ခရက်ဒစ်
Unicode Version ဖြင့်ဖတ်ရန်
မိမိစိတ်ထဲ ကံနိမ့်နေတယ်လို့ ထင်ရင် လုပ်ကြည့်သင့်တဲ့ အရာများ…
ကံတွေ နိမ့်နေပါလားလို့ စိတ်ထဲမှာ ဖြစ်ပေါ်လာရင် ဒါလေး လုပ်ကြည့်ပါ။ ထူးခြား လာတာကို တွေ့ရပါလိမ့်မယ်နော် . . .။
လောကကြီးမှာ ဘာပဲလုပ်လုပ် အမြဲတမ်းအဆင်ပြေတယ်၊ တစ်သမတ်တည်း ဖြစ်နေတယ်ဆိုတာ မရှိဘူး . . .။
အလုပ်အကိုင်တွေလည်း ကောင်းလိုက်၊ မကောင်းလိုက် ကျမ်းမာရေး ကောင်းလိုက် ညံ့လိုက် ဒါမှမဟုတ် စီးပွားရေး ကျလိုက် တက်လိုက် စသဖြင့် ဘဝပင်လယ်ပြင်မှာ ကံကြမ္မာရေလှိုင်း၏ နိမ့်ရာမြင့်ရာအတိုင်း မြောပါနေ ကြရတာပဲ ဖြစ်ပါတယ် . . .။
အဲလို ကျင်လည်နေကျရတဲ့အတွက် အဆင်ပြေနေရာကနေ ရုတ်တရက် အဆင်မပြေဖြစ်ခြင်း အလုပ်အကိုင် မကောင်းဖြစ်ခြင်း လာဘ်လာဘတ် တိတ်ခြင်းစသည်တို့ကို တွေ့တဲ့အခါ . . .၊
ငါကံဆိုးနေပါလား ကံတွေ နိမ့်နေပါလား လို့ စိတ်ထဲမှာ ဖြစ်ပေါ်လာရင် မြတ်စွာဘုရားအား ရည်မှန်းပြီးအောက်ပါအတိုင်း ဘုရားဆွမ်းတော်တင်ပေးပါ။ အဲဒါလေး လုပ်လိုက်ရင် ထူးခြား လာတာကို တွေ့ရပါလိမ့်မယ် . . .။
တနင်္ဂနွေ သားသမီးဖြစ်သော် ငှက်ပျောသီး ဆယ်လုံး အခွံနွာ၍ ပန်းကန်ပြား တွင် ထည့် ပါ အပေါ်မှ သကြား ဖြူးပါ . . .။
တနင်္ဂနွေနေ့ နံက် (၉း၄၅) တွင် အိမ်ဘုရားစင်၌ ဆွမ်းတော် ကပ်ပါ . . .။
တနင်္လာ သားသမီး ဖြစ်သော် ပန်းကန်လုံးတွင် ဇီးသီးအပြည့် ထည့်၍ တနင်္လာနေ့ နံက် (၉း၄၅)တွင် အိမ်ဘုရားစင် ၌ ကပ်လှူပါ . . .။
အင်္ဂါ သားသမီး ဖြစ်သော် ကြွေပန်းကန်ပြား အတွင်း၌ လက်ဖက် အသားချဉ်း ငါးပုံ ပုံ၍ အင်္ဂါနေ နံနက် (၉း၄၅) မိနစ်တွင် မိမိ အိမ်ဘုရားစင်၌ ကပ်လှူ ပူဇော်ပါ …။
ဗုဒ္ဓဟူး သားသမီး ဖြစ်သော် ပန်းကန်ပြား သုံးချပ်၌ ပဲ ပြုတ်များ ထည့်ကာ ဗုဒ္ဓဟူးနေ့နံက် (၉း၄၅) တွင် မိမိ အိမ်ဘုရား၌ပင် ကပ်လှူ ပူဇော်ပါ …။
ကြာသပတေး သားသမီးဖြစ်ပါက သရက်သီး (၆)စိပ်ကို ကြာသပတေးနေ့ နံက် (၉း၄၅) တွင် မိမိ အိမ်ဘုရား စင်၌ ကပ်လှူ ပူဇော်ပါလေ …။
သောကြာ သားသမီး ဖြစ်သော် ဖန်ခွက် ရှစ်ခွက်ဖြင့် နွားနို့ စစ်စစ်ကို အစိမ်း အတိုင်းထည့် ၍ သောကြာနေ့ နံက် (၉း၄၅)တွင် မိမိ အိမ်ဘုရား၌ပင် ကပ်လှူ ပူဇော်ပေးပါ …။
စနေ သားသမီးဖြစ်သော် အုန်းသီးကို ခြစ်၍ ပန်းကန်ပြား အသေး ရှစ် ပန်းကန်တွင် ခွဲ၍ ထည့်ပြီး စနေနေ့ နံက် (၉း၄၅)တွင် မိမိ အိမ်ဘုရား၌ ကပ်လှူပူဇော်ပေးပါ …။ ။
ခရက်ဒစ်