ကိုယ့္ခ်စ္သူေကာင္ေလး ကိုယ့္ကိုအလိုလိုေနရင္း လြမ္းေနေစမယ့္နည္းလမ္း(၅)သြယ္

ကိုယ့္ခ်စ္သူေကာင္ေလး ကိုယ့္ကိုအလိုလိုေနရင္း လြမ္းေနေစမယ့္နည္းလမ္း(၅)သြယ္

မိန္းကေလးတိုင္းကေတာ့ ကိုယ့္ခ်စ္သူေကာင္ေလး ကိုယ့္ကို သတိရတာ လိုခ်င္ၾကတာႀကီးပါပဲ။ ဒါေပမယ့္ ကိုယ္ေၾကာင့္ သူစိတ္အေႏွာင့္အယွက္ ျဖစ္သြားမွာကို စိုးရိမ္ၾကတာေတာ႔ သဘာဝပါပဲ …။

ကိုယ့္ကိုလည္း သတိရေစခ်င္တယ္။ ကိုယ္ကသြားေျပာလို႔ သတိရတာမ်ိဳးလည္း မျဖစ္ေစခ်င္ရင္ေတာ့ ဒီနည္းလမ္းေလးေတြကို အသုံးခ်ၾကည့္ပါေနာ္ …။

(၁) ကိုယ္ပိုင္အခ်ိန္ေလး ေပးၾကည့္ပါ

ကိုယ္ကသူ႕ကို ခ်စ္လို႔ လြမ္းလို႔ အနားမွာ ေနေနရင္ေတာ့ သူကိုယ့္ကို လြမ္းမလြမ္း သိရမွာ မဟုတ္ပါဘူး။ ေတြ႕ခ်ိန္တန္ ေတြ႕ၿပီးျပီဆိုရင္ လႊတ္ေပးခ်ိန္တန္ လႊတ္ေပးထားၾကည့္ပါ။ အနားမွာ အၿမဲမ႐ွိမွ ကိုယ္နဲ႔ အခ်ိန္ေလးေတြကို ျပန္တမ္းတၿပီး ကိုယ့္ကို လြမ္းေနမွာ အေသအခ်ာပါပဲ …။

(၂) ရင္ဖြင့္ပါ

ရင္ဖြင့္တာကေတာ့ အေကာင္းဆုံး ရင္ဘက္ခ်င္းနီးတဲ့ နည္းလမ္းတစ္ခုပါပဲ …။

ကိုယ္နဲ႔ ရင္ဘတ္ခ်င္းနီးတဲ့သူကို ပိုၿပီးသတိရ တမ္းတ တတ္တာ သဘာဝပါပဲ။ တစ္ေယာက္အေၾကာင္း တစ္ေယာက္ ရင္ဖြင့္ရင္းနဲ႔ ပိုၿပီးလည္း ရင္းႏွီးလာတတ္ပါတယ္။ ကိုယ္မ႐ွိရင္လဲ ကိုယ့္ကို သတိရေနမွာေတာ့ အေသအခ်ာပါပဲ …။

(၃) အၿမဲသူ႕အတြက္အသင့္မ႐ွိေနပါနဲ႔

သူလိုတိုင္း ကိုယ္ကသူ႕အတြက္႐ွိေနရင္ ဘယ္လိုလုပ္ကိုယ့္ကို တန္ဖိုးထားမွာလဲ။ အၿမဲသူ႕အတြက္ မ႐ွိေနပါနဲ႔။ သူလိုအပ္ခ်ိန္တိုင္း ကိုယ္က႐ွိေနရင္ ကိုယ့္တန္ဖိုးလဲ သိမွာ မဟုတ္သလို ကိုယ့္ကိုလြမ္းရေကာင္းမွန္းလဲ သိမွာ မဟုတ္ပါဘူး။ သူ႕အနားမွာ သူလိုအပ္တိုင္းမ႐ွိမွ ကိုယ့္တန္ဖိုးကိုသိၿပီး ကိုယ့္ကိုလည္း လြမ္းေနမွာ ျဖစ္ပါတယ္ …။

