အသက္ရွည္ရွည္ေနခ်င္ရင္ မျဖစ္မေနလုပ္ေဆာင္သင့္တဲ့ အေလ့အက်င့္(၁၀)ခု…

အသက္ရွည္ရွည္ေနခ်င္ရင္ မျဖစ္မေနလုပ္ေဆာင္သင့္တဲ့ အေလ့အက်င့္(၁၀)ခု…

”အသက္ေလးရယ္ ရွည္ေစလို မန္းေတာင္ရိပ္ကိုခို” ဆိုေပမယ့္ အသက္ရွည္ေစႏိုင္မယ့္ အျခားနည္းလမ္းေတြလည္း ရွိေနပါေသးတယ္ …။

ဒီနည္းလမ္းေတြကို က်င့္သုံးမယ္ဆိုရင္ အသက္ ၉၅ ႏွစ္အထိ အသက္ရွည္စြာ ေနထိုင္ႏိုင္မယ္လို႔ စတန္းဖို႔ဒ္မွ သိပၸံပညာရွင္ေတြက အတိအလင္း ေၾကျငာထားပါတယ္ …။

ဒီေတာ့ သူတို႔အခိုင္အမာေျပာထားတဲ့နည္းလမ္းေတြက ဘာေတြျဖစ္မလဲ ၊ ၾကည္႕လိုက္ရေအာင္ေနာ္ …။

(၁) ဆရာဝန္တစ္ေယာက္ထဲနဲ႔သာျပပါ။

ကိုယ္ျပေနက် ဆရာဝန္တစ္ေယာက္ပဲ ကိုယ့္ရဲ႕အေျခအေနကို ေသခ်ာသိႏိုင္ပါတယ္ …။

အဲ့လိုမဟုတ္ပဲနဲ႔ ဟိုဆရာဝန္သြားျပလိုက္ ဒီဆရာဝန္သြားျပလိုက္နဲ႔ဆိုရင္ “ဆရာမ်ား သားေသ” ျဖစ္သြားႏိုင္ပါတယ္ …။

(၂) အနာဂတ္အတြက္ ပိုက္ဆံစုထားပါ။

အသက္ ၅၀ ေက်ာ္လာတဲ့အခါ ေငြက အသက္ရွင္ရပ္တည္ဖို႔အတြက္ ျပႆနာတစ္ခု ျဖစ္လာတတ္ပါတယ္ …။

ဒီေတာ့ ငယ္႐ြယ္စဥ္အခါမွာ မျဖဳန္းတီးပဲနဲ႔ တတ္ႏိုင္သမွ် ေငြစုပါ …။

ပင္စင္ယူၿပီး ၁၀ ႏွစ္တာကာလအတြက္ ႀကိဳတင္ျပင္ဆင္ပါ။ ျဖစ္လာႏိုင္တဲ့ ေငြေၾကးျပႆနာေတြအတြက္လည္း ၾကိဳတင္ ျပင္ဆင္ထားပါ …။

(၃) အဆီအနည္းငယ္ ပိုစားေပးပါ။

“တန္ေဆးလြန္ေဘး” ဆိုတဲ့အတိုင္း အဆီဆိုတာ မ်ားလြန္းရင္မေကာင္းေပမယ့္ အသက္ရွည္ဖို႔အတြက္ အဆီအနည္းငယ္စားေပးဖို႔ေတာ့ လိုအပ္ပါတယ္ …။

အမဲသား ၊ ၾကက္သား ၊ ၾကက္ဥ ၊ ႏို႔ နဲ႔ ငါးေတြကို မွ်မွ်တတ စားသုံးေပးမယ္ဆိုရင္ သင့္က်န္းမာေရးအေျခအေန ၇၅ ရာခိုင္ႏႈန္းေလာက္ တိုးတက္လာပါလိမ့္မယ္ …။

(၄) ကိုယ္နဲ႔သင့္တင့္ေလ်ာက္ပတ္တဲ့ အစားအေသာက္ကိုပဲ စားသုံးပါ။

မတည့္တဲ့ အစာေတြကို စားမယ္ဆိုရင္ အူလမ္းေၾကာင္း ထိခိုက္ၿပီး ေရာဂါရလာႏိုင္ပါတယ္ …။

(၅) သက္ေတာင့္သက္သာရွိတဲ့ ဖိနပ္နဲ႔အဝတ္အစားေတြကိုပဲ ဝတ္ဆင္ပါ။

အသက္ ၆၅ ႏွစ္အ႐ြယ္ ပေရာ္ဖက္ဆာ David Rosenbaum ကေတာ့ သက္ေတာင့္သက္သာရွိတဲ့ ဖိနပ္ေတြပဲဝတ္ဆင္ခဲ့တဲ့အတြက္ သူအခုလို အသက္ရွည္တာလို႔ ေျပာျပခဲ့ဖူးပါတယ္ …။

