စိတ္ပင္ပန္းလြန္းလို႔ ငိုခ်င္စိတ္ ျဖစ္လာတဲ့အခါ အားရပါးရသာ ငိုခ်လိုက္ပါ…

စိတ္ပင္ပန္းလြန္းလို႔ ငိုခ်င္စိတ္ ျဖစ္လာတဲ့အခါ အားရပါးရသာ ငိုခ်လိုက္ပါ…

ငိုတာဟာ ေပ်ာ့ညံ့တဲ့ လကၡဏာတစ္ခုလို႔ လူေတြက ေျပာတတ္ၾကပါတယ္ …။

ဒါေၾကာင့္ ငိုခ်င္လာရင္ မငိုဘဲနဲ႔ ငိုခ်င္တဲ့စိတ္ကို အတင္းႀကိတ္မွိတ္ ေဖ်ာက္ပစ္တတ္ၾကၿပီး ငိုရင္လည္း လူမသိေအာင္သာ ႀကိတ္ငိုတတ္ၾကပါတယ္။ တကယ္ေတာ့ ငိုတာဟာ ခႏၶာကိုယ္အတြက္လိုအပ္တဲ့ ျဖစ္စဥ္တစ္ခုျဖစ္ၿပီး က်န္းမာေရးအရလည္း အက်ိဳးေက်းဇူးေတြ အမ်ားႀကီးရွိပါတယ္။ ဒါေၾကာင့္ စိတ္ပင္ပန္းလို႔ငိုခ်င္လာရင္ ငိုခ်င္စိတ္ကိုအတင္းႀကိတ္မွိတ္မထားဘဲ အားပါးတရသာ ငိုခ်ပစ္လိုက္ပါေနာ္ …။

အားရပါးရငိုေႂကြးျခင္းက…

(၁) ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကင္းေစတယ္

ငိုလိုက္တဲ့အခါ ခႏၶာကိုယ္ထဲက cortisol ပမာဏကိုေလွ်ာ့ခ်ေပးလိုက္တာ ေသြးထဲမွာစုေဝးေနတဲ့အဆိပ္အေတာက္ေတြကို ဖယ္ရွားလိုက္သလို ျဖစ္သြားေစပါတယ္။ ဒါေၾကာင့္ အားရပါးရငိုလိုက္တဲ့အခါ မ်က္လုံးကိုၾကည္လင္ေစၿပီး ခႏၶာကိုယ္ကိုလည္း ေပါ့ပါးသြက္လက္သြားေစပါတယ္ …။

(၂) ေသြးတိုးမျဖစ္ေအာင္ တားဆီးေပးတယ္

cortisol ပမာဏကို ေလွ်ာ့ခ်ေပးၿပီး ေသြးလွည့္ပတ္မႈအားကို ေကာင္းမြန္ေစတာေၾကာင့္ ေသြးဖိအားကို ပုံမွန္ျဖစ္ေစျပီး ေသြးတိုးေရာဂါမျဖစ္ေအာင္ တားဆီးေပးပါတယ္ …။

(၃) စိတ္ဖိစီးမႈေတြကို ေလွ်ာ့ခ်ေပးတယ္

ငိုလိုက္တဲ့အခါ စိတ္ဖိစီးမႈကိုျဖစ္ေစတဲ့ cortisol hormone ကို ပ်က္စီးသြားေစတာေၾကာင့္ စိတ္ကိုၾကည္လင္ ေစပါတယ္။ စိတ္ေတြအရမ္းပင္ပန္းၿပီး တင္းၾကပ္လာတဲ့အခါ ငိုလိုက္႐ုံနဲ႔ ေနလို႔ေကာင္းသြားမွာပဲ ျဖစ္ပါတယ္ …။

(၄) အတြင္းစိတ္ထဲက နာက်င္မႈေတြကိုသက္သာေစတယ္

လူတိုင္းမွာစိတ္ခံစားခ်က္ေတြ၊ နာက်င္မႈေတြရွိပါတယ္။ ဒီအရာေတြကို ဘဝတေလွ်ာက္လုံးသိမ္းဆည္းသြားရင္ ကိုယ္ပဲပင္ပန္းေလးလံရၿပီး ၾကာလာတဲ့အခါ စိတ္ဒဏ္ရာ ျဖစ္သြားတတ္ပါတယ္။ နာက်င္မႈေတြက စိတ္ဒဏ္ရာအျဖစ္ကို မေရာက္သြားေအာင္ စိတ္ပင္ပန္းလာတဲ့အခါ ငိုလိုက္ပါ။ ဒါဆို စိတ္ဒဏ္ရာေတြမျဖစ္ေအာင္ တားဆီးထားၿပီးသား ျဖစ္သြားမွာပါ …။

