Credit
Unicode Version ဖြင့်ဖတ်ရန်
ချစ်သူတိုင်း အချစ်တွေပိုတိုးလာစေမယ့် နည်းလမ်း(၁၅)မျိုး…
ကိုယ့်ချစ်ရတဲ့သူနဲ့ ချစ်သူဘဝကို ဒီထက်ပိုပြီး အဆင်ပြေ ချောမွေ့နေစေဖို့ အရေးကြီးပါတယ် …။
အချိန်ကြာလာလေ သွေးအေးသွားတာထက် တစ်ယောက်ကိုတစ်ယောက် အချိန်တွေကြာလာလေ ပိုချစ်ကြတာ ကောင်းပါတယ် …။
အဓိကက သင့်တို့ရဲ့ တစ်ယောက်အပေါ် တစ်ယောက်ထားရှိတဲ့ စိတ်ရင်းအတိုင်း လုပ်ပေးတာ ပိုထိရောက်ပါတယ် …။
ဒီနည်းလမ်းလေးတွေကတော့ အချိန်လာလေ အချစ်တွေပိုတိုးလာစေမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်နော် …။
(၁) တစ်ယောက်ကို တစ်ယောက် အနစ်နာခံပြီး ချစ်ပေးပါ …။
(၂) ကိုယ့်ချစ်ရတဲ့ သူအပေါ်မှာ ဘယ်တော့မှ မလိမ်ပါနဲ့ …။
(၃) တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း ပြောကြပါ …။
(၄) စကားကို ချိုချိုသာသာ ပြောပေးရပါတယ် …။
(၅) တစ်ယောက်က အမှားလုပ်ရင်တောင် တစ်ကြိမ်တည်းဆို ခွင့်လွှတ်ပေးပြီး မေ့ပစ်ပေးလိုက်ပါ …။
(၆) ရန်ဖြစ်ရင်တောင် လမ်းခွဲဖို့ ဘယ်တော့မှ မပြောလိုက်ပါနဲ့ …။
(၇) တကယ်အဆင်မပြေပဲ ၊ အဆင်ပြေပါတယ်လို့ မပြောပါနဲ့ …။
(၈) ချစ်သူတွေကြား မာန လုံး၀ မထားပါနဲ့ …။
(၉) အမှားလုပ်မိတဲ့ အခါ စိတ်ရင်းအမှန်နဲ့ တောင်းပန်းပေးပါ …။
(၁၀) ချစ်သူကို အရင်ရည်းစားဟောင်းနဲ့ လိုက်မနှိုင်းပါနဲ့ …။
(၁၁) ရည်းစားဟောင်းအကြောင်း မပြောပါနဲ့ …။
(၁၂) အပေး၊ အယူဆိုတဲ့ သဘောကို နားလည်ပေးပါ …။
(၁၃) သူ (သို့မဟုတ်) သူမရဲ့ခံစားချက်ကို အမြဲ စောင့်ကြည့်နေပေးပါ …။
(၁၄) ရန်ဖြစ်ပြီးတဲ့အခါမှာ ချက်ချင်း ပြန်ချော့ပေးပါ။
(၁၅) ပြည့်စုံနေဖို့ထက် မှန်ကန်နေဖို့ပဲ လိုတာပါ နော် …။ ။
Credit