သူေဌး အႀကီးစားလက္(လကၡဏာ)…

သူေဌး အႀကီးစားလက္(လကၡဏာ)…

လူအမ်ားစုသည္ လက္ဝါးျပတ္ဆိုလွ်င္ အင္မတန္ေၾကာက္ အင္မတန္ေ႐ွာင္ၾက၏။ ဘယ္ေလာက္ထိ ၾကဳံခဲ့ဖူးသလဲဆိုရင္ သူ႕သမီးႏွင့္ ယူမည့္လူ အားလုံးေခါင္းၿငိမ့္သေဘာတူၿပီးမွ လက္ဝါးျပတ္ျဖစ္ေန၍ ခါးခါးသီးသီးျငင္းလိုက္တာမ်ိဳး လကၡဏာ ေဗဒင္ေဟာသက္ ၂၂ ႏွစ္ေက်ာ္အတြင္း သုံးေလးဦး ၾကဳံခဲ႔ဖုးပါတယ္ …။

ယခု လကၡဏာ႐ွင္သည္ လက္ဝါးျပတ္ျဖစ္၏။ ပထမအ႐ြယ္မကုန္ေသး အသက္ငယ္ေသး၏။ သို႔ေသာ္ ခ်မ္းသာ၏။ ၿပီးခဲ့တဲ့သုံးေလးရက္က ဤပုဂၢိဳလ္ကိုေဟာဖို႔ အလွည့္ေရာက္၏။ မႏၲေလးၿမိဳ႕ႀကီးမွ ျဖစ္၏ …။

(၁) အနီေရာင္ျဖင့္ ျပထားေသာ လက္ဝါးျပတ္ျဖစ္ေနေသာ္လည္း လက္မသည္ လက္မတင္းပုတ္ ပုတိုတိုလက္မမ်ိဳး မဟုတ္ေသာေၾကာင့္ လက္ဝါးျပတ္ဟု မသတ္မွတ္ပါ …။

ထို႔ျပင္

(၂) ထိုလက္ဝါးျပတ္သည္ အနက္ေရာင္ျဖင့္ ဆြဲျပထားေသာ စိန္သရဖူအႀကီးစားျဖင့္ အတူ တြဲျဖစ္ေနျခင္း၊ အဝါေရာင္ျဖင့္ ဆြဲျပထားေသာ ေအာင္ျမင္ေက်ာ္ၾကားလမ္းေၾကာင္း ပါေနျခင္းတို႔ေၾကာင့္ လက္ဝါးျပတ္မဟုတ္ေၾကာင္း ထပ္၍ သက္ေသျပေနျပန္၏ …။

(၃) လက္သူႂကြယ္ေအာက္တြင္ အျဖဴေရာင္ျဖင့္ ဆြဲျပထားေသာ အလံတိုင္သေကၤတ အဝါေရာင္ျဖင့္ ဆြဲျပထားေသာ ႀတိဂံ ၂ ထပ္ႏွင့္ ခက္ရင္းခြတို႔ ပါေန၏ …။

ယခုဆိုခဲ့ၿပီးေသာ အခ်က္အားလုံးသည္ က်ိက်ိတက္ခ်မ္းသာမည့္ ပုဂၢိဳလ္ျဖစ္ျခင္း၊ စီးပြားေရးနယ္ပါယ္မွာ နာမည္ေကာင္းတစ္လုံးျဖင့္ ရပ္တည္ရမည္ျဖစ္ျခင္း၊ အလုပ္ေတြ သုံးေလးမ်ိဳးမက လုပ္ျခင္း၊ သားသမီးတို႔ကိုပါ ပညာအေမြ၊ဥစၥာအေမြ၊ ဂုဏ္သိကၡာအေမြတို႔ ေပးသြားမည္ျဖစ္၏။ အားက်စရာေကာင္းေလာက္ေအာင္ ႂကြယ္ခ်မ္းသာမည့္ ဘဝမ်ိဳးေရာက္မည္ …။