က်န္းမာေရး ေကာင္းမြန္ဖို႔အတြက္ေတာ့ သက္ေတာင့္သက္သာရွိတဲ့ ဖိနပ္ဝတ္႐ုံတင္မဟုတ္ပဲ တစ္ေန႔ကို ေျခလွမ္းတစ္ေသာင္းေလာက္ လမ္းေလွ်ာက္ ေပးသင့္ပါတယ္ေနာ္ …။

(၆) ဆိုဖာေပၚမွာမအိပ္ပါနဲ႔။

တစ္ေန႔တာ ပင္ပန္းလြန္းတဲ့အတြက္ ႐ုပ္ရွင္ကားၾကည့္ရင္း ဆိုဖာေပၚအိပ္ေပ်ာ္သြားတာမ်ိဳး ရွိပါလိမ့္မယ္ …။

ဒါေပမယ့္ ဆိုဖာေပၚအိပ္တဲ့အခါ သက္တမ္း ၃ ႏွစ္ေလာက္ ပိုတိုေစေၾကာင္း သုေတသနအခ်က္အလက္ေတြအရ ေဖာ္ျပထားပါတယ္ …။

(၇) ပိတ္ရက္မွာ အိပ္ေရးဝဝအိပ္ပါ။

ပိတ္ရက္မွာ စိတ္ကိုေလ်ာ့ထားၿပီး လြတ္လြတ္လပ္လပ္သာ အိပ္ပစ္လိုက္ပါ …။

အိပ္ေရးဝဝအိပ္ျခင္းဟာလည္း က်န္းမာေရးျပႆနာေတြကို ေလ်ာ့ခ် ေပးႏိုင္ပါတယ္ …။

(၈) အိမ္သန႔္ရွင္းေရးလုပ္ပါ။

တစ္ေန႔ကို နာရီဝက္ေလာက္ တစ္ပတ္မွာ ၅ ႀကိမ္ အိမ္သန႔္ရွင္းေရးလုပ္မယ္ဆိုရင္ ႏွလုံးေရာဂါျဖစ္ပြားႏိုင္ေခ် အလြန္ေလ်ာ့နည္းသြားတာကို ေတြ႕ရပါတယ္ …။

ကိုယ္လက္လႈပ္ရွားမႈျပဳလုပ္ဖို႔အတြက္ တကူးတက Gyn သြားဖို႔ကို မ လိုပါဘူး …။

အိမ္သန္ရွင္းေရးလုပ္တဲ့အခါ အလိုအေလ်ာက္ ကိုယ္လက္လႈပ္ရွားမႈျပဳလုပ္ၿပီးသား ျဖစ္သြားပါတယ္ …။

(၉) အလုပ္ႀကိဳးစားပါ ။

ဘဝမွာေအာင္ျမင္တဲ့သူေတြက မေအာင္ျမင္တဲ့သူေတြထက္ အသက္ပိုရွည္ၾကေလ့ ရွိပါတယ္ …။

ဒီေတာ့ ေအာင္ျမင္ဖို႔အတြက္ အလုပ္ကို ႀကိဳးစားလုပ္ဖို႔လိုအပ္ပါတယ္။ အေရးႀကီးဆုံး အခ်က္ကေတာ့ မပ်င္းမရိဖို႔ပါပဲ …။

ရည္မွန္းခ်က္ပန္းတိုင္ကို ေရာက္ေအာင္ႀကိဳးစားပါ …။

(၁၀) ကိုယ့္အေပၚနားလည္တဲ့သူနဲ႔ စကားမ်ားမ်ားေျပာပါ ။

သူငယ္ခ်င္းအမ်ားႀကီးရွိဖို႔ မလိုပါဘူး။ ကိုယ္အေပၚနားလည္တဲ့ သူတစ္ေယာက္ရွိရင္ ရပါၿပီ …။

သူနဲ႔ တိုင္ပင္ေဆြးေႏြး ၊ ကိုယ့္ရဲ႕ခံစားခ်က္ေတြ ထုတ္ေျပာၿပီးေတာ့ ရင္ဖြင့္လိုက္ပါ …။

