(၄) တော်တဲ့သူတွေ”
(၅) ကံကောင်းတတ်သူတွေ”
ဆရာသန်းလင်းအောင်
Unicode Version ဖြင့်ဖတ်ရန်
နဖူးပြောင်သူတွေရဲ့ သူများနဲ့မတူပဲကွဲပြားတဲ့ စိတ်နေစိတ်ထားနဲ့အားသာချက်တွေ…
နဖူးကျယ်တဲ့ သူလေးတွေကို သူငယ်ချင်းတွေက ပြောင်ကြီးလို့ ခေါ်ပြီး စနောက် တတ်ကြတာကြောင့် အများစုက ဆံမြိတ်လေးတွေ နဲ့ နဖူးကျယ်ကျယ်တွေကို ဖုံးအုပ်ထား တတ်ကြပါတယ်။ တကယ်တော့ နဖူးကျယ်တယ်ဆိုတာ ကောင်းတဲ့ လက္ခဏာရပ်ဖြစ်ပြီး နောက်ထပ် ဒီလိုထူးခြားချက် မျိုးတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်နော် …။
(၁) ကိုယ့်အားကိုယ်ကိုးတတ်တယ်”
သူတို့တွေဟာ တခြားသူတွေကို မှီခိုတာထက် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး ကိုယ့်အားကိုယ်ကိုးတတ်ကြတဲ့ သူလေးတွေဖြစ်ပါတယ်။ အခက်အခဲနဲ့ ကြုံတွေ့ရတဲ့အချိန်မှာ ကိုယ်တိုင်ကြိတ် ဖြေရှင်းနေတတ်ပြီး တခြားလူတွေ ကို အကူအညီတောင်းဖို့ ဝန်လေးတတ်တဲ့ သူမျိုးတွေပါ …။
(၂) လွယ်လွယ်နဲ့မပြိုလဲတတ်ဘူး”
တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်ပြီးရင် မရရအောင် လုပ်တတ်တယ်။ ဘယ်လိုအတိုက် အခိုက်မျိုးတွေနဲ့ပဲကြုံရပါစေ၊ လွယ်လွယ်နဲ့ပြိုလဲမသွားဘဲ ကြံ့ကြံ့ခံနိုင်တဲ့၊ စိတ်ဓာတ်ခိုင်မာတဲ့ သူလေးတွေလည်း ဖြစ် ပါတယ် …။
(၃) ကန့်သတ်ချုပ်ချယ်တာကို မုန်းတယ်”
လွတ်လပ်တာ ကိုကြိုက်တယ်၊ ကိုယ်တိုင်ရွေးချယ် ဆုံးဖြတ် တတ်တယ်။ ကိုယ့်ကို ကန့်သတ်ချုပ် ချယ်တာ မျိုးကို လုံးဝလက်ခံမှာ မဟုတ်တဲ့ သူမျိုးတွေပေါ့ …။
(၄) တော်တဲ့သူတွေ”
နဖူးကျယ်တဲ့ သူတွေရဲ့ cranial cavity ပိုကြီးတာကြောင့် ဦးနှောက် လုပ်ဆောင်မှု ပိုကောင်းပါတယ်။ အဲ့ဒါကြောင့် ဖြတ်ထိုး ဉာဏ်ကောင်းတယ်။ ပြဿနာဖြေရှင်းရာ မှာတော်ကြတဲ့ သူတွေပဲ ဖြစ်ပါတယ် …။
(၅) ကံကောင်းတတ်သူတွေ”
နဖူးမြင့်ပြီးကျယ် တဲ့သူတွေက ဘာပဲ လုပ်လုပ် ကံကောင်းတတ်ကြတဲ့ သူတွေဖြစ်ပါတယ် ။ အခက်အခဲ တစ်ခုခုဖြစ်ရင် လည်း ဖြေရှင်းလို့မရလောက်အောင် ခက်ခဲနေ တာမျိုးမဟုတ်ဘဲ၊ ပြေလည်သွား တတ်ကြပါတယ်တဲ့ …။
(၆) ကိုယ်ကျင့်တရား ကောင်းမွန်တယ်”
ဉာဏ်ကောင်းပြီး စဉ်းစား ဆင်ခြင်ဉာဏ် လည်းကောင်းတဲ့ သူတွေဖြစ် တာကြောင့် ကိုယ့်ရဲ့သိက္ခာကျ ဆင်းမယ့် လုပ်ရပ်တွေကို မလုပ်မိအောင် စောင့်ထိန်းနိုင် သူတွေဖြစ်ကြပါတယ်။ ကိုယ်ကျင့် တရားကောင်းတဲ့ သူတွေလို့ ပြောရမှာပါနော် …။ ။
ဆရာသန်းလင်းအောင်