လက္သူၾကြယ္ႏွင့္ လက္ညိဳးအရြယ္အစားကေျပာျပေနတဲ႔ သင့္အေၾကာင္း…

လက္သူၾကြယ္ႏွင့္ လက္ညိဳးအရြယ္အစားကေျပာျပေနတဲ႔ သင့္အေၾကာင္း…

လက္ဖ၀ါးေပၚက လက္ေခ်ာင္းေလးေတြရဲ႕အတိုအရွည္ကေန လူေတြရဲ႕စိတ္တစ္ခ်ိဳ႕ကို ေျပာျပေနတယ္ဆိုတာ သင္သိပါသလား…၊ အမ်ားၾကီးေတာ႔ ကြက္တိမွန္နုိင္မယ္ မထင္ပင္မယ္႔ အနည္းငယ္ေတာ႔ တူလိမ္႔မယ္လုိ႔ ယံုၾကည္ပါတယ္ …။

ဘယ္လုိ လက္အတိုအရွည္ပံုစံေတြက ဘယ္လုိ စိတ္ေနစိတ္ထား မ်ိဳးလဲဆိုတာ ၾကည္႔လုိက္ရေအာင္ေနာ္ …။

(၁) လက္သူျကြယ္ က လက္ညိဳးထက္ပိုရွည္တဲ႔ လက္မ်ိဳးကိုပိုင္ဆုိင္ထားရတဲ႔သူေတြဟာ ေခ်ာတာထက္ ဆြဲေဆာင္မႈရွိျပီး လူခ်စ္လူခင္ေပါမ်ားတဲ႔ သူေတြပါ …။

လူမႈေပါင္းသင္းဆက္ဆံေရးမွာ သူတစ္ပါးေတြရဲ႕စိတ္ကို အကဲခက္တတ္တာေျကာင္႔ လူခ်စ္မ်ားတတ္ ၾကတာပါ …။

စိတ္ျမန္ျပီး စိတ္ဆတ္တတ္တဲ႔ အက်င္႔ေလးရွိတာေျကာင္႔ လူအမ်ားအျမင္မွာ ေဒါသျကီးတယ္လုိ႕ေတာ႔ ထင္တတ္ၾကပါတယ္။ ဒါပင္မယ္႔ မဟုတ္မခံ စိတ္မိ်ဳးေလးပါ …။

ရည္မွန္းခ်က္ေတြခိုင္မာျပီး အျမင္႔ဆံုးဆိုတာေတြကို မွန္းထားေလ႔ ရွိတတ္ၾကပါတယ္။ စိတ္ကိုအၾကာၾကီးမညစ္တတ္ပဲ တစ္လမ္းမရရင္ ေနာက္တစ္လမ္းေဖာက္ဖို႕ေတြးေနတတ္ၾကတဲ႔ သူေတြပါ …။

(၂) လက္ညိဳးက လက္သူျကြယ္ထက္ပိုရွည္တဲ႔သူေတြဟာ ေခါင္းေဆာင္မႈအားေကာင္းျပီး သူတစ္ပါးအေပၚကူညီေဖးမဖုိ႕ ၀ါသနာပါတဲ႔ သူေတြပါ …။

ဦးေဆာင္မႈအားျပင္းထန္လြန္းျပီး သူတစ္ပါးအေပၚ တင္းၾကပ္ရင္းကေန ဆရာလုပ္တယ္လုိ႕အထင္ခံရတတ္ပါတယ္။ ကိုယ္႔မိတ္ေဆြသူငယ္ခ်င္းေတြၾကား ကိုယ္႔ ကိုယ္ကိုယ္သိကၡာက်ေစမယ္႔ အျပဳမူမ်ိဳးကို လုပ္ေလ႔မရွိတတ္ၾကပါဘူး ….။

တစ္စံုတစ္ခုကိုျပဳမူလုပ္ေဆာင္မယ္လုိ႕ရည္ရႊယ္လုိက္ရင္ မ လုပ္ခင္မေျပာခင္ကတည္းက ဒီအလုပ္ကိုလုပ္ျပီးလို႕ ျဖစ္လာမဲ႔အက်ိဳးရလာဒ္ကို ထည္႔တြက္တတ္ၾကပါတယ္ …။

ေကာက္ခါငင္ကာ ထလုပ္တာမ်ိဳးထက္ စိတ္ထဲအကြက္ခ်စီစဥ္ျပီးမွ လုပ္တာမ်ိဳးကို ပိုျပီးစိတ္အားထက္သန္ၾကပါတယ္ …။

(၃) နွစ္ေခ်ာင္းလံုးကညီေနတဲ႔သူေတြကေတာ႔ တရားမ်ွတမႈကိုလိုလားျပီး စိတ္ေအးတဲ႔သူေတြပါ။ ေပါင္းရသင္းရ အရမ္းေကာင္းျပီး စိတ္သေဘာထား ျပည္႔၀တယ္လုိ႕ေျပာရင္လည္း မမွားနုိင္ပါဘူး …။

