတောင်မှ တစ်ချို့ကောင်လေးတွေက ရိုးသားတော့ လွယ်တာ ပေါ့လို့တောင် တွေးတတ်ကြပါတယ် …။
(၂) လိုက်လျောတဲ့ မိန်းကလေး”
ကောင်လေးတွေရဲ့ သဘာဝက ချစ်စိတ်ဝင်မှ မိန်းကလေးတွေကို ချဉ်းကပ် ကြတာမျိုး မဟုတ်ပါဘူး။ စိတ်ဝင်စား ရုံလောက်နဲ့လည်း ချဉ်းကပ် တတ်ကြပါတယ်။ သူတို့ ချဉ်းကပ်တဲ့အခါမှာ တောင်းဆိုမှုတွေက အမြဲကပ်ပါနေလေ့ ရှိပါတယ် …။
မုန့်စားရအောင် ဘယ်ကို အတူသွား ရအောင် စသဖြင့် ဖြစ်ပါတယ်။ ဒီလိုအရာတွေ အလွယ်တကူ လိုက်လျောတဲ့အခါ ကောင်လေးတွေက စိတ်ဝင်စားမှု လျော့ကျသွားပြီး လွယ်တဲ့သူလို့ ယူဆ သွားတတ်ကြပါတယ်နော် …။
(၃) စကားပြောချိုသာတဲ့ မိန်းကလေး”
လူမှုရေးရှိတဲ့ မိန်းကလေး အချို့ကတော့ ကိုယ့်ကို ချဉ်းကပ် လာတဲ့ ယောင်္ကျားလေးမှန်း သိရရင်တောင် ပြန် အသိအမှတ်ပြု စကားပြောလေ့ ရှိပါတယ် …။
ခင်ခင်မင်မင် ပြန်အလိုက်သင့် ပြောတဲ့ မိန်းကလေးတွေ လည်း ရှိပါသေးတယ်။ ဒီလို မိန်းကလေးတွေကို ကောင်လေးတွေက လွယ်တဲ့သူတွေလို့ အထင်လွဲသွားတတ်လေ့ ရှိပါတယ် …။
(၄) ရင်းနှီးလွယ်တဲ့ မိန်းကလေး”
မိန်းကလေးတွေ မှာလည်း ခင်တတ်မင်တတ်တဲ့ မိန်းကလေးတွေ ရှိနေ ပါသေးတယ်။ သူတို့တွေကတော့ ဘယ်သူနဲ့ မဆို ရင်းနှီး လွယ်ပါတယ်။ ဒါပေမယ့် အကြောင်း မသိဘဲ လာချဉ်းကပ်လာတဲ့ အခါမျိုးတွေမှာ ဒီလို ရင်းနှီးလွယ် တာကို သိရပြီး လွယ်တယ်တဲ့ ယူဆကြတတ်ပါတယ် …။
(၅) အပျော်အပါးမက်တဲ့ မိန်းကလေး”
မိန်းကလေးတွေ မှာလည်း ပျော်တာကို သဘောကျတာနဲ့ အပျော်အပါး ကိစ္စတွေကို နှစ်သက်သူတွေ ရှိပါတယ်။ ဒါကတော့ လူ့သဘာဝမို့ မထူးဆန်းပေမယ့် လူအများက မိန်းကလေးတွေကို ခွဲခြား ဆက်ဆံ တာတွေကြောင့် မိန်းကလေးတွေ အပျော်အပါး မက်ရင် မကောင်းတဲ့သူတွေလို ယူဆတတ်ကြပါတယ် …။
ဒါကြောင့် ကောင်လေးတွေ ကလည်း အပျော်အပါးမက်တဲ့ ကောင်မလေးတွေကို လွယ်တဲ့ သူတွေလို့ သတ်မှတ် ထားကြပါတယ်နော် …။ ။
Credit