လြတ္လြြတ္လပ္လပ္၊အခ်ဳပ္အေႏွာင္ကင္းကင္းနဲ႔ ဘဝကိုျဖတ္သန္းခ်င္တဲ့ ၾကာသပေတးသားသမီးမ်ားအေၾကာင္း

လြတ္လြြတ္လပ္လပ္၊အခ်ဳပ္အေႏွာင္ကင္းကင္းနဲ႔ ဘဝကိုျဖတ္သန္းခ်င္တဲ့ ၾကာသပေတးသားသမီးမ်ားအေၾကာင္း

ၾကာသပေတး သားသမီးေတြဟာ…

(၁) နားလည္ေပးႏိုင္စြမ္း ျမင့္မားတဲ့သူေတြပါ။ ပညာရွိတဲ့ သူေတြျဖစ္ၿပီး လက္ေတြ႕က်က် ေတြးေခၚတတ္တဲ့ သူေတြြပါ …။

(၂) ေရာက္ေလရာတိုင္းမွာ လူေတြရဲ့ အာ႐ုံ ကို ဖမ္းစားထားနိုင္တဲ့ ႐ုပ္ရည္နဲ႔ အသြင္အျပင္ကိုလည္း ပိုင္ဆိုင္ ထားၾကပါေသးတယ္ …။

(၃) ေမြးရာပါ ေခါင္းေဆာင္ စြမ္းရည္ကို ပိုင္ဆိုင္ထားၾက သူေတြပါ။ ဒါေၾကာင့္ ဘယ္လို အလုပ္ကိုပဲ လုပ္လုပ္ေခါင္းေဆာင္ပိုင္းကို ရၾကပါတယ္ …။

(၄) အလုပ္ အရမ္း ႀကိဳးစားတဲ့ သူေတြျဖစ္ၿပီး ေအာင္ျမင္မႈကို ရေအာင္ ယူနိုင္ၾကပါတယ္ …။

(၅) လြတ္လြတ္လပ္လပ္၊ အခ်ဳပ္အေႏွာင္ကင္းကင္း နဲ႔ ဘဝကို ျဖတ္သန္းခ်င္တဲ့ သူေလးေတြပါ …။

(၆) အရမ္း ေခါင္းမာ ပါတယ္။ ဒီအခ်က္ေၾကာင့္ တစ္ခါတေလမွာ ေပါင္းသင္းဆက္ဆံေရး ၊ လူမွုေရးပိုင္းမွာ အဆင္မေျပတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္ …။

(၇) စကားေျပာတဲ့ အခါ အရမ္းကို ျပတ္ျပတ္သားသား ေျပာတတ္တာေၾကာင့္ တစ္ဖက္လူအတြက္ စိတ္ဒဏ္ရာ ျဖစ္သြား ေစနိုင္ပါတယ္။ ဆင္ျခင္ဖို႔ေတာ့ လိုပါတယ္ …။

(၈) လြယ္လြယ္ ၿငီးေငြ႕ တတ္တဲ့ သူေတြပါ။ ၾကာၾကာ သည္းခံမေနႏိုင္သလို၊ ေအာင့္အည္း ရတာမ်ိဳး ကိုလည္း လုံးဝ မႀကိဳက္ၾကတဲ့ သူေတြပါ …။

(၉) တစ္ဖက္သားကို ေလးေလးစားစားဆက္ဆံတတ္တဲ့ သူမ်ိဳးေတြပါ။ ဒါေပမယ့္ ကိုယ့္ကို ေစာ္ကားသလို ခံစားရရင္ ျပင္းျပင္းထန္ထန္ တုန္႔ျပန္ တတ္ၾကပါတယ္ …။

(၁၀) ေဒါသႀကီးတတ္တဲ့ အတြက္ တစ္ခါတေလ မွာ လူေတြနဲ႔ အဆင္မေျပျဖစ္ရ တတ္ပါတယ္ ။ ဒါေပမယ့္ စိတ္ရင္းေကာင္းတဲ့ သူေတြဆိုတာေတာ႔ အေသအခ်ာပါပဲ …။

