ကိုယ္ခ်စ္ရတဲ့သူက ကိုယ့္ကိုလိမ္ေနတယ္လို႔ သိလိုက္ရတဲ့အခ်ိန္မွာ….

ကိုယ္ခ်စ္ရတဲ့သူက ကိုယ့္ကိုလိမ္ေနတယ္လို႔ သိလိုက္ရတဲ့အခ်ိန္မွာ….

တစ္ခါတရံမွာ ကိုယ္ခ်စ္ရတဲ့သူက ကိုယ့္ကို လိမ္ေနတယ္၊ အဲဒါကိုလည္း ကိုယ္က သိေနတယ္ …။

ဒါေပမယ့္ ကိုယ္က ဘာမွမတတ္နိုင္တဲ့ အေျခအေနမ်ိဳးမွာ ေရာက္ေနတယ္ဆိုရင္ စိတ္ပင္ပန္းဆင္းရဲမႈကို ခံစားေနရမွာေတာ႔ အေသအခ်ာပါပဲ …။

ကိုယ္ခ်စ္ရတဲ့သူက ကိုယ့္ကို လိမ္ေနတယ္လို႔ သိလိုက္ရတဲ့အခ်ိန္မွာ

ကိုယ့္ရဲ႕ ယံုၾကည္မႈကို အလြဲသံုးစား လုပ္ရက္ေလျခင္း၊ ကိုယ့္ကို လိမ္ရက္ေလျခင္းဆိုတဲ့ ခံစားခ်က္ေတြကို ပြားမ်ားေအာင္ ေတြးေတာမေနပဲ ဒါေလးေတြကို သတိရဖို႔ ေျပာခ်င္ပါတယ္ေနာ္ …။

(၁) လိမ္တဲ့သူက ကိုယ္ခံစားရတာထက္ ပိုၿပီး ခံစားရမယ္ဆိုတာ သတိရပါ။

မေကာင္းမႈတစ္ခုလုပ္တဲ့ သူဟာ တခ်ိန္ခ်ိန္မွာ ၀ဋ္ ျပန္လည္ပါလိမ္႔မယ္ …။

ကိုယ့္ရဲ႕ယံုၾကည္မႈေတြကို အလြဲသံုးစား လုပ္ခဲ့သလိုမ်ိဳး သူလည္း တစ္ခ်ိန္ခ်ိန္မွာ ျပန္ၾကံဳရမယ္ဆိုတာ အေသအခ်ာပါပဲ …။

ဒါေၾကာင့္ ကိုယ့္ကို လိမ္တဲ့သူကို ကိုယ္တိုင္ အပင္ပန္းခံ တံု႔ျပန္ေနဖို႔ မလိုပါဘူး ..။

(၂) သူလိမ္ေနတာကို သိရတာဟာ ကံေကာင္းတယ္လို႔ ေတြးပါ။

သူကိုယ့္ကို လိမ္ေနပါလား ဆိုတဲ့ အမွန္တရားက ခါးသီးေပမယ့္ ဒါကို မသိပဲ လူလိမ္ကို လူေကာင္းလို႔ ထင္မွတ္ေနတာက ပိုျပီး ဆိုးပါတယ္ …။

လိမ္ေနမွန္း ေစာေစာသိရေတာ့ လူလိမ္ေတြနဲ႕ လမ္းခြဲဖုိ႕ ျပင္ဆင္ခ်ိန္ ပိုရတယ္ ပဲ မွတ္လိုက္ပါ …။

(၃) လူလိမ္ဆိုတာ နာက်င္မႈေတြကိုပဲ ေပးမွာမို႔ လမ္းခြဲဖို႕စဥ္းစားပါ။

ကံငါးပါးမွာ မုသာ၀ါဒ တစ္ပါးတည္းပဲ မလံုတာဆိုတဲ့ သူေတြက ေၾကာက္စရာ အေကာင္းဆံုးပါ …။

ဒီတစ္ပါးကိုု ခ်ိဳးေဖာက္ျပီး က်န္တာအားလံုး ဆက္တိုက္က်ဴးလြန္နိုင္တာေၾကာင့္ ဆက္ျပီး လက္တြဲမယ္ဆိုရင္ ကိုယ္ပဲ နာက်င္ေနရပါ လိမ္႔မယ္ …။

(၄) လမ္းခြဲျပီးရင္လည္း ေမတၱာပို႕ေပးလိုက္ပါ။

မ်က္လံုးတစ္လံုးအတြက္ မ်က္လံုးတစ္လံုး အစားျပန္ယူေနရင္ တစ္ကမၻာလံုး မ်က္ကန္းေတြခ်ည္းပဲ ျဖစ္သြားမွာေပါ့ …။

တစ္ခ်ိဳ႕ေတြက ခြင့္လႊတ္ဖို႔ မတန္သလို တခ်ိဳ႕ေတြက်ေတာ့လည္း စိတ္ဆိုးေနဖို႔ကို မတန္တာေၾကာင့္ပါ …။

လိမ္တာက ကိုယ္မဟုတ္တဲ့အတြက္ ကိုယ္က ခံစားေနစရာ အေၾကာင္းလည္း မရွိပါဘူး ..။

(၅) လူလိမ္ေတြ ဆံုးရံႈးလိုက္ရတာက ကိုယ့္တစ္ေယာက္တည္းရဲ႕ ယံုၾကည္မႈမဟုတ္ပါဘူး။

သူနဲ႕ကိုယ့္အသိုင္းအ၀ိုင္းက လူေတြအားလံုးရဲ႕ ယံုၾကည္မႈကိုပါ ဆံုးရံႈးလိုက္ရတာပဲ ျဖစ္ပါတယ္ …။

ယံုၾကည္မႈဆိုတာ တစ္ခါဆံုးရံႈးျပီးရင္ ျပန္ရဖို႔ မလြယ္တာမို႕ သူတို႔ကို လူေတြျပန္ယံုၾကည္ဖို႔ဆိုတာ မျဖစ္ႏိုင္သေလာက္ပါပဲ …။ ။

Credit – မူရင္း

Unicode Version ဖြင့်ဖတ်ရန်

ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကိုလိမ်နေတယ်လို့ သိလိုက်ရတဲ့အချိန်မှာ….

