စိတ္ခ်လို႔ ရတဲ့ ရင္ခြင္ဆိုတာ….

စိတ္ခ်လို႔ ရတဲ့ ရင္ခြင္ဆိုတာ….

ကိုယ္သူ႕အေပၚ ေကာင္းေနတဲ့ အခ်ိန္မ်ိဳးမွာမွ ကိုယ့္ကို ခ်စ္တာမ်ိဳးမဟုတ္ပဲ ကိုယ့္ဘက္က လိုအပ္ခ်က္ေတြ ဆိုးတာေတြ ရွိေနခဲ့ရင္ေတာင္ သူ႕ဘက္အျခမ္းက မေျပာင္းမလဲပဲနဲ႔ ခ်စ္ေနတဲ့ ရင္ခြင္တစ္ခုေပါ့ …။

Sensitive ျဖစ္လြန္းတဲ့သူေတြ သာမာန္ အေျခအေနမွာေတာင္ Over thinking ေတြနဲ႔ ကိုယ့္စိတ္ကို ႏွိပ္စက္တတ္တဲ့ သူေတြအနားမွာ တကယ္မခ်စ္ဘဲ ၾကာၾကာေနလို႔ မရပါဘူး …။

နာက်င္ခဲ့ရတဲ့ ဒဏ္ရာေတြ ရခဲ့ဖူးတဲ့ သင္ခန္းစာေတြေၾကာင့္ ကိုယ့္အေပၚ ဆယ္ခါေလာက္ ေကာင္းခဲ့ရင္ေတာင္

တစ္ခါတစ္ေလ အေျပာမွား အဆိုမွား အျပဳအမူတစ္ခုခု မွားသြား႐ုံနဲ႔ အခ်ိန္မေရြး Negative vibe ေတြ ဝင္လာ တတ္တာပါပဲ …။

အဲဒီအခါ လမ္းခြဲမယ့္စကားေတြ ခနခနေျပာ အခုပဲ မခ်စ္တတ္ေတာ့သလို အခုပဲ အဲဒီလူမရွိပဲ ေနနိုင္သြားသလိုနဲ႔ တစ္ဖက္လူအေပၚ ခ်က္ခ်င္း ေအးစက္စက္ေတြ ဆက္ဆံ တတ္ၾကျပန္ေရာ …။

တကယ္ေတာ့ သူမရွိဘဲ ေနနိုင္တာလည္း မဟုတ္ဘဲနဲ႔ အေတြးေတြလြန္ အေျပာေတြလြန္ၿပီး တဖက္လူကို စိတ္ထိခိုက္ေအာင္ လုပ္တတ္ၾကတာပဲ မဟုတ္လား …၊

စိတ္ခ်ရတဲ့ ရင္ခြင္ဆိုတာကေတာ့ ကိုယ့္ရဲ့ စိတ္ခံစားမႈေတြကို အျမဲတမ္း သိေနၿပီး ကိုယ့္ကို နားလည္ႏိုင္ဖို႔ပဲ အျမဲႀကိဳးစား တတ္တာမ်ိဳးေပါ့ …။

ကိုယ္ေပ်ာ္ဖို႔ဆို လမ္းခြဲဖို ့ တစ္ခုက လြဲၿပီး က်န္တာအကုန္ လိုက္ေလ်ာေပးတာ …၊

သူ႕ကို ဘယ္ေလာက္ပဲ စိတ္ကုန္တယ္ ေျပာေျပာ ကိုယ့္ကို စကားေတြနဲ႔ ၿပိဳင္ၿပီး ေခ်ပ တာမ်ိဳး မလုပ္ဘဲ ကိုယ္စိတ္တိုင္းက်လာတဲ့အထိ သူ႕ကိုယ္သူ ျပဳျပင္ေပးတာ …၊

သူ႕ဘက္က မမွားမွန္း သိသိလ်က္နဲ႔ ရစ္ေန ျပႆနာ ရွာေနရင္ေတာင္ ကိုယ္စိတ္ခ်မ္းသာေစဖို႔ ေတာင္းပန္စကားေတြ ေျပာၿပီး ေခ်ာ့ေနတတ္တာ …။

ကိုယ္ဘယ္ေလာက္ ဆိုးပါေစ၊ ဘယ္လိုပဲ ျပတ္မယ္ ခနခန ေျပာပါေစ၊ ေနာက္တေန႔ မနက္မွာ ကိုယ့္ကို ခပ္ျပဳံးျပဳံး ၾကည့္ေနတဲ့ ခ်စ္သူတစ္ေယာက္အျဖစ္ ဆက္ရွိေနမွာပဲဆိုတဲ့ ယုံၾကည္ျခင္းေတြနဲ႔ ကိုယ့္ကို လုံျခဳံ စိတ္ခ်ေစတာ …၊

အဲဒီ ယုံၾကည္မွုေတြ ေပးစြမ္းနိုင္ျခင္းက စိတ္ ထိရွလြယ္တတ္တဲ့ လူေတြအတြက္ေတာ့ အားကိုးရာ လုံျခဳံရာ တန္ဖိုးမျဖတ္ႏိုင္တဲ့ ခ်စ္ျခင္းေမတၱာေတြပါပဲ …။

စိတ္ခ်ရတဲ့ ရင္ခြင္ဆိုတာ ကိုယ္ဘယ္လိုပဲ ထြက္သြားမယ္ေျပာေျပာ အခ်ိန္တန္ရင္ ျပန္လာရတဲ့ အိမ္ေလးတစ္လုံးပါပဲေနာ္ …။ ။

Sakura 🌸

Unicode Version ဖြင့်ဖတ်ရန်

စိတ်ချလို့ ရတဲ့ ရင်ခွင်ဆိုတာ….