(၁၁) ေပ်ာ္ေပ်ာ္ ေနတတ္တယ္ ၊ လက္ေတြ႕ဆန္တယ္ ၊ ႀကီးပြား ခ်မ္းသာတယ္ စသျဖင့္ လူသိမ်ားတဲ့ သူေတြ ျဖစ္ပါတယ္ …။

 

(၁၂) လူမႈေရးခ်မ္းသာ ႂကြယ္ဝမယ့္ သူေတြ ျဖစ္ပါတယ္။ သူတို႔ဟာ ႀကီးမားက်ယ္ျပန္႔တဲ့ ေပါင္းသင္းဆက္ဆံေရး၊ အေတြးအေခၚအယူအဆ ေတြကို ပိုင္ဆိုင္ထားသူေတြ ျဖစ္ၾကပါတယ္ …။

အႀကံေပးရာမွာ အရမ္း ေတာ္တဲ့ သူေတြျဖစ္တာေၾကာင့္ လူေတြ က သူတို႔ ဆီမွ ေဝဖန္စကားေတြ၊ အႀကံေပးစကားေတြကို ေတာင္းယူရတဲ့ သူေတြပါ …။

ေမြးရာပါ ဆရာ ျဖစ္ဖို႔ ကံ ပါလာတာေၾကာင့္အျမဲလိုလို အေပၚစီး က ေနနိုင္တဲ့သူေတြပါ။တစ္ခါတေလ စိတ္ဓာတ္က် တတ္တယ္ဆိုေပမယ့္ စိတ္မပူပါနဲ႔ ။သင္ဟာ ခ်မ္းသာဖို႔ ဇာတာပါတဲ့ သူပါ …။

(၁၃) အလုပ္အကိုင္

အသစ္အဆန္းေတြ တစ္ခု ၿပီး တစ္ခုလုပ္ရတာ၊ ခရီးသြားရတာေတြ၊ အဆက္မျပတ္စူးစမ္းေလ့လာရတာမ်ိဳးေတြ လံုး၀ မႀကိဳက္ပါဘူး။ ဒါေၾကာင့္ သူတို႔နဲ႔ အလိုက္ဖက္ဆုံး အလုပ္အကိုင္ကေတာ့ ႏိုင္ငံေရးပဲ ျဖစ္ပါတယ္ …။

(၁၄) အခ်စ္ေရး

ဘြင္းဘြင္း ရွင္းရွင္း ေျပာတတ္တဲ့ အျပင္ခံစားခ်က္ ကိုလည္း ျပတ္ျပတ္သားသား ဖြင့္ျပတတ္တဲ့ သူေတြပါ ။ ဒါေၾကာင့္တစ္ခါတေလ အခ်စ္ေရးမွာ ဒီအရာေတြေၾကာင့္ အဆင္မေၿပ ျဖစ္တတ္ပါတယ္ ။ ခ်စ္သူနဲ႔ အလိုက္အထိုက္ေလးေနဖို႔ ႀကိဳးစားၾကည့္ပါ။ သင့္အခ်စ္ေရးက သာယာမွာပါေနာ္ …။

(၁၅) အိမ္ေထာင္ေရး

စကားေျပာဆင္ျခင္လိုိက္ရင္ အိမ္ေထာင္ေရးက အရမ္းကို အဆင္ေျပမွာပါ။ တစ္ခါတေလမွာ အိမ္ထက္ အျပင္ကို ဦးစားေပးတာေတြ မ်ားတတ္ပါတယ္ ။ ဒါကို အထူး ဂ႐ုျပဳပါ။ ေငြေရးေၾကးေရး အတြက္ အျပင္မွာ အလုပ္ထြက္လုပ္တာ မွန္ေပမယ့္ တစ္ဖက္မွာမိသားစု ကိုလည္း အခ်ိန္ ေပးဖို႔လိုအပ္ ပါတယ္ …။

