သိပ္အနိုင္ယူလြန္းတဲ့ သူေတြက တစ္ခ်ိန္ခ်ိန္မွာ ရင္ကြဲပတ္လက္က်န္ခဲ့ရတတ္တယ္…

သိပ္အနိုင္ယူလြန္းတဲ့ သူေတြက တစ္ခ်ိန္ခ်ိန္မွာ ရင္ကြဲပတ္လက္က်န္ခဲ့ရတတ္တယ္…

ကၽြန္ေတာ့္ သူငယ္ခ်င္းတစ္ေယာက္ကို ေတြ႕ဖူးတယ္။ သူ႕ခ်စ္သူ ေကာင္မေလးအေပၚမွာ သိပ္အနိုင္ယူလြန္းတာမ်ား ေဘးကလူေတာင္ ဝင္တားရတာမ်ိဳး အထိပါ။ ရန္ေတြ ျဖစ္ၿပီး အနိုင္ယူတယ္။ သူ႕ဘက္က စိတ္ေတြ အရင္ဆိုး၊စိတ္ေတြ အရင္ေကာက္ၿပီး အနိုင္ယူတတ္တယ္ …။

စကားေျပာရင္ေတာင္ ခပ္ၾကမ္းၾကမ္း။သူ game ေဆာ့ေနတဲ့ အခ်ိန္ ေကာင္မေလး ဖုန္းဆက္လိုက္လို႔ေတာ့ ေအာ္ၿပီ ေငါက္ၿပီ။ ဒီလိုမ်ိဳး စရိုက္ ရွိတဲ့ ကၽြန္ေတာ့္သူငယ္ခ်င္းကို ဟိုဘက္က ေကာင္မေလးမ်ား ခ်စ္လိုက္တာ တုန္လို႔ …။

အရမ္းသည္းခံတယ္။ ေငါက္ေနရင္ ၊ ေအာ္ေနရင္ေတာင္ မ်က္ရည္ေလး ဝဲၿပီး ဘာမွ ျပန္မေျပာနိုင္ပဲ ၾကည့္ေန ရွာတယ္ …။

ဒါေပမဲ့ေပါ့။ တစ္ဖက္က အရမ္းခ်စ္ၿပီး ဂ႐ုစိုက္ေပမဲ့လည္း ထပ္တူညီ တုန႔္ျပန္မႈေတြ ေရာက္မလာတဲ့ ေနာက္ဆုံးေတာ့ ေကာင္မေလး ဘက္က စ ၿပီး လမ္းခြဲ ထြက္သြားတယ္ …။

ကၽြန္ေတာ့္ ေကာင္ကေတာ့ အစမွာ ေအးေဆးပဲဗ်။ ကၽြန္ေတာ္တို႕ ကိုေတာင္ –

”game ေအးေဆး ေဆာ့လို႔ ရတယ္”

”သူ မေနနိုင္ဘူး ငါ့ဆီ ျပန္လာ လိမ့္မယ္ ”

ဆိုၿပီး ဘာမွ မျဖစ္သလိုေလး ေျပာတယ္ …။

သူ ထင္ထားသလိုေတာ့ ျဖစ္မလာခဲ့ဘူး။ ေကာင္မေလးကေတာ့ သူ႔ဆီ ေယာင္လို ့ေတာင္ ေပၚမလာခဲ့ပါဘူး။ အဲ့ဒါမွသာ သူ အႀကီးအက်ယ္ ေၾကကြဲသြားရၿပီ …။

သူ႕ဘက္မွာ အျမဲရွိေနခဲ့တဲ့ သူ၊ သူ႔ ကို အရမ္းခ်စ္တဲ့သူ ၊သူ႔ ကို ဂ႐ုစိုက္ၿပီး သူ လုပ္သမၽွ သည္းခံေပးတဲ့ သူကို ဆုံးရွုံးသြားခဲ႔ရတယ္ …။

သူ ဆက္သြယ္တဲ့ ဖုန္းေတြ ေကာင္မေလး ဘက္ကမကိုင္ေတာ့ဘူး။ သြားေတြ႕ရင္ေတာင္ ထြက္မေတြ႕တာမ်ိဳး။ မျမင္ေအာင္ ေရွာင္တာမ်ိဳးေတြ လုပ္လာတယ္ …။

