မွဲ႔ ကို သဘာဝနည္းျဖင့္ ဖယ္ရွားပစ္တဲ့ နည္းလမ္းမ်ား…

မွဲ႔ ကို သဘာဝနည္းျဖင့္ ဖယ္ရွားပစ္တဲ့ နည္းလမ္းမ်ား…

စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန်

မွဲ႔ကို သဘာဝနည္းျဖင့္ ဖယ္ရွားႏိုင္မယ္႔ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ …။

(1) Apple cider vinegar လို႔ေခၚတဲ့ ပန္းသီးအရက္ ရွာလကာရည္ကို ဝါဂြမ္းစေလးျဖင့္တို႔ယူၿပီး မွဲ႔ေပၚသို႔ ပြက္တိုက္ေပးပါက ၂ ရက္အတြင္း ေပ်ာက္ကြယ္သြားမွာပါ …။

(2) Garlic လို႔ေခၚတဲ့ ၾကက္သြန္ျဖဴ ကို အေစးထြက္ေအာင္ကြင္းလွီးကာ မွဲ႔ေပၚသို႔ကပ္ၿပီး ေဆးပလာစတာျဖင့္ ေလလုံေအာင္ ဖိ့ကပ္ေပးထားလိုက္ပါ။ ရက္ အနည္းငယ္အတြင္းမွာပဲ ေပ်ာက္ကြယ္သြားပါလိမ့္မယ္ …။

(3) Potato လို႔ေခၚတဲ့ အာလူး အစိမ္းကို ကြင္းလွီးၿပီး မွဲ႔ေပၚသို႔ ကပ္ေပးထားပါ။ ရက္အနည္းငယ္အတြင္း ေပ်ာက္ကြယ္ သြားပါတယ္ …။

(4) Pineapple လို႔ေခၚတဲ့ နာနတ္သီးကို အရည္ညႇစ္ယူၿပီး ဂြမ္းစေလးျဖင့္ မွဲ႔ေပၚသို႔ ေန႔စဥ္ ပြတ္တိုက္ေပးပါက တစ္ပတ္အတြင္း ေပ်ာက္ကြယ္သြားမွာပဲ ျဖစ္ပါတယ္ …။

(5) Onion လို႔ ေခၚတဲ့ ၾကက္သြန္နီဥကို ေသခ်ာသန႔္စင္ၿပီး အရည္ညႇစ္ယူ၍ မွဲ႔ေပၚသို႔ သုပ္လိမ္း ပြတ္တိုက္ေပးပါက မ်ားမၾကာမွီမွာ ေပ်ာက္ကြယ္သြားပါလိမ့္မယ္ေနာ္ …။

(6) Banana လို႔ ေခၚတဲ့ ငွက္ေပ်ာသီးအမွည့္ရဲ႕ အခြံအတြင္းအသားျဖင့္ မွဲ႔ေပၚသို႔ ပြတ္တိုက္ေပးပါက အခ်ိန္တိုတြင္း ေပ်ာက္ကြယ္သြားတာကို ေတြ႕၇ပါလိမ္႔မယ္ …။

(7) Baking soda လို႔ ေခၚတဲ့ ကိတ္မုန္႔ဖုတ္တဲ့ေနရာမွာအသုံျပဳတဲ့ ဆိုဒါရည္ကို သၾကားျဖင့္ေရာစပ္၍ မွဲ႔ေပၚသို႔ သုပ္လိမ္းေပးပါက တစ္ရက္ ႏွစ္ရက္အတြင္း ေပ်ာက္ကြယ္သြားမွာပါ …။

(8) Tea tree လို႔ ေခၚတဲ့ လက္ဖက္ပင္မွ ရရွိေသာ လက္ဖက္ဆီျဖင့္ သုပ္လိမ္းေပးပါက သိပ္ မၾကာခင္မွာ ပဲ ေပ်ာက္ကြယ္သြားပါလိမ့္မယ္ …။

(9) Cauliflower လို႔ ေခၚတဲ့ ပန္းေဂၚဖီပြင့္ကို အရည္ညႇစ္ယူၿပီး သုပ္လိမ္းေပးပါက ၃ ရက္အတြင္း ေပ်ာက္ကြယ္သြားမွာပဲ ျဖစ္ပါတယ္ …။

(10) Dandelion လို႔ ေခၚတဲ့ ဒုဓလီပန္းပင္၏ အျမစ္ကို အေျခာက္လွန္းၿပီး ေသြးလိမ္းပါက ၅ ရက္အတြင္း ေပ်ာက္ကြယ္သြားမွာပဲ ျဖစ္ပါတယ္ေနာ္ …။

ဒုတိယနည္းကေတာ႔….

ဆပ္ျပာၾကမ္း (သဲဆပ္ျပာဟုလည္းေခၚသည္) ျပာ (သန႔္သန႔္)၊ ထုံး (မေဖာက္ရေသးေသာ ထုံးအ႐ိုင္း) ၎သုံးမ်ိဳးကို ဆတူ ေရာပါ …။

ၿပီးလွ်င္ ေျမစေလာင္းဖုန္း (သို႔မဟုတ္) ဒန္စေလာင္းဖုန္း ထဲတြင္ထည့္၍ ေရျဖင့္ေဖ်ာ္ပါ ငါးပိကဲ့သို႔ ေပ်ာ့ေပ်ာ့ေလးျဖစ္လာလွ်င္ ေကာက္ညႇင္းဆန္ေစ့ေလးမ်ားကို ေထာင္လွ်က္ လိုက္ စိုက္ထည့္ပါ …။

