အိမ္ေထာင္တစ္ခုမွာ အသက္ရြယ္ကြာလြန္းရင္ ဘာေတြျဖစ္လာနိုင္လဲ…

အိမ္ေထာင္တစ္ခုမွာ အသက္ရြယ္ကြာလြန္းရင္ ဘာေတြျဖစ္လာနိုင္လဲ…

အခ်စ္တစ္ခုမွာ အသက္အရြယ္ဆိုတာ မရွိဘူး၊ ႏွစ္ဦးႏွစ္ဘက္ ခ်စ္ရင္ၿပီးတာပဲလို႔ ဆိုၾကပါတယ္ …။

တကယ္တမ္း ခ်စ္လို႔ တြဲၿပီဆိုေတာ့မွ ျပႆနာက စတာပါ။ တစ္ခုၿပီး တစ္ခုနဲ႔ မဆုံးႏိုင္ေတာ့ပါဘူး …။

ဘာလို႔လဲဆိုေတာ့ အသက္ျခင္း တအားကြာေနၿပီဆို ဘဝျဖတ္သန္းတာျခင္းလည္း မတူေတာ့ပါဘူး …။

အျမင္နဲ႔ခံယူခ်က္ေတြကလည္း ကြာသြားၾကတယ္ ။ ဒီဒုကၡေတြကေတာ့ အသက္ကြာလြန္းသူကို ခ်စ္မိသူတိုင္း ၾကဳံရတဲ့ ဒုကၡေတြပဲျဖစ္ပါတယ္ေနာ္ …။

(၁) လႊမ္းမိုးျခင္း”

အသက္ႀကီးတဲ့သူကလည္း သူကအႀကီးမို႔ သူေျပာတာ နားေထာင္ေစခ်င္တယ္။ အနိုင္လိုခ်င္တယ္ …။

ငယ္တဲ့သူကလည္း အငယ္မို႔ ဆိုးႏြဲ႕ၿပီး အနိုင္ရခ်င္တယ္။ အေလၽွာ့ေပး ေစခ်င္တတ္ပါတယ္ …။

(၂) အႀကိဳက္မတူျခင္း”

ဒါကလည္း သိပ္မဆန္းတဲ့ အရာတစ္ခုပါပဲ …။

အသက္ႀကီးတဲ့ လူကတည္တည္ၿငိမ္ၿငိမ္ ေအးေအးေဆးေဆး ေနခ်င္တယ္။ ဆိုင္ေကာင္းေကာင္းေလးမွာ ထိုင္ၿပီးစကားေျပာခ်င္တယ္။ ငယ္တဲ့လူကေတာ့ ေလၽွာက္သြား၊ ေလၽွာက္စားေနခ်င္ၿပီး ပြဲလမ္းေတြဆိုလည္း သြားခ်င္တတ္ေသးပါေသးတယ္ …။

(၃) အသုံးအျဖဳန္းႀကီးျခင္း”

အသက္ႀကီးသူကေတာ့ ပိုက္ဆံကို မျဖဳန္းေတာ့ဘူး။ ငယ္တဲ့လူက် ေတာ့သုံးခ်င္တာဆိုသုံး လိုက္ရမွပါ။ အဲ့ဒီကိစၥနဲ႔လည္း ခဏခဏစကားမ်ားရတတ္ပါတယ္ …။

(၄) ႏွစ္ဦးသေဘာတူ ညႇိရခက္ျခင္း”

မတူတာေတြမ်ားေပမယ္႔ ခ်စ္တဲ့စိတ္နဲ႔ ညႇိႏွိုင္းလို႔မရဘူးလားလို႔ ေမးစရာရွိတယ္။ တကယ္တမ္းက်ေတာ့ မျဖစ္နိုင္ပါဘူး …။

အျမင္နဲ႔ခံယူခ်က္ေတြက ကြဲျပားေနတာဆိုေတာ့ ညႇိလို႔ မလြယ္တာပါ …။

(၅) ပတ္ဝန္းက်င္မေကာင္းျခင္း”

