သင္ဇာတာမွာ ဘယ္လိုအိမ္မ်ိဳးနဲ႔ ေနရမလဲ …?

သင္ဇာတာမွာ ဘယ္လိုအိမ္မ်ိဳးနဲ႔ ေနရမလဲ …?

စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန်

မိမိ၏ ျမန္မာေမြးသကၠရာဇ္ကို တည္၍(၇)ျဖင့္ စားပါ …။

(၁) ႂကြင္းေသာ္ အိမ္ႀကီးအိမ္ေကာင္းမ်ားႏွင့္ အက်ိဳးေပးအားနည္းတတ္သည္။ မၾကာခဏ ေျပာင္းေ႐ႊ႕ေနထိုင္ရေသာ သူမ်ားျဖစ္တတ္သည္။ တစ္ေနရာတည္း၌ အေျခခ်ရန္ ခက္ခဲတတ္သည္။အိမ္၌စြဲၿမဲစြာေနလွ်င္လည္း က်န္းမာေရးညံ့လာ တတ္ပါသည္ …။

(၂) ႂကြင္းေသာ္ ေတာ္႐ုံတန္႐ုံ လူခ်မ္းသာမ်ားပင္လွ်င္ မေနႏိုင္ေသာအိမ္ႀကီးအိမ္ေကာင္းႏွင့္ ေနထိုင္ရတတ္သည္။ ခမ္းနားထည္ဝါေသာအိမ္ႀကီးမ်ား၌ ေနထိုင္ရတတ္သည္။ ယခုအေျခအေန၌ ဆင္းရဲေနလွ်င္ပင္ အိမ္ကိုသပ္သပ္ရပ္ရပ္ မြမ္းမံျပင္ဆင္ျခင္းအားျဖင့္ စီးပြားတက္ခ်မ္းသာလာ ႏိုင္ေပသည္ …။

(၃) ႂကြင္းေသာ္ အိမ္ႀကီးအိမ္ေကာင္းမ်ားႏွင့္ ေနထိုင္ရတတ္ေပသည္။ အိမ္ကိုမၾကာခဏ ျပင္ဆင္မြမ္းမံေလေလ စီးပြားတက္ေလေလ ျဖစ္မည္။ အိမ္ကိုအေၾကာင္းျပဳ၍ စီးပြားျဖစ္ထြန္းတတ္ေသာေၾကာင့္ အိမ္ႏွင့္အလုပ္ကို တြဲထား သင့္ေပသည္ …။

(၄) ႂကြင္းေသာ္ အိမ္ႀကီးအိမ္ေကာင္းႏွင့္ေနထိုင္ရမည့္ ကံပါသူျဖစ္သည္။ ႐ုတ္တရက္ အေမြရျခင္း ထီေပါက္ျခင္းတို႔ေၾကာင့္ စီးပြားတက္၍လည္းေကာင္း ဆုရျခင္းမဲေပါက္ျခင္း၊ လက္ေဆာင္ရျခင္း၊ ႀကီးကဲသူတို႔ကခ်ီးျမႇင့္ျခင္းေၾကာင့္လည္းေကာင္း အိမ္ႀကီးအိမ္ေကာင္းႏွင့္ ေနထိုင္ရတတ္ပါသည္ …။

(၅) ႂကြင္းေသာ္ အိမ္ႀကီးအိမ္ေကာင္းမ်ားႏွင့္ ေနထိုင္ရန္ ကံနည္းပါးသည္။ မၾကာခဏ ေျပာင္းေ႐ႊ႕ေနထိုင္ရတတ္သည္။ အိမ္မွာေနလွ်င္ အလုပ္မ်ားအဆင္မေျပျခင္း၊ ပူပင္မ်ားရျခင္းမ်ား ႀကဳံရတတ္ေပသည္။ အိမ္ႏွင့္အလုပ္ကို တြဲ၍ မထားသင့္ေသာ ဇာတာရွင္မ်ား ျဖစ္ေပသည္ …။

(၆) ႂကြင္းေသာ္ အိမ္ႀကီးအိမ္ေကာင္းမ်ားႏွင့္ ေနထိုင္ရန္ ကံပါလာသူမ်ား ျဖစ္ၾကသည္။ ထူးျခားဆန္းျပားေသာ ပုံစံဒီဇိုင္းရွိသည့္ အိမ္မ်ား၌ ေနထိုင္ရမည္။ အိမ္ႀကီးအိမ္ေကာင္းမ်ားတြင္ ေနထိုင္ၿပီး စီးပြားတက္မည္။ ဤသူမ်ားေနထိုင္ရာအိမ္တြင္ အမ်ားစိတ္ဝင္စားဖြယ္ရာ ထူးထူးျခားျခား ရွိေနတတ္ ေပသည္ …။

(၀) ႂကြင္းေသာ္ အိမ္ႀကီးအိမ္ေကာင္းႏွင့္ ေနထိုင္ရန္ ကံနည္းပါးတတ္သည္။ အိမ္ႀကီးအိမ္ေကာင္းကို ပိုင္ဆိုင္ထားၿပီး အျခားတစ္ပါးတြင္ ေနထိုင္ရတတ္သည္။ မိမိမွာ အိမ္ပိုင္ပါလ်က္ႏွင့္ သူတစ္ပါး၏ အိမ္တြင္ ေနရတတ္သည္။ မၾကာခဏ ေျပာင္းေ႐ႊ႕ေနထိုင္ရန္ ဇာတာပါလာသူမ်ား ျဖစ္ၾကေပသည္ …။ ။

(ဆရာဇင္ေယာ္နီ ၏ ေ႐ႊအိမ္ေတာ္ အဖြင့္က်မ္း မွ မွ်ေဝပါသည္)

စရဏ~ေက်ာ္ဉာဏ္သိန္း

09440032699 Viber

Unicode Version ဖြင့်ဖတ်ရန်

သင်ဇာတာမှာ ဘယ်လိုအိမ်မျိုးနဲ့ နေရမလဲ …?

