အေပ်ာ္တြဲတာလား၊ တကယ္လက္ထပ္မွာလားဆိုတာ ဒီအခ်က္ေတြနဲ႔ဆုံးျဖတ္ပါ…

အေပ်ာ္တြဲတာလား၊ တကယ္လက္ထပ္မွာလားဆိုတာ ဒီအခ်က္ေတြနဲ႔ဆုံးျဖတ္ပါ…

ဒီေန႔ေခတ္တြင္ ရည္းစားကို ယုံမွတ္၍ ပုံအပ္ကာ အေသြးအသားကို ေပးဆပ္လိုက္ရၿပီး ဘဝပ်က္သြားၾကတဲ့ မိန္းမပ်ိဳေလးေတြ မ်ားစြာ ရွိပါတယ္ …။

ပ်ားရည္ဆမ္းတဲ့ စကားလုံးတို႔ရဲ႕ ေနာက္ကြယ္မွာ တပ္မက္မႈရမက္ တဏွာမီးေတြေၾကာင့္ ဘဝပန္းအလွေႂကြလြင့္သြားရရွာတဲ့ မိန္းကေလးေတြအတြက္ မီးငယ္တို႔ အသိႂကြယ္ေစဖို႔ ဤေဆာင္းပါးကို ေရးလိုက္ရျခင္း ျဖစ္ပါတယ္ …။

လက္ရွိတြဲေနတဲ့ရည္စားဟာ အေပ်ာ္တမ္းတြဲေနတာလား၊ တကယ္လက္ထပ္ဖို႔ ရည္႐ြယ္ထားလား ထင္ရွားေစတဲ့ အခ်က္ (၁၁) ခ်က္ကို သတိျပဳမိဖြယ္ ေဖာ္ျပလိုက္ပါတယ္ေနာ္ …။

၁။ ေကာင္ေလးဟာ အနာဂတ္အတြက္ ျပင္ဆင္ေနမယ္”

တကယ္လက္ထက္ဖို႔အထိ ရည္႐ြယ္ထားတဲ့ ေကာင္ေလးဟာ ရည္းစားျဖစ္တဲ့ အခ်ိန္ကေနစၿပီး အနာဂတ္မွာ ဘာေတြလုပ္မယ္၊ ဘယ္လို ေဆာက္တည္မယ္၊ အိမ္ေထာင္ျပဳၿပီးရင္ ဘယ္လိုအသက္ေမြးဝမ္းေၾကာင္းျပဳမယ္ကအစ ႀကိဳတင္ ျပင္ဆင္ထားေလ့ရွိပါတယ္ …။

ကိုယ့္ရည္းစားဟာ ယခုအခ်ိန္ထိ သင္တို႔ႏွစ္ေယာက္အနာဂတ္အတြက္ ဘာမွျပင္ဆင္ထားျခင္းမရွိေသးတာကို ေလ့လာျခင္းျဖင့္ ကိုယ့္ကိုယခုအခ်ိန္ထိ လက္ထပ္ဖို႔ရည္႐ြယ္ခ်က္ မရွိေသးတာကို သိ ႏိုင္ပါတယ္ …။

၂။ သူ႔ရဲ႕အခ်ိန္ေတြကို သင္နဲ႔ကုန္ဆုံးေစပါမယ္”

တကယ္လက္ထပ္ဖို႔ ရည္႐ြယ္ခ်က္ ရွိလာရင္ေတာ့ သူ႔မိသားစုနဲ႔ မိတ္ဆက္ေပးတာျဖစ္ျဖစ္၊ ကိုယ့္ရဲ႕မိသားစုႏွင့္ မိတ္ဆက္ခိုင္းတာျဖစ္ျဖစ္ ျပဳလုပ္လာပါလိမ့္မယ္ …။

ထို႔အတူ သူ႕မိသားစုႏွင့္ကုန္ဆုံးေစတဲ့ မိသားစု ညစာစားပြဲမ်ားေတာင္ သူ႕ရဲ႕ကိုယ္ပြားေလးအျဖစ္ ဖိတ္ပါလိမ့္မယ္ …။

၃။ ေကာင္ေလးဟာ အခ်ိန္မွန္ ခစားပါလိမ့္မယ္”

ခ်ိန္းဆိုထားသည့္ေနရာျဖစ္ေစ၊ ကိုယ္ရွိေနတဲ့ ေနရာျဖစ္ေစ တစ္စကၠန႔္မွ်ေတာင္ ေနာက္မက်ေစပဲ တက္ႏိုင္သမွ် အေရာက္လာပါ လိမ္႔မယ္ …။