ထင္ေပါေက်ာ္ၾကား စီးပြားေရးသမား ဘဝမ်ိဳး ေရာက္ရိွမည္။ ဇြဲလုံ႔လဝိရိယ ေကာင္းသူျဖစ္ျခင္း၊ စိတ္ဓာတ္ျပတ္သားခိုင္မာျခင္း၊ လုပ္ငန္းႀကီးတို႔ကို ပိုင္ပိုင္ႏိုင္ႏိုင္ေအာင္ျမင္ေအာင္ လုပ္ျပႏိုင္သူျဖစ္မည္။ဤပုဂၢိဳလ္၏ ေမြးဇာတာသည္လည္း ထူးျခားေသာ ရာသီ၊ ၿဂိဳဟ္၊ နဝင္းတို႔ျဖင့္ ဖြဲ႕စည္းထားသည္ …။

(၁) ကုန္သည္ရာသီ၊ စီးပြားေရးသမားရာသီခ်ိန္ခြင္ ရာသီတြင္ လဂ္…ရပ္တည္၏ …။

(၂) တနဂၤေႏြၿဂိဳလ္ ဥဳစ္ရထားၿပီး ဓႏုရာသီနဝင္း ျပန္စီးထား၏ …။

(၃) တနလၤာၿဂိဳဟ္ ဥဳစ္နဝင္း စီးထား၏ …။

(၄) တ႐ုတ္႐ိုးရာ ရာသီဖြားအရလည္း ဆိတ္ႏွစ္ဖြား ”သတၱဳဆိတ္ႏွစ္ဖြား” ျဖစ္ေနသည္ …။

(၅) လက္ကလဲ….ဘယ္လက္၊ ဘယ္လက္မွာပါေသာ အမွတ္အသားေတြ ျဖစ္ေန၍ ပို၍ ပို၍ေကာင္းပါ၏ …။

ဘယ္ဥပေဒ ဘယ္နည္းစနစ္ဘက္ကဆိုဆို အႀကီးအက်ယ္ ခ်မ္းသာႂကြယ္ဝ ေပလိမ့္မည္ …။ ။

Dr.Myint Win(Ph.D)

Unicode Version ဖြင့်ဖတ်ရန်

သူဌေး အကြီးစားလက်(လက္ခဏာ)…

လူအများစုသည် လက်ဝါးပြတ်ဆိုလျှင် အင်မတန်ကြောက် အင်မတန်ရှောင်ကြ၏။ ဘယ်လောက်ထိ ကြုံခဲ့ဖူးသလဲဆိုရင် သူ့သမီးနှင့် ယူမည့်လူ အားလုံးခေါင်းငြိမ့်သဘောတူပြီးမှ လက်ဝါးပြတ်ဖြစ်နေ၍ ခါးခါးသီးသီးငြင်းလိုက်တာမျိုး လက္ခဏာ ဗေဒင်ဟောသက် ၂၂ နှစ်ကျော်အတွင်း သုံးလေးဦး ကြုံခဲ့ဖုးပါတယ် …။

ယခု လက္ခဏာရှင်သည် လက်ဝါးပြတ်ဖြစ်၏။ ပထမအရွယ်မကုန်သေး အသက်ငယ်သေး၏။ သို့သော် ချမ်းသာ၏။ ပြီးခဲ့တဲ့သုံးလေးရက်က ဤပုဂ္ဂိုလ်ကိုဟောဖို့ အလှည့်ရောက်၏။ မန္တလေးမြို့ကြီးမှ ဖြစ်၏ …။

(၁) အနီရောင်ဖြင့် ပြထားသော လက်ဝါးပြတ်ဖြစ်နေသော်လည်း လက်မသည် လက်မတင်းပုတ် ပုတိုတိုလက်မမျိုး မဟုတ်သောကြောင့် လက်ဝါးပြတ်ဟု မသတ်မှတ်ပါ …။

