သင့္ကိုရူးရူးမူးမူးခ်စ္ေနတဲ့ ေယာက်္ားေလးဆီကသာ ရႏိုင္မယ့္အရာ(၅)ခု…

သင့္ကိုရူးရူးမူးမူးခ်စ္ေနတဲ့ ေယာက်္ားေလးဆီကသာ ရႏိုင္မယ့္အရာ(၅)ခု…

ေယာက်္ားေလးေတြဟာ မိန္းကေလးတစ္ေယာက္ကို ႐ူး႐ူးမူးမူးခ်စ္ေနၿပီလား ဆိုတာကို သူတို႔အမူအရာအားျဖင့္ သိႏိုင္ပါတယ္။ ဒါေၾကာင့္ သင့္ ခ်စ္သူဆီက ဒါမွမဟုတ္ ေယာက်္ားေလးတစ္ေယာက္ေယာက္ ဆီက ဒီအရာေတြကို ရေနတယ္ ဆိုရင္ေတာ့ အဲ့ဒီ့လူက သင့္ကို ႐ူး႐ူးမူးမူးခ်စ္ေနလို႔ဆိုတာ သိလုိက္ပါေတာ့ …..။

(၁) လာႀကိဳတယ္”

သင္ဟာ အလုပ္မွာပင္ပန္းတယ္၊ ကားလမ္းေတြပိတ္ၿပီး ျပန္ဖို႔ေတာင္ ဝန္ေလးေနတဲ့အျပင္ကို မိုးေတြ႐ြာေနတဲ့ ေန႔မ်ိဳးဆိုရင္ အိမ္ျပန္ဖို႔နဲ႔ ပတ္သက္ၿပီး တအားစိတ္ညစ္ ေနတတ္ပါတယ္ …။

ဒါေပမယ့္ အဲဒီ့အခ်ိန္မွာ သင့္ခ်စ္သူက သင့္ကို အၿပဳံးေလးနဲ႔ လာႀကိဳၿပီး သင္အလုပ္ၿပီးမယ့္ အခ်ိန္ကို မညီးမညဴေစာင့္ေပးတယ္ ဆိုရင္ေတာ့ သင့္ကို ေတာ္ေတာ္ခ်စ္လို႔ဆိုတာကို သိထားလိုက္ပါ …။

(၂) ဘယ္သြားသြားလိုက္ေပးတယ္”

ေယာက်္ာေလးေတြဟာ လူမ်ားၿပီး စည္ကားတဲ့ ေနရာေတြသြားရတာ သိပ္မႀကိဳက္ပါဘူး။ အရင္က တစ္ခ်ိန္လုံး ဂိမ္းပဲထိုင္ေဆာ့ေနတဲ့ သင့္ခ်စ္သူက သင္ဆက္သြယ္တိုင္း အခ်ိန္ေပးတယ္၊ သင္သြားခ်င္တဲ့ ေနရာတိုင္းလိုလို လိုက္ေပးတယ္၊ shopping ထြက္တာေတာင္ လိုက္ေပးတယ္ဆိုရင္ေတာ့ သင့္ကို ႐ူး႐ူးမူးမူး ခ်စ္ေနၿပီဆိုတာကို အေသအခ်ာပါပဲေနာ္ …။

(၃) သင္ႀကိဳက္သလို ဆင္ခြင့္ေပးတယ္”

ေယာက်္ားေလးေတာ္ေတ္ာမ်ားမ်ားက ဖက္ရွင္အျမင္မရွိသလို သိပ္လည္း စိတ္မဝင္စားၾကပါဘူး။ သူတို႔ အတြက္ လြတ္လပ္ၿပီး သူတို႔ ႏွစ္သက္တဲ့ ပုံစံျဖစ္ေနရင္ ဘယ္ေလာက္ပဲ ပုံတုံးတုံး ဝတ္ေလ႔ ရိွၾကပါတယ္ …။

ဒီအရာနဲ႔ ပတ္သက္ၿပီးလည္း သူတို႔ကို ဘယ္သူမွေျပာလို႔မရပါဘူး။ ဒါေပမယ့္ သင့္ခ်စ္သူက သူဝတ္မယ့္အဝတ္အစားေတြကို သင့္စိတ္ႀကိဳက္ ဝတ္ေပးတယ္၊ သူအဝတ္လဲခါနီးက်ရင္ ဘာဝတ္ရမလဲ သင့္ကို ေမးေနၿပီဆိုရင္ သင့္ကိုအရမ္းခ်စ္လို႔ပါပဲ …။

