အခ်စ္ေရးမွာ မွားယြင္းတဲ့သူကိုေရြးခ်ယ္မိရင္ ျဖစ္လာမယ့္ဆိုးက်ိဳး(၅)မ်ိဳး…

အခ်စ္ေရးမွာ မွားယြင္းတဲ့သူကိုေရြးခ်ယ္မိရင္ ျဖစ္လာမယ့္ဆိုးက်ိဳး(၅)မ်ိဳး…

အခ်စ္ဆိုတာ လုပ္ယူလို႕မရဘူး၊ သူ႕အလိုလိုျဖစ္လာတယ္ ဆိုေပမယ့္ မေကာင္းတဲ့ လူတစ္ေယာက္ကို မခ်စ္မိေအာင္ေတာ့ ေရွာင္ရွားလို႔ ရပါတယ္။ ကိုယ္က ေရွာင္လို႕ရေနတာေတာင္ မေရွာင္ပဲ မေကာင္းမွန္းသိေနတဲ့သူကို ျပဳျပင္လို႕ရလိမ့္မယ္ အထင္နဲ႕ ေရွ႕ဆက္တိုးမယ္ဆိုရင္ေတာ့ ဒီလို ရလဒ္ေတြကိုပဲ ရပါလိမ့္မယ္ေနာ္ …။

(၁) စိတ္ညစ္ရတဲ့အခ်ိန္က ပိုမ်ားလိမ့္မယ္။

မေကာင္းမွန္းသိရက္နဲ႕ ကိုယ့္ကိုခ်စ္တဲ့စိတ္နဲ႕ ျပဳျပင္လာမလားဆိုျပီး တြဲေနတဲ့တေလွ်ာက္လံုး ကိုယ္ပဲ စိတ္ညစ္ရပါလိမ့္မယ္။ မေကာင္းတဲ့သူတစ္ေယာက္က သူကိုယ္တိုင္ ျပဳျပင္ခ်င္စိတ္ ျဖစ္မလာမခ်င္း ဘယ္သူကမွ ျပဴျပင္ေပးလို႕ မရပါဘူး။ ေကာင္းလာႏိုးႏိုးနဲ႕ ေမွ်ာ္လင့္ရင္း ကိုယ္ပဲ စိတ္ညစ္ေနရမွာပါ …။

(၂) အခ်စ္မခံရဘူးလို႕ အျမဲလိုလိုထင္ေနမိလိမ့္မယ္။

သူ႕ရဲ႕ဗီဇကကို မေကာင္းလို႕ ကိုယ့္အေပၚမေကာင္းတာမ်ားလာတဲ့အခါ ကိုယ္ဟာ အခ်စ္မခံရဘူး။ အခ်စ္ခံရဖုိ႕မထိုက္တန္ဘူးဆိုတဲ့ စိတ္ေတြျဖစ္လာႏိုင္ပါတယ္။ ဒီစိတ္က ကိုယ့္ကိုတျခားေနရာေတြမွာပါ မေပ်ာ္နိုင္ေအာင္ ဖိစီး ႏွိပ္စက္ေနပါလိမ့္မယ္ …။

(၃) ကိုယ့္ကိုယ္ကို စိတ္တိုင္းမက်တာေတြပါျဖစ္လာမယ္။

အခ်စ္မခံရဘူးလို႕ ခံစားရတာမ်ားလာခ်ိန္မွာ ကိုယ္ဟာ ခ်ို႕ယြင္းခ်က္ရွိတဲ့သူတစ္ေယာက္၊ လိုအပ္ခ်က္ေတြမ်ားတဲ့ သူတစ္ေယာက္လို႕ ထင္လာမယ္။ ကိုယ္ကိုယ္တိုင္ရဲ႕ အားသာခ်က္ေတြကို မျမင္ႏိုင္ေတာ့ပဲ ကိုယ့္ကိုယ္ကိုပါ စိတ္တိုင္းမက် ျဖစ္ေနရပါလိမ့္မယ္ …။

(၄) အသည္းကြဲရမယ္။

မေကာင္းမွန္းသိေနတဲ့ သူတစ္ေယာက္ကို ျပဳျပင္လို႕ရလိမ့္မလားဆိုတဲ့စိတ္နဲ႕လက္တြဲလိုက္တဲ့အခါ သူနဲ႕ရွိေနတဲ့တေလွ်ာက္လံုး စိတ္ညစ္ရျပီး သည္းမခံနိုင္ေတာ့လို႕ လမ္းခြဲၾကတဲ့ အခါမွာလည္း အသည္းကြဲရမွာ အမွန္ပါ …။

(၅) ေနာက္ထပ္မခ်စ္နိုင္ေလာက္ေအာင္ ျဖစ္ႏိုင္တယ္။

ေနာက္ဆံုးမွာ ကိုယ္က တျခားသူေတြဟာလည္း သူ႕လိုပဲလားလို႕ ထင္ေနျပီး ေနာက္ထပ္ခ်စ္ရမွာကို ေၾကာက္သြားျပီး ကိုယ့္အေပၚေကာင္းတဲ့သူေတြကိုလည္း တြန္းထုတ္မိေနတာမ်ိဳး၊ ကိုယ့္အေပၚေႏြးေထြးမယ့္ သူကိုက် လက္ခံဖို႕ တြန္႕ဆုတ္္ေနတာမ်ိဳးေတြ ျဖစ္လာနိုင္ျပီး တကယ္ေကာင္းတဲ့သူနဲ႕ပါ လြဲေခ်ာ္သြားႏိုင္ပါတယ္ေနာ္ …။ ။

