သူငယ်ချင်းတို့ရေ…
တနင်္လင်္ာ သားသမီးများဟာ…
(၉) မိန်းကလေးတွေ ဟာ အိမ်ထောင်ကျတဲ့ အခါ ပညာရှိပြီး အားကိုးရတဲ့ ဇနီးကောင်း တွေ ဖြစ်သလို မိခင် ကောင်းတွေ လည်း ဖြစ်ြကပါတယ် …။
(၁၁) အချစ်ကြီးတယ်
(၁၂) အငြိုးကြီးတယ်
(၁၃) သံယောဇဉ်ကြီးတယ်
(၁၄) စိတ်ဆတ်တယ်
(၁၅) ထိရှလွယ်တယ်
ဇောတိကစာပေ
Unicode Version ဖြင့်ဖတ်ရန်
ထူးခြားဆန်းပြားတဲ့ တနင်္လာလေးတွေရဲ့ စိတ်နေသဘောထား…
သူငယ်ချင်းတို့ရေ…
တနင်္လာသားသမီးတွေရဲ့ စိတ်နေသဘောထားလေးတွေကို ပြောပြပေးပါမယ်။ မိမိချစ်သူက တနင်္လာ သားသမီးဆိုရင် သူတို့ စိတ်လေးတွေကို နားလည်တော့ ပိုကောင်းတာပေါ့နော် …။
တနင်္လာ သားသမီးများဟာ…
(၁) ဉာဏ်အလွန်ကောင်းပါတယ်။ စကားအပြောအဆို ငြင်သာပြီး ဉာဏ်ရည်မြင့်တဲ့ သူတွေ ဖြစ်ပါတယ် …။
(၂) အရမ်း ကို ခံစား လွယ်ပြီး ထိခိုက်လွယ်တဲ့သူတွေပါ။ သေးသေးလေးတွေက အစ အရမ်း ခံစားပြီးဝမ်းနည်း လွယ်တဲ့ သူတွေ လည်း ဖြစ်ပါတယ် …။
(၃) မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်းတွေနဲ့အတူတူ အချိန်ဖြုန်းရတာ၊ တွေ့ဆုံရတာမျိုးကို အရမ်းနှစ်သက်တဲ့သူတွေဖြစ်ပါတယ်။ မိသားစု၊သူငယ်ချင်းတွေ အပေါ်သံယောဇဉ် ကြီးတဲ့ သူတွေပါ …။
(၄) ငြိမ်းချမ်းခြင်းကို လိုလားတဲ့ သူတွေဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းမှုတွေကို သယ်ဆောင်လာပေးတဲ့ သူတွေဖြစ်ကြပါတယ် …။
(၅) သူငယ်ချင်းတွေနဲ့ ရန်ဖြစ်တာ၊ စကားများတာမျိုးဆိုရင်လည်း အရင် စ ခေါ်တဲ့သူတွေဟာ သူတို့ တွေပါ …။
(၆) အရည်အချင်း ကို အခြေခံပြီး လုပ်ရတဲ့ အလုပ်အကိုင်တွေကို အထူးစိတ်ဝင်စားသူတွေ ဖြစ်ပါတယ်။ စီးပွားရေးပိုင်း မှာ အောင်မြင်မယ့်သူတွေ ပဲ ဖြစ်ပါတယ် …။
(ရ) ညဖက်တွေ အိပ်မပျော်တာ၊ သွေးအားနည်းတာတွေကို ခံစားရတတ်ပါတယ်။ အမြဲ လိုလို ခေါင်းမူးပြီး အိပ်ရေး မဝဖြစ်တတ်ပါတယ်။ လိုအပ်တဲ့ဆေးဝါးတွေနဲ့ လေ့ကျင့်ခန်းတွေကို မှန်မှန်လုပ်မှသာ တော်ကာကျပါမယ်နော် …။
