တကၠသိုလ္ ေက်ာင္းသားဘဝကို ေနာင္တကင္းကင္းနဲ႔ ျဖတ္သန္းႏုိင္ဖုိ႔ ဒါေလးေတြ လုပ္ၾကည့္ပါ…

တကၠသိုလ္ ေက်ာင္းသားဘဝကို ေနာင္တကင္းကင္းနဲ႔ ျဖတ္သန္းႏုိင္ဖုိ႔ ဒါေလးေတြ လုပ္ၾကည့္ပါ…

စာေရးဆရာမႀကီး မစႏၵာေရးတဲ့ စာအုပ္ေလးကို MRTV – 4 ကေန ျပန္လည္႐ိုက္ကူးထားတဲ့ ‘ဂ်ီေဟာသူ’ ဆုိတဲ့ ဒီဇာတ္ကားေလးကို ၾကည့္မိေတာ့ တကၠသိုလ္ေက်ာင္းသားဘဝကိုေတာင္ ျပန္လြမ္းမိတယ္။ ကိုယ္ေတြ တကၠသိုလ္တက္ခဲ့တုန္းက ေပ်ာ္ခဲ့ရတဲ့ အခ်ိန္ေလးေတြ၊ ဆံုခဲ့ဖူးတဲ့ သူငယ္ခ်င္းေတြနဲ႔ တက္ခဲ့ဖူးတဲ့ တကၠသိုလ္ေက်ာင္းေတာ္ႀကီးကိုလည္း ျပန္လည္သတိရမိၿပီး အမွတ္တရေတြ မ်ားမ်ား မဖန္တီးမိခဲ့တာကို ေနာင္တရခ်င္သလုိလုိေတာင္ ျဖစ္မိတယ္။ ဒီေတာ့ ကိုယ့္ရဲ႕ တကၠသိုလ္ေက်ာင္းသားဘဝေလးကို ေနာင္တကင္းကင္းနဲ႔ ျဖတ္သန္းႏို္င္ဖို႔ တကၠသို္လ္ေက်ာင္းသားဘဝမွာ လုပ္ၾကည့္သင့္တဲ့ အရာေလးေတြကို ေစတနာေ႐ွ႕ထားၿပီး အက္မင္က အႀကံျပဳေပးလိုက္ပါတယ္ေနာ္ …။

အမွတ္တရေတြ မ်ားမ်ားဖန္တီးပါ”

တကၠသိုလ္ေက်ာင္းသားဘဝဆုိတာ ဘဝရဲ႕ အေပ်ာ္အ႐ႊင္ဆံုး အခ်ိန္ေတြထဲက တစ္ခ်ိန္ပါပဲ။ အပူအပင္ေတြ သိပ္မေတြးတတ္ေသးတဲ့ အခ်ိန္၊ အခက္အခဲေတြနဲ႔ ရင္ဆုိင္ရရင္ေတာင္ လဲက်ၿပိဳလဲမသြားေစမယ့္ အားအင္မ်ိဳးေတြ ပိုင္ဆိုင္ထားေသးတဲ့ အခ်ိန္ေပါ့။ ဒီလုိ ေပ်ာ္စရာေကာင္းလွတဲ ့တကၠသိုလ္ေက်ာင္းသား ဘဝေလးကို သူငယ္ခ်င္းေတြနဲ႔ အမွတ္တရေတြ အမ်ားႀကီး ဖန္တီးထားသင့္ပါတယ္။ ဒါက ကိုယ့္ဘဝမွာ ျပန္ေတြးတုိင္း သတိရေပ်ာ္႐ႊင္ရေစမယ့္ အေကာင္းဆံုး အခ်ိန္ေလးေတြပါပဲ …။

