…ိင်ပိုင်းဆိုင်ရာမှာပဲဖြစ်ဖြစ်၊ မိန်းကလေးတစ်ယောက်ကို ချစ်ပြ၊ ဂရုစိုက်ပြရာမှာပဲဖြစ်ြဖစ် ပိုပြီးတော်ကြသလို၊ ပိုပြီးတော့လည်း စိတ်ရှည်သည်းခံနိုင်ကြတာကြောင့် တစ်ဖက်သားအတွက် ရုန်းထွက်ဖို့ ခက်ခဲနေတာဖြစ်ပါတယ် …။
Credit
Unicode Version ဖြင့်ဖတ်ရန်
အပျိုလေးတွေအိမ်ထောင်သည်ယောက်ျားတွေကို လူပျိုတွေထက်ပိုစွဲလန်းစေတဲ့ ဒီ(၅)ချက်…
အခုနောက်ပိုင်း အိမ်ထောင်ရေးပြဿနာ တော်တော်များများမှာ အပျိုလေးတွေက ဗီလိန်ဖြစ်နေတာကို အားလုံးလည်း တွေ့မြင်ရမှာပါ။ ဘာကြောင့် အပျိုတစ်ယောက်က ရုပ်ရည်လည်းရှိရက်သားနဲ့ ပညာအရည်အချင်းလေးလည်း ရှိရဲ့သားနဲ့ အိမ်ထောင်သည် ယောက်ျားကိုမှ သိက္ခာအကျခံပြီး တွဲနေရလဲ ဆိုတာ အားလုံးသိချင်နေတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ် …။
ဒီမေးခွန်းလေးတွေရဲ့အဖြေကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်နော် …။
(၁) ဖောက်ပြန်ချင်တဲ့ ယောက်ျားမှန်းသိနေလို့”
မိန်းကလေးတစ်ယောက်ဟာ ယောက်ျားတစ်ယောက် ဖောက်ပြန်ချင်စိတ်ရှိနေတယ်ဆိုတာ အလိုလိုသိကြပါတယ်။ သူတို့ဖက်ကချစ်နေရင်တောင် ဒီတစ်ယောက်ျားတစ်ယောက်က ဖောက်ပြန်မယ့်သူ မဟုတ်ဘူးဆိုရင် ရှေ့ဆက်တိုးလေ့ မရှိကြပါဘူး …။
တကယ်လို့ အိမ်ထောင်သည်ယောက်ျားတစ်ယောက်က ဖောက်ပြန်ခဲ့တယ်ဆိုရင်တော့ သူကိုယ်တိုင်က ဖောက်ပြန်ချင်တဲ့စိတ်ရှိလို့ဆိုတာကို သိထားဖို့တော့ လိုပါမယ် …။
(၂) ရင့်ကျက်တည်ငြိမ်လို့”
အိမ်ထောင်သည်ယောက်ျားကိုမှ စွဲလန်းကြရတဲ့အကြောင်းရင်း (၅) ချက်အိမ်ထောင်သည် ယောက်ျားတွေက ဖြတ်သန်းလာတဲ့ ဘဝအတွေ့အကြုံတွေအရ ပိုပြီးတည်ငြိမ်ကြသလို၊ ပိုပြီးတော့ လည်း ရင့်ကျက်ကြပါတယ် …။
မိသားစုကို ကျွေးမွေးပြုစုနိုင်စွမ်းရှိတဲ့အပြင် တည်ငြိမ်တဲ့ အသွင်အပြင်၊ ရင့်ကျက်တဲ့ အတွေးအခေါ်တွေက မိန်းကလေးတွေကို ဆွဲဆောင်နိုင်တာပဲ ဖြစ်ပါတယ် …။