(၈) ယောက်ျားလေးတွေ ဟာ အစားအသောက်ကောင်းတွေကို အရမ်းကြိုက်တတ် ကြပါတယ် ။ အချက်အပြုတ် နဲ့ ပတ်သက် ပြီးလည်း ပါရမီပါတဲ့ သူတွေ ဖြစ်ပါတယ် …။
(၉) မိန်းကလေးတွေ ဟာ အိမ်ထောင်ကျတဲ့ အခါ ပညာရှိပြီး အားကိုးရတဲ့ ဇနီးကောင်း တွေ ဖြစ်သလို မိခင် ကောင်းတွေ လည်း ဖြစြ်ကပါတယ် …။
(၁၀) ချစ်ခြင်း၊ ဂရုစိုက်ခြင်းကိုကိုယ်စားပြုပြီး ချစ်သူ၊ ခင်သူတွေကို အရမ်းဂရုစိုက်ပြီး ကြင်နာတတ်တဲ့သူတွေပါ ။
(၁၁) အချစ်ကြီးတယ်
အရမ်း ကို အချစ်ကြီး တာပါ ။ တစ်ယောက်ကို ချစ်နေစဉ် တခြား တစ်ယောက် အပေါ်လွယ်လွယ် စိတ် ယိုင် တတ်တဲ့ သူတွေ မဟုတ်ပါဘူး …။
ချစ်မိပြီ ဆိုရင် အသည်းအသန် ချစ်သလောက် ၊ မချစ်တော့ဘူးဆိုရင်လည်း သတိကို မရတတ်တော့တာမျိုးပါ …။
(၁၂) အငြိုးကြီးတယ်
အငြိုး ကြီးပါတယ် ။ ချစ်သူ က ဘာပဲလုပ်လုပ် ချစ်တဲ့ စိတ်နဲ့ ခွင့်လွှတ် နေမယ့် သူတွေတော့ မဟုတ်ပါဘူး …။
ချစ်သူ ကို ဘယ်လောက် ချစ်ချစ် ကိုယ့်ကို သေးသေး လာတင်ရင် လုံးကြီးတင်ပြီး အဆန်ပါ ခတ်ပေးလိုက် တတ်တဲ့ သူ မျိုး တွေပါ …။
ဒီလို လုပ်တတ် လို့ မချစ်ဘူးလား ဆိုတော့မဟုတ်ပါဘူး ။ သူ့လောက် ချစ်တာလည်း သူပါပဲ …။
(၁၃) သံယောဇဉ်ကြီးတယ်
ချစ်သူ ကို အရမ်း စိတ်ကုန် နေရင်တောင် မှ ကြိတ်မှိတ်ပြီး တွဲ တတ် လေ့ ရှိပါတယ်။ အကြောင်း ကတော့ သံယောဇဉ် အရမ်း ကြီးကြလို့ပါပဲ ။
သူတို့ဟာ မချစ်တော့ဘူးဆိုရင် လှည့်တောင် မ ကြည့်ချင်လောက်အောင် စိတ်ဓာတ် မာကျောပေမယ့်လည်း သံယောဇဉ်ကိုတော့ လွယ်လွယ်နဲ့ မဖြတ်နိုင်ကြတာကြောင့် လွယ်လွယ်နဲ့ လမ်းမခွဲ နိုင်ကြပါဘူး …။
(၁၄) စိတ်ဆတ်တယ်
စိတ်ဆတ်ချက်ကတော့ လုံးဝကို လက်ဖျား ခါလောက်ပါတယ်။ ထစ်ခနဲ ဆို ဒေါသ ကငယ်ထိပ် ရောက်တတ် တဲ့ သူတွေပါ …။
ဒါကြောင့် တစ်ချို့ အသေးအမွှား ကိစ္စလေးတွေမှာလည်း ပေါက်ကွဲ နေတတ် သလို ၊ ထစ်ခနဲရှိ စိတ်ကောက် တတ်တဲ့ သူလေးတွေပါ …။
(၁၅) ထိရှလွယ်တယ်
အရမ်းကို ထိရှ လွယ်တဲ့ သူတွေပါ။ ချစ်သူကို အရမ်း ဂရုစိုက် တတ်ကြသလို ၊ ချစ်သူဆီက ဂရုစိုက်မှု ၊ ကြင်နာမှုလေး တွေကို အမြဲတမ်း လိုချင်နေတတ်တဲ့ သူလေး တွေပါ …။