မိမိ၏ မြန်မာမွေးသက္ကရာဇ်ကို တည်၍(၇)ဖြင့် စားပါ …။

(၁) ကြွင်းသော် အိမ်ကြီးအိမ်ကောင်းများနှင့် အကျိုးပေးအားနည်းတတ်သည်။ မကြာခဏ ပြောင်းရွှေ့နေထိုင်ရသော သူများဖြစ်တတ်သည်။ တစ်နေရာတည်း၌ အခြေချရန် ခက်ခဲတတ်သည်။အိမ်၌စွဲမြဲစွာနေလျှင်လည်း ကျန်းမာရေးညံ့လာ တတ်ပါသည် …။

(၂) ကြွင်းသော် တော်ရုံတန်ရုံ လူချမ်းသာများပင်လျှင် မနေနိုင်သောအိမ်ကြီးအိမ်ကောင်းနှင့် နေထိုင်ရတတ်သည်။ ခမ်းနားထည်ဝါသောအိမ်ကြီးများ၌ နေထိုင်ရတတ်သည်။ ယခုအခြေအနေ၌ ဆင်းရဲနေလျှင်ပင် အိမ်ကိုသပ်သပ်ရပ်ရပ် မွမ်းမံပြင်ဆင်ခြင်းအားဖြင့် စီးပွားတက်ချမ်းသာလာ နိုင်ပေသည် …။

(၃) ကြွင်းသော် အိမ်ကြီးအိမ်ကောင်းများနှင့် နေထိုင်ရတတ်ပေသည်။ အိမ်ကိုမကြာခဏ ပြင်ဆင်မွမ်းမံလေလေ စီးပွားတက်လေလေ ဖြစ်မည်။ အိမ်ကိုအကြောင်းပြု၍ စီးပွားဖြစ်ထွန်းတတ်သောကြောင့် အိမ်နှင့်အလုပ်ကို တွဲထား သင့်ပေသည် …။

(၄) ကြွင်းသော် အိမ်ကြီးအိမ်ကောင်းနှင့်နေထိုင်ရမည့် ကံပါသူဖြစ်သည်။ ရုတ်တရက် အမွေရခြင်း ထီပေါက်ခြင်းတို့ကြောင့် စီးပွားတက်၍လည်းကောင်း ဆုရခြင်းမဲပေါက်ခြင်း၊ လက်ဆောင်ရခြင်း၊ ကြီးကဲသူတို့ကချီးမြှင့်ခြင်းကြောင့်လည်းကောင်း အိမ်ကြီးအိမ်ကောင်းနှင့် နေထိုင်ရတတ်ပါသည် …။

(၅) ကြွင်းသော် အိမ်ကြီးအိမ်ကောင်းများနှင့် နေထိုင်ရန် ကံနည်းပါးသည်။ မကြာခဏ ပြောင်းရွှေ့နေထိုင်ရတတ်သည်။ အိမ်မှာနေလျှင် အလုပ်များအဆင်မပြေခြင်း၊ ပူပင်များရခြင်းများ ကြုံရတတ်ပေသည်။ အိမ်နှင့်အလုပ်ကို တွဲ၍ မထားသင့်သော ဇာတာရှင်များ ဖြစ်ပေသည် …။

(၆) ကြွင်းသော် အိမ်ကြီးအိမ်ကောင်းများနှင့် နေထိုင်ရန် ကံပါလာသူများ ဖြစ်ကြသည်။ ထူးခြားဆန်းပြားသော ပုံစံဒီဇိုင်းရှိသည့် အိမ်များ၌ နေထိုင်ရမည်။ အိမ်ကြီးအိမ်ကောင်းများတွင် နေထိုင်ပြီး စီးပွားတက်မည်။ ဤသူများနေထိုင်ရာအိမ်တွင် အများစိတ်ဝင်စားဖွယ်ရာ ထူးထူးခြားခြား ရှိနေတတ် ပေသည် …။

(၀) ကြွင်းသော် အိမ်ကြီးအိမ်ကောင်းနှင့် နေထိုင်ရန် ကံနည်းပါးတတ်သည်။ အိမ်ကြီးအိမ်ကောင်းကို ပိုင်ဆိုင်ထားပြီး အခြားတစ်ပါးတွင် နေထိုင်ရတတ်သည်။ မိမိမှာ အိမ်ပိုင်ပါလျက်နှင့် သူတစ်ပါး၏ အိမ်တွင် နေရတတ်သည်။ မကြာခဏ ပြောင်းရွှေ့နေထိုင်ရန် ဇာတာပါလာသူများ ဖြစ်ကြပေသည် …။ ။

(ဆရာဇင်ယော်နီ ၏ ရွှေအိမ်တော် အဖွင့်ကျမ်း မှ မျှဝေပါသည်)

စရဏ~ကျော်ဉာဏ်သိန်း

09440032699 Viber