တစ်ခါတရံမှာ ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကို လိမ်နေတယ်၊ အဲဒါကိုလည်း ကိုယ်က သိနေတယ် …။

ဒါပေမယ့် ကိုယ်က ဘာမှမတတ်နိုင်တဲ့ အခြေအနေမျိုးမှာ ရောက်နေတယ်ဆိုရင် စိတ်ပင်ပန်းဆင်းရဲမှုကို ခံစားနေရမှာတော့ အသေအချာပါပဲ …။

ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကို လိမ်နေတယ်လို့ သိလိုက်ရတဲ့အချိန်မှာ

ကိုယ့်ရဲ့ ယုံကြည်မှုကို အလွဲသုံးစား လုပ်ရက်လေခြင်း၊ ကိုယ့်ကို လိမ်ရက်လေခြင်းဆိုတဲ့ ခံစားချက်တွေကို ပွားများအောင် တွေးတောမနေပဲ ဒါလေးတွေကို သတိရဖို့ ပြောချင်ပါတယ်နော် …။

(၁) လိမ်တဲ့သူက ကိုယ်ခံစားရတာထက် ပိုပြီး ခံစားရမယ်ဆိုတာ သတိရပါ။

မကောင်းမှုတစ်ခုလုပ်တဲ့ သူဟာ တချိန်ချိန်မှာ ဝဋ် ပြန်လည်ပါလိမ့်မယ် …။

ကိုယ့်ရဲ့ယုံကြည်မှုတွေကို အလွဲသုံးစား လုပ်ခဲ့သလိုမျိုး သူလည်း တစ်ချိန်ချိန်မှာ ပြန်ကြုံရမယ်ဆိုတာ အသေအချာပါပဲ …။

ဒါကြောင့် ကိုယ့်ကို လိမ်တဲ့သူကို ကိုယ်တိုင် အပင်ပန်းခံ တုံ့ပြန်နေဖို့ မလိုပါဘူး ..။

(၂) သူလိမ်နေတာကို သိရတာဟာ ကံကောင်းတယ်လို့ တွေးပါ။

သူကိုယ့်ကို လိမ်နေပါလား ဆိုတဲ့ အမှန်တရားက ခါးသီးပေမယ့် ဒါကို မသိပဲ လူလိမ်ကို လူကောင်းလို့ ထင်မှတ်နေတာက ပိုပြီး ဆိုးပါတယ် …။

လိမ်နေမှန်း စောစောသိရတော့ လူလိမ်တွေနဲ့ လမ်းခွဲဖို့ ပြင်ဆင်ချိန် ပိုရတယ် ပဲ မှတ်လိုက်ပါ …။

(၃) လူလိမ်ဆိုတာ နာကျင်မှုတွေကိုပဲ ပေးမှာမို့ လမ်းခွဲဖို့စဉ်းစားပါ။

ကံငါးပါးမှာ မုသာဝါဒ တစ်ပါးတည်းပဲ မလုံတာဆိုတဲ့ သူတွေက ကြောက်စရာ အကောင်းဆုံးပါ …။

ဒီတစ်ပါးကို ချိုးဖောက်ပြီး ကျန်တာအားလုံး ဆက်တိုက်ကျူးလွန်နိုင်တာကြောင့် ဆက်ပြီး လက်တွဲမယ်ဆိုရင် ကိုယ်ပဲ နာကျင်နေရပါ လိမ့်မယ် …။

(၄) လမ်းခွဲပြီးရင်လည်း မေတ္တာပို့ပေးလိုက်ပါ။

မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး အစားပြန်ယူနေရင် တစ်ကမ္ဘာလုံး မျက်ကန်းတွေချည်းပဲ ဖြစ်သွားမှာပေါ့ …။

တစ်ချို့တွေက ခွင့်လွှတ်ဖို့ မတန်သလို တချို့တွေကျတော့လည်း စိတ်ဆိုးနေဖို့ကို မတန်တာကြောင့်ပါ …။

လိမ်တာက ကိုယ်မဟုတ်တဲ့အတွက် ကိုယ်က ခံစားနေစရာ အကြောင်းလည်း မရှိပါဘူး ..။

(၅) လူလိမ်တွေ ဆုံးရှုံးလိုက်ရတာက ကိုယ့်တစ်ယောက်တည်းရဲ့ ယုံကြည်မှုမဟုတ်ပါဘူး။

သူနဲ့ကိုယ့်အသိုင်းအဝိုင်းက လူတွေအားလုံးရဲ့ ယုံကြည်မှုကိုပါ ဆုံးရှုံးလိုက်ရတာပဲ ဖြစ်ပါတယ် …။

ယုံကြည်မှုဆိုတာ တစ်ခါဆုံးရှုံးပြီးရင် ပြန်ရဖို့ မလွယ်တာမို့ သူတို့ကို လူတွေပြန်ယုံကြည်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ …။ ။

Credit – မူရင်း