(၁၆) ဥာဏ္ရည္ ဥာဏ္ေသြး ျမင့္မားၿပီး ပါးနပ္လြန္းတဲ့ သူေတြပါ ။ အရာရာတိုင္း ကိုေကာင္းမြန္စြာ နားလည္သေဘာေပါက္လြယ္တဲ့အျပင္ အကင္းပါးတဲ့ သူေတြပါ …။

(၁၇) ဘယ္ပဲ သြားသြား လူရွိန္တဲ့ ဥပဓိ႐ုပ္မ်ိဳး ကို ပိုင္ဆိုင္ထားၾကသလို ေရာက္ေလရာတိုင္းမွာ မ်က္ႏွာပြင့္လန္းတဲ့ သူမ်ိဳးေတြ ျဖစ္ပါတယ္ …။

(၁၈) ေခါင္းေဆာင္နိုင္စြမ္း အျပည့္ ရွိသူေတြ ျဖစ္လို႔ ဘယ္ အလုပ္မွာပဲ ျဖစ္ျဖစ္ ရာထူး ျမင့္ျမင့္ ရရွိတတ္ ပါတယ္ …။

(၁၉) ကိုယ့္အား ကိုယ္ကိုးၿပီး ေအာင္ျမင္မႈလမ္းေၾကာင္း အသစ္ေတြကို ကိုယ္တိုင္ ဖန္တီးႏိုင္တဲ့ သူေတြ ျဖစ္ပါတယ္ …။

(၂၀) လြတ္လပ္မႈကို ျမတ္နိုးၿပီး လြတ္လြတ္လပ္လပ္ ေနတတ္ၾက သူေတြလည္း ျဖစ္ပါတယ္ …။

(၂၁) လုံးဝကို အနိုင္မခံအရွုံးမေပးခ်င္တဲ့ သူေတြျဖစ္သလို၊ နည္းနည္းေလးမွ အထက္စီးမခံ၊ အေက်ာမခံ တတ္ၾကတာေၾကာင့္ အေပါင္းအသင္းေတာ့ နည္းၾကပါတယ္ …။

(၂၂) ေျပာစရာ ရွိရင္ ဒဲ့ပဲ ေျပာတတ္ ၾကသလို၊ တုတ္ထိုး အိုးေပါက္ ေျပာတတ္ၾကလြန္းလို႔ တစ္ခါတေလ တစ္ဖက္သား ကိုမရည္ရြယ္ပဲ စိတ္မေကာင္း ျဖစ္ေစတတ္သူ ေတြပါ။ ဒါေပမယ့္ သူတို႔ ဟာ ပြင့္လင္းတာပါ ၊ နစ္နာ ေစလို တဲ့ စိတ္ေတာ့ မပါပါဘူး …။

(၂၃) ၿငီးေငြ႕လြယ္တဲ့ သူေတြ ျဖစ္ၾကသလို၊ တစ္ခုခုအေပၚအၾကာႀကီး အာ႐ုံမစိုက္တတ္ၾကလို႔ ခရီးသြားတာလိုမ်ိဳး အျမဲတမ္းစိတ္ဝင္စားစရာနဲ႔ျပည့္ေနတဲ့ အလုပ္မ်ိဳးကသာ အကိုက္ညီဆုံးပါ …။

(၂၄) တစ္ဖက္သားကိုိ ယဥ္ေက်းပ်ဴငွာစြာ ဆက္ဆံတတ္သူေတြျဖစ္သလို၊ အက်င့္စာရိတၱ၊ စိတ္ေနစိတ္ထားေကာင္းမြန္တဲ့ သူေတြပါ။ ဒါေပမယ့္လည္း အၿငိဳးအရမ္းႀကီးၾကပါတယ္ …။