ကိုယ်သူ့အပေါ် ကောင်းနေတဲ့ အချိန်မျိုးမှာမှ ကိုယ့်ကို ချစ်တာမျိုးမဟုတ်ပဲ ကိုယ့်ဘက်က လိုအပ်ချက်တွေ ဆိုးတာတွေ ရှိနေခဲ့ရင်တောင် သူ့ဘက်အခြမ်းက မပြောင်းမလဲပဲနဲ့ ချစ်နေတဲ့ ရင်ခွင်တစ်ခုပေါ့ …။

Sensitive ဖြစ်လွန်းတဲ့သူတွေ သာမာန် အခြေအနေမှာတောင် Over thinking တွေနဲ့ ကိုယ့်စိတ်ကို နှိပ်စက်တတ်တဲ့ သူတွေအနားမှာ တကယ်မချစ်ဘဲ ကြာကြာနေလို့ မရပါဘူး …။

နာကျင်ခဲ့ရတဲ့ ဒဏ်ရာတွေ ရခဲ့ဖူးတဲ့ သင်ခန်းစာတွေကြောင့် ကိုယ့်အပေါ် ဆယ်ခါလောက် ကောင်းခဲ့ရင်တောင်

တစ်ခါတစ်လေ အပြောမှား အဆိုမှား အပြုအမူတစ်ခုခု မှားသွားရုံနဲ့ အချိန်မရွေး Negative vibe တွေ ဝင်လာ တတ်တာပါပဲ …။

အဲဒီအခါ လမ်းခွဲမယ့်စကားတွေ ခနခနပြော အခုပဲ မချစ်တတ်တော့သလို အခုပဲ အဲဒီလူမရှိပဲ နေနိုင်သွားသလိုနဲ့ တစ်ဖက်လူအပေါ် ချက်ချင်း အေးစက်စက်တွေ ဆက်ဆံ တတ်ကြပြန်ရော …။

တကယ်တော့ သူမရှိဘဲ နေနိုင်တာလည်း မဟုတ်ဘဲနဲ့ အတွေးတွေလွန် အပြောတွေလွန်ပြီး တဖက်လူကို စိတ်ထိခိုက်အောင် လုပ်တတ်ကြတာပဲ မဟုတ်လား …၊

စိတ်ချရတဲ့ ရင်ခွင်ဆိုတာကတော့ ကိုယ့်ရဲ့ စိတ်ခံစားမှုတွေကို အမြဲတမ်း သိနေပြီး ကိုယ့်ကို နားလည်နိုင်ဖို့ပဲ အမြဲကြိုးစား တတ်တာမျိုးပေါ့ …။

ကိုယ်ပျော်ဖို့ဆို လမ်းခွဲဖို့ တစ်ခုက လွဲပြီး ကျန်တာအကုန် လိုက်လျောပေးတာ …၊

သူ့ကို ဘယ်လောက်ပဲ စိတ်ကုန်တယ် ပြောပြော ကိုယ့်ကို စကားတွေနဲ့ ပြိုင်ပြီး ချေပ တာမျိုး မလုပ်ဘဲ ကိုယ်စိတ်တိုင်းကျလာတဲ့အထိ သူ့ကိုယ်သူ ပြုပြင်ပေးတာ …၊

သူ့ဘက်က မမှားမှန်း သိသိလျက်နဲ့ ရစ်နေ ပြဿနာ ရှာနေရင်တောင် ကိုယ်စိတ်ချမ်းသာစေဖို့ တောင်းပန်စကားတွေ ပြောပြီး ချော့နေတတ်တာ …။

ကိုယ်ဘယ်လောက် ဆိုးပါစေ၊ ဘယ်လိုပဲ ပြတ်မယ် ခနခန ပြောပါစေ၊ နောက်တနေ့ မနက်မှာ ကိုယ့်ကို ခပ်ပြုံးပြုံး ကြည့်နေတဲ့ ချစ်သူတစ်ယောက်အဖြစ် ဆက်ရှိနေမှာပဲဆိုတဲ့ ယုံကြည်ခြင်းတွေနဲ့ ကိုယ့်ကို လုံခြုံ စိတ်ချစေတာ …၊

အဲဒီ ယုံကြည်မှုတွေ ပေးစွမ်းနိုင်ခြင်းက စိတ် ထိရှလွယ်တတ်တဲ့ လူတွေအတွက်တော့ အားကိုးရာ လုံခြုံရာ တန်ဖိုးမဖြတ်နိုင်တဲ့ ချစ်ခြင်းမေတ္တာတွေပါပဲ …။

စိတ်ချရတဲ့ ရင်ခွင်ဆိုတာ ကိုယ်ဘယ်လိုပဲ ထွက်သွားမယ်ပြောပြော အချိန်တန်ရင် ပြန်လာရတဲ့ အိမ်လေးတစ်လုံးပါပဲနော် …။ ။

Sakura 🌸