မိဖုရားတစ္ဦး၏ အဆင့္အတန္းႏွင့္ ေနရမည့္ လကၡဏာ…

မိဖုရားတစ္ဦး၏ အဆင့္အတန္းႏွင့္ ေနရမည့္ လကၡဏာ…

အလြန္ေတြ႕ရခဲေသာ အိမ္ေထာင္ေရး လမ္းေၾကာင္းတစ္ခု ျဖစ္ပါတယ္။ ကြၽန္ုပ္၏ လကၡဏာေဟာေျပာမႈ သက္တမ္းတစ္ေလွ်ာက္မွာေတာ့ တစ္ႀကိမ္တစ္ခါမွ် မေတြ႕ဖူးခဲ့ရေပ။ ေတြ႕ခဲ့ရေသာအမွတ္အသားမ်ားကား ဆုံးျဖတ္ရ ခက္ခဲေသာ၊ ပုံသ႑ာန္အားျဖင့္ ရႈပ္ေထြးေသာပုံစံမ်ားႏွင့္သာ ႀကဳံေတြ႕ခဲ့ရဖူးပါတယ္ …။

” ဆရာႀကီးမင္းသိခၤ ” က ထိုလမ္းေၾကာင္းကို “ေက်းေတာသူမွ မိဖုရားေခါင္ႀကီးသို႔” ဟု သူ၏ (၉) ႏွစ္ေဟာစာတမ္း စာအုပ္ငယ္တြင္ ၁၆-ရာစုလက္ဝါးျပင္ပုံစံႏွင့္အတူ ေဖာ္ျပထားသည္ကို ဖတ္ရႈရခဲ့ပါတယ္ …။

ဆရာႀကီးကိုင္႐ို၏ ကိုယ္ေတြ႕လကၡဏာက်မ္း တစ္ေနရာ၌ ဤသို႔ေဖာ္ျပထားသည္ကို ေတြ႕ရပါတယ္ …။

တစ္ေန႔သ၌ ကြၽန္ုပ္သည္ ဝါရွင္တန္ၿမိဳ႕၌ ေဟာေျပာစဥ္ သားအမိႏွစ္ဦးတို႔ ကြၽန္ုပ္ထံလကၡဏာလာေရာက္ ၾကည့္ရႈၾကသည္။ မိခင္ျဖစ္သူက သူမ၏သမီးကို လကၡဏာဖတ္ေပးရန္ ေရာက္ရွိလာခဲ့ျခင္း ျဖစ္သည္ …။

ကြၽန္ုပ္သည္ Miss Lester ၏ လက္ဝါးျပင္အား ေသခ်ာစြာၾကည့္ရႈစစ္ေဆးကာ သူမ၏ မိခင္ႀကီးေရွ႕တြင္ ပင္ ” သင္ဟာ သင္ႏွင့္မ်ိဳး႐ိုးမတူေသာ လူမ်ိဳးကြဲႏွင့္ လက္ထပ္ရမယ္။

အိမ္္ေထာင္ရွင္ဘဝေရာက္ရွိၿပီး ပင္လယ္ရပ္ျခားတိုင္းျပည္ တစ္ခုမွာ မိဖုရားတစ္ဦးရဲ႕ အဆင့္အတန္းနဲ႔ တူညီေသာဘဝမ်ိဳးနဲ႔ ေနရလိမ့္မယ္ ” လို႔ေဟာခဲ့ပါသည္ …။

ဒီလိုတစ္ထစ္ခ်ေဟာရျခင္းကေတာ့ Miss Lester ရဲ႕ အိမ္ေထာင္ေရးလမ္းေၾကာင္းမွ လမ္းခြဲတစ္ခုက ေအာင္ျမင္ေရးလမ္းေၾကာင္းကို ထိေတြ႕ ရပ္တည္ေနလို႔ပါပဲ …။

