ေငြကုန္ခံၿပီး စက္ဆြဲစရာမလိုဘဲ ဆံပင္ကိုေျဖာင့္စင္းေစမည့္ သဘာဝေပါင္းတင္နည္း…

ေငြကုန္ခံၿပီး စက္ဆြဲစရာမလိုဘဲ ဆံပင္ကိုေျဖာင့္စင္းေစမည့္ သဘာဝေပါင္းတင္နည္း…

ဓာတုေဆး သုံးၿပီး၊ အပူေပးၿပီး ဆံပင္ေျဖာင့္ျခင္းက ပ်ိဳေမတို႔ဆံေကသာ ကိုေျခာက္ေသြ႕ပ်က္စီးေစတဲ့အျပင္ ဆံသားကို ေျပာင္းသြားေစတာမ်ိဳး၊ ဆံပင္ေတြ အရမ္းကြၽတ္ၿပီး ပါးသြားတာမ်ိဳးေတြ ျဖစ္ေစတာေၾကာင့္ ခဏ ခဏ ဆံပင္ေျဖာင့္လို႔ မေကာင္းပါဘူး …။

ဒီေတာ့ ဓာတုေဆးမသုံး၊ ေျဖာင့္စက္ မ လိုဘဲ သဘာဝအတိုင္း ဆံပင္ေလးေတြ ေျဖာင့္စင္းေအာင္ လုပ္ႏိုင္မယ့္ နည္းလမ္းေကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ …။

(၁) ၾကက္ဥအကာနဲ႔ ဒိန္ခ်ဥ္။

ၾကက္ဥအကာတစ္လုံး၊ ဒိန္ခ်ဥ္ႏွစ္ဇြန္းတို႔ကိုေရာေမႊၿပီး ဆံပင္အရင္းကေနအဖ်ားထိ လိမ္းေပးပါ။ နာရီဝက္ၾကာရင္ေရေႏြးေႏြးေလးနဲ႔ ျပန္ေဆးခ်ၿပီး ေခါင္းျပန္ေလွ်ာ္ေပးလိုက္ကာ သဘာဝအတိုင္းအေျခာက္ ခံေပးလိုက္ပါ။ ေျခာက္သြား တဲ့အခါ ဘီးအစိပ္ေလး နဲ႔ ၿဖီးေပးလိုက္႐ုံနဲ႔ သဘာဝ အတိုင္းေျဖာင့္စင္းတဲ့ဆံေကသာ ကို ရရွိပါလိမ့္မယ္ …။

(၂) ငွက္ေပ်ာသီးနဲ႔ ပ်ားရည္။

ငွက္ေပ်ာသီးမွည့္တစ္လုံး၊ ပ်ားရည္တစ္ဇြန္း တို႔ကို သမေအာင္ေမႊလိုက္ၿပီး ဆံပင္အႏွံ႔ လိမ္းေပးပါ။ မိနစ္ႏွစ္ ဆယ္ေလာက္ထားၿပီး ေရေအးနဲ႔ ပဲ ေခါင္းေလွ်ာ္ ေပးလိုက္ပါ။ သဘာဝ အတိုင္း အေျခာက္ခံၿပီး ဘီးေလးနဲ႔ ၿဖီးေပးလိုက္ရင္ ဆံပင္ေလးေတြ ေျဖာင့္စင္းသြားၿပီး အစိုဓာတ္လည္း ျပည့္ဝလာမွာပဲ ျဖစ္ပါတယ္ …။

(၃) အုန္းဆီနဲ႔ ပ်ားရည္။

အုန္းဆီႏွစ္ဇြန္းနဲ႔ ပ်ားရည္ႏွစ္ဇြန္းဆ တူေရာၿပီး ဆံပင္အရင္းကေန အဖ်ားထိ႐ႊဲေနေအာင္ လိမ္းေပးပါ။ နာရီဝက္ေလာက္ ထားၿပီး ေရေႏြးေလး နဲ ႔ေခါင္းေလွ်ာ္ေပးၿပီး သဘာဝ အတိုင္း အေျခာက္ခံေပး လိုက္ပါ။ ဆံပင္ သားေလးေတြ သိသိသာသာႏူးညံ့ၿပီး ေျဖာင့္စင္းသြားတာ ကို ေတြ႕ရပါလိမ့္မယ္ ။

(၄) အုန္းႏို႔နဲ႔ လိေမၼာ္ရည္။

အုန္းႏို႔အနည္းငယ္ကို ခြက္ထဲ ထည့္ကာ လိေမၼာ္သီး တစ္လုံးကို အရည္ညႇစ္ ထည့္လိုက္ပါ။ ရလာတဲ့ အရည္နဲ႔ ဆံပင္အဖ်ား ထိ႐ႊဲေနေအာင္ ေလာင္းခ်ေပးၿပီး (၁၅) မိနစ္ေလာက္ ထားကာ ေရေႏြးေလးနဲ႔ ေခါင္းေလွ်ာ္ေပး လိုက္ပါ …။

