ဒီအဂၤါရပ္ေတြနဲ႔ ျပည့္စုံေနတဲ့ မိန္မသားတစ္ေယာက္ကို ဘယ္ေတာ့မွလက္မလႊတ္ပါနဲ႔…

ဒီအဂၤါရပ္ေတြနဲ႔ ျပည့္စုံေနတဲ့ မိန္မသားတစ္ေယာက္ကို ဘယ္ေတာ့မွလက္မလႊတ္ပါနဲ႔…

လူတိုင္းကေတာ့ လွတာ မက္တာပါပဲ။ အထူးသျဖင့္ ေယာက်္ားေလးေတြက လွတာေလးေတြ၊ ခ်စ္စရာေကာင္းတဲ့ မိန္းကေလးေတြကို ပုိသေဘာက် တတ္ပါတယ္။ တကယ္တမ္း လက္တဲြမယ့္ မိန္းကေလး တစ္ေယာက္ဟာ လွေနဖို ႔လုိအပ္ သလားဆိုရင္ သူတို႔ကေတာ့ လိုတယ္လုိ႔ ပဲ ေျဖပါ လိမ္႔မယ္ ……။

လွတာထက္ ဒီလိုအဂၤါရပ္ေတြနဲ႔ ျပည္႔စံုေနတဲ့ မိန္မသား တစ္ေယာက္ကိုေတာ့ မင္းလက္မလႊတ္သင့္ ပါဘူးတဲ့။ သူတို႔က တကယ္ပဲ မင္းဘဝ အတြက္ အေထာက္ကူျဖစ္ေစမယ့္ ၊ လမ္းျပေပးႏုိင္မယ့္ မိန္းမေကာင္းေတြ မို႔လို႔ပါပဲေနာ္ …။

(၁) ေပ်ာ္ရႊင္မႈေတြေပးႏုိင္သူ

မင္းခ်စ္တဲ့လူက ေပ်ာ္ရႊင္မႈေတြေပး ႏုိင္မယ္ ထင္လား၊ ေပးခဲ့ရင္လည္း ခဏပါပဲ။ ကိုယ္ကခ်စ္ေပမယ့္ ထင္သေလာက္ မေပ်ာ္ရတဲ့ အခ်ိန္ေတြ ႐ွိမွာပါ။ အဓိက သူနဲ႔ကိုယ္ၾကားမွာ စိတ္ခ်မ္းသာစရာ ကိစၥေတြေပးစြမ္း ႏိုင္တဲ့ မိန္းကေလး မ်ဳိးေပါ့ …။

သူ႕ကိုေတြ႔လိုက္တာနဲ႔ ေအးခ်မ္း သြားတာ မ်ဳိးေပါ့။ ဒီလို ခံစားခ်က္မ်ဳိး မိန္းကေလးတုိင္းေပးႏုိင္မွာ မဟုတ္ပါဘူး။ မင္းအတြက္ စစ္မွန္တဲ့ မိန္းကေလး တစ္ေယာက္တည္းဆီကသာ မင္းရႏုိင္မွာ ျဖစ္ပါတယ္ …။

(၂) ႐ိုးသားသူ

ဒီေခတ္ၾကီးမွာ ႐ိုးသားတဲ့ လူဆိုတာ မရွိသေလာက္ ပါပဲ။ မ႐ိုးသားတဲ့လူတစ္ေယာက္ကို ယံုၾကည္ဖို႔ ဆိုတာလည္း မျဖစ္္ႏုိင္ ပါဘူး။ အားလံုးက ဆက္စပ္ေန ပါတယ္ …။

မင္းအေနနဲ႔ သူ ႔အေပၚ မယံု ရရင္ ေပ်ာ္ရႊင္မႈ ဆိုတာလည္း ႐ွိေတာ့မွာ မဟုတ္ပါဘူး။ တကယ္လို႔ ႐ိုးသားသူကိုေတြ႔ျပီဆိုရင္ေတာ့ ဒီမိန္းကေလးကို လက္မလႊတ္လိုက္ပါနဲ႔ …။

(၃) အေကာင္းျမင္သူ

ဒီလို လူမ်ဳိးလည္း ႐ွားပါတယ္။ ဒါေပမယ့္ ႐ွိေတာ့ ႐ွိတယ္။ အရာရာတိုင္း အေပၚ အေကာင္းျမင္တတ္ျပီး မနာလို စိတ္ကင္းတဲ့ မိန္းကေလးဆိုတာ ႐ွားပါ တယ္။ အနည္းက်ဥ္းေတာ့ မသိစိတ္ေလးမွာ အဆိုးျမင္ စိတ္ေတြ ေပါက္ဖြားၾက မွာပါပဲ ..။