Miss Lester ဟာ ပစၥည္းဥစၥာခ်မ္းသာႂကြယ္ဝေသာ လူမ်ိဳးျခား ေလာကဇြန္းနဲ႔ လက္ထပ္ၿပီး ႏွစ္အနည္း ငယ္အၾကာမွာ ေလာကဇြန္းဟာ အိႏၵိယႏိုင္ငံရဲ႕ ဘုရင္ခံခ်ဳပ္ျဖစ္လာၿပီး သူမသည္လည္း ဘုရင္ခံခ်ဳပ္ရဲ႕ မိဖုရားျဖစ္ခဲ့ပါတယ္ …။

ဆရာႀကီးကိုင္႐ိုဟာ Miss Lester ရဲ႕အိမ္ေထာင္ေရးလမ္းေၾကာင္းက လမ္းခြဲတစ္ခုက ေအာင္ျမင္ေရး လမ္းေၾကာင္းကို ထိေသာေၾကာင့္ လူမ်ိဳးကြဲနဲ႔ညားၿပီး မိဖုရားအဆင့္အတန္းနဲ႔ ေနရမယ္လို ႔ေဟာခဲ့ပါတယ္ …။

ဒါဟာ အိမ္ေထာင္ ေရးလမ္းေၾကာင္း အဖ်ားႏွစ္ခု ကြဲထြက္ၿပီး ခက္ရင္းသ႑န္ဟာ လူမ်ိဳးကြဲ ဘာသာျခားနဲ႔ အိမ္ေထာင္ က်တတ္ေၾကာင္း သက္ေသခံေနပါတယ္ …။

ထို႔ေၾကာင့္ကြၽန္ုပ္၏ “လကၡဏာဆရာျဖစ္သင္က်မ္း “တြင္ အိမ္ေထာင္ေရးလမ္းေၾကာင္းအဖ်ား၌ ခရင္းခြသ႑ာန္အမွတ္သားကို ေတြ႕ရမည္ဆိုလွ်င္၊ လကၡဏာရွင္သည္ လူမ်ိဳးကြဲဘာသာျခားႏွင့္ လက္ထပ္ရေပမည္ …။

(သို႔တည္းမဟုတ္) မိမိႏွင့္အယူအဆ မတူသူတစ္ဦးႏွင့္ လက္ထပ္ရလိမ့္မည္ဟု ဆရာႀကီးကိုင္႐ို၏ အေဟာက်မ္းကို ကိုးကားၿပီး ထည့္သြင္းေဖာ္ျပခဲ့ပါတယ္ …။

ပုံမွာျပထားေသာ လကၡဏာပုံစံကေတာ့ အိိမ္ေထာင္ေရးလမ္းေၾကာင္းတစ္ခုက ေအာင္ျမင္ေရးလမ္း ေၾကာင္းကို ထိိထားတဲ့ ပုံစံ ေဖာ္ျပထားပါတယ္ …။

ျပထားတဲ့ပုံမွာကေတာ့ အိမ္ေထာင္ေရးလမ္းေၾကာင္းမွာ ခရင္းခြသ႑ာန္ အမွတ္အသားမပါဘဲ ၿပထားပါတယ္။ ဒါေၾကာင့္ အႏွီပုံစံကေတာ့ ခ်မ္းသာႂကြယ္ဝတဲ့သူနဲ႔အိမ္ေထာင္က်ၿပီး၊ မိဖုရားတစ္ဦးရဲ႕ အဆင့္အတန္းနဲ႔ ေနရမယ္လို႔ အဓိပၸါယ္ရေစပါတယ္ …။

နန္းမေတာ္မယ္ႏုက သာမာန္ေက်းေတာသူမွ ဘုရင္မိဖုရားေခါင္ႀကီး ျဖစ္လာရတာဟာ ဒီလိုပုံစံျဖစ္ႏိုင္တယ္လို႔ ဆရာႀကီးမင္းသိခၤကၤ ယူဆထားပုံ ေပၚပါတယ္ …။