ကိုယ္႔အေပၚေကာင္းတဲ႔သူေတြအေပၚဆုိ ႏွစ္ဆေလာက္ပိုေကာင္းတတ္ျပီး နားလည္မႈအျပည္႔ရွိတဲ႔ သူမ်ိဳးပါ။ ကိုယ္႔ရဲ႕အျပဳမူက တစ္ဖက္သားကိုထိခိုက္ျပီး နစ္နာသြားေစတာမ်ိဳး ျဖစ္မွာကို သိပ္ေၾကာက္တတ္ၾကပါတယ္ …။ ။

(ေလးစားမႈျဖင့္ ခရက္ဒစ္)

Unicode Version ဖြင့်ဖတ်ရန်

လက်သူကြွယ်နှင့် လက်ညိုးအရွယ်အစားကပြောပြနေတဲ့ သင့်အကြောင်း…

လက်ဖဝါးပေါ်က လက်ချောင်းလေးတွေရဲ့အတိုအရှည်ကနေ လူတွေရဲ့စိတ်တစ်ချို့ကို ပြောပြနေတယ်ဆိုတာ သင်သိပါသလား…၊ အများကြီးတော့ ကွက်တိမှန်နိုင်မယ် မထင်ပင်မယ့် အနည်းငယ်တော့ တူလိမ့်မယ်လို့ ယုံကြည်ပါတယ် …။

ဘယ်လို လက်အတိုအရှည်ပုံစံတွေက ဘယ်လို စိတ်နေစိတ်ထား မျိုးလဲဆိုတာ ကြည့်လိုက်ရအောင်နော် …။

(၁) လက်သူကြွယ် က လက်ညိုးထက်ပိုရှည်တဲ့ လက်မျိုးကိုပိုင်ဆိုင်ထားရတဲ့သူတွေဟာ ချောတာထက် ဆွဲဆောင်မှုရှိပြီး လူချစ်လူခင်ပေါများတဲ့ သူတွေပါ …။

လူမှုပေါင်းသင်းဆက်ဆံရေးမှာ သူတစ်ပါးတွေရဲ့စိတ်ကို အကဲခက်တတ်တာကြောင့် လူချစ်များတတ် ကြတာပါ …။

စိတ်မြန်ပြီး စိတ်ဆတ်တတ်တဲ့ အကျင့်လေးရှိတာကြောင့် လူအများအမြင်မှာ ဒေါသကြီးတယ်လို့တော့ ထင်တတ်ကြပါတယ်။ ဒါပင်မယ့် မဟုတ်မခံ စိတ်မျိုးလေးပါ …။

ရည်မှန်းချက်တွေခိုင်မာပြီး အမြင့်ဆုံးဆိုတာတွေကို မှန်းထားလေ့ ရှိတတ်ကြပါတယ်။ စိတ်ကိုအကြာကြီးမညစ်တတ်ပဲ တစ်လမ်းမရရင် နောက်တစ်လမ်းဖောက်ဖို့တွေးနေတတ်ကြတဲ့ သူတွေပါ …။

(၂) လက်ညိုးက လက်သူကြွယ်ထက်ပိုရှည်တဲ့သူတွေဟာ ခေါင်းဆောင်မှုအားကောင်းပြီး သူတစ်ပါးအပေါ်ကူညီဖေးမဖို့ ဝါသနာပါတဲ့ သူတွေပါ …။

ဦးဆောင်မှုအားပြင်းထန်လွန်းပြီး သူတစ်ပါးအပေါ် တင်းကြပ်ရင်းကနေ ဆရာလုပ်တယ်လို့အထင်ခံရတတ်ပါတယ်။ ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကြား ကိုယ့် ကိုယ်ကိုယ်သိက္ခာကျစေမယ့် အပြုမူမျိုးကို လုပ်လေ့မရှိတတ်ကြပါဘူး ….။

တစ်စုံတစ်ခုကိုပြုမူလုပ်ဆောင်မယ်လို့ရည်ရွှယ်လိုက်ရင် မ လုပ်ခင်မပြောခင်ကတည်းက ဒီအလုပ်ကိုလုပ်ပြီးလို့ ဖြစ်လာမဲ့အကျိုးရလာဒ်ကို ထည့်တွက်တတ်ကြပါတယ် …။

ကောက်ခါငင်ကာ ထလုပ်တာမျိုးထက် စိတ်ထဲအကွက်ချစီစဉ်ပြီးမှ လုပ်တာမျိုးကို ပိုပြီးစိတ်အားထက်သန်ကြပါတယ် …။

(၃) နှစ်ချောင်းလုံးကညီနေတဲ့သူတွေကတော့ တရားမျှတမှုကိုလိုလားပြီး စိတ်အေးတဲ့သူတွေပါ။ ပေါင်းရသင်းရ အရမ်းကောင်းပြီး စိတ်သဘောထား ပြည့်ဝတယ်လို့ပြောရင်လည်း မမှားနိုင်ပါဘူး …။

ကိုယ့်အပေါ်ကောင်းတဲ့သူတွေအပေါ်ဆို နှစ်ဆလောက်ပိုကောင်းတတ်ပြီး နားလည်မှုအပြည့်ရှိတဲ့ သူမျိုးပါ။ ကိုယ့်ရဲ့အပြုမူက တစ်ဖက်သားကိုထိခိုက်ပြီး နစ်နာသွားစေတာမျိုး ဖြစ်မှာကို သိပ်ကြောက်တတ်ကြပါတယ် …။ ။

(လေးစားမှုဖြင့် ခရက်ဒစ်)