သူက သင့္ကိုအေျပာနဲ႔မဟုတ္ လက္ေတြ႔က်က် ခ်စ္တယ္ဆိုတာသိႏုိင္တဲ့ အခ်က္(၆)ခ်က္

သူက သင့္ကိုအေျပာနဲ႔မဟုတ္ လက္ေတြ႔က်က် ခ်စ္တယ္ဆိုတာသိႏုိင္တဲ့ အခ်က္(၆)ခ်က္

လူတစ္ေယာက္နဲ႕တစ္ေယာက္ အခ်စ္ကို ခံစားပံုခ်င္းမတူသလို၊ ေဖာ္ထုတ္ပံုခ်င္းလည္း မတူပါဘူး။ တခ်ိဳ႕က အခ်စ္ကိုအေျပာနဲ႕ေဖာ္ထုတ္ျပသတယ္။ တခ်ိဳ႕က်ေတာ့လည္း အေျပာနဲ႕မဟုတ္ လက္ေတြ႕က်က် သက္ေသျပတတ္တယ္။ သင့္ခ်စ္သူက သင့္ကို အေျပာနဲ႕မဟုတ္ပဲ လက္ေတြ႕က်က် ခ်စ္တတ္တဲ့သူ၊ အခ်စ္ကို လုပ္ရပ္နဲ႕ သက္ေသျပတဲ့သူဆိုတာ ဒီအခ်က္ေတြက သက္ေသပါပဲေနာ္ …။

(၁) နဖူးကို နမ္းတတ္တယ္”

သူက သင့္ရဲ႕နဖူးေလးကို နမ္းတတ္တဲ့ အက်င့္ရွိရင္ သင္ဟာသူ႕အတြက္ တန္ဖိုးထားျပီး ခ်စ္ရတဲ့သူ၊ သူ႕တစ္ဘဝလံုး ေႏြးေထြးမႈေတြ ေပးခ်င္တဲ့သူလို႕ အဓိပၸါယ္ရပါတယ္ …။

(၂) လက္ေဆာင္ေလးေတြ ေပးတတ္တယ္”

သင့္အၾကိဳက္ေတြကို မွတ္ထားျပီး လက္ေဆာင္ေလးေတြ ေပးတတ္တယ္။ အထိမ္းအမွတ္ေန႕ေတြမွ မဟုတ္ဘဲ သင့္ကိုေပ်ာ္ေစခ်င္လို႕ လက္ေဆာင္ေပးတာမ်ိဳးေပါ့ …။

(၃) သူ႕သူငယ္ခ်င္း၊ မိတ္ေဆြေတြနဲ႕ရင္းႏွီးေစတယ္”

သူ႕အသိုင္းအဝိုင္း၊ မိတ္ေဆြသူငယ္ခ်င္းေတြနဲ႕ မိတ္ဆက္ေပးရံုမက သူတို႕ေတြ သင့္အေပၚမွာ ခင္မင္ရင္းႏွီးေအာင္၊ အေလးထားဆက္ဆံေအာင္ သူကိုယ္တိုင္လည္း သူငယ္ခ်င္းေတြေရွ႕မွာ သင့္ကိုမေလးမစား မလုပ္တတ္ပါဘူး …။

(၄) ေျပာတာေတြကို အေလးထားနားေထာင္ေပးတယ္”

သင္ေျပာသမွ် အေလးထားနားေထာင္ေပးတယ္။ ေစတနာနဲ႕ေပးတဲ့ အၾကံဉာဏ္ေတြကို တန္ဖိုးထားတယ္။ အေလးထားလိုက္နာသင့္တာေလးေတြ လိုက္နာတယ္ဆိုရင္ သင့္ကိုလည္း တန္ဖိုးထားတယ္ ဆိုတာ သိသာေနပါျပီ …။

(၅) သင္စားဖို႕ ခ်က္ျပဳတ္ေပးတယ္”

သင့္အတြက္ မနက္စာ၊ ေန႕လည္စာ စသျဖင့္ ခ်က္ေပးတာမ်ိဳး၊ သူကိုယ္တိုင္ခ်က္ျပီး လာပို႕ေပးတာမ်ိဳးေတြ လုပ္ေပးဖူးတယ္ ဆိုရင္ေတာ့ သင့္အေပၚ ထားတဲ့ သူ႕ရဲ႕အခ်စ္ကို လံုးဝ ယံုၾကည္လိုက္ပါေတာ႔ …။

(၆) မက္ေဆ့ကို ေသခ်ာေလးပို႕တတ္တယ္”

မက္ေဆ့ပို႕ဖို႕ ပ်င္းတတ္တယ္ဆိုရင္ေတာင္ သင့္ကို စိတ္ပူတဲ့အေၾကာင္း၊ သတိရေၾကာင္းေလးေတြနဲ႕ သူေျပာခ်င္တာေလးေတြကို စာအတိုေလးေတြ ပို႕ထားတတ္တယ္။ အဲ့လိုပို႕တဲ့ အခါမွာလည္း emoji ေလးေတြ ခ်စ္စရာပံုေလးေတြ ထည့္ပို႕တတ္တယ္။ အဲ့ဒါက မက္ေဆ့ကို သင္ဖြင့္ဖတ္တဲ့အခါ သင့္ကိုေပ်ာ္ေစခ်င္လို႕ပဲ ျဖစ္ပါတယ္ေနာ္ …။ ။

