မ ခ်စ္တတ္တဲ့လူသားလို႔ သတ္မွတ္ခံထားရသူေတြရဲ႕ ေနာက္ကြယ္…

မ ခ်စ္တတ္တဲ့လူသားလို႔ သတ္မွတ္ခံထားရသူေတြရဲ႕ ေနာက္ကြယ္…

လူတစ္ေယာက္ဟာ တစ္ေယာက္တည္း (single) အျဖစ္နဲ႔ အၾကာႀကီး ေနတဲ့အခါမွာ တစ္ခ်ိဳ႕ကေတာ့ သူတို႔ကို မစြံဘူးလို႔ပဲ ထင္တတ္ၾကပါတယ္။ အဲ့ဒီလိုလူမ်ိဳးေတြကမွ လြယ္လြယ္ မ ခ်စ္တတ္တဲ႔သူေတြပါ …။

လြယ္လြယ္ မခ်စ္တတ္တဲ့ သူေတြရဲ႕ေနာက္ကြယ္မွာ အရမ္း ခ်စ္တတ္တဲ့ ႏွလုံးသားတစ္စုံ ႐ွိေနၿပီး ဘာေၾကာင့္ လြယ္လြယ္ မ ခ်စ္တတ္ရသလဲ ဆိုတဲ့ အေၾကာင္းအရင္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ …။

၁။ အရမ္းခ်စ္ခဲ့ဖူးတယ္။

လြယ္လြယ္မခ်စ္ တတ္တဲ့သူေတြဟာ တစ္ခ်ိန္တုန္းကေတာ့ အရမ္းကို ခ်စ္တတ္ခဲ့တဲ့ သူေတြျဖစ္ေနႏိုင္ပါတယ္။ ဒါေပမယ့္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အခ်စ္ရဆုံး သူနဲ႔ ေကြကြင္း ခဲ့ၿပီး ေနာက္ပိုင္းမွာ လြယ္လြယ္မခ်စ္ တတ္ေတာ့တာ ျဖစ္ပါတယ္ …။

၂။ အေစာ္ကားခံရဖူးတယ္။

ဒီလိုလူ မ်ိဳးေတြဟာ အရမ္းအခ်စ္ႀကီး တဲ့ သူေတြပါ။ ဒီလိုအခ်စ္ ႀကီးတာကို အခြင့္ေကာင္းယူၿပီး သူတို႔ရဲ႕ ေစတနာကို ေစာ္ကားတာေတြ၊ လိမ္ညာလွည့္စားတာေတြ၊ အသုံးခ် တာေတြကို အမ်ားႀကီး ခံ ခဲ့ရပါတယ္ …။

ဒါေၾကာင့္မို႔လို႔ ေနာက္ဘယ္သူ႕ကိုမွ မခ်စ္ေတာ့ေအာင္ သူတို႔ရဲ႕ ႏွလုံးသားကို ေသာ့ခတ္ လိုက္တာလည္း ျဖစ္ေနႏိုင္ပါတယ္ …။

၃။ နာက်င္ရမွာ ေၾကာက္တယ္။

လြယ္လြယ္နဲ႔ မခ်စ္တတ္တဲ့ သူေတာ္ေတာ္မ်ားမ်ားဟာ နာက်င္ရ မွာကို ေၾကာက္ၾကတဲ့ သူေတြပါ။ ကိုယ့္ဖက္က ပုံေအာၿပီးခ်စ္သေလာက္ တစ္ဖက္လူက ကိုယ့္ကို လွည့္စားသြားမွာ၊ အႏိုင္က်င့္မွာ၊ အသည္းကြဲၿပီး က်န္ခဲ့ရမွာမ်ိဳးေတြကို အရမ္းေၾကာက္ၾကပါတယ္ …။

နာက်င္ရမွာ ကိုေၾကာက္တဲ့ သူတို႔အဖို႔ အခ်စ္နဲ႔ေဝးေဝးေန ဖို႔ကိုသာ ဆုံးျဖတ္လိုက္ၾကတာ ျဖစ္ပါတယ္ …။

၄။ ကိုယ္ခ်စ္သေလာက္ ကိုယ့္ကိုျပန္ခ်စ္မွႀကိဳက္တယ္။

လြယ္လြယ္မခ်စ္ တတ္တဲ့ သူေတြရဲ႕ ေနာက္ထပ္ အေၾကာင္းအရင္းကေတာ့ ကိုယ္ခ်စ္သေလာက္ ကိုယ့္ကို ျပန္ခ်စ္ မွ ႀကိဳက္လို႔ပါ …။

