သင္ခ်စ္တာထက္ပိုခ်စ္တဲ့ ခ်စ္သူတစ္ေယာက္ကို ပိုင္ဆိုင္ထားရင္ဒါမ်ိဳးေတြၾကဳံရမွာပါ…

သင္ခ်စ္တာထက္ပိုခ်စ္တဲ့ ခ်စ္သူတစ္ေယာက္ကို ပိုင္ဆိုင္ထားရင္ဒါမ်ိဳးေတြၾကဳံရမွာပါ…

လူတိုင္းက ကိုယ့္ခ်စ္သူရဲ႕ အခ်စ္ဆုံးတစ္ေယာက္ ျဖစ္ခ်င္ၾကတာ ခ်ည္းပါပဲ။ ခ်စ္သူႏွစ္ေယာက္မွာ တစ္ေယာက္က အၿမဲတမ္း ပိုခ်စ္ရတယ္ဆိုတဲ့ အေတြးကလည္း ခ်စ္သူေတြကို အၿမဲတမ္းႏွိပ္စက္လို႔ ေနတတ္ပါတယ္ …။

အဲ့ဒီအေတြးေတြက သင့္ကိုလည္း ဖိစီးေနတယ္ဆိုရင္ေတာ့ သင္ကလည္း သင္တို႔ခ်စ္သူႏွစ္ေယာက္မွာဘယ္သူကပိုခ်စ္လဲ ဆိုတာကို သိခ်င္ေနမွာေပါ့။ ဒါဆို သင့္ခ်စ္သူက၊ သင္ သူ႔ကို ခ်စ္တာထက္ပိုတဲ့ အခ်စ္ေတြနဲ႔ ခ်စ္ေနမွန္း ဒီအခ်က္ေတြကို ၾကည့္ၿပီး သိႏိုင္ပါတယ္ေနာ္ …။

(၁) သင္တို႔ႏွစ္ေယာက္ၾကားက ျပႆနာေတြကိုမႀကီးထြားေစဘူး။

အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ခ်စ္သူႏွစ္ေယာက္ ရန္ျဖစ္တဲ့အခါ သူဟာ ျပႆနာေတြ ပိုႀကီးထြားေစမယ့္စကားေတြ မေျပာတတ္သလို၊ ျပႆနာပိုႀကီးမယ့္ လုပ္ရပ္ေတြလည္း မလုပ္ပါဘူး …။

အဲ့ဒါက သူဟာျပႆနာျဖစ္မွာကို ေၾကာက္တာထက္ သင္နဲ႔သူ႕ၾကားမွာ အဲ့ဒီလို ျပႆနာေတြျဖစ္တာကို မလိုလားလို႔ မႀကိဳက္လို႔ပဲ ျဖစ္ပါတယ္ …။

(၂) သင္ကသာ ပထမဦးစားေပးပါ။

ဘာေတြပဲ ျဖစ္လာျဖစ္လာ၊ ဘာကိစၥနဲ႔ပဲႀကဳံႀကဳံ သင္က သူ႔ရဲ႕ ပထမဦးစားေပးျဖစ္ေနပါတယ္။ သင့္ထက္အေရးႀကီးတာ ဘာမွမရွိေတာ့ဘူး ဆိုတာမ်ိဳးေပါ့။ အဲ့ဒါဆိုရင္ေသခ်ာပါတယ္၊ သူ႔အခ်စ္ေတြ႕ သင့္ထက္ ပိုတယ္ ဆိုတာ …။

(၃) အၿမဲတမ္းဂ႐ုစိုက္တယ္။

သင္ဘာျဖစ္ေနလဲ၊ ဘယ္လိုအခက္ အခဲေတြရွိေနလဲ၊ ေပ်ာ္ေနလား၊ ဝမ္းနည္းေနလား ဆိုတာေတြကိုအၿမဲတမ္းဂ႐ုစိုက္တတ္တဲ့ သူေပါ့။ သင္တို႔ခ်စ္လာတာ ဘယ္ေလာက္ပဲၾကာေနပါေစ ၊ သင့္ရဲ႕ အရာရာကိုသူက ဂ႐ုတစိုက္ရွိေန တုန္းဆိုရင္ေတာ့ သူကသင့္ကို ပိုခ်စ္ေနတာ အေသအခ်ာပါပဲေနာ္ …။