ေဘးပတ္ဝန္းက်င္ကလည္း အသက္ႀကီးတဲ့လူကို တြဲတာ ပိုက္ဆံေၾကာင့္လို႔ ထင္ေၾကးေပးတာလည္း ခံရတတ္ပါေသးတယ္ …။ ။

ခရက္ဒစ္

============

UNICODE VERSION ဖြင့်ဖတ်ရန်

အိမ်ထောင်တစ်ခုမှာ အသက်ရွယ်ကွာလွန်းရင် ဘာတွေဖြစ်လာနိုင်လဲ…

အချစ်တစ်ခုမှာ အသက်အရွယ်ဆိုတာ မရှိဘူး၊ နှစ်ဦးနှစ်ဘက် ချစ်ရင်ပြီးတာပဲလို့ ဆိုကြပါတယ် …။

တကယ်တမ်း ချစ်လို့ တွဲပြီဆိုတော့မှ ပြဿနာက စတာပါ။ တစ်ခုပြီး တစ်ခုနဲ့ မဆုံးနိုင်တော့ပါဘူး …။

ဘာလို့လဲဆိုတော့ အသက်ခြင်း တအားကွာနေပြီဆို ဘဝဖြတ်သန်းတာခြင်းလည်း မတူတော့ပါဘူး …။

အမြင်နဲ့ခံယူချက်တွေကလည်း ကွာသွားကြတယ် ။ ဒီဒုက္ခတွေကတော့ အသက်ကွာလွန်းသူကို ချစ်မိသူတိုင်း ကြုံရတဲ့ ဒုက္ခတွေပဲဖြစ်ပါတယ်နော် …။

(၁) လွှမ်းမိုးခြင်း”

အသက်ကြီးတဲ့သူကလည်း သူကအကြီးမို့ သူပြောတာ နားထောင်စေချင်တယ်။ အနိုင်လိုချင်တယ် …။

ငယ်တဲ့သူကလည်း အငယ်မို့ ဆိုးနွဲ့ပြီး အနိုင်ရချင်တယ်။ အလျှော့ပေး စေချင်တတ်ပါတယ် …။

(၂) အကြိုက်မတူခြင်း”

ဒါကလည်း သိပ်မဆန်းတဲ့ အရာတစ်ခုပါပဲ …။

အသက်ကြီးတဲ့ လူကတည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး နေချင်တယ်။ ဆိုင်ကောင်းကောင်းလေးမှာ ထိုင်ပြီးစကားပြောချင်တယ်။ ငယ်တဲ့လူကတော့ လျှောက်သွား၊ လျှောက်စားနေချင်ပြီး ပွဲလမ်းတွေဆိုလည်း သွားချင်တတ်သေးပါသေးတယ် …။

(၃) အသုံးအဖြုန်းကြီးခြင်း”

အသက်ကြီးသူကတော့ ပိုက်ဆံကို မဖြုန်းတော့ဘူး။ ငယ်တဲ့လူကျ တော့သုံးချင်တာဆိုသုံး လိုက်ရမှပါ။ အဲ့ဒီကိစ္စနဲ့လည်း ခဏခဏစကားများရတတ်ပါတယ် …။

(၄) နှစ်ဦးသဘောတူ ညှိရခက်ခြင်း”

မတူတာတွေများပေမယ့် ချစ်တဲ့စိတ်နဲ့ ညှိနှိုင်းလို့မရဘူးလားလို့ မေးစရာရှိတယ်။ တကယ်တမ်းကျတော့ မဖြစ်နိုင်ပါဘူး …။

အမြင်နဲ့ခံယူချက်တွေက ကွဲပြားနေတာဆိုတော့ ညှိလို့ မလွယ်တာပါ …။

(၅) ပတ်ဝန်းကျင်မကောင်းခြင်း”

ဘေးပတ်ဝန်းကျင်ကလည်း အသက်ကြီးတဲ့လူကို တွဲတာ ပိုက်ဆံကြောင့်လို့ ထင်ကြေးပေးတာလည်း ခံရတတ်ပါသေးတယ် …။ ။

ခရက်ဒစ်

============