(1) ရေတံခွန် အနမ်း
(4) စွမ်းအင်ပြည့် အနမ်း
(5) ရေခဲစိမ် အနမ်း
(6) မူဟန်ကြွယ် အနမ်း
(7) တူးတူပုန်း အနမ်း
(9) သကာစိမ်အနမ်း
(11) ငတက်ပြားအနမ်း
MuYin
Unicode Version ဖြင့်ဖတ်ရန်
ချစ်သူကို ရင်ခွင်ထဲမှာ တုန်တတ်သွားစေမည့် အနမ်း(၁၀)မျိုး…
ဒီအနမ်း (၁၀) မျိုးထဲက ကျနော့် ချစ်သူကို မေးကြည့်တယ်။ ဘယ်ဟာကို ပို ကြိုက်သလဲ လို့။ သူကတော့ တစ်မျိုးစီ ကြိုက်တာချည်း ပါပဲတဲ့။ အဲဒါကြောင့် လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျား မ မရွေး စားသုံးနိုင်ပါ စေကြောင်း ရည်စူးပြီး တင်ပြလိုက်ပါတယ်နော် …။
(1) ရေတံခွန် အနမ်း
ချစ်သူလေးနဲ့ တွေ့တဲ့ အခါ တောင်အမြင့်ပေါ်က စီးကျလာတဲ့ ရေတံခွန်လို ချစ်သူ့ကိုယ်လုံးလေးကို ခပ်ကြမ်းကြမ်း ပွေ့ဖက်ထားပြီး အားပါးတရ တရစပ် နမ်းပစ်ခြင်း …။
(2) ရွှင်ပျော်ပျော် အနမ်း
ချစ်သူ့ ကိုယ်ပေါ်မှာ ရှိတဲ့ ယားတတ်တဲ့ နေရာတွေကို လက်ချောင်းလေးတွေနဲ့ တို့ ဆိတ်ရင်း ရယ်ရွှင်လာအောင်လုပ်ပြီးမှ နမ်းခြင်း ဖြစ်ပါတယ် …။
(3) ဝိုင်းကြီးပတ်ပတ် ဒူဝေဝေအနမ်း
ချစ်သူလေးရဲ့ နှုတ်ခမ်းကို ငုံစုပ်ပြီး မနမ်းပဲ အပေါ်ယံ နှုတ်ခမ်းသားလေးတွေ အပေါ် လျှာဖျားလေးနဲ့ တို့ထိ ကလိ ပေးလျှက် နမ်းပေးခြင်း …။
(4) စွမ်းအင်ပြည့် အနမ်း
ချစ်သူရဲ့ နှုတ်ခမ်းကို လုံး၀ မထိမိစေပဲ တစ်ကိုယ်လုံးကို ရင်ခွင်ထဲ ထည့်ကာ သူ့ ကျောပြင်လေးကို လက်ချောင်း များဖြင့် ပွတ်သတ်ပေးခြင်းဖြင့် နမ်းခြင်းမျိုးပါ …။
(5) ရေခဲစိမ် အနမ်း
ပူအိုက်တဲ့ ရာသီမှာ ချစ်သူနဲ့ အတူ ရေခဲမုန့် စားခြင်းဖြင့် ဖြစ်စေ၊ အအေးသောက်ခြင်းဖြင့် ဖြစ်စေ၊ နှစ်ဦးစလုံးရဲ့ နှုတ်ခမ်းများကို အေးစက်အောင် လုပ်ပြီးမှ အနမ်းပေးခြင်း …။
(6) မူဟန်ကြွယ် အနမ်း
ချစ်သူနဲ့ အတူ နေတဲ့အခါ အလျှင်စလို မနမ်းမိစေပဲ ချစ်သူလိုလားမှန်း သိသည့်တိုင် မသိယောင်ဆောင်နေပြီး သူလေးဘက်က အငမ်းမရ တောင်းတလာမှ နမ်းခြင်း …။
(7) တူးတူပုန်း အနမ်း
ချစ်သူလေးနဲ့ ပြေးလွှားဆော့ကစားရင်း ကိုယ်အချင်းချင်း ပွတ်သတ် ထိတွေ့စေပြီး ပျော်ရွှင်အူမြူးအောင် ပြုလုပ်ပြီးမှ အနမ်းပေးခြင်း …။
(8) အာရှအနမ်း (သို့) မွှေးမွှေးပေးခြင်း
နှုတ်ခမ်းချင်း မထိစေပဲ ချစ်သူရဲ့ နဖူးပြင်၊ ပါးပြင် စသည်ကို မွှေးမွှေးပေးခြင်း …။
(9) သကာစိမ်အနမ်း
ချော့ကလက် သကြာလုံးစသည်ကို တစ်ဦး ပါးစမ်းထဲ တစ်ဦးပါးစပ်ဖြင့် ထည့်ပေးလျှက် အပြန်အလှန် နမ်းခြင်း ….။
(11) ငတက်ပြားအနမ်း
ချစ်သူနဲ့အတူ တွဲသွားတဲ့အခါ ပတ်ဝန်းကျင်လူ အခြေအနေကြည့်လျှက် လစ်ရင်လစ်သလို နမ်းခြင်း၊ စတဲ့ အနမ်း(၁၀)မျိုးပဲ ဖြစ်ပါတယ်နော် …။ ။
MuYin