ကိုယ့္ခ်စ္သူေပ်ာ္မယ္ဆိုရင္ စြန္႔လႊတ္ေပးဆပ္ရဲတာ မိန္းမသားေတြရဲ႕ အခ်စ္မို႔ပါ…

ကိုယ့္ခ်စ္သူေပ်ာ္မယ္ဆိုရင္ စြန္႔လႊတ္ေပးဆပ္ရဲတာ မိန္းမသားေတြရဲ႕ အခ်စ္မို႔ပါ…

တစ္ဖက္သတ္အခ်စ္ဟာ စိတ္မထားတတ္ရင္ ပူေလာင္၇လြန္းလွပါတယ္။ တစ္နည္းအားျဖင့္ ကိုယ့္လူျဖစ္ႏိုင္ မျဖစ္ႏိုင္မေသခ်ာေသးပဲ ကိုယ္တစ္ေယာက္တည္း ၾကိတ္ခ်စ္ေနတာမ်ိဳးက ျပဳတ္က်မလား၊ မျပဳတ္က်ဘူးလားလို႔ ေဝခြဲမရတဲ့ ႀကိဳးတန္းေပၚလမ္းေလွ်ာက္ေနရသလိုပါပဲ။ ရင္ထဲ တထိတ္ထိတ္နဲ႔ေပါ့ …။

တစ္ဖက္လူက ကိုယ့္ကို မခ်စ္ဘူးဆိုတာသိတဲ့အခါမွာေတာ့ လွပ္ခနဲ ႏွလုံးသားတစ္ခုလုံး အသိမ္းခံလိုက္ရသလို ကိုယ္က ႀကိဳးတန္းေပၚကေန ျပဳတ္က်ေတာ့တာပါပဲ။ အဲဒါေၾကာင့္ တစ္ဖက္သတ္ခ်စ္မိတဲ့အခါ ကိုယ့္ကို တဖက္လူက ျပန္မခ်စ္ႏိုင္ဘူးလို႔သိေသာ္လည္း စိတ္ဘယ္လိုထားမလဲ၊ ကိုယ့္တဖက္သတ္အခ်စ္ကို ဘယ္လိုမ်ိဳးထိန္းသိမ္းႏိုင္မလဲ ဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ …။

(၁) သူေပ်ာ္ပါေစ”

ကိုယ့္ကိုခ်စ္မွ သူေပ်ာ္မယ္ဆိုရင္ ပိုေကာင္းတာေပါ့။ ကိုယ့္ကို မခ်စ္ဘူးဆိုမွေတာ့ သူဘယ္ေပ်ာ္ပါ့မလဲ၊ သူေပ်ာ္တဲ့ေနရာမွာ ေနပါေစ၊ သူေပ်ာ္တဲ့သူနဲ႔ေနပါေစလို႔ေတြးၾကည့္လိုက္တာ ကိုယ့္အတြက္ ပိုစိတ္ခ်မ္းသာပါတယ္။ ခ်စ္တယ္ဆိုတာနဲ႔ လူတစ္ေယာက္ကို ပိုင္ဆိုင္ရမွာ မဟုတ္ပါဘူးေနာ္။ ကိုယ့္စိတ္ထဲသူ႔ကို ခ်စ္ေနတဲ့စိတ္ေလးပါပဲ။ အဲဒါေၾကာင့္ တဖက္သတ္ခ်စ္တဲ့စိတ္ကို စိတ္ထဲမွာပဲ ထားထားပါ။ သူေပ်ာ္ပါေစ …။

