သူမမွားပါဘူး ပိုခ်စ္မိတဲ့ကိုယ္ပဲ အစကတည္းက မွားေနခဲ့တာပါ

သူမမွားပါဘူး ပိုခ်စ္မိတဲ့ကိုယ္ပဲ အစကတည္းက မွားေနခဲ့တာပါ

စိတ္ပူလို႔ ဆက္တဲ့ဖုန္းေတြ မကိုင္တဲ့သူမမွားဘူး ကိုယ္မလိုမွန္းသိရဲ႕နဲ႔ အေရးပါခ်င္ေနတဲ့ ကိုယ္ပဲ မွားတာပါ။ တစ္ခါတစ္ေလက်ေတာ့ ကိုယ္လဲ သူ႕လိုေနႏိုင္ခ်င္ပါတယ္ဆိုတဲ့ စိတ္ေတြျဖစ္မိတယ္ …။

ဒါေပမယ့္ တကယ့္လက္ေတြ႕မွာ သူနဲ႔ေဝးမ်ား ေဝးသြားရင္ဆိုတဲ့ အေတြးနဲ႔ ေၾကာက္ေနမိတုန္းပဲ …။

 

သူေခၚရင္ ကိုယ္လဲမေခၚဘူးဆိုတဲ့ မာနေလးထားၾကည့္ခ်င္တယ္။ ဒါေပမယ့္ ေသခ်ာပါတယ္ ေနႏိုင္ေနၿပီးသားသူက ပိုၿပီးေပ်ာ္သြား႐ုံကလြဲလို႔ ဘာမွ ခံစားသိလာမွာ မဟုတ္ဘူး။ ကိုယ္ကသာ မာနေတြထားၿပီး ကိုယ္ပဲ ျပန္ၿပီး နာက်င္ေနရမွာေလ …။

ခ်စ္မိေအာင္ ျပဳစားခဲ့တဲ့သူ မမွားဘူး။ ဒီလူမွဒီလူ ျဖစ္ေနတဲ့ ကိုယ္ပဲမွားတာပါ။ သူဂ႐ုမစိုက္တာလည္း မမွားဘူး။ ကိုယ့္ကို ဂ႐ုမစိုက္တဲ့သူဆီကမွ ပိုၿပီး ဂ႐ုစိုက္ခံခ်င္ေနတဲ့ ကိုယ္ပဲ မွားေနခဲ့တာပါ …။

သူ႕လိုသာ ေနလိုက္ရင္ ဒီအေျခအေနေတြအားလုံးဟာ ၿပီးဆုံးသြားလိမ့္မယ္ဆိုတာ သိေပမယ့္လည္း တစ္ေန႔ေတာ့ ကိုယ့္အခ်စ္ေတြ ျမင္လာမွာပါဆိုတဲ့ မေသခ်ာတဲ့ တစ္ေန႔ကို ေမွ်ာ္ေနမိေသးတယ္ …။

ကိုယ့္ကို နာက်င္ေစတာ သူမဟုတ္ေပမယ့္ အစစအရာရာကို ရင္ဘတ္ထဲထည့္ထားမိတဲ့ကိုယ္က ဘာမွမဟုတ္တာနဲ႔လဲ ေသေလာက္ေအာင္ နာက်င္ခ်င္နာက်င္ေနတတ္တယ္ေလ။ သူမမွားပါဘူး ပိုခ်စ္ေနမိတဲ့ကိုယ္က အစကတည္းက မွားခဲ့တာပါ …။ ။

မိန္းမသားတို႔အတြက္…

ေလးစားစြာျဖင္႔ ခရက္ဒစ္ – သွ်င္ယြန္း

Unicode Version ဖြင့်ဖတ်ရန်

သွ်င္ယြန္းသူမမှားပါဘူး ပိုချစ်မိတဲ့ကိုယ်ပဲ အစကတည်းက မှားနေခဲ့တာပါ

စိတ်ပူလို့ ဆက်တဲ့ဖုန်းတွေ မကိုင်တဲ့သူမမှားဘူး ကိုယ်မလိုမှန်းသိရဲ့နဲ့ အရေးပါချင်နေတဲ့ ကိုယ်ပဲ မှားတာပါ။ တစ်ခါတစ်လေကျတော့ ကိုယ်လဲ သူ့လိုနေနိုင်ချင်ပါတယ်ဆိုတဲ့ စိတ်တွေဖြစ်မိတယ် …။

ဒါပေမယ့် တကယ့်လက်တွေ့မှာ သူနဲ့ဝေးများ ဝေးသွားရင်ဆိုတဲ့ အတွေးနဲ့ ကြောက်နေမိတုန်းပဲ …။

သူခေါ်ရင် ကိုယ်လဲမခေါ်ဘူးဆိုတဲ့ မာနလေးထားကြည့်ချင်တယ်။ ဒါပေမယ့် သေချာပါတယ် နေနိုင်နေပြီးသားသူက ပိုပြီးပျော်သွားရုံကလွဲလို့ ဘာမှ ခံစားသိလာမှာ မဟုတ်ဘူး။ ကိုယ်ကသာ မာနတွေထားပြီး ကိုယ်ပဲ ပြန်ပြီး နာကျင်နေရမှာလေ …။

ချစ်မိအောင် ပြုစားခဲ့တဲ့သူ မမှားဘူး။ ဒီလူမှဒီလူ ဖြစ်နေတဲ့ ကိုယ်ပဲမှားတာပါ။ သူဂရုမစိုက်တာလည်း မမှားဘူး။ ကိုယ့်ကို ဂရုမစိုက်တဲ့သူဆီကမှ ပိုပြီး ဂရုစိုက်ခံချင်နေတဲ့ ကိုယ်ပဲ မှားနေခဲ့တာပါ …။

သူ့လိုသာ နေလိုက်ရင် ဒီအခြေအနေတွေအားလုံးဟာ ပြီးဆုံးသွားလိမ့်မယ်ဆိုတာ သိပေမယ့်လည်း တစ်နေ့တော့ ကိုယ့်အချစ်တွေ မြင်လာမှာပါဆိုတဲ့ မသေချာတဲ့ တစ်နေ့ကို မျှော်နေမိသေးတယ် …။

ကိုယ့်ကို နာကျင်စေတာ သူမဟုတ်ပေမယ့် အစစအရာရာကို ရင်ဘတ်ထဲထည့်ထားမိတဲ့ကိုယ်က ဘာမှမဟုတ်တာနဲ့လဲ သေလောက်အောင် နာကျင်ချင်နာကျင်နေတတ်တယ်လေ။ သူမမှားပါဘူး ပိုချစ်နေမိတဲ့ကိုယ်က အစကတည်းက မှားခဲ့တာပါ …။ ။

မိန်းမသားတို့အတွက်…

လေးစားစွာဖြင့် ခရက်ဒစ် – သျှင်ယွန်း