(၄) သင့္ရဲ႕အျမင္ေတြကိုအေလးထားတယ္”

ေယာက်္ားေလးေတြ ေတာ္ေတ္ာမ်ားးမ်ားက ေခါင္းမာၿပီး တစ္ဇြတ္ထိုးဆန္ၾကတယ္။ သူတို႔ရဲ႕ ေ႐ြးခ်ယ္မႈအျပင္ ဘယ္သူ႔ရဲ႕ အႀကံေပးမႈမ်ိဳးကိုမွ လက္မခံ တတ္ၾကပါဘူး …။

ဒါေပမယ့္ သင့္ခ်စ္သူက သူဆုံးျဖတ္ခ်က္ခ်ခါနီးတိုင္း သင့္ရဲ႕အျမင္၊ အယူအဆေတြကို ေမးတယ္၊ အေလးအနက္ထားၿပီး ထည့္စဥ္းစားေပးတယ္ဆိုရင္ သင့္ကို ေလးစားတဲ့အျပင္ ေတာ္ေတာ္ေလး ခ်စ္လို႔ပဲ ျဖစ္ပါတယ္ …။

(၅) သူ႔ရဲ႕ပူပင္ေသာကေတြအေၾကာင္းရင္ဖြင့္တယ္”

မိန္းကေလးေတြလိုပဲ ေယာက်္ားေလးေတြမွာလည္း စိုးရိမ္ေၾကာက္႐ြံ႕မႈေတြ၊ ပူပင္ေသာကေတြ ရွိပါတယ္။ ေယာက်္ားေလးေတြရဲ႕ သဘာဝအရ သူတို႔ရဲ႕ ပူပင္ေသာကေတြကို ထုတ္ေျပာေလ့မရွိပါဘူး။ အေၾကာင္းကေတာ့ သူတို႔ရဲ႕ အားနည္းခ်က္ကို သူမ်ားကို မသိေစခ်င္လို႔ ျဖစ္ပါတယ္ ……။

ဒါေပမယ့္ သင့္ခ်စ္သူက သူ႔ရဲ႕ ပူပင္ေသာကေတြကို ရင္ဖြင့္မယ္၊ အဲလိုရင္ဖြင့္တဲ့ အထဲကမွ သင့္ကို ႐ူး႐ူးမူးမူးခ်စ္ေၾကာင္း ရွင္းရွင္းလင္းလင္းသိေစႏိုင္မယ့္ စကားတစ္ခြန္းကေတာ့ “ငါ နင့္ကို ဆုံးရႈံးရမွာေၾကာက္တယ္” ဆိုတဲ့ စကားပါပဲေနာ္ …။ ။

Credit

Unicode Version ဖြင့်ဖတ်ရန်

သင့်ကိုရူးရူးမူးမူးချစ်နေတဲ့ ယောက်ျားလေးဆီကသာ ရနိုင်မယ့်အရာ(၅)ခု…

ယောက်ျားလေးတွေဟာ မိန်းကလေးတစ်ယောက်ကို ရူးရူးမူးမူးချစ်နေပြီလား ဆိုတာကို သူတို့အမူအရာအားဖြင့် သိနိုင်ပါတယ်။ ဒါကြောင့် သင့် ချစ်သူဆီက ဒါမှမဟုတ် ယောက်ျားလေးတစ်ယောက်ယောက် ဆီက ဒီအရာတွေကို ရနေတယ် ဆိုရင်တော့ အဲ့ဒီ့လူက သင့်ကို ရူးရူးမူးမူးချစ်နေလို့ဆိုတာ သိလိုက်ပါတော့ …။

(၁) လာကြိုတယ်”

သင်ဟာ အလုပ်မှာပင်ပန်းတယ်၊ ကားလမ်းတွေပိတ်ပြီး ပြန်ဖို့တောင် ဝန်လေးနေတဲ့အပြင်ကို မိုးတွေရွာနေတဲ့ နေ့မျိုးဆိုရင် အိမ်ပြန်ဖို့နဲ့ ပတ်သက်ပြီး တအားစိတ်ညစ် နေတတ်ပါတယ် …။

ဒါပေမယ့် အဲဒီ့အချိန်မှာ သင့်ချစ်သူက သင့်ကို အပြုံးလေးနဲ့ လာကြိုပြီး သင်အလုပ်ပြီးမယ့် အချိန်ကို မညီးမညူစောင့်ပေးတယ် ဆိုရင်တော့ သင့်ကို တော်တော်ချစ်လို့ဆိုတာကို သိထားလိုက်ပါ …။