သူေပ်ာ္ေနတာကို ကိုယ္က လိုက္ေပ်ာ္ၾကည့္လိုက္ပါ။ စိတ္သက္သာရာ ရပါလိမ့္မယ္။ ကိုယ္နဲ႔ေနလို႔ သူမေပ်ာ္ရင္ သူေပ်ာ္ဖို႔သာ ထိပ္ဆုံးကထား ေတြးေပးလိုက္ပါ။ သူေပ်ာ္သလို ကိုယ္ပါ ေပ်ာ္သြားပါလိမ့္မယ္။ ကိုယ္နဲ႔ေနလို႔သူမေပ်ာ္တာကို ကိုယ္ကအတင္း ကိုယ့္အနားရွိေနေစခ်င္တယ္ဆိုတာက ကိုယ့္အတၱနဲ႔ ေလွာင္ပိတ္ထားတာပါပဲ။ အတူေနၿပီး တစ္ေယာက္ကမေပ်ာ္ရင္ ဘာအဓိပၸါယ္ရွိပါ့မလဲ။ အဲဒါေၾကာင့္ သူေပ်ာ္ပါေစေနာ္ …။

(၂) အရွိအတိုင္း လက္သင့္ခံပါ”

သူက ကိုယ့္ကိုခ်စ္ရင္ ကိုယ္တို႔ႏွစ္ဦးလုံးရဲ႕အခ်စ္မွန္တာေပါ့။ သူက ကိုယ့္ကိုျပန္မခ်စ္ခဲ့ရင္လည္း အရွိကိုအရွိအတိုင္း လက္ခံလိုက္ပါ။ ပထမအခ်က္ကို ျပန္ေတြးၾကည့္ပါ။ သူေပ်ာ္ဖို႔ကို အေလးထားေပးလိုက္ပါ။ အရွိအတိုင္းလက္ခံတတ္သြားရင္ စိတ္ခ်မ္းသာသြားပါလိမ့္မယ္။ ျပန္ေတြးၾကည့္ပါ၊ သူ႔ကို ငါပိုင္ဆိုင္မွ စိတ္ခ်မ္းသာေပမယ့္ သူမွမေပ်ာ္တာလို႔ ေတြးၾကည့္လိုက္ပါ။ တစ္ေယာက္ေပ်ာ္႐ႊင္ဖို႔ တစ္ေယာက္က စိတ္ညစ္ေပးရတယ္ဆိုတာ အခ်စ္စစ္ မဟုတ္ပါဘူး။ အဲဒါေၾကာင့္ အရွိကိုအရွိအတိုင္းလက္ခံတတ္ပါေစ …။

(၃) အာ႐ုံစိုက္ခံရဖို ႔မႀကိဳးစားပါနဲ႔”

တဖက္သတ္ခ်စ္တဲ့သူေတြ လုပ္တတ္တဲ့ အက်င့္တစ္ခုက အာ႐ုံစိုက္ခံရဖို႔ ႀကိဳးစားတာပါပဲ။ တစ္ဖက္လူက ကိုယ့္ကိုယ္မ်ားျပန္ၿပီးစိတ္ဝင္စားလာမလားရယ္လို႔ အာ႐ုံစိုက္ခံရဖို႔ႀကိဳးစားတာမ်ိဳးက တကယ္ေတာ့ အခ်စ္စစ္မျဖစ္ႏိုင္ပါဘူး။ သင့္ကိုခ်စ္လာဖို႔ကို သင္ကလုပ္ယူေနရတယ္ဆိုကတည္းက တကယ္မခ်စ္လို႔ပါ …။

အဲဒီလို လုပ္ယူျခင္းကလည္း သင္တခ်ိန္မွာ ထားရစ္ခံရဖို႔ ျဖစ္လာ ႏိုင္ပါတယ္။ အဲဒါေၾကာင့္ သင္တစ္ဖက္သတ္ခ်စ္ေနတဲ့ လူရဲ႕အာ႐ုံစိုက္ခံရဖို႔ ႀကိဳးစားျခင္းက ျဖစ္မလာခဲ့ရင္ သင္ပဲစိတ္ညစ္ရမွာမို႔ မႀကိဳးစားပါနဲ႔လို႔သာ ေျပာခ်င္ပါတယ္ေနာ္ …။

