ေယာက်ၤားေလးေတြ ကိုယ့္ကိုတမ္းတမ္းစြဲေနေစဖို႔ မိန္းကေလးေတြလိုက္နာသင့္တဲ့အရာမ်ာ

ေယာက်ၤားေလးေတြ ကိုယ့္ကိုတမ္းတမ္းစြဲေနေစဖို႔ မိန္းကေလးေတြလိုက္နာသင့္တဲ့အရာမ်ာ

ဘယ္အရာကိုမဆို အလြယ္ရရင္ တန္ဖိုးမထားတတ္ၾကတာ သဘာ၀ပဲေလ ဟုတ္တယ္ဟုတ္? ဒီတစ္ခါမွာေတာ့ ေယာက်ၤားေလးေတြ ကိုယ့္ကိုရူးသြပ္မတတ္ စဲြလမ္းေနေစဖို႔ မိန္းကေလးေတြ လိုက္နာရမယ့္ အေခ်နည္းေလးေတြကို စုစည္းေဖာ္ျပ အၾကံျပဳလိုက္ပါတယ္ေနာ္ …။

1. သူ့၇ဲ့ဖုန္းေခၚသံၾကားတိုင္း အေျပးအလႊားသြား ေကာက္ကိုင္ေနစရာ မလိုပါဘူး။ သင့္မွာလည္း မအားလပ္တဲ့ အခ်ိန္ဆိုတာ ရွိအံုးမွာပဲေလ …။

2. msg ေတြကို ဆိုင္ဆိုင္မဆိုင္ဆိုင္ တရစပ္ ေျဖေနတာမ်ိဳးထက္ လိုရင္းတိုရွင္းပဲ ေျဖေပးပါ …။

3. ကိုယ့္ကိုလာရွိတ္ေနတဲ့စာကို ခ်က္ခ်င္း ရီပလိုင္းျပန္တာထက္ နာရီ၀က္၊တစ္နာရီေလာက္ျခားျပီးမွ ျပန္ပါ။ မဟုတ္ရင္ ကိုယ္ပဲ သူစကားလာစေျပာမွာကို ေစာင့္ေနတဲ့အတိုင္း အထင္ခံရႏိုင္ပါတယ္ …။

4. ”ေနာက္ ၅မိနစ္အတြင္း သင္ဘာလုပ္မလဲ?’’ ဆိုတဲ့ အဆက္အစပ္မရွိ သင့္အခ်ိန္ေတြ၊ စိတ္ကူးေတြကို စြက္ဖက္လိုတဲ့ ေမးခြန္းမ်ိဳးကို ေျဖေနစရာမလိုပါဘူး။ လ်စ္လ်ဴရွဳလိုက္တာ က အေကာင္းဆံုးပါပဲ …။

5. သင္အခုခ်ိန္မွာ ဘာလုပ္ေနမလဲ? ဘယ္မွာရွိေနနိုင္မလဲ? ဘယ္သူနဲ႔ ရွိေနေလာက္သလဲ?? အစရွိတဲ့ ေမးခြန္းအေၾကာင္းအရာေတြကို သင့္ကိုသေဘာက် ခ်စ္ႏွစ္သက္သူေတြကို ေတြးေစျပီး ပူပန္ေနေစပါေလ။ကိုယ့္ရဲ႕ ေန႔စဥ္မွတ္တမ္းတစ္ခုလံုးကို လူမႈကြန္ရက္ေပၚမွာ ဖြင့္ထားတဲ့စာအုပ္တစ္အုပ္လို ဒလေဟာၾကီး ဖြင့္ျပေနတာေတာ့ မဟုတ္ေသးဘူးေလေနာ္ …။

6. သူ ့ပရုိဖိုင္းေအာက္မွာပဲ တ၀ဲလည္လည္ ျဖစ္ေနတာမ်ိဳး၊ မလိုအပ္ပဲ သူ႕ Timeline မွာ စာသြားေရးတာမ်ိဳး၊ အျမဲလိုလိုသြားမန္႔တာမ်ိဳးေတြ မလုပ္ပါနဲ႔။ အခ်ိန္တခဏေတာ့ စိတ္ထိန္းပါ …။

7. သင္နဲ႔ စကားေျပာရတာ ရုိးအီသြားတာမ်ိဳး၊ ျငီးေငြ႕သြားတာမ်ိဳး မျဖစ္ရေလေအာင္ တစ္ေန ့မွာ မိနစ္၂၀ထက္ပိုျပီး မ chat ပါနဲ႔။ အျမဲchatေနတာမ်ိဳးထက္ လူကိုယ္တိုင္ ေတြ႕ဆံုတာမ်ိဳးကို ပိုျပီး ဦးစားေပးပါ …။

8. မိန္းကေလးေတြရဲ့ သေကၤတတစ္ခုလို႔ေတာင္ ေျပာလို႕ရတဲ့ smiley emoji ေတြကို ျပံဳသံုးတာမ်ိဳးလည္း မလုပ္ပါနဲ႔။ အဲလိုတျပံဳၾကီးသံုးတာဟာ ကေလးဆန္ျပီး သင့္စိတ္ရင္းကို ထိမိစြာ ေဖာ္ျပရာ မေရာက္လို႔ပါေနာ္ …။ ။