(၄) သူ႕သူငယ္ခ်င္းေတြနဲ႔ အခ်ိန္ျဖဳန္းဖို႔ တိုက္တြန္းပါ

ဟုတ္ပါတယ္။ ေခါင္းစဥ္မမွားပါဘူး။ တကယ္ကို သူ႕သူငယ္ခ်င္းေတြနဲ႔ အခ်ိန္ျဖဳန္းဖို႔ တိုက္တြန္းပါ။ သူ႕သူငယ္ခ်င္းေတြနဲ႔ သြားဖို႔ေတာင္ တိုက္တြန္းတဲ့ သူမ်ိဳးကို ဘယ္သူမွ မလြမ္းပဲ မေနႏိုင္ပါဘူး …။

ကိုယ့္ကို အရမ္းနားလည္ေပးတယ္ဆိုၿပီးေတာ့ေတာင္ ပိုလြမ္းမွာ ျဖစ္ပါတယ္။ကိုယ္ကသူ႕အတြက္ နားအလည္ေပးႏိုင္ဆုံးဆိုတဲ့ ေနရာမွာ ေနျခင္းျဖင့္ သူကိုယ့္ကိုလြမ္းလာမွာ အေသအခ်ာပါပဲေနာ္။

(၅) ကိုယ့္ဘဝနဲ႔ကိုယ္ ေနႏိုင္ေအာင္ႀကိဳးစားပါ

ဘယ္သူမဆို ကိုယ့္ကိုအရမ္းမွီခိုေနရင္ မႀကိဳက္ၾကပါဘူး။ အရာရာတိုင္းမွာ ကိုယ္က သူ႕ကိုပဲ မွီခိုေနမယ္ဆိုရင္ သူလဲၾကာရင္ အထင္ေသးၿပီး စိတ္ညစ္လာမွာ အေသအခ်ာပါပဲ။ ကိုယ္ကလည္း ကိုယ့္ဘဝနဲ႔ ကိုယ္ေနၿပီး မမွီခိုရင္ သူလဲ သူအားရင္အားသလို ကိုယ့္ကို သတိရေနမွာပါ …။

အနားမွာ မတြယ္ကပ္ပဲ ကိုယ့္ဟာကိုယ္ ေနတတ္ျခင္းကလည္း ကိုယ့္ကိုသတိရေစမယ့္ နည္းလမ္းတစ္ခုပဲ ျဖစ္ပါတယ္ေနာ္ …။ ။

Credit

Unicode Version ဖြင့်ဖတ်ရန်

ကိုယ့်ချစ်သူကောင်လေး ကိုယ့်ကိုအလိုလိုနေရင်း လွမ်းနေစေမယ့်နည်းလမ်း(၅)သွယ်

မိန်းကလေးတိုင်းကတော့ ကိုယ့်ချစ်သူကောင်လေး ကိုယ့်ကို သတိရတာ လိုချင်ကြတာကြီးပါပဲ။ ဒါပေမယ့် ကိုယ်ကြောင့် သူစိတ်အနှောင့်အယှက် ဖြစ်သွားမှာကို စိုးရိမ်ကြတာတော့ သဘာဝပါပဲ …။

ကိုယ့်ကိုလည်း သတိရစေချင်တယ်။ ကိုယ်ကသွားပြောလို့ သတိရတာမျိုးလည်း မဖြစ်စေချင်ရင်တော့ ဒီနည်းလမ်းလေးတွေကို အသုံးချကြည့်ပါနော် …။

(၁) ကိုယ်ပိုင်အချိန်လေး ပေးကြည့်ပါ

ကိုယ်ကသူ့ကို ချစ်လို့ လွမ်းလို့ အနားမှာ နေနေရင်တော့ သူကိုယ့်ကို လွမ်းမလွမ်း သိရမှာ မဟုတ်ပါဘူး။ တွေ့ချိန်တန် တွေ့ပြီးပြီဆိုရင် လွှတ်ပေးချိန်တန် လွှတ်ပေးထားကြည့်ပါ။ အနားမှာ အမြဲမရှိမှ ကိုယ်နဲ့ အချိန်လေးတွေကို ပြန်တမ်းတပြီး ကိုယ့်ကို လွမ်းနေမှာ အသေအချာပါပဲ …။