(၄) ဆြဲေဆာင္ဖို႔လည္း မႀကိဳးစားပါနဲ႔”

ေနာက္တစ္ခုက ကိုယ့္ကိုျပန္ခ်စ္လာေအာင္ ဆြဲေဆာင္တာပါပဲ။ အဲဒါမ်ိဳးလည္း ဘယ္ေတာ့မွမလုပ္မိပါေစနဲ႔။ ကိုယ့္ကိုျပန္ခ်စ္လာဖို႔အတြက္ ဆြဲေဆာင္ျခင္းဟာ ဆြဲေဆာင္ေနတုန္းပဲအဆင္ေျပၿပီး သင့္ေနာက္ကြယ္ေရာက္တာနဲ႔သင့္ကို ေမ့သြားႏိုင္ပါတယ္။ ဖန္တီးယူရျခင္းဟာ အခ်စ္စစ္ မဟုတ္တာေၾကာင့္ သင့္ကို ေရရွည္မွာ စိတ္ပါဝင္စားမႈေလ်ာ့နည္းသြားေစႏိုင္ပါတယ္။ အဲဒါေၾကာင့္ ကိုယ္တဖက္သတ္ခ်စ္ေနတဲ့လူကို ဆြဲေဆာင္ဖို႔လည္း မႀကိဳးစားပါနဲ႔ …။

ႀကိဳးစားမိရင္ ကိုယ္ပဲ ပိုစိတ္ပင္ပန္းရတတ္ပါတယ္။ ေလထဲဝဲေနတဲ့စြန္ေလး ျပန္က်လာမလားရယ္နဲ႔ ေမွ်ာ္တလင့္လင့္နဲ႔ ေနရတဲ့ဘဝက ပိုဆိုးေစပါတယ္။ တျခားေသာကိုယ့္ဘဝတိုးတက္မယ့္ အရာေတြကိုလည္း မလုပ္ေဆာင္ႏိုင္ေတာ့ပါဘူး။ အဲဒါေၾကာင့္ ကိုယ္ကခ်စ္ေပမယ့္ တစ္ဖက္လူက ကိုယ့္ကိုျပန္မခ်စ္ဘူးဆိုတာကို ကိုယ္က လိုလားစြာလက္ခံလိုက္ပါ။ အထက္ရွဆုံးဓားက နာက်င္ေပမယ့္ ကိုယ့္အတြက္ ေစာေစာအနာက်က္ျမန္ေစႏိုင္တယ္ဆိုတာ မေမ့ပါနဲ႔ ..။

(၅) ကိုယ့္အေပၚေမတၱာစစ္နဲ႔ ခ်စ္တဲ့သူေတြ႕လာအုံးမွာပါ”

ကိုယ့္အေပၚေမတၱာစစ္နဲ႔ခ်စ္တဲ့လူဆိုတာ ကိုယ့္အတြက္နဲ႔ အားလုံးကို ေပးဆပ္ၿပီး ကိုယ့္အတြက္သီးသန႔္ကိုျဖစ္လာတာမ်ိဳးပါ။ အဲဒီ့အတြက္ အခ်ိန္တစ္ခုကို ထိုင္ေစာင့္ေနစရာမလိုပါဘူး။ ကိုယ့္ဘဝအတြက္ ကိုယ္လုပ္စရာရွိတာေတြ လုပ္ေန႐ုံပါပဲ။ ကိုယ္ဘယ္ေလာက္႐ုပ္ဆိုးဆိုး၊ ကိုယ္ဘယ္ေလာက္အားနည္းခ်က္ရွိရွိ၊ ကိုယ္ဘယ္ေလာက္နိမ့္က်ေနပါေစ ကိုယ့္အေပၚေမတၱာစစ္နဲ႔ခ်စ္တဲ့သူမွန္ရင္ ကိုယ့္အတြက္ကို ျဖစ္လာပါလိမ့္မယ္ …။