ဘဝမွာ ဘယ္သူမွ ရာႏႈန္းျပည့္မေပ်ာ္ႏိုင္ေပမယ့္ စိတ္ေပါ့ပါးေနတဲ့ သူေတြက စိတ္တင္းၾကပ္ေနတဲ့ သူေတြထက္ေတာ့ ပိုအသက္ရွည္ေလ့ရွိတာ အမွန္ပါပဲေနာ္ …။

ခရက္ဒစ္ – မူရင္း

Unicode Version ဖြင့်ဖတ်ရန်

အသက်ရှည်ရှည်နေချင်ရင် မဖြစ်မနေလုပ်ဆောင်သင့်တဲ့ အလေ့အကျင့်(၁၀)ခု…

”အသက်လေးရယ် ရှည်စေလို မန်းတောင်ရိပ်ကိုခို” ဆိုပေမယ့် အသက်ရှည်စေနိုင်မယ့် အခြားနည်းလမ်းတွေလည်း ရှိနေပါသေးတယ် …။

ဒီနည်းလမ်းတွေကို ကျင့်သုံးမယ်ဆိုရင် အသက် ၉၅ နှစ်အထိ အသက်ရှည်စွာ နေထိုင်နိုင်မယ်လို့ စတန်းဖို့ဒ်မှ သိပ္ပံပညာရှင်တွေက အတိအလင်း ကြေငြာထားပါတယ် …။

ဒီတော့ သူတို့အခိုင်အမာပြောထားတဲ့နည်းလမ်းတွေက ဘာတွေဖြစ်မလဲ ၊ ကြည့်လိုက်ရအောင်နော် …။

(၁) ဆရာဝန်တစ်ယောက်ထဲနဲ့သာပြပါ။

ကိုယ်ပြနေကျ ဆရာဝန်တစ်ယောက်ပဲ ကိုယ့်ရဲ့အခြေအနေကို သေချာသိနိုင်ပါတယ် …။

အဲ့လိုမဟုတ်ပဲနဲ့ ဟိုဆရာဝန်သွားပြလိုက် ဒီဆရာဝန်သွားပြလိုက်နဲ့ဆိုရင် “ဆရာများ သားသေ” ဖြစ်သွားနိုင်ပါတယ် …။

(၂) အနာဂတ်အတွက် ပိုက်ဆံစုထားပါ။

အသက် ၅၀ ကျော်လာတဲ့အခါ ငွေက အသက်ရှင်ရပ်တည်ဖို့အတွက် ပြဿနာတစ်ခု ဖြစ်လာတတ်ပါတယ် …။

ဒီတော့ ငယ်ရွယ်စဉ်အခါမှာ မဖြုန်းတီးပဲနဲ့ တတ်နိုင်သမျှ ငွေစုပါ …။

ပင်စင်ယူပြီး ၁၀ နှစ်တာကာလအတွက် ကြိုတင်ပြင်ဆင်ပါ။ ဖြစ်လာနိုင်တဲ့ ငွေကြေးပြဿနာတွေအတွက်လည်း ကြိုတင် ပြင်ဆင်ထားပါ …။

(၃) အဆီအနည်းငယ် ပိုစားပေးပါ။

“တန်ဆေးလွန်ဘေး” ဆိုတဲ့အတိုင်း အဆီဆိုတာ များလွန်းရင်မကောင်းပေမယ့် အသက်ရှည်ဖို့အတွက် အဆီအနည်းငယ်စားပေးဖို့တော့ လိုအပ်ပါတယ် …။

အမဲသား ၊ ကြက်သား ၊ ကြက်ဥ ၊ နို့ နဲ့ ငါးတွေကို မျှမျှတတ စားသုံးပေးမယ်ဆိုရင် သင့်ကျန်းမာရေးအခြေအနေ ၇၅ ရာခိုင်နှုန်းလောက် တိုးတက်လာပါလိမ့်မယ် …။