(၂၅) အရမ္းကို ဥာဏ္ရည္ ထက္ျမက္ ၾကတယ္ ဆိုေပမယ့္ စိတ္ဓာတ္က အတည္တက်မရွိတာေၾကာင့္ ေအာင္ျမင္သင့္သေလာက္ မေအာင္ျမင္ၾကရတာပါ။ တစိုက္မတ္မတ္ႀကိဳးစားမယ္ဆိုရင္ သူမ်ားေတြထက္ သာလြန္မယ့္သူေတြလည္း ျဖစ္ပါတယ္ …။

ၾကာသပေတး သားသမီးမ်ား အတြက္ ေဆာင္ရမယ့္ အေဆာင္ေက်ာက္္ရတနာကေတာ့ ဥႆဖရားေက်ာက္ ျဖစ္ပါတယ္ …။ ။

ခရစ္ဒစ္

Unicode Version ဖြင့်ဖတ်ရန်

လွတ်လွတ်လပ်လပ်၊အချုပ်အနှောင်ကင်းကင်းနဲ့ ဘဝကိုဖြတ်သန်းချင်တဲ့ ကြာသပတေးသားသမီးများအကြောင်း

ကြာသပတေး သားသမီးတွေဟာ…

(၁) နားလည်ပေးနိုင်စွမ်း မြင့်မားတဲ့သူတွေပါ။ ပညာရှိတဲ့ သူတွေဖြစ်ပြီး လက်တွေ့ကျကျ တွေးခေါ်တတ်တဲ့ သူတွေပါ …။

(၂) ရောက်လေရာတိုင်းမှာ လူတွေရဲ့ အာရုံ ကို ဖမ်းစားထားနိုင်တဲ့ ရုပ်ရည်နဲ့ အသွင်အပြင်ကိုလည်း ပိုင်ဆိုင် ထားကြပါသေးတယ် …။

(၃) မွေးရာပါ ခေါင်းဆောင် စွမ်းရည်ကို ပိုင်ဆိုင်ထားကြ သူတွေပါ။ ဒါကြောင့် ဘယ်လို အလုပ်ကိုပဲ လုပ်လုပ်ခေါင်းဆောင်ပိုင်းကို ရကြပါတယ် …။

(၄) အလုပ် အရမ်း ကြိုးစားတဲ့ သူတွေဖြစ်ပြီး အောင်မြင်မှုကို ရအောင် ယူနိုင်ကြပါတယ် …။

(၅) လွတ်လွတ်လပ်လပ်၊ အချုပ်အနှောင်ကင်းကင်း နဲ့ ဘဝကို ဖြတ်သန်းချင်တဲ့ သူလေးတွေပါ …။

(၆) အရမ်း ခေါင်းမာ ပါတယ်။ ဒီအချက်ကြောင့် တစ်ခါတလေမှာ ပေါင်းသင်းဆက်ဆံရေး ၊ လူမှုရေးပိုင်းမှာ အဆင်မပြေတာမျိုးတွေ ဖြစ်တတ်ပါတယ် …။

(၇) စကားပြောတဲ့ အခါ အရမ်းကို ပြတ်ပြတ်သားသား ပြောတတ်တာကြောင့် တစ်ဖက်လူအတွက် စိတ်ဒဏ်ရာ ဖြစ်သွား စေနိုင်ပါတယ်။ ဆင်ခြင်ဖို့တော့ လိုပါတယ် …။

(၈) လွယ်လွယ် ငြီးငွေ့ တတ်တဲ့ သူတွေပါ။ ကြာကြာ သည်းခံမနေနိုင်သလို၊ အောင့်အည်း ရတာမျိုး ကိုလည်း လုံးဝ မကြိုက်ကြတဲ့ သူတွေပါ …။

(၉) တစ်ဖက်သားကို လေးလေးစားစားဆက်ဆံတတ်တဲ့ သူမျိုးတွေပါ။ ဒါပေမယ့် ကိုယ့်ကို စော်ကားသလို ခံစားရရင် ပြင်းပြင်းထန်ထန် တုန့်ပြန် တတ်ကြပါတယ် …။