အဲ႔ဒါေၾကာင့္ အခုကိုယ္က တဖက္သတ္ခ်စ္ေနရတယ္ဆိုကတည္းက ကိုယ့္အတြက္မဟုတ္ဘဲ ကိုယ့္စိတ္ထဲက ျဖစ္ေပၚလာတဲ့အခ်စ္ကို ဒီတိုင္းေလးသာ လႊတ္ထားေပးလိုက္ပါ။ ထိန္းခ်ဳပ္ဖို႔ကိုလည္း မႀကိဳးစားပါနဲ႔၊ ဖန္တီးလုပ္ယူဖို႔လည္း မေတြးပါနဲ႔။ ေဘးကေန ကိုယ္ခ်စ္တဲ့လူေပ်ာ္ေနတာေလးကိုပဲ ၾကည့္ၿပီး ပီတိျဖစ္စြာ ေနၾကည့္လိုက္ပါ …။

(၆) ကိုယ့္အေပၚမခ်စ္မႏွစ္သက္တဲ့လူဟာ ကိုယ့္အတြက္မဟုတ္လို႔ပါ။

တဖက္သက္ခ်စ္တဲ့သူေတာ္ေတာ္မ်ားမ်ားဟာ တဖက္လူကို ကိုယ့္ဘက္ပါလာေအာင္ေတာ့ ဖန္တီးယူဖို႔ ၊ ဆြဲေဆာင္ဖို႔ႀကိဳးစား တတ္ၾကပါတယ္။ အဲဒါနဲ႔တင္ အခ်ိန္ေတြကုန္၊ ပူေဆြး၊ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ တငင့္ငင့္ျဖစ္ေနရၿပီး ေမွ်ာ္လင့္သလိုျဖစ္မလာတဲ့အခါ ဝမ္းနည္းရျပန္ပါတယ္။ အဲဒီ့အခါမွာ အခုလိုေလးေတြးၾကည့္လိုက္ပါ၊ ကိုယ့္ဘယ္ေလာက္ႀကိဳးစားႀကိဳးစား ကိုယ့္အေပၚျပန္မခ်စ္ႏိုင္တဲ့လူဟာ ကိုယ့္အတြက္မဟုတ္လို႔ပါလို႔ေတြးၾကည့္လိုက္ပါ။ FA ဘ၀ ဘယ္ေလာက္ၾကာၾကာ ဝမ္းနည္းစရာမလိုပါဘူး။ ေပါ့ပါးလြတ္လပ္ပါတယ္။ အခ်စ္စစ္မွန္ရင္ အခ်ိန္တန္ ကိုယ္နဲ႔ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ေရာက္လာတတ္တာမ်ိဳးပါ …။

အတင္းလုပ္ယူေနရတာက အခ်ိန္ကုန္၊ စိတ္ပင္ပန္း၊ လူပင္ပန္းၿပီး အျခားေသာ အက်ိဳးရွိတဲ့အရာေတြ ဘာမွမလုပ္ႏိုင္ေတာ့ပါဘူး။ အဲဒါေၾကာင့္ တဖက္သတ္ခ်စ္ေနတဲ့အခါ ကိုယ့္အတြက္မဟုတ္လို႔ အတင္းလုပ္ယူဖို႔ မႀကိဳးစားဘူး၊ ကိုယ့္ရင္ထဲအခ်စ္ကို ဒီတိုင္းေလးပဲ ေမြးထားေပးလိုက္ပါ။ အခ်ိန္တန္ စိတ္ကုန္ခ်င္လည္းျဖစ္တယ္၊ စိတ္မကုန္ခ်င္လည္းျဖစ္တယ္၊ လုပ္စရာရွိတာေတြကို အာ႐ုံေျပာင္းၿပီး လုပ္ပါ။ ဘဝအတြက္ ႀကိဳးစားစရာရွိတာေတြကို ႀကိဳးစားလိုက္ပါ …။