သူငယ္ခ်င္းေတြ အမ်ားႀကီးထားပါ

တကၠသိုလ္မွာ သူငယ္ခ်င္းနည္းနည္းေလးနဲ႔ဆုိ ေပ်ာ္စရာသိပ္မေကာင္းႏို္င္ပါဘူး။ တကၠသိုလ္ဆိုမွာ သူငယ္ခ်င္းေတြ တစ္သိုက္ႀကီးနဲ႔မွ ေပ်ာ္စရာေကာင္းတာပါေနာ္။ ဒါေၾကာင့္ ဘာမွသိပ္စဥ္းစားမေနပဲ သူငယ္ခ်ငးေတြအမ်းႀကီး ထားပါ။ ေဘာ္ဒါေတြ မ်ားေလေလ တကၠသိုလ္ေက်ာင္းသားဘဝက လြတ္လပ္ေပ်ာ္႐ႊင္စရာ ေကာင္းေလပါပဲေနာ္ …။

အတန္းလစ္ၿပီး ေလွ်ာက္သြားပါ”

အက္မင့္ကို အက်င့္ဆုိးေတြ သင္ေပးေနတယ္လုိ႔ေတာ့ မထင္ေစခ်င္ဘူးေနာ္။ တကၠသိုလ္ေက်ာင္းသားဘဝဆုိတာ စာေတြနဲ႔ နပမ္းလံုးေနရမယ့္ အခ်ိန္ေတြ မဟုတ္ေတာ့ဘူး။ ဒီေတာ့ သူငယ္ခ်င္းေတြနဲ႔ အတိုင္အေဖာက္ညီညီ အတန္းလစ္ၿပီး ႐ုပ္႐ွင္သြားၾကည့္တာ၊ ေလွ်ာက္လည္တာ၊ ဗ႐ုတ္က်တာေလးေတြလည္း လုပ္ၾကည့္သင့္တယ္။ ဒါက ဘဝရဲ႕ ေမ့မရႏုိင္တဲ့ အမွတ္တရေတြကို ဖန္တီးေပးမွာပါ။ တစ္ခ်ိန္ခ်ိန္က်ရင္ ငါတုိ႔ တကၠသိုလ္မွာတုန္းက ဘယ္ေလာက္ေတာင္ ေသာင္းက်န္းခဲ့လဲဆုိတာကို ေျပာရင္းရယ္ေမာျဖစ္ေစမွာပဲ ျဖစ္ပါတယ္ …။

ရည္းစားထားပါ”

အယ္ ခုနားကေတာ့ အတန္းလစ္ခိုင္းတယ္ ခုက်ေတာ့ ရည္းစားထားခုိင္းေနျပန္ၿပီ လုိ႔ေတာ့မထင္လုိက္နဲ႔အံုး။ တကၠသိုလ္မွာ ရည္းစားထားရတာက တစ္ျခားအခ်ိန္ေတြမွာ ရည္းစားထားရတာထက္ အမ်ားႀကီး ေပ်ာ္စရာေကာင္းတယ္ေနာ္။ လတ္ဆတ္တဲ ့ရင္ခုန္သံေတြနဲ႔ လြတ္လပ္ေပ်ာ္႐ႊင္မႈေတြ ေရာယွက္ထားတဲ့ ဒီခံစားခ်က္က တစ္မ်ိဳးေလး လွပပါတယ္။ မယံုမ႐ွိနဲ႔ တကၠသိုလ္မွာ ရည္းစားမထားခဲ့ဖူးတဲ့ သူေတြကို ေမးၾကည့္လိုက္ ခုေနမ်ား တကၠသိုလ္ျပန္တက္ခြင့္ရရင္ ရည္းစာထားမယ္လုိ႔ အရင္ဆံုးေျဖပါလိမ့္မယ္ …။

အနာဂတ္အတြက္ အစီအစဥ္ေတြ ဆြဲထားပါ”

တကၠသိုလ္ေက်ာင္းသားဘဝမွာ ေပ်ာ္စရာေတြမ်ားသလုိ စဥ္းစားစရာေလးေတြလည္း ႐ွိပါတယ္ေနာ္။ ေက်ာင္းၿပီးသြားရင္ ကိုယ္ဘာလုပ္မယ္၊ ကိုယ့္ရဲ႕ဝါသနာနဲ႔ ကိုက္ညီတဲ့ အလုပ္အကိုင္မ်ိဳး လုပ္ႏို္င္ဖုိ႔ ဘာေတြ ျပင္ဆင္ထားသင့္တယ္ စသျဖင့္ေပါ့။ ေက်ာင္းၿပီးသြားရင္ ကို္ယ္လုပ္ခ်င္တဲ့ အလုပ္ေတြလုပ္ႏိုင္ဖုိ႔ သင္တန္းေတြနဲ႔ ပညာရပ္ေတြ သင္ထားသင့္ပါတယ္။ ဒါက တကၠသိုလ္ေက်ာင္းသားဘဝမွာ လုပ္ကိုလုပ္ၾကည့္ထားသင့္တဲ့ အခ်က္ေတြပါပဲေနာ္ …။ ။