(၄) ကိုယ်နဲ့သင့်တင့်လျောက်ပတ်တဲ့ အစားအသောက်ကိုပဲ စားသုံးပါ။

မတည့်တဲ့ အစာတွေကို စားမယ်ဆိုရင် အူလမ်းကြောင်း ထိခိုက်ပြီး ရောဂါရလာနိုင်ပါတယ် …။

(၅) သက်တောင့်သက်သာရှိတဲ့ ဖိနပ်နဲ့အဝတ်အစားတွေကိုပဲ ဝတ်ဆင်ပါ။

အသက် ၆၅ နှစ်အရွယ် ပရော်ဖက်ဆာ David Rosenbaum ကတော့ သက်တောင့်သက်သာရှိတဲ့ ဖိနပ်တွေပဲဝတ်ဆင်ခဲ့တဲ့အတွက် သူအခုလို အသက်ရှည်တာလို့ ပြောပြခဲ့ဖူးပါတယ် …။

ကျန်းမာရေး ကောင်းမွန်ဖို့အတွက်တော့ သက်တောင့်သက်သာရှိတဲ့ ဖိနပ်ဝတ်ရုံတင်မဟုတ်ပဲ တစ်နေ့ကို ခြေလှမ်းတစ်သောင်းလောက် လမ်းလျှောက် ပေးသင့်ပါတယ်နော် …။

(၆) ဆိုဖာပေါ်မှာမအိပ်ပါနဲ့။

တစ်နေ့တာ ပင်ပန်းလွန်းတဲ့အတွက် ရုပ်ရှင်ကားကြည့်ရင်း ဆိုဖာပေါ်အိပ်ပျော်သွားတာမျိုး ရှိပါလိမ့်မယ် …။

ဒါပေမယ့် ဆိုဖာပေါ်အိပ်တဲ့အခါ သက်တမ်း ၃ နှစ်လောက် ပိုတိုစေကြောင်း သုတေသနအချက်အလက်တွေအရ ဖော်ပြထားပါတယ် …။

(၇) ပိတ်ရက်မှာ အိပ်ရေးဝဝအိပ်ပါ။

ပိတ်ရက်မှာ စိတ်ကိုလျော့ထားပြီး လွတ်လွတ်လပ်လပ်သာ အိပ်ပစ်လိုက်ပါ …။

အိပ်ရေးဝဝအိပ်ခြင်းဟာလည်း ကျန်းမာရေးပြဿနာတွေကို လျော့ချ ပေးနိုင်ပါတယ် …။

(၈) အိမ်သန့်ရှင်းရေးလုပ်ပါ။

တစ်နေ့ကို နာရီဝက်လောက် တစ်ပတ်မှာ ၅ ကြိမ် အိမ်သန့်ရှင်းရေးလုပ်မယ်ဆိုရင် နှလုံးရောဂါဖြစ်ပွားနိုင်ချေ အလွန်လျော့နည်းသွားတာကို တွေ့ရပါတယ် …။

ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ဖို့အတွက် တကူးတက Gyn သွားဖို့ကို မ လိုပါဘူး …။

အိမ်သန်ရှင်းရေးလုပ်တဲ့အခါ အလိုအလျောက် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပြီးသား ဖြစ်သွားပါတယ် …။

(၉) အလုပ်ကြိုးစားပါ ။

ဘဝမှာအောင်မြင်တဲ့သူတွေက မအောင်မြင်တဲ့သူတွေထက် အသက်ပိုရှည်ကြလေ့ ရှိပါတယ် …။

ဒီတော့ အောင်မြင်ဖို့အတွက် အလုပ်ကို ကြိုးစားလုပ်ဖို့လိုအပ်ပါတယ်။ အရေးကြီးဆုံး အချက်ကတော့ မပျင်းမရိဖို့ပါပဲ …။

ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင်ကြိုးစားပါ …။

(၁၀) ကိုယ့်အပေါ်နားလည်တဲ့သူနဲ့ စကားများများပြောပါ ။

သူငယ်ချင်းအများကြီးရှိဖို့ မလိုပါဘူး။ ကိုယ်အပေါ်နားလည်တဲ့ သူတစ်ယောက်ရှိရင် ရပါပြီ …။

သူနဲ့ တိုင်ပင်ဆွေးနွေး ၊ ကိုယ့်ရဲ့ခံစားချက်တွေ ထုတ်ပြောပြီးတော့ ရင်ဖွင့်လိုက်ပါ …။

ဘဝမှာ ဘယ်သူမှ ရာနှုန်းပြည့်မပျော်နိုင်ပေမယ့် စိတ်ပေါ့ပါးနေတဲ့ သူတွေက စိတ်တင်းကြပ်နေတဲ့ သူတွေထက်တော့ ပိုအသက်ရှည်လေ့ရှိတာ အမှန်ပါပဲနော် …။

ခရက်ဒစ် – မူရင်း