Dawniniaung
09421146014
စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန်
အခုတစ်လော အမေးများနေတဲ့ ငွေကြေးခက်ခဲမှုတွေ အဆင်ပြေစေရန်…
အခုတစ်လော မေးနေကြတာက ငွေကြေးခက်ခဲမှု ဘယ်တော့ပျောက်မလဲပေါ့ …။
ဆရာမနည်းလမ်းလေးတစ်ခု ပြောပြပေးပါမယ် …။
ဇွဲရှိရှိ လုပ်ကြဖို့တော့ လိုပါတယ် …။
(1) မိမိတို့ရဲ့ ခြေသည်းလက်သည်းဆံပင်ဖျားစတိ ကို ညှပ်ပြီး မိမိတို့ရဲ့ ဘုမ္မိအရပ်ကို ပစ်ရပါမယ် …။
(2) သုဂတော ကို ပုတီးဆယ်ပတ်စိပ် ဘုရားကို ပူဇော်ရမယ် …။
(3) အထည်ဟောင်းကို မရှိသူပေးမလား စွန့်ပစ်မလား လုပ်ရပါမယ် …။
(4) မိမိတတ်နိုင်သလောက် ငွေကြေးကို အလှူခံပုဂ္ဂိုလ်ကို လှူပေးရပါမယ် …။
(5) အမှိုက်တွေရှင်း သန့်ရှင်းရေး လုပ်ပစ်ရပါမယ် …။
(6) ထမင်းစားခန်း မီးဖိုချောင်များကို သန့်သန့်ရှင်းရှင်း ထားပေးရပါမယ် …။
(7) မိမိတို့အိမ်မျက်နှာစာအခန်းမှာကျက်သရေရှိသောပုံကားများချိတ်ရပါမယ် …။
လှပသောပုံများ *ရီမောနေသောမိသားစုပုံဆိုပိုကောင်း * ချိတ်ပေးရပါမယ် …။
(8) တတ်နိုင်သလောက် ဘုန်းကြီးကျောင်းအား တိုင်ကပ်နာရီလှူရပါမယ် …။
(9) သက်ကြီးရွယ်အိုများအား စိပ်ပုတီးလှူခြင်း၊ နွားနို့ထမင်းဝေခြင်း ပြုလုပ်ရပါမယ် …။
(10) အပတ်စဉ် သိုမဟုတ် တစ်လ တစ်ကြိမ် ပြုလုပ်ပေးပါ …။
ကံပွင့်ကံကောင်း၍ လိုရာပြည့်စုံတော် မူကြပါစေ …။ ။
Dawniniaung
09421146014