ထို့ပြင်

(၂) ထိုလက်ဝါးပြတ်သည် အနက်ရောင်ဖြင့် ဆွဲပြထားသော စိန်သရဖူအကြီးစားဖြင့် အတူ တွဲဖြစ်နေခြင်း၊ အဝါရောင်ဖြင့် ဆွဲပြထားသော အောင်မြင်ကျော်ကြားလမ်းကြောင်း ပါနေခြင်းတို့ကြောင့် လက်ဝါးပြတ်မဟုတ်ကြောင်း ထပ်၍ သက်သေပြနေပြန်၏ …။

(၃) လက်သူကြွယ်အောက်တွင် အဖြူရောင်ဖြင့် ဆွဲပြထားသော အလံတိုင်သင်္ကေတ အဝါရောင်ဖြင့် ဆွဲပြထားသော တြိဂံ ၂ ထပ်နှင့် ခက်ရင်းခွတို့ ပါနေ၏ …။

ယခုဆိုခဲ့ပြီးသော အချက်အားလုံးသည် ကျိကျိတက်ချမ်းသာမည့် ပုဂ္ဂိုလ်ဖြစ်ခြင်း၊ စီးပွားရေးနယ်ပါယ်မှာ နာမည်ကောင်းတစ်လုံးဖြင့် ရပ်တည်ရမည်ဖြစ်ခြင်း၊ အလုပ်တွေ သုံးလေးမျိုးမက လုပ်ခြင်း၊ သားသမီးတို့ကိုပါ ပညာအမွေ၊ဥစ္စာအမွေ၊ ဂုဏ်သိက္ခာအမွေတို့ ပေးသွားမည်ဖြစ်၏။ အားကျစရာကောင်းလောက်အောင် ကြွယ်ချမ်းသာမည့် ဘဝမျိုးရောက်မည် …။

ထင်ပေါကျော်ကြား စီးပွားရေးသမား ဘဝမျိုး ရောက်ရှိမည်။ ဇွဲလုံ့လဝိရိယ ကောင်းသူဖြစ်ခြင်း၊ စိတ်ဓာတ်ပြတ်သားခိုင်မာခြင်း၊ လုပ်ငန်းကြီးတို့ကို ပိုင်ပိုင်နိုင်နိုင်အောင်မြင်အောင် လုပ်ပြနိုင်သူဖြစ်မည်။ဤပုဂ္ဂိုလ်၏ မွေးဇာတာသည်လည်း ထူးခြားသော ရာသီ၊ ဂြိုဟ်၊ နဝင်းတို့ဖြင့် ဖွဲ့စည်းထားသည် …။

(၁) ကုန်သည်ရာသီ၊ စီးပွားရေးသမားရာသီချိန်ခွင် ရာသီတွင် လဂ်…ရပ်တည်၏ …။

(၂) တနင်္ဂနွေဂြိုလ် ဥုစ်ရထားပြီး ဓနုရာသီနဝင်း ပြန်စီးထား၏ …။

(၃) တနင်္လာဂြိုဟ် ဥုစ်နဝင်း စီးထား၏ …။

(၄) တရုတ်ရိုးရာ ရာသီဖွားအရလည်း ဆိတ်နှစ်ဖွား ”သတ္တုဆိတ်နှစ်ဖွား” ဖြစ်နေသည် …။

(၅) လက်ကလဲ….ဘယ်လက်၊ ဘယ်လက်မှာပါသော အမှတ်အသားတွေ ဖြစ်နေ၍ ပို၍ ပို၍ကောင်းပါ၏ …။

ဘယ်ဥပဒေ ဘယ်နည်းစနစ်ဘက်ကဆိုဆို အကြီးအကျယ် ချမ်းသာကြွယ်ဝ ပေလိမ့်မည် …။ ။

Dr.Myint Win(Ph.D)