ခ်စ္သူေတြၾကားမွာ မ သုံးသင့္တဲ့ စကားလုံးမ်ား…

ခ်စ္သူေတြၾကားမွာ မ သုံးသင့္တဲ့ စကားလုံးမ်ား…

စကားလုံးေတြေၾကာင့္ ၾကည္ႏူးေပ်ာ္႐ႊင္ရသလို တစ္ခါတစ္ေလမွာ စကားလုံးေတြေၾကာင့္ပဲ နာက်င္ ရတတ္ပါတယ္ …။

ကိုယ္တကယ္ခ်စ္ျမတ္ႏိုးရတဲ့ ခ်စ္သူေလးကို ကိုယ့္ရဲ႕ စကားေလးေတြေၾကာင့္ နာက်င္သြားရမယ္ ဆိုရင္ေတာ့ မေကာင္းပါဘူး …။

ဒါေၾကာင့္ ဒီတစ္ေခါက္မွာ ကိုယ္ခ်စ္သူအေပၚ မေျပာသင့္တဲ့ စကားေတြကို စုစည္းေဖာ္ျပ ေပးလိုက္ပါတယ္ေနာ္ …။

(၁) စိတ္ပ်က္တယ္”

စိတ္ပ်က္တယ္ဆိုတဲ့စကားရဲ႕ ေနာက္ကြယ္မွာ ေျပာတဲ့သူအတြက္ေတာ့ အမ်ားႀကီးမသိသာေပမယ့္ အေျပာခံလိုက္ရသူရဲ႕ ရင္ထဲမွာေတာ့ အေတြးမ်ိဳးစုံဝင္သြား ႏိုင္ပါတယ္ …။

ကိုယ္ခ်စ္သူက ကိုယ္ကိုဘာေၾကာင့္စိတ္ပ်က္တာလဲ မခ်စ္ေတာ့လို႔လား အခ်စ္သစ္ေတြ႕ေနလို႔လား ကိုယ့္ရဲ႕႐ုပ္ပိုင္းဆိုင္ရာလိုအပ္ခ်က္ေတြေၾကာင့္ စိတ္ပ်က္လာတာလား လမ္းခြဲခ်င္လို႔လား စသျဖင့္ ခံစားခ်က္ေပါင္းစုံနဲ႔ အေတြးေတြ ဝင္သြားႏိုင္ပါတယ္ …။

ဒါေၾကာင့္ ကိုယ္ခ်စ္သူကို ဘယ္ေလာက္ပဲ စိတ္ဆိုးေနပါေစ၊ စိတ္ပ်က္တယ္ဆိုတဲ့ စကားမ်ိဳးေတာ့ မေျပာသင့္ပါဘူး …။

(၂) ပ်င္းလာၿပီ”

ခ်စ္သူစုံတြဲေတြၾကားမွာမသုံးသင့္တဲ့ ေနာက္ထပ္စကားလုံးတစ္ခုက ငါမင္းနဲ႔တြဲရတာ ပ်င္းလာၿပီဆိုတဲ့စကားပါ …။

ကိုယ္ခ်စ္သူကို အေပ်ာ္အပ်က္အေနနဲ႔ေတာင္ စေနာက္ၿပီး မင္းနဲ႔တြဲတာပ်င္းတယ္ဆိုတဲ့ စကားကိုေတာ့ မသုံးသင့္တာပါ …။

ခ်စ္သူတိုင္းကေတာ့ ကိုယ္ခ်စ္သူကို ေပ်ာ္႐ႊင္ေအာင္ ထားခ်င္ၾကပါတယ္။ အခ်စ္စစ္အခ်စ္မွန္နဲ႔ တက္ႏိုင္သေလာက္ေပ်ာ္႐ႊင္မႈေလးေတြေပးေနေပမယ့္ ပ်င္းလာၿပီအေျပာခံရရင္ေတာ့ တကယ္ပဲ ဝမ္းနည္းဖို႔ ေကာင္းပါတယ္ေနာ္ …။

(၃) ႀကိဳက္တာလုပ္”