အဲဒါက ေမွ်ာ္လင့္ရင္းနဲ႔ေတာ့ အခ်ိန္ကုန္၊ စိတ္မဆင္းရဲရေတာ့ဘူးေပါ့။ ဘဝအတြက္ အေကာင္းဆုံးအက်ိဳးရွိရွိ ရွင္သန္ရင္း ကိုယ့္ဘဝအတြက္ အစစ္မွန္ကို ေတြ႕လာပါလိ့မ္မယ္။ အဲဒါက အခ်ိန္လည္းမကုန္၊ ဘဝအတြက္လည္းအက်ိဳးရွိ၊ အျခားေသာ စိတ္ဖိစီးမႈေတြလည္းမျဖစ္ေတာ့ပါဘူးလို႔ အားေပးလိုက္ရပါတယ္ေနာ္ …။ ။

ခရက္ဒစ္

Unicode Version ဖြင့်ဖတ်ရန်

ကိုယ့်ချစ်သူပျော်မယ်ဆိုရင် စွန့်လွှတ်ပေးဆပ်ရဲတာ မိန်းမသားတွေရဲ့ အချစ်မို့ပါ…

တစ်ဖက်သတ်အချစ်ဟာ စိတ်မထားတတ်ရင် ပူလောင်၇လွန်းလှပါတယ်။ တစ်နည်းအားဖြင့် ကိုယ့်လူဖြစ်နိုင် မဖြစ်နိုင်မသေချာသေးပဲ ကိုယ်တစ်ယောက်တည်း ကြိတ်ချစ်နေတာမျိုးက ပြုတ်ကျမလား၊ မပြုတ်ကျဘူးလားလို့ ဝေခွဲမရတဲ့ ကြိုးတန်းပေါ်လမ်းလျှောက်နေရသလိုပါပဲ။ ရင်ထဲ တထိတ်ထိတ်နဲ့ပေါ့ …။

တစ်ဖက်လူက ကိုယ့်ကို မချစ်ဘူးဆိုတာသိတဲ့အခါမှာတော့ လှပ်ခနဲ နှလုံးသားတစ်ခုလုံး အသိမ်းခံလိုက်ရသလို ကိုယ်က ကြိုးတန်းပေါ်ကနေ ပြုတ်ကျတော့တာပါပဲ။ အဲဒါကြောင့် တစ်ဖက်သတ်ချစ်မိတဲ့အခါ ကိုယ့်ကို တဖက်လူက ပြန်မချစ်နိုင်ဘူးလို့သိသော်လည်း စိတ်ဘယ်လိုထားမလဲ၊ ကိုယ့်တဖက်သတ်အချစ်ကို ဘယ်လိုမျိုးထိန်းသိမ်းနိုင်မလဲ ဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော် …။

(၁) သူပျော်ပါစေ”

ကိုယ့်ကိုချစ်မှ သူပျော်မယ်ဆိုရင် ပိုကောင်းတာပေါ့။ ကိုယ့်ကို မချစ်ဘူးဆိုမှတော့ သူဘယ်ပျော်ပါ့မလဲ၊ သူပျော်တဲ့နေရာမှာ နေပါစေ၊ သူပျော်တဲ့သူနဲ့နေပါစေလို့တွေးကြည့်လိုက်တာ ကိုယ့်အတွက် ပိုစိတ်ချမ်းသာပါတယ်။ ချစ်တယ်ဆိုတာနဲ့ လူတစ်ယောက်ကို ပိုင်ဆိုင်ရမှာ မဟုတ်ပါဘူးနော်။ ကိုယ့်စိတ်ထဲသူ့ကို ချစ်နေတဲ့စိတ်လေးပါပဲ။ အဲဒါကြောင့် တဖက်သတ်ချစ်တဲ့စိတ်ကို စိတ်ထဲမှာပဲ ထားထားပါ။ သူပျော်ပါစေ …။