(၅) အာ႐ုံစူးစိုက္မႈအား ေကာင္းလာေစတယ္

အားပါးတရ ငိုခ်လိုက္တဲ့အခါ စိတ္ထဲမွာရႈပ္ေထြးေနတာေတြ၊ ပင္ပန္းမြန္းၾကပ္ေနတာေတြ လုံးဝေလ်ာ့ပါးသြားၿပီး ေနလို႔ေကာင္းသြားေစပါတယ္။ ဒီေတာ့ ေနရတာေပါ့ပါးလာၿပီး အာ႐ုံစူးစိုက္မႈပိုေကာင္းေစၿပီး အလုပ္ခြင္မွာ၊ ေန႔စဥ္ဘဝမွာ ပိုျပီးအဆင္ေျပေစပါလိမ့္မယ္ေနာ္ …။ ။

Written by PP

Unicode Version ဖြင့်ဖတ်ရန်

စိတ်ပင်ပန်းလွန်းလို့ ငိုချင်စိတ် ဖြစ်လာတဲ့အခါ အားရပါးရသာ ငိုချလိုက်ပါ…

ငိုတာဟာ ပျော့ညံ့တဲ့ လက္ခဏာတစ်ခုလို့ လူတွေက ပြောတတ်ကြပါတယ် …။

ဒါကြောင့် ငိုချင်လာရင် မငိုဘဲနဲ့ ငိုချင်တဲ့စိတ်ကို အတင်းကြိတ်မှိတ် ဖျောက်ပစ်တတ်ကြပြီး ငိုရင်လည်း လူမသိအောင်သာ ကြိတ်ငိုတတ်ကြပါတယ်။ တကယ်တော့ ငိုတာဟာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပြီး ကျန်းမာရေးအရလည်း အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ဒါကြောင့် စိတ်ပင်ပန်းလို့ငိုချင်လာရင် ငိုချင်စိတ်ကိုအတင်းကြိတ်မှိတ်မထားဘဲ အားပါးတရသာ ငိုချပစ်လိုက်ပါနော် …။

အားရပါးရငိုကြွေးခြင်းက…

(၁) ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကင်းစေတယ်

ငိုလိုက်တဲ့အခါ ခန္ဓာကိုယ်ထဲက cortisol ပမာဏကိုလျှော့ချပေးလိုက်တာ သွေးထဲမှာစုဝေးနေတဲ့အဆိပ်အတောက်တွေကို ဖယ်ရှားလိုက်သလို ဖြစ်သွားစေပါတယ်။ ဒါကြောင့် အားရပါးရငိုလိုက်တဲ့အခါ မျက်လုံးကိုကြည်လင်စေပြီး ခန္ဓာကိုယ်ကိုလည်း ပေါ့ပါးသွက်လက်သွားစေပါတယ် …။

(၂) သွေးတိုးမဖြစ်အောင် တားဆီးပေးတယ်

cortisol ပမာဏကို လျှော့ချပေးပြီး သွေးလှည့်ပတ်မှုအားကို ကောင်းမွန်စေတာကြောင့် သွေးဖိအားကို ပုံမှန်ဖြစ်စေပြီး သွေးတိုးရောဂါမဖြစ်အောင် တားဆီးပေးပါတယ် …။

(၃) စိတ်ဖိစီးမှုတွေကို လျှော့ချပေးတယ်

ငိုလိုက်တဲ့အခါ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ cortisol hormone ကို ပျက်စီးသွားစေတာကြောင့် စိတ်ကိုကြည်လင် စေပါတယ်။ စိတ်တွေအရမ်းပင်ပန်းပြီး တင်းကြပ်လာတဲ့အခါ ငိုလိုက်ရုံနဲ့ နေလို့ကောင်းသွားမှာပဲ ဖြစ်ပါတယ် …။

(၄) အတွင်းစိတ်ထဲက နာကျင်မှုတွေကိုသက်သာစေတယ်

လူတိုင်းမှာစိတ်ခံစားချက်တွေ၊ နာကျင်မှုတွေရှိပါတယ်။ ဒီအရာတွေကို ဘဝတလျှောက်လုံးသိမ်းဆည်းသွားရင် ကိုယ်ပဲပင်ပန်းလေးလံရပြီး ကြာလာတဲ့အခါ စိတ်ဒဏ်ရာ ဖြစ်သွားတတ်ပါတယ်။ နာကျင်မှုတွေက စိတ်ဒဏ်ရာအဖြစ်ကို မရောက်သွားအောင် စိတ်ပင်ပန်းလာတဲ့အခါ ငိုလိုက်ပါ။ ဒါဆို စိတ်ဒဏ်ရာတွေမဖြစ်အောင် တားဆီးထားပြီးသား ဖြစ်သွားမှာပါ …။

(၅) အာရုံစူးစိုက်မှုအား ကောင်းလာစေတယ်

အားပါးတရ ငိုချလိုက်တဲ့အခါ စိတ်ထဲမှာရှုပ်ထွေးနေတာတွေ၊ ပင်ပန်းမွန်းကြပ်နေတာတွေ လုံးဝလျော့ပါးသွားပြီး နေလို့ကောင်းသွားစေပါတယ်။ ဒီတော့ နေရတာပေါ့ပါးလာပြီး အာရုံစူးစိုက်မှုပိုကောင်းစေပြီး အလုပ်ခွင်မှာ၊ နေ့စဉ်ဘဝမှာ ပိုပြီးအဆင်ပြေစေပါလိမ့်မယ်နော် …။ ။

Written by PP