“ေယာက္်ားႀကိဳက္ေတာ့ စိုက္စိုက္လာ၊ မိန္းမႀကိဳက္ေတာ့ ေမွ်ာ္လိုက္တာ” ဟူတဲ့ စကားပုံအတိုင္း ေစာင့္ေမွ်ာ္ေနရင္းနဲ႔ အခ်ိန္မကုန္ေစခ်င္တာေၾကာင့္ ကိုယ့္ဆီကို ဘယ္လိုအခက္အခဲမ်ိဳးျဖစ္ျဖစ္ အခ်ိန္မွန္ အေရာက္လာပါလိမ္႔မယ္ …။

၄။ ျပဳစုယုယ ပါလိမ့္မယ္”

ရည္းစားသက္တမ္း ၾကာရွည္လာပါေစ၊ ရည္းစားျဖစ္ခါက ယုံယျခင္းပုံစံမ်ိဳးႏွင့္ ပုံစံမေျပာင္းဘဲ ယုယေနမွာပါ။ ၿပီးေတာ့လည္း ဟင္းခ်က္ေနခ်ိန္မွာ ကူခ်က္ေပးတာေတြ၊ စာက်က္ေနခ်ိန္မွာ ဇတ္ေၾကာဆြဲေပးတာေတြ၊ ႐ုပ္ရွင္႐ုံထဲမွာ အနမ္းေပးတာေတြကအစ ရင္ခုန္တိမ္းမူးဖြယ္ ျပဳစုယုယ ေပးပါလိမ့္မယ္ …။

ရည္းစားဘဝမွာပင္ မိန္းကေလးတစ္ေယာက္ကို ကိုယ္ထိလက္ေရာက္ က်ဴးလြန္တတ္တဲ့ေကာင္ေလးဟာ အိမ္ေထာင္က်လာရင္ ဘယ္လိုဘယ္ပုံ အႏိုင္က်င့္မယ္ဆိုတာ ႀကိဳတင္ေတြးဆၾကည့္လို႔ေတာင္ ရပါတယ္ …။

၅။ မေတြ႕ရရင္ လြမ္းဆြတ္ေနလိမ္႔မယ္”

ေကာင္ေလးဟာ ကိုယ့္ကို အေၾကာင္းတစ္မ်ိဳးမ်ိဳးေၾကာင့္ လူခ်င္းမေတြ႕ရသည့္တိုင္ ဖုန္းဆက္ၿပီး အလြမ္းသယ္ေနပါလိမ့္မယ္ …။

စႏၵကိႏၷရီေမာင္ႏွံဟာ တစ္ညတာေဝးလို႔ ႏွစ္ေပါင္း ၇ဝဝ ေဆြးေနရသလို တစ္ခဏတာ မေတြ႕ရတာေတာင္ လြမ္းဆြတ္တမ္းတေနပါတယ္ …။

၆။ စိတ္ထဲမွာ တစ္ေယာက္တည္းပဲရွိတယ္”

ကိုယ့္မ်က္ႏွာေလး နည္းနည္းေျပာင္းလဲ သြားတာကအစ ၊ အမူအရာေလး ပ်က္သြားတာအဆုံး ေသခ်ာဂ႐ုစိုက္ ၾကည့္ေနတတ္ပါတယ္။ ေကာင္ေလးရဲ႕ရင္ထဲမွာ ကိုယ့္ကိုပဲ စိုးမိုးထားတာေၾကာင့္ ေနာက္တစ္ေယာက္ႏွင့္ ၿခံခုန္ဖို႔ဆိုတာလည္း လုံးဝ မျဖစ္ႏိုင္ေတာ႔ပါဘူး …။

ရည္းစားဘဝကပင္ ေဖာက္ျပန္တက္တဲ့ ေယာက္်ားဟာ ကိုယ့္ကို တကယ္တန္ဖိုးမထားသူျဖစ္ၿပီး လက္ထပ္ဖို႔အထိ ရည္႐ြယ္ထားတာလည္း မျဖစ္ႏိုင္ပါဘူး …။

၇။ အၿမဲတမ္း အတူရွိခ်င္တယ္”

