ခ်မ္းသာသူေတြ ဘယ္ေတာ့မွ မလုပ္တဲ့ ေငြနဲ႔ ပတ္သက္တဲ့ အမွား(၄)မ်ိဳး…

ခ်မ္းသာသူေတြ ဘယ္ေတာ့မွ မလုပ္တဲ့ ေငြနဲ႔ ပတ္သက္တဲ့ အမွား(၄)မ်ိဳး…

ဘယ္သူမဆို ခ်မ္းသာခ်င္ၾကတာပါပဲ။ ကိုယ္က ခ်မ္းသာတဲ့ အဆင့္ မေရာက္ေသးရင္ေတာ့ ႂကြယ္ဝခ်မ္းသာသူေတြ ဆီကေန အတုယူသင့္ပါတယ္။ အထူးသျဖင့္ ပိုက္ဆံနဲ႔ ပတ္သက္လို႔ ခ်မ္းသာတဲ့ သူေတြ ဘယ္လို သေဘာထားၾကသလဲ ဆိုတာ သိေအာင္ လုပ္သင့္ပါတယ္ေနာ္ …။

(၁) ခ်မ္းသာသူေတြက အနာဂါတ္အတြက္ ေငြစုဖို႔မေမ့ဘူး။

ခ်မ္းသာႂကြယ္ဝသူေတြဟာ ပိုက္ဆံရွိတိုင္း သုံးျဖဳန္းေနတာ မဟုတ္ပါဘူး။ သူတို႔ဟာ ေနာင္တစ္ခ်ိန္အတြက္ ႀကိဳစဥ္းစားထားၿပီး အနာဂါတ္အတြက္ ေငြစုေဆာင္း တတ္ၾကပါတယ္။ ေငြစုတတ္တဲ့ အက်င့္ကိုလည္း အားေပးၾကပါတယ္ …။

(၂) ကိုယ့္ကိုယ္ကို ရင္းႏွီးျမႇပ္ႏွံၾကတယ္။

ပိုက္ဆံခ်မ္းသာလာသူေတြဟာ ေငြေၾကးစုေဆာင္းမႈအျပင္ ရင္းႏွီးျမႇပ္ႏွံမႈလည္း လုပ္ဖို႔ မေမ့ၾကပါဘူး။ တကယ္ေတာ့ ခ်မ္းသာႂကြယ္ဝသူေတြဟာ ေငြတင္ ရင္းႏွီးျမႇပ္ႏွံတာလားဆိုေတာ့ မဟုတ္ပါဘူး။ ပညာေရးနဲ႔ ကိုယ္ရည္ကိုယ္ေသြး တိုးတက္ေရး အတြက္မွာလည္း ရင္းႏွီး ျမႇပ္ႏွံမႈ ျပဳလုပ္တတ္ ၾကပါတယ္ …။

(၃) ေစ်းေပါတာပဲ မေ႐ြးခ်ယ္ၾကဘူး။

ခ်မ္းသာသူေတြဆီက အတူယူဖို႔ေကာင္းတဲ့ အရည္အေသြးတစ္ခုက ေရွ႕ေရးကို ၾကည့္ၿပီးမွ ပစၥည္းဝယ္တာပဲ ျဖစ္ပါတယ္။ ေရရွည္သုံးမယ့္ အသုံးအေဆာင္ပစၥည္းတစ္ခုခု ဝယ္ရာမွာ ေစ်းအနည္းအမ်ားထက္ အရည္အေသြးနဲ႔ အသုံးဝင္မႈကို ၾကည့္ၿပီး ေငြ သုံးစြဲၾကတာပဲ ျဖစ္ပါတယ္…။

(၄) ေငြကို ခ်င့္ခ်ိန္ သုံးစြဲတယ္။

ကိုယ့္ဒူးကိုယ္ခြၽန္နဲ႔ ခ်မ္းသာတယ္ဆိုတဲ့ လူေတြဟာ ေငြကို လက္လြတ္စပယ္မသုံးပါဘူး။ ရံဖန္ရံခါဆိုသလို တစ္ရက္တည္းနဲ႔ ေငြသိန္းခ်ီ သုံးပစ္ႏိုင္ပါတယ္။ ဒါကလည္း သူတို႔ရွာႏိုင္တဲ့ အေနအထားနဲ႔ ခ်ိန္ၿပီးမွ သုံးတာ ျဖစ္ပါတယ္။ ေငြရွာဖို႔ က်ပ္လာခ်ိန္မွာ ေငြကို စည္းစနစ္နဲ႔ သုံးစြဲဖို႔လည္း ဘယ္ေတာ့မွ မေမ့ၾကပါဘူးေနာ္ …။ ။