မရွိေတာ့တဲ့ အခ်ိန္က်မွ လူတစ္ေယာက္ရဲ႕ တန္ဖိုးကိုသူ အႀကီးအက်ယ္ နားလည္ၿပီးအရမ္းကို ခံစားသြားလိုက္ရတယ္။ အလူးလူးအလဲလဲ ေၾကကြဲရင္း ေနာင္တေတြ ဗလပြနဲ႔ေပါ႔ …။

ကၽြန္ေတာ္ သိလိုက္ရတာက အနိုင္ယူေနရတာ ကိုမႀကိဳက္ပါနဲ႔ ။ အခ်စ္ခံေနရတာကို ဘဝင္တျမင့္ျမင့္ႀကီး မျဖစ္ပါနဲ႔။ကိုယ္ အရမ္းအခ်စ္ခံရသလို တစ္ဖက္ကိုလည္း ျပန္ခ်စ္ေပးသင့္ပါတယ္ …။

တစ္ဖက္ကိုလည္း ဂ႐ုစိုက္မႈေလးေတြ ျပန္ ေပးရပါမယ္ …။

ကိုယ္ လိုတဲ့ အခ်ိန္ လွမ္းေခၚမယ္။ မလိုတဲ့ အခ်ိန္ ပစ္ထားမယ္ ဆိုတဲ့ စိတ္ဓါတ္ကအရမ္းကို အတၱ ဆန္လြန္းပါတယ္။ အဲ့လိုလူမ်ိဳးေတြ က တစ္ခ်ိန္ခ်ိန္မွာ ခံစားရဆုံးပဲ …။

ဘယ္ေလာက္ပဲ ခ်စ္ခ်စ္ နာက်င္ရတာေတြ မ်ားလာတဲ႕အခါ ထပ္ၿပီးေတာ့ သည္းမခံနိုင္တဲ့ အဆုံး လူေတြကလက္လႊတ္ျခင္း ကို ေရြးခ်ယ္တတ္ၾကပါတယ္။ ခ်စ္လ်က္နဲ႔ လမ္းခြဲတတ္ၾကတာမ်ိဳးေပါ႕ …။

ဒါ့ေၾကာင့္ အခ်စ္ခံေနရတာကို စိတ္ႀကီးဝင္ၿပီး အနိုင္ယူဖို ့ မႀကိဳးစားပါနဲ႔ေနာ္ …။ ။

Crd Org

Moon’s

Unicode Version ဖြင့်ဖတ်ရန်

သိပ်အနိုင်ယူလွန်းတဲ့ သူတွေက တစ်ချိန်ချိန်မှာ ရင်ကွဲပတ်လက်ကျန်ခဲ့ရတတ်တယ်…

ကျွန်တော့် သူငယ်ချင်းတစ်ယောက်ကို တွေ့ဖူးတယ်။ သူ့ချစ်သူ ကောင်မလေးအပေါ်မှာ သိပ်အနိုင်ယူလွန်းတာများ ဘေးကလူတောင် ဝင်တားရတာမျိုး အထိပါ။ ရန်တွေ ဖြစ်ပြီး အနိုင်ယူတယ်။ သူ့ဘက်က စိတ်တွေ အရင်ဆိုး၊စိတ်တွေ အရင်ကောက်ပြီး အနိုင်ယူတတ်တယ် …။

စကားပြောရင်တောင် ခပ်ကြမ်းကြမ်း။သူ game ဆော့နေတဲ့ အချိန် ကောင်မလေး ဖုန်းဆက်လိုက်လို့တော့ အော်ပြီ ငေါက်ပြီ။ ဒီလိုမျိုး စရိုက် ရှိတဲ့ ကျွန်တော့်သူငယ်ချင်းကို ဟိုဘက်က ကောင်မလေးများ ချစ်လိုက်တာ တုန်လို့ …။

အရမ်းသည်းခံတယ်။ ငေါက်နေရင် ၊ အော်နေရင်တောင် မျက်ရည်လေး ဝဲပြီး ဘာမှ ပြန်မပြောနိုင်ပဲ ကြည့်နေ ရှာတယ် …။