ယေန႔မွာေတာ့ ဒီလိုပုံစံမ်ိဳးေတြ႕ရဖို႕ ခက္ခဲေပသည္။ ေတြ႕ရရင္ေတာ့ ထိုလက္ပိုင္႐ွင္မိန္းကေလးဟာ ျမန္မာျပည္ အတြက္ေတာ့(Fist Lady) သမၼတ ကေတာ္ျဖစ္ရမွာ ဧကန္မလြဲေတာ့ေပ …။ ။

ဆရာေ႐ႊမင္း(လကၡဏာပါရဂူ)

Unicode Version ဖြင့်ဖတ်ရန်

မိဖုရားတစ်ဦး၏ အဆင့်အတန်းနှင့် နေရမည့် လက္ခဏာ…

အလွန်တွေ့ရခဲသော အိမ်ထောင်ရေး လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ ကျွန်ုပ်၏ လက္ခဏာဟောပြောမှု သက်တမ်းတစ်လျှောက်မှာတော့ တစ်ကြိမ်တစ်ခါမျှ မတွေ့ဖူးခဲ့ရပေ။ တွေ့ခဲ့ရသောအမှတ်အသားများကား ဆုံးဖြတ်ရ ခက်ခဲသော၊ ပုံသဏ္ဍာန်အားဖြင့် ရှုပ်ထွေးသောပုံစံများနှင့်သာ ကြုံတွေ့ခဲ့ရဖူးပါတယ် …။

” ဆရာကြီးမင်းသိင်္ခ ” က ထိုလမ်းကြောင်းကို “ကျေးတောသူမှ မိဖုရားခေါင်ကြီးသို့” ဟု သူ၏ (၉) နှစ်ဟောစာတမ်း စာအုပ်ငယ်တွင် ၁၆-ရာစုလက်ဝါးပြင်ပုံစံနှင့်အတူ ဖော်ပြထားသည်ကို ဖတ်ရှုရခဲ့ပါတယ် …။

ဆရာကြီးကိုင်ရို၏ ကိုယ်တွေ့လက္ခဏာကျမ်း တစ်နေရာ၌ ဤသို့ဖော်ပြထားသည်ကို တွေ့ရပါတယ် …။

တစ်နေ့သ၌ ကျွန်ုပ်သည် ဝါရှင်တန်မြို့၌ ဟောပြောစဉ် သားအမိနှစ်ဦးတို့ ကျွန်ုပ်ထံလက္ခဏာလာရောက် ကြည့်ရှုကြသည်။ မိခင်ဖြစ်သူက သူမ၏သမီးကို လက္ခဏာဖတ်ပေးရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည် …။

ကျွန်ုပ်သည် Miss Lester ၏ လက်ဝါးပြင်အား သေချာစွာကြည့်ရှုစစ်ဆေးကာ သူမ၏ မိခင်ကြီးရှေ့တွင် ပင် ” သင်ဟာ သင်နှင့်မျိုးရိုးမတူသော လူမျိုးကွဲနှင့် လက်ထပ်ရမယ်။

အိမ်ထောင်ရှင်ဘဝရောက်ရှိပြီး ပင်လယ်ရပ်ခြားတိုင်းပြည် တစ်ခုမှာ မိဖုရားတစ်ဦးရဲ့ အဆင့်အတန်းနဲ့ တူညီသောဘဝမျိုးနဲ့ နေရလိမ့်မယ် ” လို့ဟောခဲ့ပါသည် …။

ဒီလိုတစ်ထစ်ချဟောရခြင်းကတော့ Miss Lester ရဲ့ အိမ်ထောင်ရေးလမ်းကြောင်းမှ လမ်းခွဲတစ်ခုက အောင်မြင်ရေးလမ်းကြောင်းကို ထိတွေ့ ရပ်တည်နေလို့ပါပဲ …။