သူပျော်နေတာကို ကိုယ်က လိုက်ပျော်ကြည့်လိုက်ပါ။ စိတ်သက်သာရာ ရပါလိမ့်မယ်။ ကိုယ်နဲ့နေလို့ သူမပျော်ရင် သူပျော်ဖို့သာ ထိပ်ဆုံးကထား တွေးပေးလိုက်ပါ။ သူပျော်သလို ကိုယ်ပါ ပျော်သွားပါလိမ့်မယ်။ ကိုယ်နဲ့နေလို့သူမပျော်တာကို ကိုယ်ကအတင်း ကိုယ့်အနားရှိနေစေချင်တယ်ဆိုတာက ကိုယ့်အတ္တနဲ့ လှောင်ပိတ်ထားတာပါပဲ။ အတူနေပြီး တစ်ယောက်ကမပျော်ရင် ဘာအဓိပ္ပါယ်ရှိပါ့မလဲ။ အဲဒါကြောင့် သူပျော်ပါစေနော် …။

(၂) အရှိအတိုင်း လက်သင့်ခံပါ”

သူက ကိုယ့်ကိုချစ်ရင် ကိုယ်တို့နှစ်ဦးလုံးရဲ့အချစ်မှန်တာပေါ့။ သူက ကိုယ့်ကိုပြန်မချစ်ခဲ့ရင်လည်း အရှိကိုအရှိအတိုင်း လက်ခံလိုက်ပါ။ ပထမအချက်ကို ပြန်တွေးကြည့်ပါ။ သူပျော်ဖို့ကို အလေးထားပေးလိုက်ပါ။ အရှိအတိုင်းလက်ခံတတ်သွားရင် စိတ်ချမ်းသာသွားပါလိမ့်မယ်။ ပြန်တွေးကြည့်ပါ၊ သူ့ကို ငါပိုင်ဆိုင်မှ စိတ်ချမ်းသာပေမယ့် သူမှမပျော်တာလို့ တွေးကြည့်လိုက်ပါ။ တစ်ယောက်ပျော်ရွှင်ဖို့ တစ်ယောက်က စိတ်ညစ်ပေးရတယ်ဆိုတာ အချစ်စစ် မဟုတ်ပါဘူး။ အဲဒါကြောင့် အရှိကိုအရှိအတိုင်းလက်ခံတတ်ပါစေ …။

(၃) အာရုံစိုက်ခံရဖို့မကြိုးစားပါနဲ့”

တဖက်သတ်ချစ်တဲ့သူတွေ လုပ်တတ်တဲ့ အကျင့်တစ်ခုက အာရုံစိုက်ခံရဖို့ ကြိုးစားတာပါပဲ။ တစ်ဖက်လူက ကိုယ့်ကိုယ်များပြန်ပြီးစိတ်ဝင်စားလာမလားရယ်လို့ အာရုံစိုက်ခံရဖို့ကြိုးစားတာမျိုးက တကယ်တော့ အချစ်စစ်မဖြစ်နိုင်ပါဘူး။ သင့်ကိုချစ်လာဖို့ကို သင်ကလုပ်ယူနေရတယ်ဆိုကတည်းက တကယ်မချစ်လို့ပါ …။

အဲဒီလို လုပ်ယူခြင်းကလည်း သင်တချိန်မှာ ထားရစ်ခံရဖို့ ဖြစ်လာ နိုင်ပါတယ်။ အဲဒါကြောင့် သင်တစ်ဖက်သတ်ချစ်နေတဲ့ လူရဲ့အာရုံစိုက်ခံရဖို့ ကြိုးစားခြင်းက ဖြစ်မလာခဲ့ရင် သင်ပဲစိတ်ညစ်ရမှာမို့ မကြိုးစားပါနဲ့လို့သာ ပြောချင်ပါတယ်နော် …။

(၄) ဆွဲဆောင်ဖို့လည်း မကြိုးစားပါနဲ့”