တစ်ခါတလေ ချစ်သူ က အကြောင်းအမျိုးမျိုး ကြောင့် အချိန် မပေး နိုင်တဲ့အခါတွေ၊ ဂရုမစိုက်နိုင်တဲ့အခါတွေမှာ ပေါက်ကရတွေ တွေးပြီး အကြီးအကျယ် ခံစား တတ်ကြ ပါတယ် …။
ဖြစ်နိုင်ရင် ဘယ်လောက် အလုပ်များများသူတို့ကို ပစ်မထား မိပါစေနဲ့။ သင်မမျှော်လင့် ထားတာတွေတောင် ဖြစ်လာနိုင်လို့ပါ …။
အပေါင်းအသင်းတွေကြားမှာ ယုံကြည်မှု အပြည့်အဝ ရှိရှိ နဲ့ နေတတ် ကြတယ်။ ခင်မင်ရတဲ့ မိတ်ဆွေ တွေနဲ့ စကားပြောနေချိန်မှာ ဆိုရင် စိတ်ရှည်ရှည်နဲ့ စိတ်ပါဝင်စားစွာ နားထောင် ပေးတတ်တဲ့ သူတွေပါ …။
အနားမှာ ရှိတဲ့ သူတွေကို ပျော်ရွှင်စရာတွေလည်း ဖန်တီး ပေးတတ်သူတွေဖြစ်ကြပါတယ် ။ ဒါကြောင့်လဲ လူချစ်လူခင် ပေါများကြပါတယ် …။
ကိုယ့် ရဲ့ ရှေ့မှာ စိတ်မကောင်းစရာ တစ်ခုခုမြင်ရရင် သနားတတ်တယ်။ အတတ်နိုင်ဆုံးလဲ ကူညီပေးလေ့ ရှိကြတယ် ။ သူတို့ဟာ စိတ်ကူးယဉ်ဆန်တယ်။ အားနေတဲ့ အချိန်မှာ စာဖတ်တာမျိုး ဗဟုသုတတွေ လေ့လာတာမျိုး လုပ်လေ့ရှိကြပါတယ် …။
စိတ်ကူးကောင်းတွေကြောင့် အလုပ်လုပ် ရာမှာလဲ တွေးခေါ်နိုင်စွမ်း ရှိကြပါတယ် …။
မှန် နေရင် ဘာကိုမှ ဂရုမစိုက် တတ် သလိုမှားနေရင်လဲ တောင်းပန်ဖို့ ဝန်မလေးသူများ ဖြစ်ပါတယ်။ ဘူးဆိုရင် ဖရုံမသီးဘူး ။သူတို့အပေါ် ကောင်းတဲ့ သူတွေဆိုရင် သံယောဇဉ်ရှိစွာ ခင်မင်တတ်ကြပါတယ် …။
ချစ်မိ ခင်မိပြီ ဆိုရင် အသေးအဖွဲ့လေးကအစ ဂရုစိုက် တတ်ကြတယ်။ အရမ်းလဲချစ်တတ်တယ်။ ကိုယ့် ချစ်သူငြိုငြင်မှာ သေမတတ် ကြောက်ကြတယ် …။
အစွဲအလန်းကြီးပြီး တစ်ယောက်ဆိုတစ်ယောက် အပေါ်မှာပဲ စွဲလမ်းနေတတ်ကြပါတယ် …။
စကားပြောရင် ဆွဲဆောင်မှု ရှိကြတယ်။ နည်းနည်း သတိထားသင့်တဲ့ အချက်ကတော့ပြဿနာ တစ်ခုခုဆိုရင် ဘာမှ မစဉ်းစားတော့ပဲ ဖြေရှင်း တာပဲ ဖြစ်တယ်။ တစ်ခုခုဆိုရင် အမြန် မဆုံးဖြတ်စေချင်ဘူး …။
ဆောင် သင့်တဲ့ အဆောင် ကျောက်ကတော့ ပုလဲ ရတနာပဲ ဖြစ်ပါတယ်နော် …။ ။
ဇောတိကစာပေ