










ခရက်ဒစ် – မူရင်း

Unicode Version ဖြင့်ဖတ်ရန်

သင့်ဖူးစာရှင် ဘယ်သူလည်းသိချင်ရင် ဒီနည်းအတိုင်းစမ်းကြည့်ပါ…

မိမိရဲ့ ဖူးစာရှင်ကို ကြိုတင်တွေ့ဖူးချင်ကြတာဟာ လူတိုင်းပါပဲ . . .။

ဒါကြောင့် အိပ်မက်ထဲမှာ ဖူးစာရှင်ကို တကယ်ပဲ မြင်ရမလားဆိုတာ သိရအောင် ကြားဖူးတဲ့ နည်းလမ်းလေးတွေကို မျှဝေ ပေးလိုက်ပါတယ်နော် . . .။

ပထမဆုံး ဗေဒင်ဆရာအချို့ ပြောပြတဲ့ နည်းလမ်းလေးကတော့ ဥတစ်လုံးကြက်သွန်ဖြူ သုံးလုံးကို ဆားရေနဲ့ ပြုတ်ပေးရမယ်တဲ့။ ပြီးတဲ့ အခါ ကျက်သွားတဲ့ ကြက်သွန်ဖြူတွေကို တစ်ဝက်စီ ကိုက်စားလိုက်ပါ . . .။

ကျန်တဲ့ဟာတွေကို ခေါင်းအုံးအောက်မှာ ထည့်ထားပြီး မအိပ်ခင် မှာ နှင်းဆီရနံ့ ရေမွှေး ကို ဆွတ်ပီးမှ အိပ်ပါတဲ့။ စမ်း လုပ်ကြည့်လိုက်ပေါ့နော် . . .။

နောက်တစ်နည်းကတော့ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးပါပဲ။ ဆန်စေ့(၇)စေ့ကိုခေါင်းအုံး အောက်မှာထားပြီး ဖူးစာရှင်ကို မြင်မက်အောင် သေချာဆုတောင်းပြီးမှ အိပ်တာပါ . . .။

ပြီးတော့ Kiss me quick ပန်းတွေနဲ့ လုပ်တဲ့နည်း လည်း ရှိပါသေးတယ်။ မနက်ကတည်းက အဲ့ဒီပန်းတွေကို ပန်းကန်ပြားလေးပေါ်မှာ ထည့်ထားပြီး စင်ပေါ်တင်ထားပါ . . .။

ညဘက် အိပ်ခါနီးကျမှ ခေါင်းအုံးအောက်ကို ထည့်ပြီး သေချာဆုတောင်းပြီးမှ အိပ်ပါတဲ့ . . .။

ဖူးစာရှင်ကိုအိပ်မက် မက်သည်ဖြစ် စေမမက်သည်ဖြစ်စေ အဲ့ဒီနည်းလေးတွေကို လုပ်ကြည့်လိုက်လို့လဲ နစ်နာသွားတာမရှိပါဘူး . . .။

ဒါကြောင့် တကယ်မြင်ရမလား မမြင်ရလားဆိုတာ စမ်းသပ်ကြည့်လိုက်ပါနော် . . .။

ခရက်ဒစ် – မူရင်း