ညဖက် ဂိမ်းထိုင်ဆော့နေတာလိုမျိုး မရင့်ကျက်တဲ့ အမူအကျင့်တွေ မရှိသလို သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ယောင်ခြောက်ဆယ်လုပ်မနေပဲ အလုပ်ကြိုးစားနေတာမျိုးက တစ်ဖက်လူရဲ့အမြင်မှာ ဆွဲဆောင်မှု ရှိလွန်းနေတာဖြစ်ပါတယ် …။
(၃) ငွေကြေးနဲ့ပတ်သက်ပြီး စိတ်ပူစရာမရှိလို့”
နောက်ထပ် အကြောင်းရင်းတစ်ခုကတော့ အိမ်ထောင်ရှိတဲ့ ယောက်ျားတွေဟာ ငွေကြေးနဲ့ပတ်သက်ပြီး အများကြီးစိတ်ပူစရာ မရှိတဲ့ သူတွေမို့လို့ပါ။ အရမ်းမချမ်းသာရင်တောင် အထိုက်အလျောက်တော့ မိန်းကလေးတစ်ယောက်ကို ကျွေးမွေးနိုင်၊ ပြုစုနိုင်တဲ့ သူတွေဖြစ်လို့ပါ …။
အလုပ်အကိုင်ရှိပြီး ကိုယ်ပိုင်ဝင်ငွေနဲ့ရပ်တည်နေတဲ့ ယောက်ျားတစ်ယောက်၊ ငွေကြေးနဲ့ပတ်သက်ပြီး အများကြီးစိတ်ပူစရာမရှိတဲ့ ယောက်ျားတစ်ယောက်ဟာ တစ်ဖက်လူရဲ့အမြင်မှာ အရမ်းကို ဆွဲဆောင်မှုရှိနေလို့ပဲ ဖြစ်ပါတယ် …။
(၄) ပိုပြီးဂရုစိုက် ယုယတတ်လို့”
အိမ်ထောင်သည်ယောက်ျားတွေဟာ လူပျိုယောက်ျားလေးတွေထက် ပိုပြီးဂရုစိုက်ကြင်နာ ယုယတတ်ကြပါတယ်။ အကြောင်းကတော့သူတို့မှာ အတွေ့အကြုံ ရှိနေပြီးသား မို့လို့ပါ …။
…ိင်ပိုင်းဆိုင်ရာမှာပဲဖြစ်ဖြစ်၊ မိန်းကလေးတစ်ယောက်ကို ချစ်ပြ၊ ဂရုစိုက်ပြရာမှာပဲဖြစြ်ဖစ် ပိုပြီးတော်ကြသလို၊ ပိုပြီးတော့လည်း စိတ်ရှည်သည်းခံနိုင်ကြတာကြောင့် တစ်ဖက်သားအတွက် ရုန်းထွက်ဖို့ ခက်ခဲနေတာဖြစ်ပါတယ် …။
(၅) ယောက်ျားကောင်းအားလုံးမှာ ဆိုင်သူရှိသွားပြီလို့ ထင်တတ်ကြလို့”
အပျိုလေးတွေတန်မဲ့ အိမ်ထောင်ရှိတဲ့ ယောက်ျားကိုမှစွဲလန်းရတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ ယောက်ျားကောင်းတွေအားလုံးမှာ ဆိုင်သူရှိသွားပြီလို့ထင်ကြလို့ပါ။ ဆိုလိုတာကတော့ အိမ်ထောင်သည်ယောက်ျားကိုမှ ယောက်ျားကောင်းဖြစ်မယ်လို့ ထင်မိကြတာပါ …။
ဥပမာ – ဇနီးနဲ့ကလေးကို အရမ်းချစ်ပြီး အရမ်းဂရုစိုက်တဲ့ ယောက်ျားကိုသာ ပိုင်ဆိုင်လိုက်ရင် သူ့ကိုလည်း ဒီလိုပဲ ဂရုစိုက်လာမယ်လို့ ထင်လို့ပဲ ဖြစ်ပါတယ် …။ ။
Credit