Credit

Unicode Version ဖြင့်ဖတ်ရန်

ချမ်းသာသူတွေ ဘယ်တော့မှ မလုပ်တဲ့ ငွေနဲ့ ပတ်သက်တဲ့ အမှား(၄)မျိုး…

ဘယ်သူမဆို ချမ်းသာချင်ကြတာပါပဲ။ ကိုယ်က ချမ်းသာတဲ့ အဆင့် မရောက်သေးရင်တော့ ကြွယ်ဝချမ်းသာသူတွေ ဆီကနေ အတုယူသင့်ပါတယ်။ အထူးသဖြင့် ပိုက်ဆံနဲ့ ပတ်သက်လို့ ချမ်းသာတဲ့ သူတွေ ဘယ်လို သဘောထားကြသလဲ ဆိုတာ သိအောင် လုပ်သင့်ပါတယ်နော် …။

(၁) ချမ်းသာသူတွေက အနာဂါတ်အတွက် ငွေစုဖို့မမေ့ဘူး။

ချမ်းသာကြွယ်ဝသူတွေဟာ ပိုက်ဆံရှိတိုင်း သုံးဖြုန်းနေတာ မဟုတ်ပါဘူး။ သူတို့ဟာ နောင်တစ်ချိန်အတွက် ကြိုစဉ်းစားထားပြီး အနာဂါတ်အတွက် ငွေစုဆောင်း တတ်ကြပါတယ်။ ငွေစုတတ်တဲ့ အကျင့်ကိုလည်း အားပေးကြပါတယ် …။

(၂) ကိုယ့်ကိုယ်ကို ရင်းနှီးမြှပ်နှံကြတယ်။

ပိုက်ဆံချမ်းသာလာသူတွေဟာ ငွေကြေးစုဆောင်းမှုအပြင် ရင်းနှီးမြှပ်နှံမှုလည်း လုပ်ဖို့ မမေ့ကြပါဘူး။ တကယ်တော့ ချမ်းသာကြွယ်ဝသူတွေဟာ ငွေတင် ရင်းနှီးမြှပ်နှံတာလားဆိုတော့ မဟုတ်ပါဘူး။ ပညာရေးနဲ့ ကိုယ်ရည်ကိုယ်သွေး တိုးတက်ရေး အတွက်မှာလည်း ရင်းနှီး မြှပ်နှံမှု ပြုလုပ်တတ် ကြပါတယ် …။

(၃) ဈေးပေါတာပဲ မရွေးချယ်ကြဘူး။

ချမ်းသာသူတွေဆီက အတူယူဖို့ကောင်းတဲ့ အရည်အသွေးတစ်ခုက ရှေ့ရေးကို ကြည့်ပြီးမှ ပစ္စည်းဝယ်တာပဲ ဖြစ်ပါတယ်။ ရေရှည်သုံးမယ့် အသုံးအဆောင်ပစ္စည်းတစ်ခုခု ဝယ်ရာမှာ ဈေးအနည်းအများထက် အရည်အသွေးနဲ့ အသုံးဝင်မှုကို ကြည့်ပြီး ငွေ သုံးစွဲကြတာပဲ ဖြစ်ပါတယ်…။

(၄) ငွေကို ချင့်ချိန် သုံးစွဲတယ်။

ကိုယ့်ဒူးကိုယ်ချွန်နဲ့ ချမ်းသာတယ်ဆိုတဲ့ လူတွေဟာ ငွေကို လက်လွတ်စပယ်မသုံးပါဘူး။ ရံဖန်ရံခါဆိုသလို တစ်ရက်တည်းနဲ့ ငွေသိန်းချီ သုံးပစ်နိုင်ပါတယ်။ ဒါကလည်း သူတို့ရှာနိုင်တဲ့ အနေအထားနဲ့ ချိန်ပြီးမှ သုံးတာ ဖြစ်ပါတယ်။ ငွေရှာဖို့ ကျပ်လာချိန်မှာ ငွေကို စည်းစနစ်နဲ့ သုံးစွဲဖို့လည်း ဘယ်တော့မှ မမေ့ကြပါဘူးနော် …။ ။

Credit