(၅) ငွေမမက်ဘူး”
Credit
Unicode Version ဖြင့်ဖတ်ရန်
ကောင်လေးတိုင်းကိုဖမ်းစားနိုင်တဲ့ ကောင်မလေးတွေရဲ့လက္ခဏာရပ်များ…
အရွယ်ရောက်လာတဲ့အမျှ ကောင်လေးတွေရော၊ ကောင်မလေးတွေရော စိတ်ဝင်စားမိတဲ့သူတွေ ရှိလာကြပါတယ် …။
ဒီလို သဘာဝထဲမှာမှ တစ်ချို့ကောင်မလေးတွေကတော့ အရမ်းကို စွဲဆောင်မှု ရှိနေလို့ ကောင်လေးတော်တော်များများက ကြွေကြရပါတယ် …။
ဒီလို ကောင်လေးတွေကို ဖမ်းစားနိုင်လွန်းတဲ့ ကောင်မလေးတွေမှာတော့ ဒီလို လက္ခဏာရပ်တွေ ရှိနေပါတယ်နော် …။
(၁) ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်”
ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတဲ့ ကောင်မလေးတွေက လမ်းလျှောက်နေရင်တောင် လူအများရဲ့ အကြည့်တွေ ရနေတတ်ကြပါတယ် …။
ဒါကတော့ ကိုယ့်ရဲ့ အရှိအတိုင်းကို သိကြပြီး ကိုယ့် အရည်အချင်းလည်း ကိုယ်သိကြပါတယ် …။
သူတို့တွေက ကိုယ်စိတ်ကိုယ်လည်း သိကြလို့ အခုလို ဆွဲဆောင်မှု ရှိနေတာပဲ ဖြစ်ပါတယ် …။
(၂) သူမက လွတ်လပ်စွာရပ်တည်ရဲတယ်”
သူမကတော့ တစ်ခြားသူတွေ မကူညီရင်တောင်မှ ကိုယ့်ဘဝကို အကောင်းဆုံး ထိန်းညှိပြီး ရပ်တည်နိုင်စွမ်း ရှိပါတယ် …။
ဒီလိုမျိုး ကိုယ့်အရည်အချင်းနဲ့ အစွမ်းအစတွေကို ချစ်ပြီး သန်မာတဲ့ မိန်းကလေးတွေကို ကောင်လေးတွေက အထင်ကြီးပြီး စိတ်ဝင်စားတတ်ကြတာပဲ ဖြစ်ပါတယ် …။
(၃) စမတ်ကျပြီး အလုပ်ကြိုးစားတယ်”
ရင့်ကျက်ပြီး ထက်မြက်တဲ့သူတွေကို လူတွေက နှစ်သက်ကြတာ သဘာဝ တစ်ခုလိုပါပဲ …။
ကိုယ့်အရည်အသွေးတွေကို ကောင်းကောင်း အသုံးချနိုင်ကြတယ် …။
ကိုယ့်ပုံရိပ်ကို အမြင်ကောင်းအောင် ပြုလုပ်နိုင်တဲ့ မိန်းကလေးတွေက လူတွေ အမြင်မှာ အားကျစရာ ကောင်းနေတတ်ပါတယ် …။
အလုပ်လည်း ကြိုးစားတာကြောင့် ကောင်လေးတွေရဲ့ မျက်စိထဲမှာ ထင်းနေစေတဲ့ မိန်းကလေးမျိုး ဖြစ်ပါတယ် …။
(၄) ကိုယ့်ကိုယ်ကို ချစ်တယ်”
ကိုယ့်ရဲ့ ကျန်းမာရေး၊ ရပ်တည်နေထိုင်ရေးအပြင် ကိုယ့်ရဲ့ လိုအပ်ချက်တွေကို ကိုယ်တိုင် ဂရုစိုက်ပြီး ဖြည့်ဆည်းတတ်ကြတဲ့ သူတွေလည်း ရှိပါတယ် …။
သူတို့ကတော့ လှပနေအောင် ကျန်းမာနေအောင် အမြဲ ဂရုတစိုက်ရှိလှကြတာကြောင့် ကောင်လေးတွေ အမြင်မှာ လင်းလက်တဲ့ ကြယ်လေးတွေလို ဖြစ်နေတတ်ပါတယ် …။
(၅) ငွေမမက်ဘူး”
ငွေမှ ငွေ ဖြစ်နေတတ်တဲ့ မိန်းကလေးတွေ ရှိပေမယ့် သူများပစ္စည်းဥစ္စာကို မတပ်မက်တဲ့ မိန်းကလေးတွေလည်း ရှိကြပါတယ် …။
သူတို့အတွက်တော့ ကိုယ်ပိုင်တဲ့ မြတ်နိုးရတဲ့ အရာတွေကို တန်ဖိုးထားတာကလွဲရင် သူများငွေတွေကို တန်ဖိုးထား မ စွဲလမ်းတတ်တာပါ …။
ငွေကြေးနဲ့ ပတ်သတ်တဲ့ မာန သူတို့မှာ ရှိထားတတ်ပါတယ်။ ဒါကြောင့်လည်း ကောင်လေးတွေကလည်း သဘောကျမိတတ်ကြတာ ဖြစ်ပါတယ် …။
(၆) ကောင်လေးတွေရဲ့ အရည်အချင်းတွေကို မြှင့်တင်ပေးနိုင်တယ်”
ဒီလို မိန်းကလေးတွေက ကိုယ်တိုင် တော်ကြရုံ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အနားကသူကိုပါ အကောင်းဆုံး ပံ့ပိုးအကြံပေးတတ်ကြသူတွေ ဖြစ်ပါတယ် …။
ခိုင်းတာမျိုး မဟုတ်ဘဲ လူတစ်ယောက်က ကိုယ်ပိုင်အရည်အချင်းတွေ ထွက်လာအောင် ကူညီပေးတတ် ကြပါတယ် …။
ဒီမိန်းကလေးတွေကို ကောင်လေးတွေက ကိုယ့်ကို တန်ဖိုးထားတဲ့သူတွေအဖြစ် မြင်လို့ နှစ်သက်တတ်ကြတာပဲ ဖြစ်ပါတယ် …။ ။
Credit