သတိရေနေပမယ့္ မဆက္သြယ္ ျဖစ္ေတာ့ဘူး…

သတိရေနေပမယ့္ မဆက္သြယ္ ျဖစ္ေတာ့ဘူး…

သတိရေနတယ္ ဆိုတာထက္ လြမ္းေနတယ္ဆိုရင္ ပုိျပီးမွန္လိမ့္မယ္။ အတိတ္မွာ ေႏြးေထြးခဲ့ဖူးတဲ့ အခ်ိန္ေတြကို ျပန္ျပီး အမွတ္ရေန မိတယ္ …။

ခက္ခဲတဲ့ၾကားက ခက္ခက္ခဲခဲဆက္သြယ္ျပီး စကားေတြ အမ်ားၾကီး ေျပာခဲ့ဖူးတဲ့ ညေတြကို အမွတ္ရေနမိတယ္။ ဒါေပမယ့္ အတိတ္က အတိတ္ပါပဲေလ …။

ေျပာစရာစကားေတြ အမ်ားၾကီးရွိေပမယ့္လည္း ေျပာစရာမဲ့ေနျပီ ျဖစ္တဲ့ သူ႕အတြက္ ဆက္ဖုိ႔ ၾကံရြယ္ထားတဲ့ ဖုန္းကို မဆက္ပဲ ထားလုိက္တယ္ …။

တစ္ဖက္က ဘာေျပာမလုိ႔လဲ ဆုိတဲ့ စကားလံုးကိုၾကားရင္ ကြ်န္မ ငိုမိမွာစိုးလို ့မီးစိမ္းေလးျမင္ေပမယ့္လည္း ထိုင္ပဲၾကည့္ေနလုိက္တယ္ …။

ကုိယ္ပို႔သေလာက္ ျပန္္ရလာမယ့္ အင္းေတြ ေအာ္ေတြ မေတြ႔ခ်င္၊ မျမင္ခ်င္ေတာ့လုိ႔ သတိရတာေပါ့ …။

သူက ေမ့ထားနုိင္ပါတယ္…ဒီအခ်ိန္ဆို သူဘာလုပ္ေနမလဲဆိုတဲ့အေတြး ေတြးေနမိရင္ သူနဲ႕စကားေျပာခ်င္ေနမိတဲ့ စိတ္ေလးေတြ ပိုတယ္။ ဒါေပမယ့္ ကိုယ္သူ႕ဆီဆက္လိုက္ရင္လဲ ကိုယ္ပဲ ငိုရမွာ ဒီတစ္ေန႔ ေတာ့ မငိုပဲ အိပ္ခ်င္တယ္ေလ …။

သတိရတာေပါ ့ဒါေပမယ့္ မဆက္သြယ္ျဖစ္ေတာ့ဘူး။ အလြတ္ရေနတဲ့ ဖုန္းနံပါတ္ေလးကို ခဏခဏႏွိပ္ရင္း မ်က္ရည္ေလး က်သြားမိသြားေသးတယ္။ သူသတိရရင္ ဖုန္းဆက္လာမွာေပါ့ ဆိုတဲ့အေတြးနဲ႕ပဲ ကိုယ့္ဘက္က စျပီ းမဆက္သြယ္မိေအာင္ ေနေနပါတယ္ …။

သတိရေနေပမယ့္ မဆက္သြယ္ေတာ့ပါဘူး …။ ။

မိန္းမသားတို႔အတြက္….

သွ်င္ယြန္း

Unicode Version ဖြင့်ဖတ်ရန်

သတိရနေပေမယ့် မဆက်သွယ် ဖြစ်တော့ဘူး…

သတိရနေတယ် ဆိုတာထက် လွမ်းနေတယ်ဆိုရင် ပိုပြီးမှန်လိမ့်မယ်။ အတိတ်မှာ နွေးထွေးခဲ့ဖူးတဲ့ အချိန်တွေကို ပြန်ပြီး အမှတ်ရနေ မိတယ် …။

ခက်ခဲတဲ့ကြားက ခက်ခက်ခဲခဲဆက်သွယ်ပြီး စကားတွေ အများကြီး ပြောခဲ့ဖူးတဲ့ ညတွေကို အမှတ်ရနေမိတယ်။ ဒါပေမယ့် အတိတ်က အတိတ်ပါပဲလေ …။

ပြောစရာစကားတွေ အများကြီးရှိပေမယ့်လည်း ပြောစရာမဲ့နေပြီ ဖြစ်တဲ့ သူ့အတွက် ဆက်ဖို့ ကြံရွယ်ထားတဲ့ ဖုန်းကို မဆက်ပဲ ထားလိုက်တယ် …။

တစ်ဖက်က ဘာပြောမလို့လဲ ဆိုတဲ့ စကားလုံးကိုကြားရင် ကျွန်မ ငိုမိမှာစိုးလို့မီးစိမ်းလေးမြင်ပေမယ့်လည်း ထိုင်ပဲကြည့်နေလိုက်တယ် …။

ကိုယ်ပို့သလောက် ပြန်ရလာမယ့် အင်းတွေ အော်တွေ မတွေ့ချင်၊ မမြင်ချင်တော့လို့ သတိရတာပေါ့ …။

သူက မေ့ထားနိုင်ပါတယ်…ဒီအချိန်ဆို သူဘာလုပ်နေမလဲဆိုတဲ့အတွေး တွေးနေမိရင် သူနဲ့စကားပြောချင်နေမိတဲ့ စိတ်လေးတွေ ပိုတယ်။ ဒါပေမယ့် ကိုယ်သူ့ဆီဆက်လိုက်ရင်လဲ ကိုယ်ပဲ ငိုရမှာ ဒီတစ်နေ့ တော့ မငိုပဲ အိပ်ချင်တယ်လေ …။

သတိရတာပေါ့ဒါပေမယ့် မဆက်သွယ်ဖြစ်တော့ဘူး။ အလွတ်ရနေတဲ့ ဖုန်းနံပါတ်လေးကို ခဏခဏနှိပ်ရင်း မျက်ရည်လေး ကျသွားမိသွားသေးတယ်။ သူသတိရရင် ဖုန်းဆက်လာမှာပေါ့ ဆိုတဲ့အတွေးနဲ့ပဲ ကိုယ့်ဘက်က စပြီးမဆက်သွယ်မိအောင် နေနေပါတယ် …။

သတိရနေပေမယ့် မဆက်သွယ်တော့ပါဘူး …။ ။

မိန်းမသားတို့အတွက်….

သျှင်ယွန်း