(၄) သင္နဲ႔မခြဲခ်င္ဘူး။

ပိုခ်စ္တဲ့သူက ပိုတြယ္တာတတ္ပါတယ္။ ႏွစ္ေယာက္သား အတူတူေနလို႔မရေသးတဲ့ အေျခအေနမွာ အိမ္ျပန္ခ်ိန္ေတြဆို ခြဲၾကရတာပါပဲ။ အဲဒီအခ်ိန္ေတြမွာ သူက င္နဲ႔မခြဲႏိုင္မခြာ ရက္ျဖစ္ေနတယ္ဆိုရင္ေတာ့ သူကသင့္ကို တြယ္တာ မိေနတာေၾကာင့္ပါ

(၅) ဘာပဲျဖစ္ျဖစ္ သူအရင္ေတာင္းပန္တယ္။

ခ်စ္သူႏွစ္ေယာက္ စကားမ်ား ရန္ျဖစ္ၾကတဲ့အခါတိုင္း သူကပဲေတာင္းပန္ တယ္ဆိုရင္ေတာ့ သူသင့္ကို အရႈံးေပးတာ၊ ဦးစားေပးတဲ့ စိတ္ရွိတာ၊ သူကသင့္ကို ပိုခ်စ္ တယ္ဆိုတာ အသိသာႀကီးပါပဲ …။

(၆) သင္နဲ႔ပတ္သက္တဲ႔ အရာရာကို တန္ဖိုးထားတယ္။

သင္ကဘယ္လိုပုံစံပဲျဖစ္ေနေန၊ ဘယ္လိုလူမ်ိဳးပဲျဖစ္ျဖစ္ သူကေတာ့ ခ်စ္ေနမယ့္သူေပါ့။ သင္နဲ႔ပတ္သက္သမွ် သင့္ရဲ႕ ျပင္ပ ႐ုပ္ရည္၊ အေတြးအေခၚနဲ႔ အျပဳအမူေလးေတြ အားလုံးကို တန္ဖိုး ထားတတ္ပါတယ္ …။

သင့္ကို ထိန္းခ်ဳပ္ဖို႔၊ ျပဳျပင္ဖို႔မႀကိဳးစားပဲ သင့္ရဲ႕နဂိုပုံစံအတိုင္းကို တန္ဖိုးထားၿပီးခ်စ္တယ္ဆိုရင္ေတာ့ သူ႔အခ်စ္ေတြက သင့္ထက္ပိုေနတယ္ဆိုတာ သိသာေနပါျပီေနာ္ …။ ။

Credit

Unicode Version ဖြင့်ဖတ်ရန်

သင်ချစ်တာထက်ပိုချစ်တဲ့ ချစ်သူတစ်ယောက်ကို ပိုင်ဆိုင်ထားရင်ဒါမျိုးတွေကြုံရမှာပါ…

လူတိုင်းက ကိုယ့်ချစ်သူရဲ့ အချစ်ဆုံးတစ်ယောက် ဖြစ်ချင်ကြတာ ချည်းပါပဲ။ ချစ်သူနှစ်ယောက်မှာ တစ်ယောက်က အမြဲတမ်း ပိုချစ်ရတယ်ဆိုတဲ့ အတွေးကလည်း ချစ်သူတွေကို အမြဲတမ်းနှိပ်စက်လို့ နေတတ်ပါတယ် …။

အဲ့ဒီအတွေးတွေက သင့်ကိုလည်း ဖိစီးနေတယ်ဆိုရင်တော့ သင်ကလည်း သင်တို့ချစ်သူနှစ်ယောက်မှာဘယ်သူကပိုချစ်လဲ ဆိုတာကို သိချင်နေမှာပေါ့။ ဒါဆို သင့်ချစ်သူက၊ သင် သူ့ကို ချစ်တာထက်ပိုတဲ့ အချစ်တွေနဲ့ ချစ်နေမှန်း ဒီအချက်တွေကို ကြည့်ပြီး သိနိုင်ပါတယ်နော် …။