နောက်တစ်ခုက ကိုယ့်ကိုပြန်ချစ်လာအောင် ဆွဲဆောင်တာပါပဲ။ အဲဒါမျိုးလည်း ဘယ်တော့မှမလုပ်မိပါစေနဲ့။ ကိုယ့်ကိုပြန်ချစ်လာဖို့အတွက် ဆွဲဆောင်ခြင်းဟာ ဆွဲဆောင်နေတုန်းပဲအဆင်ပြေပြီး သင့်နောက်ကွယ်ရောက်တာနဲ့သင့်ကို မေ့သွားနိုင်ပါတယ်။ ဖန်တီးယူရခြင်းဟာ အချစ်စစ် မဟုတ်တာကြောင့် သင့်ကို ရေရှည်မှာ စိတ်ပါဝင်စားမှုလျော့နည်းသွားစေနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ်တဖက်သတ်ချစ်နေတဲ့လူကို ဆွဲဆောင်ဖို့လည်း မကြိုးစားပါနဲ့ …။

ကြိုးစားမိရင် ကိုယ်ပဲ ပိုစိတ်ပင်ပန်းရတတ်ပါတယ်။ လေထဲဝဲနေတဲ့စွန်လေး ပြန်ကျလာမလားရယ်နဲ့ မျှော်တလင့်လင့်နဲ့ နေရတဲ့ဘဝက ပိုဆိုးစေပါတယ်။ တခြားသောကိုယ့်ဘဝတိုးတက်မယ့် အရာတွေကိုလည်း မလုပ်ဆောင်နိုင်တော့ပါဘူး။ အဲဒါကြောင့် ကိုယ်ကချစ်ပေမယ့် တစ်ဖက်လူက ကိုယ့်ကိုပြန်မချစ်ဘူးဆိုတာကို ကိုယ်က လိုလားစွာလက်ခံလိုက်ပါ။ အထက်ရှဆုံးဓားက နာကျင်ပေမယ့် ကိုယ့်အတွက် စောစောအနာကျက်မြန်စေနိုင်တယ်ဆိုတာ မမေ့ပါနဲ့ ..။

(၅) ကိုယ့်အပေါ်မေတ္တာစစ်နဲ့ ချစ်တဲ့သူတွေ့လာအုံးမှာပါ”

ကိုယ့်အပေါ်မေတ္တာစစ်နဲ့ချစ်တဲ့လူဆိုတာ ကိုယ့်အတွက်နဲ့ အားလုံးကို ပေးဆပ်ပြီး ကိုယ့်အတွက်သီးသန့်ကိုဖြစ်လာတာမျိုးပါ။ အဲဒီ့အတွက် အချိန်တစ်ခုကို ထိုင်စောင့်နေစရာမလိုပါဘူး။ ကိုယ့်ဘဝအတွက် ကိုယ်လုပ်စရာရှိတာတွေ လုပ်နေရုံပါပဲ။ ကိုယ်ဘယ်လောက်ရုပ်ဆိုးဆိုး၊ ကိုယ်ဘယ်လောက်အားနည်းချက်ရှိရှိ၊ ကိုယ်ဘယ်လောက်နိမ့်ကျနေပါစေ ကိုယ့်အပေါ်မေတ္တာစစ်နဲ့ချစ်တဲ့သူမှန်ရင် ကိုယ့်အတွက်ကို ဖြစ်လာပါလိမ့်မယ် …။

အဲ့ဒါကြောင့် အခုကိုယ်က တဖက်သတ်ချစ်နေရတယ်ဆိုကတည်းက ကိုယ့်အတွက်မဟုတ်ဘဲ ကိုယ့်စိတ်ထဲက ဖြစ်ပေါ်လာတဲ့အချစ်ကို ဒီတိုင်းလေးသာ လွှတ်ထားပေးလိုက်ပါ။ ထိန်းချုပ်ဖို့ကိုလည်း မကြိုးစားပါနဲ့၊ ဖန်တီးလုပ်ယူဖို့လည်း မတွေးပါနဲ့။ ဘေးကနေ ကိုယ်ချစ်တဲ့လူပျော်နေတာလေးကိုပဲ ကြည့်ပြီး ပီတိဖြစ်စွာ နေကြည့်လိုက်ပါ …။