(၁၀) ဒေါသကြီးတတ်တဲ့ အတွက် တစ်ခါတလေ မှာ လူတွေနဲ့ အဆင်မပြေဖြစ်ရ တတ်ပါတယ် ။ ဒါပေမယ့် စိတ်ရင်းကောင်းတဲ့ သူတွေဆိုတာတော့ အသေအချာပါပဲ …။

(၁၁) ပျော်ပျော် နေတတ်တယ် ၊ လက်တွေ့ဆန်တယ် ၊ ကြီးပွား ချမ်းသာတယ် စသဖြင့် လူသိများတဲ့ သူတွေ ဖြစ်ပါတယ် …။

(၁၂) လူမှုရေးချမ်းသာ ကြွယ်ဝမယ့် သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ကြီးမားကျယ်ပြန့်တဲ့ ပေါင်းသင်းဆက်ဆံရေး၊ အတွေးအခေါ်အယူအဆ တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်ကြပါတယ် …။

အကြံပေးရာမှာ အရမ်း တော်တဲ့ သူတွေဖြစ်တာကြောင့် လူတွေ က သူတို့ ဆီမှ ဝေဖန်စကားတွေ၊ အကြံပေးစကားတွေကို တောင်းယူရတဲ့ သူတွေပါ …။

မွေးရာပါ ဆရာ ဖြစ်ဖို့ ကံ ပါလာတာကြောင့်အမြဲလိုလို အပေါ်စီး က နေနိုင်တဲ့သူတွေပါ။တစ်ခါတလေ စိတ်ဓာတ်ကျ တတ်တယ်ဆိုပေမယ့် စိတ်မပူပါနဲ့ ။သင်ဟာ ချမ်းသာဖို့ ဇာတာပါတဲ့ သူပါ …။

(၁၃) အလုပ်အကိုင်

အသစ်အဆန်းတွေ တစ်ခု ပြီး တစ်ခုလုပ်ရတာ၊ ခရီးသွားရတာတွေ၊ အဆက်မပြတ်စူးစမ်းလေ့လာရတာမျိုးတွေ လုံး၀ မကြိုက်ပါဘူး။ ဒါကြောင့် သူတို့နဲ့ အလိုက်ဖက်ဆုံး အလုပ်အကိုင်ကတော့ နိုင်ငံရေးပဲ ဖြစ်ပါတယ် …။

(၁၄) အချစ်ရေး

ဘွင်းဘွင်း ရှင်းရှင်း ပြောတတ်တဲ့ အပြင်ခံစားချက် ကိုလည်း ပြတ်ပြတ်သားသား ဖွင့်ပြတတ်တဲ့ သူတွေပါ ။ ဒါကြောင့်တစ်ခါတလေ အချစ်ရေးမှာ ဒီအရာတွေကြောင့် အဆင်မပြေ ဖြစ်တတ်ပါတယ် ။ ချစ်သူနဲ့ အလိုက်အထိုက်လေးနေဖို့ ကြိုးစားကြည့်ပါ။ သင့်အချစ်ရေးက သာယာမှာပါနော် …။

(၁၅) အိမ်ထောင်ရေး

စကားပြောဆင်ခြင်လိိုက်ရင် အိမ်ထောင်ရေးက အရမ်းကို အဆင်ပြေမှာပါ။ တစ်ခါတလေမှာ အိမ်ထက် အပြင်ကို ဦးစားပေးတာတွေ များတတ်ပါတယ် ။ ဒါကို အထူး ဂရုပြုပါ။ ငွေရေးကြေးရေး အတွက် အပြင်မှာ အလုပ်ထွက်လုပ်တာ မှန်ပေမယ့် တစ်ဖက်မှာမိသားစု ကိုလည်း အချိန် ပေးဖို့လိုအပ် ပါတယ် …။

(၁၆) ဉာဏ်ရည် ဉာဏ်သွေး မြင့်မားပြီး ပါးနပ်လွန်းတဲ့ သူတွေပါ ။ အရာရာတိုင်း ကိုကောင်းမွန်စွာ နားလည်သဘောပေါက်လွယ်တဲ့အပြင် အကင်းပါးတဲ့ သူတွေပါ …။