Credit

========

Unicode Version ဖြင့်ဖတ်ရန်

သူက သင့်ကိုအပြောနဲ့မဟုတ် လက်တွေ့ကျကျ ချစ်တယ်ဆိုတာသိနိုင်တဲ့ အချက်(၆)ချက်

လူတစ်ယောက်နဲ့တစ်ယောက် အချစ်ကို ခံစားပုံချင်းမတူသလို၊ ဖော်ထုတ်ပုံချင်းလည်း မတူပါဘူး။ တချို့က အချစ်ကိုအပြောနဲ့ဖော်ထုတ်ပြသတယ်။ တချို့ကျတော့လည်း အပြောနဲ့မဟုတ် လက်တွေ့ကျကျ သက်သေပြတတ်တယ်။ သင့်ချစ်သူက သင့်ကို အပြောနဲ့မဟုတ်ပဲ လက်တွေ့ကျကျ ချစ်တတ်တဲ့သူ၊ အချစ်ကို လုပ်ရပ်နဲ့ သက်သေပြတဲ့သူဆိုတာ ဒီအချက်တွေက သက်သေပါပဲနော် …။

(၁) နဖူးကို နမ်းတတ်တယ်”

သူက သင့်ရဲ့နဖူးလေးကို နမ်းတတ်တဲ့ အကျင့်ရှိရင် သင်ဟာသူ့အတွက် တန်ဖိုးထားပြီး ချစ်ရတဲ့သူ၊ သူ့တစ်ဘဝလုံး နွေးထွေးမှုတွေ ပေးချင်တဲ့သူလို့ အဓိပ္ပါယ်ရပါတယ် …။

(၂) လက်ဆောင်လေးတွေ ပေးတတ်တယ်”

သင့်အကြိုက်တွေကို မှတ်ထားပြီး လက်ဆောင်လေးတွေ ပေးတတ်တယ်။ အထိမ်းအမှတ်နေ့တွေမှ မဟုတ်ဘဲ သင့်ကိုပျော်စေချင်လို့ လက်ဆောင်ပေးတာမျိုးပေါ့ …။

(၃) သူ့သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ရင်းနှီးစေတယ်”

သူ့အသိုင်းအဝိုင်း၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးရုံမက သူတို့တွေ သင့်အပေါ်မှာ ခင်မင်ရင်းနှီးအောင်၊ အလေးထားဆက်ဆံအောင် သူကိုယ်တိုင်လည်း သူငယ်ချင်းတွေရှေ့မှာ သင့်ကိုမလေးမစား မလုပ်တတ်ပါဘူး …။

(၄) ပြောတာတွေကို အလေးထားနားထောင်ပေးတယ်”

သင်ပြောသမျှ အလေးထားနားထောင်ပေးတယ်။ စေတနာနဲ့ပေးတဲ့ အကြံဉာဏ်တွေကို တန်ဖိုးထားတယ်။ အလေးထားလိုက်နာသင့်တာလေးတွေ လိုက်နာတယ်ဆိုရင် သင့်ကိုလည်း တန်ဖိုးထားတယ် ဆိုတာ သိသာနေပါပြီ …။

(၅) သင်စားဖို့ ချက်ပြုတ်ပေးတယ်”

သင့်အတွက် မနက်စာ၊ နေ့လည်စာ စသဖြင့် ချက်ပေးတာမျိုး၊ သူကိုယ်တိုင်ချက်ပြီး လာပို့ပေးတာမျိုးတွေ လုပ်ပေးဖူးတယ် ဆိုရင်တော့ သင့်အပေါ် ထားတဲ့ သူ့ရဲ့အချစ်ကို လုံးဝ ယုံကြည်လိုက်ပါတော့ …။

(၆) မက်ဆေ့ကို သေချာလေးပို့တတ်တယ်”

မက်ဆေ့ပို့ဖို့ ပျင်းတတ်တယ်ဆိုရင်တောင် သင့်ကို စိတ်ပူတဲ့အကြောင်း၊ သတိရကြောင်းလေးတွေနဲ့ သူပြောချင်တာလေးတွေကို စာအတိုလေးတွေ ပို့ထားတတ်တယ်။ အဲ့လိုပို့တဲ့ အခါမှာလည်း emoji လေးတွေ ချစ်စရာပုံလေးတွေ ထည့်ပို့တတ်တယ်။ အဲ့ဒါက မက်ဆေ့ကို သင်ဖွင့်ဖတ်တဲ့အခါ သင့်ကိုပျော်စေချင်လို့ပဲ ဖြစ်ပါတယ်နော် …။ ။

Credit

========