ဘဏ္အေကာင့္မွာ အတူတူဖြင့္တာပဲျဖစ္ျဖစ္၊ ပရိေဘာဂပစၥည္း ႀကိဳတင္ ဝယ္ထားတာပဲျဖစ္ျဖစ္ အတူေနခ်င္တဲ့ လကၡဏာေတြ အရိပ္အေယာက္ ျပသေနပါမယ္ …။

ၿပီးေတာ့လည္း သူ႔ဘဝရဲ႕ကိုယ္ပြားေလးျဖစ္တာေၾကာင့္ အတူေနႏိုင္ဖို႔ ေငြစု႐ုံတင္မကပဲ အားလပ္ခ်ိန္ေတြပါ ႏွစ္ကိုယ္တူကုန္ဆုံးခ်င္ပါတယ္။ ဒါေတြကလည္း ေကာင္ေလးဟာ တကယ္လက္ထပ္ဖို႔အထိ ရည္႐ြယ္ထားတယ္ဆိုတဲ့ သေကၤတေတြပါပဲေနာ္ …။

၈။ ပြင့္ပြင့္လင္းလင္း ေျပာလာမယ္”

ေကာင္ေလးဟာ အလုပ္မွာအဆင္မေျပတာပဲျဖစ္ျဖစ္၊ မိသားစုအိမ္တြင္းေရး ပဋိပကၡပဲျဖစ္ျဖစ္ အေၾကာင္းစုံ ဖြင့္ဟတိုင္ပင္တတ္ပါတယ္။ ၿပီးေတာ့လည္း အေကာင္းအဆိုး၊ အေၾကာင္းအက်ိဳးကိုလည္း ဖြင့္ေျပာ တတ္ၾကပါတယ္ …။

ရည္းစားဘဝကပင္ ကိုယ္ေရးအေၾကာင္းကို ဖြင့္မေျပာတတ္တဲ့သူဟာ လက္ထပ္ဖို႔ရည္႐ြယ္တာ မျဖစ္ႏိုင္ပါဘူး …။

၉။ အခက္အခဲေတြ႕သည့္တိုင္ ေက်ာခိုင္းမသြားပါ”

ဘဝလမ္းခရီးဆိုသည္မွာ အၿမဲတေစ ေျဖာင့္ျဖဴးတယ္ဆိုတာ မရွိႏိုင္ပါဘူး။ သင္အခက္အခဲ၊ အႏၲရာယ္ေတြ႕ႀကဳံေနသည့္တိုင္ ကိုယ့္ေဘးမွာ အမာခံရပ္တည္ေပးၿပီး တစ္ဘဝလုံး မရွိအတူ၊ ရွိအတူ ရင္ဆိုင္သြားတက္ပါတယ္ …။

ဒါကလည္း တကယ္လက္ထပ္ဖို႔အထိ ရည္႐ြယ္ထားတဲ့ေကာင္ေလးေတြရဲ႕ အျပဳအမူပဲ ျဖစ္ပါတယ္ …။

၁၀။ ၾကာေလေလ ပိုခ်စ္လာေလ”

ကိုယ္ႏွင့္အတူ အာလပ္ရက္ေတြ အခ်ိန္ကုန္ခဲ့သည့္တိုင္၊ သင္ႏွင့္အတူ ေပ်ာ္႐ႊင္ဖြယ္ေန႔ရက္ေတြ ကုန္ဆုံးသည့္အတိုင္ အားမရဘဲ အတူေနဖို႔ပဲ စိတ္ကူးထားၿပီး လက္ထပ္ဖို႔ အတြက္ သူ လုံးပန္းေနပါလိမ့္မယ္ …။

ေနာက္ၿပီးေတာ့ လက္ရွိေပးထားတဲ့အခ်ိန္ထက္ သူ႕ဘဝတစ္ခုလုံးအတြက္ေတာင္ ပိုၿပီးအခ်ိန္ေပးလိုစိတ္ ရွိတတ္ၾကပါတယ္ …။

၁၁။ လက္ထပ္ခြင့္ ေတာင္းလာမယ္”

ေယာက္်ားေလးေတြဟာ လက္ထပ္ျခင္းကိစၥႏွင့္ ပက္သတ္လို႔ဆိုရင္ တကယ္ရည္႐ြယ္ထားမွသာလ်င္ စတင္ဖြင့္ေျပာတက္ၾကတာပါ။ ေယာက္်ားေတြရဲ႕ပါးစပ္က “ခ်စ္တယ္” ဆိုတဲ့စကားက ထြက္တာလြယ္ေပမယ့္ “လက္ထပ္ခ်င္တယ္” လို႔ ဖြင့္ေျပာဖို႔က ခက္ခဲၾကလို႔ ျဖစ္ပါတယ္ …။