ဒါေပမယ့္ အျမဲတမ္း အဆိုးျမင္တတ္တဲ့ မိန္းမမ်ဳိး ဆို မင္းအတြက္ မြန္းၾကပ္ေစမွာပါ။ သူမရဲ႕အေျပာဆိုေအာက္မွာ မင္းေန႔တိုင္း ေခါင္းကိုက္ေန ရပါ လိမ့္မယ္ေနာ္ …။

(၄) မင္းရဲ႕ရည္မွန္းခ်က္ေတြ ျဖည့္ဆည္းေပးသူ

မင္း ဘာျဖစ္ခ်င္လဲ ၊ ဘယ္လမ္းေလွ်ာက္ခ်င္တဲ့ဆို သူမပါအတူ လမ္းေဖာက္ေပးမယ့္ သူမ်ဳိးေပါ့။ ရည္မွန္းခ်က္ အိပ္မက္ေတြ အေကာင္ထည္ေဖာ္ဖုိ႔ ေဘးကေန အားအင္အျဖစ္ ပ့ံပိုးေပးႏိုင္ သူမ်ဳိးျဖစ္ ပါတယ္ …။

ေယာက်္ားေလးေတြဟာ ဘယ္ေလာက္ပဲ ၾကိဳးစား ၾကိဳးစား ေဘးနားက အားျဖစ္ေစမယ့္ မိန္းကေလးတစ္ေယာက္ ကိုေတာ့ အျမဲတမ္း လိုအပ္ပါတယ္ ……။

ဆက္ဆံေရးေကာင္းသူ

အေပၚယံေပါင္းသင္း တတ္တာမ်ဳိးေျပာတာ မဟုတ္ပါဘူး။ လူတိုင္းနဲ႔ ရင္ထဲက လႈိက္လႈိက္လွဲလွဲ ဝင္ဆံံ့ႏိုင္ေအာင္ ေပါင္းသင္းႏုိင္တဲ့ မိန္းကေလးမ်ဳိးပါ။ စေတြ႔တာနဲ႔ အေပၚယံၾကည့္ ဆံုးျဖတ္တာ မ်ဳိးမဟုတ္ပဲ စကားေတြေျပာၾကည့္ျပီး အဆင္ေျပေအာင္ ေနတတ္သူမ်ိဳးေပါ႔ ..။

ဆက္ဆံေရးေကာင္းတဲ့ မိန္းကေယာက္ တစ္ေယာက္ကို ပုိင္ဆုိင္ ထားရတာဟာ မင္းအတြက္ ဆုလာဘ္ တစ္ခု ပါပဲ …။

ဒီအခ်က္ေတြ နဲ႔လည္း ျပည့္စံုျပီိ။ သူမကလည္း လွတယ္ ဆိုရင္ေတာ့ ဘုရားကေပးတဲ့ အပိုဆုေလးကို မင္းပုိင္ဆုိင္ထားတာပါပဲေနာ္ …။

ကဲ…. ဘာမ်ားလိုဦးမလဲ….?

Credit – ေမသၾကၤန္ဟိန္(ျမစ္မခ)

Unicode Version ဖြင့်ဖတ်ရန်

ဒီအင်္ဂါရပ်တွေနဲ့ ပြည့်စုံနေတဲ့ မိန်မသားတစ်ယောက်ကို ဘယ်တော့မှလက်မလွှတ်ပါနဲ့…

လူတိုင်းကတော့ လှတာ မက်တာပါပဲ။ အထူးသဖြင့် ယောက်ျားလေးတွေက လှတာလေးတွေ၊ ချစ်စရာကောင်းတဲ့ မိန်းကလေးတွေကို ပိုသဘောကျ တတ်ပါတယ်။ တကယ်တမ်း လက်တွဲမယ့် မိန်းကလေး တစ်ယောက်ဟာ လှနေဖို့လိုအပ် သလားဆိုရင် သူတို့ကတော့ လိုတယ်လို့ ပဲ ဖြေပါ လိမ့်မယ် …။

လှတာထက် ဒီလိုအင်္ဂါရပ်တွေနဲ့ ပြည့်စုံနေတဲ့ မိန်မသား တစ်ယောက်ကိုတော့ မင်းလက်မလွှတ်သင့် ပါဘူးတဲ့။ သူတို့က တကယ်ပဲ မင်းဘဝ အတွက် အထောက်ကူဖြစ်စေမယ့် ၊ လမ်းပြပေးနိုင်မယ့် မိန်းမကောင်းတွေ မို့လို့ပါပဲနော် …။

(၁) ပျော်ရွှင်မှုတွေပေးနိုင်သူ

မင်းချစ်တဲ့လူက ပျော်ရွှင်မှုတွေပေး နိုင်မယ် ထင်လား၊ ပေးခဲ့ရင်လည်း ခဏပါပဲ။ ကိုယ်ကချစ်ပေမယ့် ထင်သလောက် မပျော်ရတဲ့ အချိန်တွေ ရှိမှာပါ။ အဓိက သူနဲ့ကိုယ်ကြားမှာ စိတ်ချမ်းသာစရာ ကိစ္စတွေပေးစွမ်း နိုင်တဲ့ မိန်းကလေး မျိုးပေါ့ …။