(၁၇) ဘယ်ပဲ သွားသွား လူရှိန်တဲ့ ဥပဓိရုပ်မျိုး ကို ပိုင်ဆိုင်ထားကြသလို ရောက်လေရာတိုင်းမှာ မျက်နှာပွင့်လန်းတဲ့ သူမျိုးတွေ ဖြစ်ပါတယ် …။

(၁၈) ခေါင်းဆောင်နိုင်စွမ်း အပြည့် ရှိသူတွေ ဖြစ်လို့ ဘယ် အလုပ်မှာပဲ ဖြစ်ဖြစ် ရာထူး မြင့်မြင့် ရရှိတတ် ပါတယ် …။

(၁၉) ကိုယ့်အား ကိုယ်ကိုးပြီး အောင်မြင်မှုလမ်းကြောင်း အသစ်တွေကို ကိုယ်တိုင် ဖန်တီးနိုင်တဲ့ သူတွေ ဖြစ်ပါတယ် …။

(၂၀) လွတ်လပ်မှုကို မြတ်နိုးပြီး လွတ်လွတ်လပ်လပ် နေတတ်ကြ သူတွေလည်း ဖြစ်ပါတယ် …။

(၂၁) လုံးဝကို အနိုင်မခံအရှုံးမပေးချင်တဲ့ သူတွေဖြစ်သလို၊ နည်းနည်းလေးမှ အထက်စီးမခံ၊ အကျောမခံ တတ်ကြတာကြောင့် အပေါင်းအသင်းတော့ နည်းကြပါတယ် …။

(၂၂) ပြောစရာ ရှိရင် ဒဲ့ပဲ ပြောတတ် ကြသလို၊ တုတ်ထိုး အိုးပေါက် ပြောတတ်ကြလွန်းလို့ တစ်ခါတလေ တစ်ဖက်သား ကိုမရည်ရွယ်ပဲ စိတ်မကောင်း ဖြစ်စေတတ်သူ တွေပါ။ ဒါပေမယ့် သူတို့ ဟာ ပွင့်လင်းတာပါ ၊ နစ်နာ စေလို တဲ့ စိတ်တော့ မပါပါဘူး …။

(၂၃) ငြီးငွေ့လွယ်တဲ့ သူတွေ ဖြစ်ကြသလို၊ တစ်ခုခုအပေါ်အကြာကြီး အာရုံမစိုက်တတ်ကြလို့ ခရီးသွားတာလိုမျိုး အမြဲတမ်းစိတ်ဝင်စားစရာနဲ့ပြည့်နေတဲ့ အလုပ်မျိုးကသာ အကိုက်ညီဆုံးပါ …။

(၂၄) တစ်ဖက်သားကိို ယဉ်ကျေးပျူငှာစွာ ဆက်ဆံတတ်သူတွေဖြစ်သလို၊ အကျင့်စာရိတ္တ၊ စိတ်နေစိတ်ထားကောင်းမွန်တဲ့ သူတွေပါ။ ဒါပေမယ့်လည်း အငြိုးအရမ်းကြီးကြပါတယ် …။

(၂၅) အရမ်းကို ဉာဏ်ရည် ထက်မြက် ကြတယ် ဆိုပေမယ့် စိတ်ဓာတ်က အတည်တကျမရှိတာကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်ကြရတာပါ။ တစိုက်မတ်မတ်ကြိုးစားမယ်ဆိုရင် သူများတွေထက် သာလွန်မယ့်သူတွေလည်း ဖြစ်ပါတယ် …။

ကြာသပတေး သားသမီးများ အတွက် ဆောင်ရမယ့် အဆောင်ကျောက်ရတနာကတော့ ဥဿဖရားကျောက် ဖြစ်ပါတယ် …။ ။

ခရစ်ဒစ်