ကိုယ့္ရည္းစားက တကယ္ဖြင့္ေျပာလာၿပီဆိုရင္ ကိုယ့္အတြက္ စုတ္ေရာ လာဘ္ပါေကာင္းေနတဲ့ မယ္ကံေကာင္းႀကီး ျဖစ္ပါၿပီလို႔ ဆိုခ်င္ပါတယ္ေနာ္ …။ ။

Credit – ေက်ာ္စိုးေအာင္ (အခရာ)

Unicode Version ဖြင့်ဖတ်ရန်

အပျော်တွဲတာလား၊ တကယ်လက်ထပ်မှာလားဆိုတာ ဒီအချက်တွေနဲ့ဆုံးဖြတ်ပါ…

ဒီနေ့ခေတ်တွင် ရည်းစားကို ယုံမှတ်၍ ပုံအပ်ကာ အသွေးအသားကို ပေးဆပ်လိုက်ရပြီး ဘဝပျက်သွားကြတဲ့ မိန်းမပျိုလေးတွေ များစွာ ရှိပါတယ် …။

ပျားရည်ဆမ်းတဲ့ စကားလုံးတို့ရဲ့ နောက်ကွယ်မှာ တပ်မက်မှုရမက် တဏှာမီးတွေကြောင့် ဘဝပန်းအလှကြွေလွင့်သွားရရှာတဲ့ မိန်းကလေးတွေအတွက် မီးငယ်တို့ အသိကြွယ်စေဖို့ ဤဆောင်းပါးကို ရေးလိုက်ရခြင်း ဖြစ်ပါတယ် …။

လက်ရှိတွဲနေတဲ့ရည်စားဟာ အပျော်တမ်းတွဲနေတာလား၊ တကယ်လက်ထပ်ဖို့ ရည်ရွယ်ထားလား ထင်ရှားစေတဲ့ အချက် (၁၁) ချက်ကို သတိပြုမိဖွယ် ဖော်ပြလိုက်ပါတယ်နော် …။

၁။ ကောင်လေးဟာ အနာဂတ်အတွက် ပြင်ဆင်နေမယ်”

တကယ်လက်ထက်ဖို့အထိ ရည်ရွယ်ထားတဲ့ ကောင်လေးဟာ ရည်းစားဖြစ်တဲ့ အချိန်ကနေစပြီး အနာဂတ်မှာ ဘာတွေလုပ်မယ်၊ ဘယ်လို ဆောက်တည်မယ်၊ အိမ်ထောင်ပြုပြီးရင် ဘယ်လိုအသက်မွေးဝမ်းကြောင်းပြုမယ်ကအစ ကြိုတင် ပြင်ဆင်ထားလေ့ရှိပါတယ် …။

ကိုယ့်ရည်းစားဟာ ယခုအချိန်ထိ သင်တို့နှစ်ယောက်အနာဂတ်အတွက် ဘာမှပြင်ဆင်ထားခြင်းမရှိသေးတာကို လေ့လာခြင်းဖြင့် ကိုယ့်ကိုယခုအချိန်ထိ လက်ထပ်ဖို့ရည်ရွယ်ချက် မရှိသေးတာကို သိ နိုင်ပါတယ် …။

၂။ သူ့ရဲ့အချိန်တွေကို သင်နဲ့ကုန်ဆုံးစေပါမယ်”

တကယ်လက်ထပ်ဖို့ ရည်ရွယ်ချက် ရှိလာရင်တော့ သူ့မိသားစုနဲ့ မိတ်ဆက်ပေးတာဖြစ်ဖြစ်၊ ကိုယ့်ရဲ့မိသားစုနှင့် မိတ်ဆက်ခိုင်းတာဖြစ်ဖြစ် ပြုလုပ်လာပါလိမ့်မယ် …။

ထို့အတူ သူ့မိသားစုနှင့်ကုန်ဆုံးစေတဲ့ မိသားစု ညစာစားပွဲများတောင် သူ့ရဲ့ကိုယ်ပွားလေးအဖြစ် ဖိတ်ပါလိမ့်မယ် …။

၃။ ကောင်လေးဟာ အချိန်မှန် ခစားပါလိမ့်မယ်”