Khin

Unicode

တက္ကသိုလ် ကျောင်းသားဘဝကို နောင်တကင်းကင်းနဲ့ ဖြတ်သန်းနိုင်ဖို့ ဒါလေးတွေ လုပ်ကြည့်ပါ…

စာရေးဆရာမကြီး မစန္ဒာရေးတဲ့ စာအုပ်လေးကို MRTV – 4 ကနေ ပြန်လည်ရိုက်ကူးထားတဲ့ ‘ဂျီဟောသူ’ ဆိုတဲ့ ဒီဇာတ်ကားလေးကို ကြည့်မိတော့ တက္ကသိုလ်ကျောင်းသားဘဝကိုတောင် ပြန်လွမ်းမိတယ်။ ကိုယ်တွေ တက္ကသိုလ်တက်ခဲ့တုန်းက ပျော်ခဲ့ရတဲ့ အချိန်လေးတွေ၊ ဆုံခဲ့ဖူးတဲ့ သူငယ်ချင်းတွေနဲ့ တက်ခဲ့ဖူးတဲ့ တက္ကသိုလ်ကျောင်းတော်ကြီးကိုလည်း ပြန်လည်သတိရမိပြီး အမှတ်တရတွေ များများ မဖန်တီးမိခဲ့တာကို နောင်တရချင်သလိုလိုတောင် ဖြစ်မိတယ်။ ဒီတော့ ကိုယ့်ရဲ့ တက္ကသိုလ်ကျောင်းသားဘဝလေးကို နောင်တကင်းကင်းနဲ့ ဖြတ်သန်းန်ိုင်ဖို့ တက္ကသ်ိုလ်ကျောင်းသားဘဝမှာ လုပ်ကြည့်သင့်တဲ့ အရာလေးတွေကို စေတနာရှေ့ထားပြီး အက်မင်က အကြံပြုပေးလိုက်ပါတယ်နော် …။

အမှတ်တရတွေ များများဖန်တီးပါ”

တက္ကသိုလ်ကျောင်းသားဘဝဆိုတာ ဘဝရဲ့ အပျော်အရွှင်ဆုံး အချိန်တွေထဲက တစ်ချိန်ပါပဲ။ အပူအပင်တွေ သိပ်မတွေးတတ်သေးတဲ့ အချိန်၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရရင်တောင် လဲကျပြိုလဲမသွားစေမယ့် အားအင်မျိုးတွေ ပိုင်ဆိုင်ထားသေးတဲ့ အချိန်ပေါ့။ ဒီလို ပျော်စရာကောင်းလှတဲ့တက္ကသိုလ်ကျောင်းသား ဘဝလေးကို သူငယ်ချင်းတွေနဲ့ အမှတ်တရတွေ အများကြီး ဖန်တီးထားသင့်ပါတယ်။ ဒါက ကိုယ့်ဘဝမှာ ပြန်တွေးတိုင်း သတိရပျော်ရွှင်ရစေမယ့် အကောင်းဆုံး အချိန်လေးတွေပါပဲ …။

သူငယ်ချင်းတွေ အများကြီးထားပါ

တက္ကသိုလ်မှာ သူငယ်ချင်းနည်းနည်းလေးနဲ့ဆို ပျော်စရာသိပ်မကောင်းန်ိုင်ပါဘူး။ တက္ကသိုလ်ဆိုမှာ သူငယ်ချင်းတွေ တစ်သိုက်ကြီးနဲ့မှ ပျော်စရာကောင်းတာပါနော်။ ဒါကြောင့် ဘာမှသိပ်စဉ်းစားမနေပဲ သူငယ်ချငးတွေအမျးကြီး ထားပါ။ ဘော်ဒါတွေ များလေလေ တက္ကသိုလ်ကျောင်းသားဘဝက လွတ်လပ်ပျော်ရွှင်စရာ ကောင်းလေပါပဲနော် …။