ဒါပေမဲ့ပေါ့။ တစ်ဖက်က အရမ်းချစ်ပြီး ဂရုစိုက်ပေမဲ့လည်း ထပ်တူညီ တုန့်ပြန်မှုတွေ ရောက်မလာတဲ့ နောက်ဆုံးတော့ ကောင်မလေး ဘက်က စ ပြီး လမ်းခွဲ ထွက်သွားတယ် …။

ကျွန်တော့် ကောင်ကတော့ အစမှာ အေးဆေးပဲဗျ။ ကျွန်တော်တို့ ကိုတောင် –

”game အေးဆေး ဆော့လို့ ရတယ်”

”သူ မနေနိုင်ဘူး ငါ့ဆီ ပြန်လာ လိမ့်မယ် ”

ဆိုပြီး ဘာမှ မဖြစ်သလိုလေး ပြောတယ် …။

သူ ထင်ထားသလိုတော့ ဖြစ်မလာခဲ့ဘူး။ ကောင်မလေးကတော့ သူ့ဆီ ယောင်လို့တောင် ပေါ်မလာခဲ့ပါဘူး။ အဲ့ဒါမှသာ သူ အကြီးအကျယ် ကြေကွဲသွားရပြီ …။

သူ့ဘက်မှာ အမြဲရှိနေခဲ့တဲ့ သူ၊ သူ့ ကို အရမ်းချစ်တဲ့သူ ၊သူ့ ကို ဂရုစိုက်ပြီး သူ လုပ်သမျှ သည်းခံပေးတဲ့ သူကို ဆုံးရှုံးသွားခဲ့ရတယ် …။

သူ ဆက်သွယ်တဲ့ ဖုန်းတွေ ကောင်မလေး ဘက်ကမကိုင်တော့ဘူး။ သွားတွေ့ရင်တောင် ထွက်မတွေ့တာမျိုး။ မမြင်အောင် ရှောင်တာမျိုးတွေ လုပ်လာတယ် …။

မရှိတော့တဲ့ အချိန်ကျမှ လူတစ်ယောက်ရဲ့ တန်ဖိုးကိုသူ အကြီးအကျယ် နားလည်ပြီးအရမ်းကို ခံစားသွားလိုက်ရတယ်။ အလူးလူးအလဲလဲ ကြေကွဲရင်း နောင်တတွေ ဗလပွနဲ့ပေါ့ …။

ကျွန်တော် သိလိုက်ရတာက အနိုင်ယူနေရတာ ကိုမကြိုက်ပါနဲ့ ။ အချစ်ခံနေရတာကို ဘဝင်တမြင့်မြင့်ကြီး မဖြစ်ပါနဲ့။ကိုယ် အရမ်းအချစ်ခံရသလို တစ်ဖက်ကိုလည်း ပြန်ချစ်ပေးသင့်ပါတယ် …။

တစ်ဖက်ကိုလည်း ဂရုစိုက်မှုလေးတွေ ပြန် ပေးရပါမယ် …။

ကိုယ် လိုတဲ့ အချိန် လှမ်းခေါ်မယ်။ မလိုတဲ့ အချိန် ပစ်ထားမယ် ဆိုတဲ့ စိတ်ဓါတ်ကအရမ်းကို အတ္တ ဆန်လွန်းပါတယ်။ အဲ့လိုလူမျိုးတွေ က တစ်ချိန်ချိန်မှာ ခံစားရဆုံးပဲ …။

ဘယ်လောက်ပဲ ချစ်ချစ် နာကျင်ရတာတွေ များလာတဲ့အခါ ထပ်ပြီးတော့ သည်းမခံနိုင်တဲ့ အဆုံး လူတွေကလက်လွှတ်ခြင်း ကို ရွေးချယ်တတ်ကြပါတယ်။ ချစ်လျက်နဲ့ လမ်းခွဲတတ်ကြတာမျိုးပေါ့ …။

ဒါ့ကြောင့် အချစ်ခံနေရတာကို စိတ်ကြီးဝင်ပြီး အနိုင်ယူဖို့ မကြိုးစားပါနဲ့နော် …။ ။

Crd Org

Moon’s