Credit

Unicode Version ဖြင့်ဖတ်ရန်

အချစ်ရေးမှာ မှားယွင်းတဲ့သူကိုရွေးချယ်မိရင် ဖြစ်လာမယ့်ဆိုးကျိုး(၅)မျိုး…

အချစ်ဆိုတာ လုပ်ယူလို့မရဘူး၊ သူ့အလိုလိုဖြစ်လာတယ် ဆိုပေမယ့် မကောင်းတဲ့ လူတစ်ယောက်ကို မချစ်မိအောင်တော့ ရှောင်ရှားလို့ ရပါတယ်။ ကိုယ်က ရှောင်လို့ရနေတာတောင် မရှောင်ပဲ မကောင်းမှန်းသိနေတဲ့သူကို ပြုပြင်လို့ရလိမ့်မယ် အထင်နဲ့ ရှေ့ဆက်တိုးမယ်ဆိုရင်တော့ ဒီလို ရလဒ်တွေကိုပဲ ရပါလိမ့်မယ်နော် …။

(၁) စိတ်ညစ်ရတဲ့အချိန်က ပိုများလိမ့်မယ်။

မကောင်းမှန်းသိရက်နဲ့ ကိုယ့်ကိုချစ်တဲ့စိတ်နဲ့ ပြုပြင်လာမလားဆိုပြီး တွဲနေတဲ့တလျှောက်လုံး ကိုယ်ပဲ စိတ်ညစ်ရပါလိမ့်မယ်။ မကောင်းတဲ့သူတစ်ယောက်က သူကိုယ်တိုင် ပြုပြင်ချင်စိတ် ဖြစ်မလာမချင်း ဘယ်သူကမှ ပြူပြင်ပေးလို့ မရပါဘူး။ ကောင်းလာနိုးနိုးနဲ့ မျှော်လင့်ရင်း ကိုယ်ပဲ စိတ်ညစ်နေရမှာပါ …။

(၂) အချစ်မခံရဘူးလို့ အမြဲလိုလိုထင်နေမိလိမ့်မယ်။

သူ့ရဲ့ဗီဇကကို မကောင်းလို့ ကိုယ့်အပေါ်မကောင်းတာများလာတဲ့အခါ ကိုယ်ဟာ အချစ်မခံရဘူး။ အချစ်ခံရဖို့မထိုက်တန်ဘူးဆိုတဲ့ စိတ်တွေဖြစ်လာနိုင်ပါတယ်။ ဒီစိတ်က ကိုယ့်ကိုတခြားနေရာတွေမှာပါ မပျော်နိုင်အောင် ဖိစီး နှိပ်စက်နေပါလိမ့်မယ် …။

(၃) ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျတာတွေပါဖြစ်လာမယ်။

အချစ်မခံရဘူးလို့ ခံစားရတာများလာချိန်မှာ ကိုယ်ဟာ ချို့ယွင်းချက်ရှိတဲ့သူတစ်ယောက်၊ လိုအပ်ချက်တွေများတဲ့ သူတစ်ယောက်လို့ ထင်လာမယ်။ ကိုယ်ကိုယ်တိုင်ရဲ့ အားသာချက်တွေကို မမြင်နိုင်တော့ပဲ ကိုယ့်ကိုယ်ကိုပါ စိတ်တိုင်းမကျ ဖြစ်နေရပါလိမ့်မယ် …။

(၄) အသည်းကွဲရမယ်။

မကောင်းမှန်းသိနေတဲ့ သူတစ်ယောက်ကို ပြုပြင်လို့ရလိမ့်မလားဆိုတဲ့စိတ်နဲ့လက်တွဲလိုက်တဲ့အခါ သူနဲ့ရှိနေတဲ့တလျှောက်လုံး စိတ်ညစ်ရပြီး သည်းမခံနိုင်တော့လို့ လမ်းခွဲကြတဲ့ အခါမှာလည်း အသည်းကွဲရမှာ အမှန်ပါ …။

(၅) နောက်ထပ်မချစ်နိုင်လောက်အောင် ဖြစ်နိုင်တယ်။

နောက်ဆုံးမှာ ကိုယ်က တခြားသူတွေဟာလည်း သူ့လိုပဲလားလို့ ထင်နေပြီး နောက်ထပ်ချစ်ရမှာကို ကြောက်သွားပြီး ကိုယ့်အပေါ်ကောင်းတဲ့သူတွေကိုလည်း တွန်းထုတ်မိနေတာမျိုး၊ ကိုယ့်အပေါ်နွေးထွေးမယ့် သူကိုကျ လက်ခံဖို့ တွန့်ဆုတ်နေတာမျိုးတွေ ဖြစ်လာနိုင်ပြီး တကယ်ကောင်းတဲ့သူနဲ့ပါ လွဲချော်သွားနိုင်ပါတယ်နော် …။ ။

Credit