Credit – Nanmalgyi

ဤစာဖတ္သူမ်ားအားလံုး ခ်စ္ေသာသူႏွင့္ ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ Gleanings မွ ဆုေတာင္းေမတၱာ ပို႔သေပးပါတယ္ …။

မွ်ေဝေပးျခင္းဟာလည္း ေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္ …။

Unicode Version ဖြင့် ဖတ်ပါ

ယောင်္ကျားလေးတွေ ကိုယ့်ကိုတမ်းတမ်းစွဲနေစေဖို့ မိန်းကလေးတွေလိုက်နာသင့်တဲ့အရာမျာ

ဘယ်အရာကိုမဆို အလွယ်ရရင် တန်ဖိုးမထားတတ်ကြတာ သဘာဝပဲလေ ဟုတ်တယ်ဟုတ်? ဒီတစ်ခါမှာတော့ ယောင်္ကျားလေးတွေ ကိုယ့်ကိုရူးသွပ်မတတ် စွဲလမ်းနေစေဖို့ မိန်းကလေးတွေ လိုက်နာရမယ့် အချေနည်းလေးတွေကို စုစည်းဖော်ပြ အကြံပြုလိုက်ပါတယ်နော် …။

1. သူ့၇ဲ့ဖုန်းခေါ်သံကြားတိုင်း အပြေးအလွှားသွား ကောက်ကိုင်နေစရာ မလိုပါဘူး။ သင့်မှာလည်း မအားလပ်တဲ့ အချိန်ဆိုတာ ရှိအုံးမှာပဲလေ …။

2. msg တွေကို ဆိုင်ဆိုင်မဆိုင်ဆိုင် တရစပ် ဖြေနေတာမျိုးထက် လိုရင်းတိုရှင်းပဲ ဖြေပေးပါ …။

3. ကိုယ့်ကိုလာရှိတ်နေတဲ့စာကို ချက်ချင်း ရီပလိုင်းပြန်တာထက် နာရီဝက်၊တစ်နာရီလောက်ခြားပြီးမှ ပြန်ပါ။ မဟုတ်ရင် ကိုယ်ပဲ သူစကားလာစပြောမှာကို စောင့်နေတဲ့အတိုင်း အထင်ခံရနိုင်ပါတယ် …။

4. ”နောက် ၅မိနစ်အတွင်း သင်ဘာလုပ်မလဲ?’’ ဆိုတဲ့ အဆက်အစပ်မရှိ သင့်အချိန်တွေ၊ စိတ်ကူးတွေကို စွက်ဖက်လိုတဲ့ မေးခွန်းမျိုးကို ဖြေနေစရာမလိုပါဘူး။ လျစ်လျူရှုလိုက်တာ က အကောင်းဆုံးပါပဲ …။

5. သင်အခုချိန်မှာ ဘာလုပ်နေမလဲ? ဘယ်မှာရှိနေနိုင်မလဲ? ဘယ်သူနဲ့ ရှိနေလောက်သလဲ?? အစရှိတဲ့ မေးခွန်းအကြောင်းအရာတွေကို သင့်ကိုသဘောကျ ချစ်နှစ်သက်သူတွေကို တွေးစေပြီး ပူပန်နေစေပါလေ။ကိုယ့်ရဲ့ နေ့စဉ်မှတ်တမ်းတစ်ခုလုံးကို လူမှုကွန်ရက်ပေါ်မှာ ဖွင့်ထားတဲ့စာအုပ်တစ်အုပ်လို ဒလဟောကြီး ဖွင့်ပြနေတာတော့ မဟုတ်သေးဘူးလေနော် …။

6. သူ့ပရိုဖိုင်းအောက်မှာပဲ တဝဲလည်လည် ဖြစ်နေတာမျိုး၊ မလိုအပ်ပဲ သူ့ Timeline မှာ စာသွားရေးတာမျိုး၊ အမြဲလိုလိုသွားမန့်တာမျိုးတွေ မလုပ်ပါနဲ့။ အချိန်တခဏတော့ စိတ်ထိန်းပါ …။

7. သင်နဲ့ စကားပြောရတာ ရိုးအီသွားတာမျိုး၊ ငြီးငွေ့သွားတာမျိုး မဖြစ်ရလေအောင် တစ်နေ့မှာ မိနစ်၂၀ထက်ပိုပြီး မ chat ပါနဲ့။ အမြဲchatနေတာမျိုးထက် လူကိုယ်တိုင် တွေ့ဆုံတာမျိုးကို ပိုပြီး ဦးစားပေးပါ …။

8. မိန်းကလေးတွေရဲ့ သင်္ကေတတစ်ခုလို့တောင် ပြောလို့ရတဲ့ smiley emoji တွေကို ပြုံသုံးတာမျိုးလည်း မလုပ်ပါနဲ့။ အဲလိုတပြုံကြီးသုံးတာဟာ ကလေးဆန်ပြီး သင့်စိတ်ရင်းကို ထိမိစွာ ဖော်ပြရာ မရောက်လို့ပါနော် …။ ။

Credit – Nanmalgyi

ဤစာဖတ်သူများအားလုံး ချစ်သောသူနှင့် ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ Gleanings မှ ဆုတောင်းမေတ္တာ ပို့သပေးပါတယ် …။

မျှဝေပေးခြင်းဟာလည်း မေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော် …။