

စာမမှန်ပါက အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်





















Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

တစ်လမှာ (၂) ကြိမ်သာလုပ်ခွင့်ရှိတဲ့ သောကကင်းစင် ငွေဝင်ငွေပွားအစီအရင်…

“သောကကင်းစင် ငွေဝင်အစီရင်”

ယုံကြည်စွာ လုပ်ဆောင်ပါက အကျိုးထူးများသည် …။

မိတ်ဆွေများ မင်္ဂလာပါ ခင်ဗျားယခု ဆရာတင်ပေးမည့် အစီရင်လေးက

မိမိရည်မှန်းစီမံထားသည့် အလုပ်ကိစ္စများ လုပ်ချင်တိုင်း မလုပ်နိုင်၊ ဖြစ်ချင်တာ မဖြစ်နိုင် …၊

ဖြစ်နေတာတွေက တစ်မျိုး လုပ်ချင်နေတာတွေက တစ်မျိုး၊ အလွဲလွဲအချော်ချော် ဖြစ်နေကြသည့် ကာလအတောအတွင်းမှာ

စိတ်ရှုပ် စိတ်အနှောက်ယှက် ဖြစ်နေခြင်း၊ ငွေကြေး ပူပင်သောက ဖြစ်နေခြင်းဟူသမျှ

ကာကွယ် ကင်းစင်စေဖို့ရန် နှင့် ငွေဝင်ငွေပွားစေမည့် ရိုးရှင်းလွယ်ကူသော အစီရင်လေးကို ဒါနပြုလိုက်ပါတယ် …။

(၇) ရက်သားသမီး မည်သူမဆို လုပ်နိုင်ပါတယ် ခင်ဗျာ …။

ပန်းကန်ပြားမှာ ပိုက်ဆံ ၁၁၀၀ ကျပ် တင်ပါ …။

ပိုက်ဆံပေါ်မှာ သံပုရာသီးစစ်စစ်၂ လုံး နှင့် ရေဖြည့်ထားသော ဖန်ခွက် တင်ထားပါ …။

အိမ်ဘုရားမှာ တနင်္လာနေ့ တစ်ည ထားပြီးလျှင် နောက်နေ့

အင်္ဂါနေ့ နံက်( ၇ ) နာရီမှ ( ၇ ) နာရီခွဲအတွင်း သံပုရာသီးတစ်လုံးကို ၄ စိပ် စိပ်ပြီး

အိမ်ခြံ တိုက်ခန်း ထောင့် ၄ ထောင့်မှာ တစ်စိပ်စီ ချထားပါ …။

ကျန်တစ်လုံးကို ၂ စိပ်စိပ်ပြီး ဖန်ခွက်ရေထဲ ညှစ်ထည့်၍ အိမ်ခြံဝင်းပတ်ပတ်လည်မှာ ဖြန်းထားပေးပါ …။

ပိုက်ဆံ ၁၁၀၀ ကျပ်ကို မိမိ ပိုက်ဆံအိတ်ထဲ အမြဲ ဆောင်ထားပေးပါ …။

(ဤအစီရင်ကို တစ်လမှာ ၂ ကြိမ်သာ လုပ်ခွင့်ရှိပါတယ်)

ဤနည်းအတိုင်း လုပ်ထားလျှင် မိတ်ဆွေများ စိတ်ကြည်လင်လန်းဆန်း၍

လာဘ်ပွင့်ပြီး လိုအင်ဆန္ဒများ ပြည့်ဝလာပါလိမ့်မယ် …။

ဆရာတင်ထူး ဗေဒင်နှင့်ယတြာ အစီအရင်

09 259021778 , 09 750190659