ချိန်းဆိုထားသည့်နေရာဖြစ်စေ၊ ကိုယ်ရှိနေတဲ့ နေရာဖြစ်စေ တစ်စက္ကန့်မျှတောင် နောက်မကျစေပဲ တက်နိုင်သမျှ အရောက်လာပါ လိမ့်မယ် …။

“ယောက်ျားကြိုက်တော့ စိုက်စိုက်လာ၊ မိန်းမကြိုက်တော့ မျှော်လိုက်တာ” ဟူတဲ့ စကားပုံအတိုင်း စောင့်မျှော်နေရင်းနဲ့ အချိန်မကုန်စေချင်တာကြောင့် ကိုယ့်ဆီကို ဘယ်လိုအခက်အခဲမျိုးဖြစ်ဖြစ် အချိန်မှန် အရောက်လာပါလိမ့်မယ် …။

၄။ ပြုစုယုယ ပါလိမ့်မယ်”

ရည်းစားသက်တမ်း ကြာရှည်လာပါစေ၊ ရည်းစားဖြစ်ခါက ယုံယခြင်းပုံစံမျိုးနှင့် ပုံစံမပြောင်းဘဲ ယုယနေမှာပါ။ ပြီးတော့လည်း ဟင်းချက်နေချိန်မှာ ကူချက်ပေးတာတွေ၊ စာကျက်နေချိန်မှာ ဇတ်ကြောဆွဲပေးတာတွေ၊ ရုပ်ရှင်ရုံထဲမှာ အနမ်းပေးတာတွေကအစ ရင်ခုန်တိမ်းမူးဖွယ် ပြုစုယုယ ပေးပါလိမ့်မယ် …။

ရည်းစားဘဝမှာပင် မိန်းကလေးတစ်ယောက်ကို ကိုယ်ထိလက်ရောက် ကျူးလွန်တတ်တဲ့ကောင်လေးဟာ အိမ်ထောင်ကျလာရင် ဘယ်လိုဘယ်ပုံ အနိုင်ကျင့်မယ်ဆိုတာ ကြိုတင်တွေးဆကြည့်လို့တောင် ရပါတယ် …။

၅။ မတွေ့ရရင် လွမ်းဆွတ်နေလိမ့်မယ်”

ကောင်လေးဟာ ကိုယ့်ကို အကြောင်းတစ်မျိုးမျိုးကြောင့် လူချင်းမတွေ့ရသည့်တိုင် ဖုန်းဆက်ပြီး အလွမ်းသယ်နေပါလိမ့်မယ် …။

စန္ဒကိန္နရီမောင်နှံဟာ တစ်ညတာဝေးလို့ နှစ်ပေါင်း ၇ဝဝ ဆွေးနေရသလို တစ်ခဏတာ မတွေ့ရတာတောင် လွမ်းဆွတ်တမ်းတနေပါတယ် …။

၆။ စိတ်ထဲမှာ တစ်ယောက်တည်းပဲရှိတယ်”

ကိုယ့်မျက်နှာလေး နည်းနည်းပြောင်းလဲ သွားတာကအစ ၊ အမူအရာလေး ပျက်သွားတာအဆုံး သေချာဂရုစိုက် ကြည့်နေတတ်ပါတယ်။ ကောင်လေးရဲ့ရင်ထဲမှာ ကိုယ့်ကိုပဲ စိုးမိုးထားတာကြောင့် နောက်တစ်ယောက်နှင့် ခြံခုန်ဖို့ဆိုတာလည်း လုံးဝ မဖြစ်နိုင်တော့ပါဘူး …။

ရည်းစားဘဝကပင် ဖောက်ပြန်တက်တဲ့ ယောက်ျားဟာ ကိုယ့်ကို တကယ်တန်ဖိုးမထားသူဖြစ်ပြီး လက်ထပ်ဖို့အထိ ရည်ရွယ်ထားတာလည်း မဖြစ်နိုင်ပါဘူး …။

၇။ အမြဲတမ်း အတူရှိချင်တယ်”

ဘဏ်အကောင့်မှာ အတူတူဖွင့်တာပဲဖြစ်ဖြစ်၊ ပရိဘောဂပစ္စည်း ကြိုတင် ဝယ်ထားတာပဲဖြစ်ဖြစ် အတူနေချင်တဲ့ လက္ခဏာတွေ အရိပ်အယောက် ပြသနေပါမယ် …။