(၂) ရင်ဖွင့်ပါ

ရင်ဖွင့်တာကတော့ အကောင်းဆုံး ရင်ဘက်ချင်းနီးတဲ့ နည်းလမ်းတစ်ခုပါပဲ …။

ကိုယ်နဲ့ ရင်ဘတ်ချင်းနီးတဲ့သူကို ပိုပြီးသတိရ တမ်းတ တတ်တာ သဘာဝပါပဲ။ တစ်ယောက်အကြောင်း တစ်ယောက် ရင်ဖွင့်ရင်းနဲ့ ပိုပြီးလည်း ရင်းနှီးလာတတ်ပါတယ်။ ကိုယ်မရှိရင်လဲ ကိုယ့်ကို သတိရနေမှာတော့ အသေအချာပါပဲ …။

(၃) အမြဲသူ့အတွက်အသင့်မရှိနေပါနဲ့

သူလိုတိုင်း ကိုယ်ကသူ့အတွက်ရှိနေရင် ဘယ်လိုလုပ်ကိုယ့်ကို တန်ဖိုးထားမှာလဲ။ အမြဲသူ့အတွက် မရှိနေပါနဲ့။ သူလိုအပ်ချိန်တိုင်း ကိုယ်ကရှိနေရင် ကိုယ့်တန်ဖိုးလဲ သိမှာ မဟုတ်သလို ကိုယ့်ကိုလွမ်းရကောင်းမှန်းလဲ သိမှာ မဟုတ်ပါဘူး။ သူ့အနားမှာ သူလိုအပ်တိုင်းမရှိမှ ကိုယ့်တန်ဖိုးကိုသိပြီး ကိုယ့်ကိုလည်း လွမ်းနေမှာ ဖြစ်ပါတယ် …။

(၄) သူ့သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းဖို့ တိုက်တွန်းပါ

ဟုတ်ပါတယ်။ ခေါင်းစဉ်မမှားပါဘူး။ တကယ်ကို သူ့သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းဖို့ တိုက်တွန်းပါ။ သူ့သူငယ်ချင်းတွေနဲ့ သွားဖို့တောင် တိုက်တွန်းတဲ့ သူမျိုးကို ဘယ်သူမှ မလွမ်းပဲ မနေနိုင်ပါဘူး …။

ကိုယ့်ကို အရမ်းနားလည်ပေးတယ်ဆိုပြီးတော့တောင် ပိုလွမ်းမှာ ဖြစ်ပါတယ်။ကိုယ်ကသူ့အတွက် နားအလည်ပေးနိုင်ဆုံးဆိုတဲ့ နေရာမှာ နေခြင်းဖြင့် သူကိုယ့်ကိုလွမ်းလာမှာ အသေအချာပါပဲနော်။

(၅) ကိုယ့်ဘဝနဲ့ကိုယ် နေနိုင်အောင်ကြိုးစားပါ

ဘယ်သူမဆို ကိုယ့်ကိုအရမ်းမှီခိုနေရင် မကြိုက်ကြပါဘူး။ အရာရာတိုင်းမှာ ကိုယ်က သူ့ကိုပဲ မှီခိုနေမယ်ဆိုရင် သူလဲကြာရင် အထင်သေးပြီး စိတ်ညစ်လာမှာ အသေအချာပါပဲ။ ကိုယ်ကလည်း ကိုယ့်ဘဝနဲ့ ကိုယ်နေပြီး မမှီခိုရင် သူလဲ သူအားရင်အားသလို ကိုယ့်ကို သတိရနေမှာပါ …။

အနားမှာ မတွယ်ကပ်ပဲ ကိုယ့်ဟာကိုယ် နေတတ်ခြင်းကလည်း ကိုယ့်ကိုသတိရစေမယ့် နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်နော် …။ ။

Credit