(၂) ဘယ်သွားသွားလိုက်ပေးတယ်”

ယောက်ျာလေးတွေဟာ လူများပြီး စည်ကားတဲ့ နေရာတွေသွားရတာ သိပ်မကြိုက်ပါဘူး။ အရင်က တစ်ချိန်လုံး ဂိမ်းပဲထိုင်ဆော့နေတဲ့ သင့်ချစ်သူက သင်ဆက်သွယ်တိုင်း အချိန်ပေးတယ်၊ သင်သွားချင်တဲ့ နေရာတိုင်းလိုလို လိုက်ပေးတယ်၊ shopping ထွက်တာတောင် လိုက်ပေးတယ်ဆိုရင်တော့ သင့်ကို ရူးရူးမူးမူး ချစ်နေပြီဆိုတာကို အသေအချာပါပဲနော် …။

(၃) သင်ကြိုက်သလို ဆင်ခွင့်ပေးတယ်”

ယောက်ျားလေးတော်တော်များများက ဖက်ရှင်အမြင်မရှိသလို သိပ်လည်း စိတ်မဝင်စားကြပါဘူး။ သူတို့ အတွက် လွတ်လပ်ပြီး သူတို့ နှစ်သက်တဲ့ ပုံစံဖြစ်နေရင် ဘယ်လောက်ပဲ ပုံတုံးတုံး ဝတ်လေ့ ရှိကြပါတယ် …။

ဒီအရာနဲ့ ပတ်သက်ပြီးလည်း သူတို့ကို ဘယ်သူမှပြောလို့မရပါဘူး။ ဒါပေမယ့် သင့်ချစ်သူက သူဝတ်မယ့်အဝတ်အစားတွေကို သင့်စိတ်ကြိုက် ဝတ်ပေးတယ်၊ သူအဝတ်လဲခါနီးကျရင် ဘာဝတ်ရမလဲ သင့်ကို မေးနေပြီဆိုရင် သင့်ကိုအရမ်းချစ်လို့ပါပဲ …။

(၄) သင့်ရဲ့အမြင်တွေကိုအလေးထားတယ်”

ယောက်ျားလေးတွေ တော်တော်များများက ခေါင်းမာပြီး တစ်ဇွတ်ထိုးဆန်ကြတယ်။ သူတို့ရဲ့ ရွေးချယ်မှုအပြင် ဘယ်သူ့ရဲ့ အကြံပေးမှုမျိုးကိုမှ လက်မခံ တတ်ကြပါဘူး …။

ဒါပေမယ့် သင့်ချစ်သူက သူဆုံးဖြတ်ချက်ချခါနီးတိုင်း သင့်ရဲ့အမြင်၊ အယူအဆတွေကို မေးတယ်၊ အလေးအနက်ထားပြီး ထည့်စဉ်းစားပေးတယ်ဆိုရင် သင့်ကို လေးစားတဲ့အပြင် တော်တော်လေး ချစ်လို့ပဲ ဖြစ်ပါတယ် …။

(၅) သူ့ရဲ့ပူပင်သောကတွေအကြောင်းရင်ဖွင့်တယ်”

မိန်းကလေးတွေလိုပဲ ယောက်ျားလေးတွေမှာလည်း စိုးရိမ်ကြောက်ရွံ့မှုတွေ၊ ပူပင်သောကတွေ ရှိပါတယ်။ ယောက်ျားလေးတွေရဲ့ သဘာဝအရ သူတို့ရဲ့ ပူပင်သောကတွေကို ထုတ်ပြောလေ့မရှိပါဘူး။ အကြောင်းကတော့ သူတို့ရဲ့ အားနည်းချက်ကို သူများကို မသိစေချင်လို့ ဖြစ်ပါတယ် …။

ဒါပေမယ့် သင့်ချစ်သူက သူ့ရဲ့ ပူပင်သောကတွေကို ရင်ဖွင့်မယ်၊ အဲလိုရင်ဖွင့်တဲ့ အထဲကမှ သင့်ကို ရူးရူးမူးမူးချစ်ကြောင်း ရှင်းရှင်းလင်းလင်းသိစေနိုင်မယ့် စကားတစ်ခွန်းကတော့ “ငါ နင့်ကို ဆုံးရှုံးရမှာကြောက်တယ်” ဆိုတဲ့ စကားပါပဲနော် …။ ။

Credit