ပြီးတော့လည်း သူ့ဘဝရဲ့ကိုယ်ပွားလေးဖြစ်တာကြောင့် အတူနေနိုင်ဖို့ ငွေစုရုံတင်မကပဲ အားလပ်ချိန်တွေပါ နှစ်ကိုယ်တူကုန်ဆုံးချင်ပါတယ်။ ဒါတွေကလည်း ကောင်လေးဟာ တကယ်လက်ထပ်ဖို့အထိ ရည်ရွယ်ထားတယ်ဆိုတဲ့ သင်္ကေတတွေပါပဲနော် …။

၈။ ပွင့်ပွင့်လင်းလင်း ပြောလာမယ်”

ကောင်လေးဟာ အလုပ်မှာအဆင်မပြေတာပဲဖြစ်ဖြစ်၊ မိသားစုအိမ်တွင်းရေး ပဋိပက္ခပဲဖြစ်ဖြစ် အကြောင်းစုံ ဖွင့်ဟတိုင်ပင်တတ်ပါတယ်။ ပြီးတော့လည်း အကောင်းအဆိုး၊ အကြောင်းအကျိုးကိုလည်း ဖွင့်ပြော တတ်ကြပါတယ် …။

ရည်းစားဘဝကပင် ကိုယ်ရေးအကြောင်းကို ဖွင့်မပြောတတ်တဲ့သူဟာ လက်ထပ်ဖို့ရည်ရွယ်တာ မဖြစ်နိုင်ပါဘူး …။

၉။ အခက်အခဲတွေ့သည့်တိုင် ကျောခိုင်းမသွားပါ”

ဘဝလမ်းခရီးဆိုသည်မှာ အမြဲတစေ ဖြောင့်ဖြူးတယ်ဆိုတာ မရှိနိုင်ပါဘူး။ သင်အခက်အခဲ၊ အန္တရာယ်တွေ့ကြုံနေသည့်တိုင် ကိုယ့်ဘေးမှာ အမာခံရပ်တည်ပေးပြီး တစ်ဘဝလုံး မရှိအတူ၊ ရှိအတူ ရင်ဆိုင်သွားတက်ပါတယ် …။

ဒါကလည်း တကယ်လက်ထပ်ဖို့အထိ ရည်ရွယ်ထားတဲ့ကောင်လေးတွေရဲ့ အပြုအမူပဲ ဖြစ်ပါတယ် …။

၁၀။ ကြာလေလေ ပိုချစ်လာလေ”

ကိုယ်နှင့်အတူ အာလပ်ရက်တွေ အချိန်ကုန်ခဲ့သည့်တိုင်၊ သင်နှင့်အတူ ပျော်ရွှင်ဖွယ်နေ့ရက်တွေ ကုန်ဆုံးသည့်အတိုင် အားမရဘဲ အတူနေဖို့ပဲ စိတ်ကူးထားပြီး လက်ထပ်ဖို့ အတွက် သူ လုံးပန်းနေပါလိမ့်မယ် …။

နောက်ပြီးတော့ လက်ရှိပေးထားတဲ့အချိန်ထက် သူ့ဘဝတစ်ခုလုံးအတွက်တောင် ပိုပြီးအချိန်ပေးလိုစိတ် ရှိတတ်ကြပါတယ် …။

၁၁။ လက်ထပ်ခွင့် တောင်းလာမယ်”

ယောက်ျားလေးတွေဟာ လက်ထပ်ခြင်းကိစ္စနှင့် ပက်သတ်လို့ဆိုရင် တကယ်ရည်ရွယ်ထားမှသာလျင် စတင်ဖွင့်ပြောတက်ကြတာပါ။ ယောက်ျားတွေရဲ့ပါးစပ်က “ချစ်တယ်” ဆိုတဲ့စကားက ထွက်တာလွယ်ပေမယ့် “လက်ထပ်ချင်တယ်” လို့ ဖွင့်ပြောဖို့က ခက်ခဲကြလို့ ဖြစ်ပါတယ် …။

ကိုယ့်ရည်းစားက တကယ်ဖွင့်ပြောလာပြီဆိုရင် ကိုယ့်အတွက် စုတ်ရော လာဘ်ပါကောင်းနေတဲ့ မယ်ကံကောင်းကြီး ဖြစ်ပါပြီလို့ ဆိုချင်ပါတယ်နော် …။ ။

Credit – ကျော်စိုးအောင် (အခရာ)