သူ့ကိုတွေ့လိုက်တာနဲ့ အေးချမ်း သွားတာ မျိုးပေါ့။ ဒီလို ခံစားချက်မျိုး မိန်းကလေးတိုင်းပေးနိုင်မှာ မဟုတ်ပါဘူး။ မင်းအတွက် စစ်မှန်တဲ့ မိန်းကလေး တစ်ယောက်တည်းဆီကသာ မင်းရနိုင်မှာ ဖြစ်ပါတယ် …။

(၂) ရိုးသားသူ

ဒီခေတ်ကြီးမှာ ရိုးသားတဲ့ လူဆိုတာ မရှိသလောက် ပါပဲ။ မရိုးသားတဲ့လူတစ်ယောက်ကို ယုံကြည်ဖို့ ဆိုတာလည်း မဖြစ်နိုင် ပါဘူး။ အားလုံးက ဆက်စပ်နေ ပါတယ် …။

မင်းအနေနဲ့ သူ့အပေါ် မယုံ ရရင် ပျော်ရွှင်မှု ဆိုတာလည်း ရှိတော့မှာ မဟုတ်ပါဘူး။ တကယ်လို့ ရိုးသားသူကိုတွေ့ပြီဆိုရင်တော့ ဒီမိန်းကလေးကို လက်မလွှတ်လိုက်ပါနဲ့ …။

(၃) အကောင်းမြင်သူ

ဒီလို လူမျိုးလည်း ရှားပါတယ်။ ဒါပေမယ့် ရှိတော့ ရှိတယ်။ အရာရာတိုင်း အပေါ် အကောင်းမြင်တတ်ပြီး မနာလို စိတ်ကင်းတဲ့ မိန်းကလေးဆိုတာ ရှားပါ တယ်။ အနည်းကျဉ်းတော့ မသိစိတ်လေးမှာ အဆိုးမြင် စိတ်တွေ ပေါက်ဖွားကြ မှာပါပဲ ..။

ဒါပေမယ့် အမြဲတမ်း အဆိုးမြင်တတ်တဲ့ မိန်းမမျိုး ဆို မင်းအတွက် မွန်းကြပ်စေမှာပါ။ သူမရဲ့အပြောဆိုအောက်မှာ မင်းနေ့တိုင်း ခေါင်းကိုက်နေ ရပါ လိမ့်မယ်နော် …။

(၄) မင်းရဲ့ရည်မှန်းချက်တွေ ဖြည့်ဆည်းပေးသူ

မင်း ဘာဖြစ်ချင်လဲ ၊ ဘယ်လမ်းလျှောက်ချင်တဲ့ဆို သူမပါအတူ လမ်းဖောက်ပေးမယ့် သူမျိုးပေါ့။ ရည်မှန်းချက် အိပ်မက်တွေ အကောင်ထည်ဖော်ဖို့ ဘေးကနေ အားအင်အဖြစ် ပံ့ပိုးပေးနိုင် သူမျိုးဖြစ် ပါတယ် …။

ယောက်ျားလေးတွေဟာ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား ဘေးနားက အားဖြစ်စေမယ့် မိန်းကလေးတစ်ယောက် ကိုတော့ အမြဲတမ်း လိုအပ်ပါတယ် …။

ဆက်ဆံရေးကောင်းသူ

အပေါ်ယံပေါင်းသင်း တတ်တာမျိုးပြောတာ မဟုတ်ပါဘူး။ လူတိုင်းနဲ့ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဝင်ဆံ့နိုင်အောင် ပေါင်းသင်းနိုင်တဲ့ မိန်းကလေးမျိုးပါ။ စတွေ့တာနဲ့ အပေါ်ယံကြည့် ဆုံးဖြတ်တာ မျိုးမဟုတ်ပဲ စကားတွေပြောကြည့်ပြီး အဆင်ပြေအောင် နေတတ်သူမျိုးပေါ့ ..။

ဆက်ဆံရေးကောင်းတဲ့ မိန်းကယောက် တစ်ယောက်ကို ပိုင်ဆိုင် ထားရတာဟာ မင်းအတွက် ဆုလာဘ် တစ်ခု ပါပဲ …။

ဒီအချက်တွေ နဲ့လည်း ပြည့်စုံပြီ။ သူမကလည်း လှတယ် ဆိုရင်တော့ ဘုရားကပေးတဲ့ အပိုဆုလေးကို မင်းပိုင်ဆိုင်ထားတာပါပဲနော် …။

ကဲ…. ဘာများလိုဦးမလဲ….?

Credit – မေသင်္ကြန်ဟိန်(မြစ်မခ)