ခ်စ္သူႏွစ္ဦးစကားမ်ားရန္ျဖစ္ၾကတာအခါ အမ်ားစုသုံးေလ့ရွိတာက ႀကိဳက္တာလုပ္ ဂ႐ုမစိုက္ဘူးဆိုတဲ့ စကားပါ …။

တကယ္ေတာ့ ဒီစကားဟာလည္း လုံးဝ မသုံးသင့္ပါဘူး …။

ႀကိဳက္တာလုပ္ဆိုတဲ့ စကားဟာ တစ္ေယာက္ကိုတစ္ေယာက္ အ႐ြဲတိုက္ျခင္းေတြျဖစ္လာဖို႔ တြန္းအားေပးလိုက္တာနဲ႔ တူေနပါတယ္ …။

ဒါေၾကာင့္ ရန္ျဖစ္စကားမ်ားၾကၿပီဆိုရင္ မင္းသေဘာပဲႀကိဳက္တာလုပ္ ဆိုတဲ့ လက္လြတ္စပယ္ စကားမ်ိဳးထက္ ျပႆနာကို အတူတူအေျဖရွာၿပီး ညႇိႏႈိင္းေဆြးေႏြးမႈေတြ ျပဳလုပ္သင့္တာပဲ ျဖစ္ပါတယ္ …။

(၄) ရည္းစားေဟာင္းသာဆိုရင္”

ဘယ္ခ်စ္သူကမွ ကိုယ္ခ်စ္သူရဲ႕ အတိတ္က ရည္စားေဟာင္းအေၾကာင္းျပန္ေျပာတာကို မႀကိဳက္ၾကပါဘူး …။

ဒီထက္ပိုဆိုးတာတစ္ခုက ရည္စားေဟာင္းနဲ႔ ႏႈိင္းယွဥ္ၿပီး ကိုယ့္ကိုစကားနာ အထိုးခံရျခင္းပါပဲ …။

ရည္းစားေဟာင္းဆိုရင္ ဘယ္လိုဂ႐ုစိုက္တာ ဘယ္လို အလိုလိုက္တာ ဘယ္လိုေတြေကာင္းတာ မင္းကေတာ့ကိုယ္အေပၚ သူ႔ေလာက္ေတာင္မေကာင္းဘူး စသျဖင့္

ရည္းစားေဟာင္းအေၾကာင္းအမႊန္းတင္ ဂုဏ္ဆာေနျခင္းကလည္း ခ်စ္သူႏွစ္ဦးၾကား လမ္းခြဲတဲ့အထိ သက္ေရာက္မႈ ျပင္းထန္ႏိုင္ပါတယ္ေနာ္ …။

Credit – Original Uploader

Unicode Version ဖြင့်ဖတ်ရန်

ချစ်သူတွေကြားမှာ မ သုံးသင့်တဲ့ စကားလုံးများ…

စကားလုံးတွေကြောင့် ကြည်နူးပျော်ရွှင်ရသလို တစ်ခါတစ်လေမှာ စကားလုံးတွေကြောင့်ပဲ နာကျင် ရတတ်ပါတယ် …။

ကိုယ်တကယ်ချစ်မြတ်နိုးရတဲ့ ချစ်သူလေးကို ကိုယ့်ရဲ့ စကားလေးတွေကြောင့် နာကျင်သွားရမယ် ဆိုရင်တော့ မကောင်းပါဘူး …။

ဒါကြောင့် ဒီတစ်ခေါက်မှာ ကိုယ်ချစ်သူအပေါ် မပြောသင့်တဲ့ စကားတွေကို စုစည်းဖော်ပြ ပေးလိုက်ပါတယ်နော် …။

(၁) စိတ်ပျက်တယ်”

စိတ်ပျက်တယ်ဆိုတဲ့စကားရဲ့ နောက်ကွယ်မှာ ပြောတဲ့သူအတွက်တော့ အများကြီးမသိသာပေမယ့် အပြောခံလိုက်ရသူရဲ့ ရင်ထဲမှာတော့ အတွေးမျိုးစုံဝင်သွား နိုင်ပါတယ် …။