ဆံပင္ေလးေတြေျဖာင့္ စင္းသြားၿပီး လိေမၼာ္ရည္မွာ ပါဝင္တဲ့ ဗီတာမင္ စီ အစြမ္းေၾကာင့္ ဆံသားေလးေတြေခ်ာမြတ္ ေတာက္ေျပာင္ လာပါလိမ့္မယ္ေနာ္ …။ ။

Credit

Unicode Version ဖြင့်ဖတ်ရန်

ငွေကုန်ခံပြီး စက်ဆွဲစရာမလိုဘဲ ဆံပင်ကိုဖြောင့်စင်းစေမည့် သဘာဝပေါင်းတင်နည်း…

ဓာတုဆေး သုံးပြီး၊ အပူပေးပြီး ဆံပင်ဖြောင့်ခြင်းက ပျိုမေတို့ဆံကေသာ ကိုခြောက်သွေ့ပျက်စီးစေတဲ့အပြင် ဆံသားကို ပြောင်းသွားစေတာမျိုး၊ ဆံပင်တွေ အရမ်းကျွတ်ပြီး ပါးသွားတာမျိုးတွေ ဖြစ်စေတာကြောင့် ခဏ ခဏ ဆံပင်ဖြောင့်လို့ မကောင်းပါဘူး …။

ဒီတော့ ဓာတုဆေးမသုံး၊ ဖြောင့်စက် မ လိုဘဲ သဘာဝအတိုင်း ဆံပင်လေးတွေ ဖြောင့်စင်းအောင် လုပ်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် …။

(၁) ကြက်ဥအကာနဲ့ ဒိန်ချဉ်။

ကြက်ဥအကာတစ်လုံး၊ ဒိန်ချဉ်နှစ်ဇွန်းတို့ကိုရောမွှေပြီး ဆံပင်အရင်းကနေအဖျားထိ လိမ်းပေးပါ။ နာရီဝက်ကြာရင်ရေနွေးနွေးလေးနဲ့ ပြန်ဆေးချပြီး ခေါင်းပြန်လျှော်ပေးလိုက်ကာ သဘာဝအတိုင်းအခြောက် ခံပေးလိုက်ပါ။ ခြောက်သွား တဲ့အခါ ဘီးအစိပ်လေး နဲ့ ဖြီးပေးလိုက်ရုံနဲ့ သဘာဝ အတိုင်းဖြောင့်စင်းတဲ့ဆံကေသာ ကို ရရှိပါလိမ့်မယ် …။

(၂) ငှက်ပျောသီးနဲ့ ပျားရည်။

ငှက်ပျောသီးမှည့်တစ်လုံး၊ ပျားရည်တစ်ဇွန်း တို့ကို သမအောင်မွှေလိုက်ပြီး ဆံပင်အနှံ့ လိမ်းပေးပါ။ မိနစ်နှစ် ဆယ်လောက်ထားပြီး ရေအေးနဲ့ ပဲ ခေါင်းလျှော် ပေးလိုက်ပါ။ သဘာဝ အတိုင်း အခြောက်ခံပြီး ဘီးလေးနဲ့ ဖြီးပေးလိုက်ရင် ဆံပင်လေးတွေ ဖြောင့်စင်းသွားပြီး အစိုဓာတ်လည်း ပြည့်ဝလာမှာပဲ ဖြစ်ပါတယ် …။

(၃) အုန်းဆီနဲ့ ပျားရည်။

အုန်းဆီနှစ်ဇွန်းနဲ့ ပျားရည်နှစ်ဇွန်းဆ တူရောပြီး ဆံပင်အရင်းကနေ အဖျားထိရွှဲနေအောင် လိမ်းပေးပါ။ နာရီဝက်လောက် ထားပြီး ရေနွေးလေး နဲ့ခေါင်းလျှော်ပေးပြီး သဘာဝ အတိုင်း အခြောက်ခံပေး လိုက်ပါ။ ဆံပင် သားလေးတွေ သိသိသာသာနူးညံ့ပြီး ဖြောင့်စင်းသွားတာ ကို တွေ့ရပါလိမ့်မယ် ။

(၄) အုန်းနို့နဲ့ လိမ္မော်ရည်။

အုန်းနို့အနည်းငယ်ကို ခွက်ထဲ ထည့်ကာ လိမ္မော်သီး တစ်လုံးကို အရည်ညှစ် ထည့်လိုက်ပါ။ ရလာတဲ့ အရည်နဲ့ ဆံပင်အဖျား ထိရွှဲနေအောင် လောင်းချပေးပြီး (၁၅) မိနစ်လောက် ထားကာ ရေနွေးလေးနဲ့ ခေါင်းလျှော်ပေး လိုက်ပါ …။

ဆံပင်လေးတွေဖြောင့် စင်းသွားပြီး လိမ္မော်ရည်မှာ ပါဝင်တဲ့ ဗီတာမင် စီ အစွမ်းကြောင့် ဆံသားလေးတွေချောမွတ် တောက်ပြောင် လာပါလိမ့်မယ်နော် …။ ။

Credit