Miss Lester ဟာ ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝသော လူမျိုးခြား လောကဇွန်းနဲ့ လက်ထပ်ပြီး နှစ်အနည်း ငယ်အကြာမှာ လောကဇွန်းဟာ အိန္ဒိယနိုင်ငံရဲ့ ဘုရင်ခံချုပ်ဖြစ်လာပြီး သူမသည်လည်း ဘုရင်ခံချုပ်ရဲ့ မိဖုရားဖြစ်ခဲ့ပါတယ် …။

ဆရာကြီးကိုင်ရိုဟာ Miss Lester ရဲ့အိမ်ထောင်ရေးလမ်းကြောင်းက လမ်းခွဲတစ်ခုက အောင်မြင်ရေး လမ်းကြောင်းကို ထိသောကြောင့် လူမျိုးကွဲနဲ့ညားပြီး မိဖုရားအဆင့်အတန်းနဲ့ နေရမယ်လို့ဟောခဲ့ပါတယ် …။

ဒါဟာ အိမ်ထောင် ရေးလမ်းကြောင်း အဖျားနှစ်ခု ကွဲထွက်ပြီး ခက်ရင်းသဏ္ဍန်ဟာ လူမျိုးကွဲ ဘာသာခြားနဲ့ အိမ်ထောင် ကျတတ်ကြောင်း သက်သေခံနေပါတယ် …။

ထို့ကြောင့်ကျွန်ုပ်၏ “လက္ခဏာဆရာဖြစ်သင်ကျမ်း “တွင် အိမ်ထောင်ရေးလမ်းကြောင်းအဖျား၌ ခရင်းခွသဏ္ဍာန်အမှတ်သားကို တွေ့ရမည်ဆိုလျှင်၊ လက္ခဏာရှင်သည် လူမျိုးကွဲဘာသာခြားနှင့် လက်ထပ်ရပေမည် …။

(သို့တည်းမဟုတ်) မိမိနှင့်အယူအဆ မတူသူတစ်ဦးနှင့် လက်ထပ်ရလိမ့်မည်ဟု ဆရာကြီးကိုင်ရို၏ အဟောကျမ်းကို ကိုးကားပြီး ထည့်သွင်းဖော်ပြခဲ့ပါတယ် …။

ပုံမှာပြထားသော လက္ခဏာပုံစံကတော့ အိမ်ထောင်ရေးလမ်းကြောင်းတစ်ခုက အောင်မြင်ရေးလမ်း ကြောင်းကို ထိထားတဲ့ ပုံစံ ဖော်ပြထားပါတယ် …။

ပြထားတဲ့ပုံမှာကတော့ အိမ်ထောင်ရေးလမ်းကြောင်းမှာ ခရင်းခွသဏ္ဍာန် အမှတ်အသားမပါဘဲ ပြထားပါတယ်။ ဒါကြောင့် အနှီပုံစံကတော့ ချမ်းသာကြွယ်ဝတဲ့သူနဲ့အိမ်ထောင်ကျပြီး၊ မိဖုရားတစ်ဦးရဲ့ အဆင့်အတန်းနဲ့ နေရမယ်လို့ အဓိပ္ပါယ်ရစေပါတယ် …။

နန်းမတော်မယ်နုက သာမာန်ကျေးတောသူမှ ဘုရင်မိဖုရားခေါင်ကြီး ဖြစ်လာရတာဟာ ဒီလိုပုံစံဖြစ်နိုင်တယ်လို့ ဆရာကြီးမင်းသိင်္ခင်္က ယူဆထားပုံ ပေါ်ပါတယ် …။

ယနေ့မှာတော့ ဒီလိုပုံစံမျိုးတွေ့ရဖို့ ခက်ခဲပေသည်။ တွေ့ရရင်တော့ ထိုလက်ပိုင်ရှင်မိန်းကလေးဟာ မြန်မာပြည် အတွက်တော့(Fist Lady) သမ္မတ ကတော်ဖြစ်ရမှာ ဧကန်မလွဲတော့ပေ …။ ။

ဆရာရွှေမင်း(လက္ခဏာပါရဂူ)