(၆) ကိုယ့်အပေါ်မချစ်မနှစ်သက်တဲ့လူဟာ ကိုယ့်အတွက်မဟုတ်လို့ပါ။

တဖက်သက်ချစ်တဲ့သူတော်တော်များများဟာ တဖက်လူကို ကိုယ့်ဘက်ပါလာအောင်တော့ ဖန်တီးယူဖို့ ၊ ဆွဲဆောင်ဖို့ကြိုးစား တတ်ကြပါတယ်။ အဲဒါနဲ့တင် အချိန်တွေကုန်၊ ပူဆွေး၊ မျှော်လင့်ချက်တွေနဲ့ တငင့်ငင့်ဖြစ်နေရပြီး မျှော်လင့်သလိုဖြစ်မလာတဲ့အခါ ဝမ်းနည်းရပြန်ပါတယ်။ အဲဒီ့အခါမှာ အခုလိုလေးတွေးကြည့်လိုက်ပါ၊ ကိုယ့်ဘယ်လောက်ကြိုးစားကြိုးစား ကိုယ့်အပေါ်ပြန်မချစ်နိုင်တဲ့လူဟာ ကိုယ့်အတွက်မဟုတ်လို့ပါလို့တွေးကြည့်လိုက်ပါ။ FA ဘ၀ ဘယ်လောက်ကြာကြာ ဝမ်းနည်းစရာမလိုပါဘူး။ ပေါ့ပါးလွတ်လပ်ပါတယ်။ အချစ်စစ်မှန်ရင် အချိန်တန် ကိုယ်နဲ့ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတတ်တာမျိုးပါ …။

အတင်းလုပ်ယူနေရတာက အချိန်ကုန်၊ စိတ်ပင်ပန်း၊ လူပင်ပန်းပြီး အခြားသော အကျိုးရှိတဲ့အရာတွေ ဘာမှမလုပ်နိုင်တော့ပါဘူး။ အဲဒါကြောင့် တဖက်သတ်ချစ်နေတဲ့အခါ ကိုယ့်အတွက်မဟုတ်လို့ အတင်းလုပ်ယူဖို့ မကြိုးစားဘူး၊ ကိုယ့်ရင်ထဲအချစ်ကို ဒီတိုင်းလေးပဲ မွေးထားပေးလိုက်ပါ။ အချိန်တန် စိတ်ကုန်ချင်လည်းဖြစ်တယ်၊ စိတ်မကုန်ချင်လည်းဖြစ်တယ်၊ လုပ်စရာရှိတာတွေကို အာရုံပြောင်းပြီး လုပ်ပါ။ ဘဝအတွက် ကြိုးစားစရာရှိတာတွေကို ကြိုးစားလိုက်ပါ …။

အဲဒါက မျှော်လင့်ရင်းနဲ့တော့ အချိန်ကုန်၊ စိတ်မဆင်းရဲရတော့ဘူးပေါ့။ ဘဝအတွက် အကောင်းဆုံးအကျိုးရှိရှိ ရှင်သန်ရင်း ကိုယ့်ဘဝအတွက် အစစ်မှန်ကို တွေ့လာပါလိ့မ်မယ်။ အဲဒါက အချိန်လည်းမကုန်၊ ဘဝအတွက်လည်းအကျိုးရှိ၊ အခြားသော စိတ်ဖိစီးမှုတွေလည်းမဖြစ်တော့ပါဘူးလို့ အားပေးလိုက်ရပါတယ်နော် …။ ။

ခရက်ဒစ်