ကိုယ့္ဖက္က အစြမ္းကုန္၊ ႏွလုံးသားတစ္ခုလုံး ပုံအပ္ၿပီး ခ်စ္ေပမယ့္ တစ္ဖက္က ကိုယ့္ကို တူညီတဲ့ ခ်စ္ျခင္းမ်ိဳးနဲ႔ မခ်စ္မွာကို စိုးရိမ္တတ္ၾက ပါတယ္ေနာ္ …။ ။

Ref;DEARPAIN

Credit

Unicode Version ဖြင့်ဖတ်ရန်

မ ချစ်တတ်တဲ့လူသားလို့ သတ်မှတ်ခံထားရသူတွေရဲ့ နောက်ကွယ်…

လူတစ်ယောက်ဟာ တစ်ယောက်တည်း (single) အဖြစ်နဲ့ အကြာကြီး နေတဲ့အခါမှာ တစ်ချို့ကတော့ သူတို့ကို မစွံဘူးလို့ပဲ ထင်တတ်ကြပါတယ်။ အဲ့ဒီလိုလူမျိုးတွေကမှ လွယ်လွယ် မ ချစ်တတ်တဲ့သူတွေပါ …။

လွယ်လွယ် မချစ်တတ်တဲ့ သူတွေရဲ့နောက်ကွယ်မှာ အရမ်း ချစ်တတ်တဲ့ နှလုံးသားတစ်စုံ ရှိနေပြီး ဘာကြောင့် လွယ်လွယ် မ ချစ်တတ်ရသလဲ ဆိုတဲ့ အကြောင်းအရင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် …။

၁။ အရမ်းချစ်ခဲ့ဖူးတယ်။

လွယ်လွယ်မချစ် တတ်တဲ့သူတွေဟာ တစ်ချိန်တုန်းကတော့ အရမ်းကို ချစ်တတ်ခဲ့တဲ့ သူတွေဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် အချစ်ရဆုံး သူနဲ့ ကွေကွင်း ခဲ့ပြီး နောက်ပိုင်းမှာ လွယ်လွယ်မချစ် တတ်တော့တာ ဖြစ်ပါတယ် …။

၂။ အစော်ကားခံရဖူးတယ်။

ဒီလိုလူ မျိုးတွေဟာ အရမ်းအချစ်ကြီး တဲ့ သူတွေပါ။ ဒီလိုအချစ် ကြီးတာကို အခွင့်ကောင်းယူပြီး သူတို့ရဲ့ စေတနာကို စော်ကားတာတွေ၊ လိမ်ညာလှည့်စားတာတွေ၊ အသုံးချ တာတွေကို အများကြီး ခံ ခဲ့ရပါတယ် …။

ဒါကြောင့်မို့လို့ နောက်ဘယ်သူ့ကိုမှ မချစ်တော့အောင် သူတို့ရဲ့ နှလုံးသားကို သော့ခတ် လိုက်တာလည်း ဖြစ်နေနိုင်ပါတယ် …။

၃။ နာကျင်ရမှာ ကြောက်တယ်။

လွယ်လွယ်နဲ့ မချစ်တတ်တဲ့ သူတော်တော်များများဟာ နာကျင်ရ မှာကို ကြောက်ကြတဲ့ သူတွေပါ။ ကိုယ့်ဖက်က ပုံအောပြီးချစ်သလောက် တစ်ဖက်လူက ကိုယ့်ကို လှည့်စားသွားမှာ၊ အနိုင်ကျင့်မှာ၊ အသည်းကွဲပြီး ကျန်ခဲ့ရမှာမျိုးတွေကို အရမ်းကြောက်ကြပါတယ် …။

နာကျင်ရမှာ ကိုကြောက်တဲ့ သူတို့အဖို့ အချစ်နဲ့ဝေးဝေးနေ ဖို့ကိုသာ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ် …။

၄။ ကိုယ်ချစ်သလောက် ကိုယ့်ကိုပြန်ချစ်မှကြိုက်တယ်။

လွယ်လွယ်မချစ် တတ်တဲ့ သူတွေရဲ့ နောက်ထပ် အကြောင်းအရင်းကတော့ ကိုယ်ချစ်သလောက် ကိုယ့်ကို ပြန်ချစ် မှ ကြိုက်လို့ပါ …။

ကိုယ့်ဖက်က အစွမ်းကုန်၊ နှလုံးသားတစ်ခုလုံး ပုံအပ်ပြီး ချစ်ပေမယ့် တစ်ဖက်က ကိုယ့်ကို တူညီတဲ့ ချစ်ခြင်းမျိုးနဲ့ မချစ်မှာကို စိုးရိမ်တတ်ကြ ပါတယ်နော် …။ ။

Ref;DEARPAIN

Credit