(၁) သင်တို့နှစ်ယောက်ကြားက ပြဿနာတွေကိုမကြီးထွားစေဘူး။

အကြောင်း အမျိုးမျိုးကြောင့် ချစ်သူနှစ်ယောက် ရန်ဖြစ်တဲ့အခါ သူဟာ ပြဿနာတွေ ပိုကြီးထွားစေမယ့်စကားတွေ မပြောတတ်သလို၊ ပြဿနာပိုကြီးမယ့် လုပ်ရပ်တွေလည်း မလုပ်ပါဘူး …။

အဲ့ဒါက သူဟာပြဿနာဖြစ်မှာကို ကြောက်တာထက် သင်နဲ့သူ့ကြားမှာ အဲ့ဒီလို ပြဿနာတွေဖြစ်တာကို မလိုလားလို့ မကြိုက်လို့ပဲ ဖြစ်ပါတယ် …။

(၂) သင်ကသာ ပထမဦးစားပေးပါ။

ဘာတွေပဲ ဖြစ်လာဖြစ်လာ၊ ဘာကိစ္စနဲ့ပဲကြုံကြုံ သင်က သူ့ရဲ့ ပထမဦးစားပေးဖြစ်နေပါတယ်။ သင့်ထက်အရေးကြီးတာ ဘာမှမရှိတော့ဘူး ဆိုတာမျိုးပေါ့။ အဲ့ဒါဆိုရင်သေချာပါတယ်၊ သူ့အချစ်တွေ့ သင့်ထက် ပိုတယ် ဆိုတာ …။

(၃) အမြဲတမ်းဂရုစိုက်တယ်။

သင်ဘာဖြစ်နေလဲ၊ ဘယ်လိုအခက် အခဲတွေရှိနေလဲ၊ ပျော်နေလား၊ ဝမ်းနည်းနေလား ဆိုတာတွေကိုအမြဲတမ်းဂရုစိုက်တတ်တဲ့ သူပေါ့။ သင်တို့ချစ်လာတာ ဘယ်လောက်ပဲကြာနေပါစေ ၊ သင့်ရဲ့ အရာရာကိုသူက ဂရုတစိုက်ရှိနေ တုန်းဆိုရင်တော့ သူကသင့်ကို ပိုချစ်နေတာ အသေအချာပါပဲနော် …။

(၄) သင်နဲ့မခွဲချင်ဘူး။

ပိုချစ်တဲ့သူက ပိုတွယ်တာတတ်ပါတယ်။ နှစ်ယောက်သား အတူတူနေလို့မရသေးတဲ့ အခြေအနေမှာ အိမ်ပြန်ချိန်တွေဆို ခွဲကြရတာပါပဲ။ အဲဒီအချိန်တွေမှာ သူက င်နဲ့မခွဲနိုင်မခွာ ရက်ဖြစ်နေတယ်ဆိုရင်တော့ သူကသင့်ကို တွယ်တာ မိနေတာကြောင့်ပါ

(၅) ဘာပဲဖြစ်ဖြစ် သူအရင်တောင်းပန်တယ်။

ချစ်သူနှစ်ယောက် စကားများ ရန်ဖြစ်ကြတဲ့အခါတိုင်း သူကပဲတောင်းပန် တယ်ဆိုရင်တော့ သူသင့်ကို အရှုံးပေးတာ၊ ဦးစားပေးတဲ့ စိတ်ရှိတာ၊ သူကသင့်ကို ပိုချစ် တယ်ဆိုတာ အသိသာကြီးပါပဲ …။

(၆) သင်နဲ့ပတ်သက်တဲ့ အရာရာကို တန်ဖိုးထားတယ်။

သင်ကဘယ်လိုပုံစံပဲဖြစ်နေနေ၊ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် သူကတော့ ချစ်နေမယ့်သူပေါ့။ သင်နဲ့ပတ်သက်သမျှ သင့်ရဲ့ ပြင်ပ ရုပ်ရည်၊ အတွေးအခေါ်နဲ့ အပြုအမူလေးတွေ အားလုံးကို တန်ဖိုး ထားတတ်ပါတယ် …။

သင့်ကို ထိန်းချုပ်ဖို့၊ ပြုပြင်ဖို့မကြိုးစားပဲ သင့်ရဲ့နဂိုပုံစံအတိုင်းကို တန်ဖိုးထားပြီးချစ်တယ်ဆိုရင်တော့ သူ့အချစ်တွေက သင့်ထက်ပိုနေတယ်ဆိုတာ သိသာနေပါပြီနော် …။ ။

Credit