ဒါပေမယ့် ကမ္ဘာကြီးမှာ ဆိုးတဲ့ယောက်ျားတွေချည်းပဲ ရှိတာတော့ မဟုတ်ပါဘူး …။
(၆) အဆုံးသတ်မဟုတ်ဘူး။
Credit
Unicode Version ဖြင့်ဖတ်ရန်
သင်ဟာ အချစ်ကံခေလွန်းသည့် မိန်းကေလးဆိုရင် ဒီစာလေးကိုဖတ်ပါ…
စိတ်ထားကောင်းတဲ့ မိန်းကလေးတွေက အချစ်ကံ ခေကြတာ များပါတယ် …။
သင်က စိတ်ထားကောင်းတော့ သင်ချစ်ခဲ့သူတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံရက်နဲ့
သူတို့ကကျတော့ သင့်အပေါ် ဘာလို့ မကောင်းရတာလဲ …၊
ဒါပေမယ့် ကမာ္ဘကြီးမှာ ဆိုးတဲ့ယောက်ျားတွေချည်းပဲ ရှိတာတော့ မဟုတ်ပါဘူး …။
သင့်ရဲ့ ဝေဒနာတွေ လျော့ပါးသက်သာစေဖို့ ဒီအချက်လေးတွေကို သိထားဖို့ လိုပါတယ်နော် …။
(၁) သင့်မှာ ပြဿဿနာရှိနေတာ မဟုတ်ဘူး။
အချစ်ကံခေ တဲ့ အတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှု မပျောက်ပါနဲ့ …။
ရွေးချယ်မှု မှားခဲ့တာက လွဲလို့ သင်ဘာအမှားမှ မလုပ်ခဲ့ပါဘူး …။
သူ သင့်ကို ထားမသွားခင် တုန်းကလိုပဲ သင်ဟာ လှနေတုန်း၊ ထက်မြက်နေတုန်းပါ …။
အဲဒီတော့ ကိုယ့်ကိုကိုယ် သံသယမဖြစ်လိုက်ပါနဲ့ …။
(၂) လူတိုင်း အသည်းကွဲဖူးတယ်။
အသည်းကွဲတဲ့ ဝေဒနာကို သင် မခံစား ချင်လို့ မရဘူး …။
အဲဒီတော့ ခံစားစရာရှိတာ ခံစားလိုက်ပါ။ လူတိုင်း အသည်းခွဲ ခံရဖူးပါတယ်။
သင့်ကို အသည်းခွဲသွား သူလည်း တစ်နေ့ အသည်းခွဲ ခံရမှာပါပဲ …။
ယောက်ျားတိုင်းက အဲဒီလို မဟုတ်ပါဘူး …။
သင်တွေ့တဲ့ ယောက်ျားတိုင်းက သင့်ကို အသည်းခွဲ မယ့်သူတွေလို့တော့ မထင်ပါနဲ့ …။
တချို့ယောက်ျားတွေက သင့်ရဲ့ ရည်းစားဟောင်းတွေ နဲ့ လုံးဝမတူ ပါဘူးနော် …။
(၃) တစ်နေ့ကျရင် ပျော်ရွှင်ရမှာပါ။
သင်တကယ် လိုချင်တဲ့ ချစ်သူမျိုး ရသွားချိန်မှာတော့ အတိတ်ကို သင် လွမ်းနေတော့မှာ မဟုတ်ပါဘူး …။
သူတို့တွေကြောင့်သာ ကိုယ့်အပေါ် တကယ် ကောင်းမယ့်သူကို သင်ရှာနိုင်ခဲ့ တာပေါ့ …။
(၄) နောက်တစ်ခါ အဖြစ်မခံပါနဲ့
ကိုယ့်အပေါ် ကောင်းတာတစ် ချက်တည်းနဲ့ သေချာမ စူးစမ်းပဲ ချစ်သူ မထားပါနဲ့ …။
မျက်စိဖွင့် နားစွင့်ထားပြီး သေချာ အကဲခတ်ပါ …။
အရမ်းမကောင်းနဲ့။ ကိုယ့်အပေါ် အမှိုက်သရိုက်လို ဆက်ဆံနေတဲ့ သူကို ဒုတိယအခွင့် အရေးတွေ၊ တတိယအခွင့် အရေးတွေ ပေးမနေပါနဲ့ …။
အဲဒီလို လူမျိုးကို သင့်ဘဝထဲက မောင်းထုတ် ပစ် လိုက်ပါ …။
(၅) နောက်တစ်ခါချစ်ဖို့ မကြောက်ပါနဲ့။
ကိုယ့်ဘဝ အဖော်မွန်ကို ရှာတွေ့တဲ့အခါ သင့်ခံစားချက်တွေ အားလုံး ပြောင်းလဲသွားပါ လိမ့်မယ် …။
အသည်းခွဲခံရမှာကို သင်ကြောက်ရွံ့ နေရတော့မှာ မဟုတ်ဘူး။ သူက သင့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါလိမ့်မယ် …။
(၆) အဆုံးသတ်မဟုတ်ဘူး။
ယောက်ျား တစ်ယောက် သင့်ကို ပစ်သွားချိန်မှာ သင့်ကို ချဉ်းကပ်ဖို့ စောင့်နေသူက အမြဲ ရှိနေမှာပါ …။
ငကန်းသေရင် ငစွေလာမယ် ဆိုတဲ့ စကားအတိုင်း သင့်ရဲ့ အတွေ့အကြုံအရ ပိုကောင်း တဲ့သူကို သင် ရွေးချယ်တတ်သွားမှာပါ …။
ခဏလောက် တစ်ကိုယ်တည်းနေကြည့်လို့လည်း ရပါတယ်။ လုံးဝကြီး လက်လျှော့ လိုက်တာမျိုးတော့ မလုပ်ပါနဲ့ …။
ပန်းသီးတစ်လုံး မကောင်းတာနဲ့ တစ်ခိုင်လုံး ပစ်စရာမှ မလိုတာ …။
သင်လို မိန်းကလေးမျိုးနဲ့ ဒိတ်လုပ်ချင်တဲ့ ယောက်ျားကောင်းတွေ ရှိနေပါသေးတယ်နော် …။ ။
Credit