အတန်းလစ်ပြီး လျှောက်သွားပါ”

အက်မင့်ကို အကျင့်ဆိုးတွေ သင်ပေးနေတယ်လို့တော့ မထင်စေချင်ဘူးနော်။ တက္ကသိုလ်ကျောင်းသားဘဝဆိုတာ စာတွေနဲ့ နပမ်းလုံးနေရမယ့် အချိန်တွေ မဟုတ်တော့ဘူး။ ဒီတော့ သူငယ်ချင်းတွေနဲ့ အတိုင်အဖောက်ညီညီ အတန်းလစ်ပြီး ရုပ်ရှင်သွားကြည့်တာ၊ လျှောက်လည်တာ၊ ဗရုတ်ကျတာလေးတွေလည်း လုပ်ကြည့်သင့်တယ်။ ဒါက ဘဝရဲ့ မေ့မရနိုင်တဲ့ အမှတ်တရတွေကို ဖန်တီးပေးမှာပါ။ တစ်ချိန်ချိန်ကျရင် ငါတို့ တက္ကသိုလ်မှာတုန်းက ဘယ်လောက်တောင် သောင်းကျန်းခဲ့လဲဆိုတာကို ပြောရင်းရယ်မောဖြစ်စေမှာပဲ ဖြစ်ပါတယ် …။

ရည်းစားထားပါ”

အယ် ခုနားကတော့ အတန်းလစ်ခိုင်းတယ် ခုကျတော့ ရည်းစားထားခိုင်းနေပြန်ပြီ လို့တော့မထင်လိုက်နဲ့အုံး။ တက္ကသိုလ်မှာ ရည်းစားထားရတာက တစ်ခြားအချိန်တွေမှာ ရည်းစားထားရတာထက် အများကြီး ပျော်စရာကောင်းတယ်နော်။ လတ်ဆတ်တဲ့ရင်ခုန်သံတွေနဲ့ လွတ်လပ်ပျော်ရွှင်မှုတွေ ရောယှက်ထားတဲ့ ဒီခံစားချက်က တစ်မျိုးလေး လှပပါတယ်။ မယုံမရှိနဲ့ တက္ကသိုလ်မှာ ရည်းစားမထားခဲ့ဖူးတဲ့ သူတွေကို မေးကြည့်လိုက် ခုနေများ တက္ကသိုလ်ပြန်တက်ခွင့်ရရင် ရည်းစာထားမယ်လို့ အရင်ဆုံးဖြေပါလိမ့်မယ် …။

အနာဂတ်အတွက် အစီအစဉ်တွေ ဆွဲထားပါ”

တက္ကသိုလ်ကျောင်းသားဘဝမှာ ပျော်စရာတွေများသလို စဉ်းစားစရာလေးတွေလည်း ရှိပါတယ်နော်။ ကျောင်းပြီးသွားရင် ကိုယ်ဘာလုပ်မယ်၊ ကိုယ့်ရဲ့ဝါသနာနဲ့ ကိုက်ညီတဲ့ အလုပ်အကိုင်မျိုး လုပ်န်ိုင်ဖို့ ဘာတွေ ပြင်ဆင်ထားသင့်တယ် စသဖြင့်ပေါ့။ ကျောင်းပြီးသွားရင် က်ိုယ်လုပ်ချင်တဲ့ အလုပ်တွေလုပ်နိုင်ဖို့ သင်တန်းတွေနဲ့ ပညာရပ်တွေ သင်ထားသင့်ပါတယ်။ ဒါက တက္ကသိုလ်ကျောင်းသားဘဝမှာ လုပ်ကိုလုပ်ကြည့်ထားသင့်တဲ့ အချက်တွေပါပဲနော် …။ ။

Khin