ကိုယ်ချစ်သူက ကိုယ်ကိုဘာကြောင့်စိတ်ပျက်တာလဲ မချစ်တော့လို့လား အချစ်သစ်တွေ့နေလို့လား ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကြောင့် စိတ်ပျက်လာတာလား လမ်းခွဲချင်လို့လား စသဖြင့် ခံစားချက်ပေါင်းစုံနဲ့ အတွေးတွေ ဝင်သွားနိုင်ပါတယ် …။

ဒါကြောင့် ကိုယ်ချစ်သူကို ဘယ်လောက်ပဲ စိတ်ဆိုးနေပါစေ၊ စိတ်ပျက်တယ်ဆိုတဲ့ စကားမျိုးတော့ မပြောသင့်ပါဘူး …။

(၂) ပျင်းလာပြီ”

ချစ်သူစုံတွဲတွေကြားမှာမသုံးသင့်တဲ့ နောက်ထပ်စကားလုံးတစ်ခုက ငါမင်းနဲ့တွဲရတာ ပျင်းလာပြီဆိုတဲ့စကားပါ …။

ကိုယ်ချစ်သူကို အပျော်အပျက်အနေနဲ့တောင် စနောက်ပြီး မင်းနဲ့တွဲတာပျင်းတယ်ဆိုတဲ့ စကားကိုတော့ မသုံးသင့်တာပါ …။

ချစ်သူတိုင်းကတော့ ကိုယ်ချစ်သူကို ပျော်ရွှင်အောင် ထားချင်ကြပါတယ်။ အချစ်စစ်အချစ်မှန်နဲ့ တက်နိုင်သလောက်ပျော်ရွှင်မှုလေးတွေပေးနေပေမယ့် ပျင်းလာပြီအပြောခံရရင်တော့ တကယ်ပဲ ဝမ်းနည်းဖို့ ကောင်းပါတယ်နော် …။

(၃) ကြိုက်တာလုပ်”

ချစ်သူနှစ်ဦးစကားများရန်ဖြစ်ကြတာအခါ အများစုသုံးလေ့ရှိတာက ကြိုက်တာလုပ် ဂရုမစိုက်ဘူးဆိုတဲ့ စကားပါ …။

တကယ်တော့ ဒီစကားဟာလည်း လုံးဝ မသုံးသင့်ပါဘူး …။

ကြိုက်တာလုပ်ဆိုတဲ့ စကားဟာ တစ်ယောက်ကိုတစ်ယောက် အရွဲတိုက်ခြင်းတွေဖြစ်လာဖို့ တွန်းအားပေးလိုက်တာနဲ့ တူနေပါတယ် …။

ဒါကြောင့် ရန်ဖြစ်စကားများကြပြီဆိုရင် မင်းသဘောပဲကြိုက်တာလုပ် ဆိုတဲ့ လက်လွတ်စပယ် စကားမျိုးထက် ပြဿနာကို အတူတူအဖြေရှာပြီး ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်သင့်တာပဲ ဖြစ်ပါတယ် …။

(၄) ရည်းစားဟောင်းသာဆိုရင်”

ဘယ်ချစ်သူကမှ ကိုယ်ချစ်သူရဲ့ အတိတ်က ရည်စားဟောင်းအကြောင်းပြန်ပြောတာကို မကြိုက်ကြပါဘူး …။

ဒီထက်ပိုဆိုးတာတစ်ခုက ရည်စားဟောင်းနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ကိုစကားနာ အထိုးခံရခြင်းပါပဲ …။

ရည်းစားဟောင်းဆိုရင် ဘယ်လိုဂရုစိုက်တာ ဘယ်လို အလိုလိုက်တာ ဘယ်လိုတွေကောင်းတာ မင်းကတော့ကိုယ်အပေါ် သူ့လောက်တောင်မကောင်းဘူး စသဖြင့်

ရည်းစားဟောင်းအကြောင်းအမွှန်းတင် ဂုဏ်ဆာနေခြင်းကလည်း ချစ်သူနှစ်ဦးကြား လမ်းခွဲတဲ့အထိ သက်ရောက်မှု ပြင်းထန်နိုင်ပါတယ်နော် …။

Credit – Original Uploader