နာရီဝက္ တစ္နာရီၾကာလွ်င္ ေကာက္ညႇင္းဆန္ေလးမ်ား အေပၚသို႔ ထိုးထြက္လာပါ လိမ္႔မယ္။ ၎ေကာက္ညႇင္းဆန္ႏွင့္ ဖ်က္လိုေသာ မွည့္ထိပ္မွ ကပ္ထားပါ …။

မွည့္အ႐ြယ္အစားကို လိုက္၍ ၁၅မိနစ္… ၂၀…မိနစ္.. ၃၀မိနစ္… ၁နာရီထားပါ။ အသားပိုမ်ားလည္း ဒီနည္းအတိုင္း ဖ်က္လို႔ရပါတယ္ေနာ္ …။ ။

ျမန္မာေဆးၿမီးတို

Yin Min

Unicode Version ဖြင့်ဖတ်ရန်

မှဲ့ ကို သဘာဝနည်းဖြင့် ဖယ်ရှားပစ်တဲ့ နည်းလမ်းများ…

မှဲ့ကို သဘာဝနည်းဖြင့် ဖယ်ရှားနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် …။

(1) Apple cider vinegar လို့ခေါ်တဲ့ ပန်းသီးအရက် ရှာလကာရည်ကို ဝါဂွမ်းစလေးဖြင့်တို့ယူပြီး မှဲ့ပေါ်သို့ ပွက်တိုက်ပေးပါက ၂ ရက်အတွင်း ပျောက်ကွယ်သွားမှာပါ …။

(2) Garlic လို့ခေါ်တဲ့ ကြက်သွန်ဖြူ ကို အစေးထွက်အောင်ကွင်းလှီးကာ မှဲ့ပေါ်သို့ကပ်ပြီး ဆေးပလာစတာဖြင့် လေလုံအောင် ဖိ့ကပ်ပေးထားလိုက်ပါ။ ရက် အနည်းငယ်အတွင်းမှာပဲ ပျောက်ကွယ်သွားပါလိမ့်မယ် …။

(3) Potato လို့ခေါ်တဲ့ အာလူး အစိမ်းကို ကွင်းလှီးပြီး မှဲ့ပေါ်သို့ ကပ်ပေးထားပါ။ ရက်အနည်းငယ်အတွင်း ပျောက်ကွယ် သွားပါတယ် …။

(4) Pineapple လို့ခေါ်တဲ့ နာနတ်သီးကို အရည်ညှစ်ယူပြီး ဂွမ်းစလေးဖြင့် မှဲ့ပေါ်သို့ နေ့စဉ် ပွတ်တိုက်ပေးပါက တစ်ပတ်အတွင်း ပျောက်ကွယ်သွားမှာပဲ ဖြစ်ပါတယ် …။

(5) Onion လို့ ခေါ်တဲ့ ကြက်သွန်နီဥကို သေချာသန့်စင်ပြီး အရည်ညှစ်ယူ၍ မှဲ့ပေါ်သို့ သုပ်လိမ်း ပွတ်တိုက်ပေးပါက များမကြာမှီမှာ ပျောက်ကွယ်သွားပါလိမ့်မယ်နော် …။

(6) Banana လို့ ခေါ်တဲ့ ငှက်ပျောသီးအမှည့်ရဲ့ အခွံအတွင်းအသားဖြင့် မှဲ့ပေါ်သို့ ပွတ်တိုက်ပေးပါက အချိန်တိုတွင်း ပျောက်ကွယ်သွားတာကို တွေ့၇ပါလိမ့်မယ် …။

(7) Baking soda လို့ ခေါ်တဲ့ ကိတ်မုန့်ဖုတ်တဲ့နေရာမှာအသုံပြုတဲ့ ဆိုဒါရည်ကို သကြားဖြင့်ရောစပ်၍ မှဲ့ပေါ်သို့ သုပ်လိမ်းပေးပါက တစ်ရက် နှစ်ရက်အတွင်း ပျောက်ကွယ်သွားမှာပါ …။

(8) Tea tree လို့ ခေါ်တဲ့ လက်ဖက်ပင်မှ ရရှိသော လက်ဖက်ဆီဖြင့် သုပ်လိမ်းပေးပါက သိပ် မကြာခင်မှာ ပဲ ပျောက်ကွယ်သွားပါလိမ့်မယ် …။

(9) Cauliflower လို့ ခေါ်တဲ့ ပန်းဂေါ်ဖီပွင့်ကို အရည်ညှစ်ယူပြီး သုပ်လိမ်းပေးပါက ၃ ရက်အတွင်း ပျောက်ကွယ်သွားမှာပဲ ဖြစ်ပါတယ် …။

(10) Dandelion လို့ ခေါ်တဲ့ ဒုဓလီပန်းပင်၏ အမြစ်ကို အခြောက်လှန်းပြီး သွေးလိမ်းပါက ၅ ရက်အတွင်း ပျောက်ကွယ်သွားမှာပဲ ဖြစ်ပါတယ်နော် …။

ဒုတိယနည်းကတော့….

ဆပ်ပြာကြမ်း (သဲဆပ်ပြာဟုလည်းခေါ်သည်) ပြာ (သန့်သန့်)၊ ထုံး (မဖောက်ရသေးသော ထုံးအရိုင်း) ၎င်းသုံးမျိုးကို ဆတူ ရောပါ …။

ပြီးလျှင် မြေစလောင်းဖုန်း (သို့မဟုတ်) ဒန်စလောင်းဖုန်း ထဲတွင်ထည့်၍ ရေဖြင့်ဖျော်ပါ ငါးပိကဲ့သို့ ပျော့ပျော့လေးဖြစ်လာလျှင် ကောက်ညှင်းဆန်စေ့လေးများကို ထောင်လျှက် လိုက် စိုက်ထည့်ပါ …။

နာရီဝက် တစ်နာရီကြာလျှင် ကောက်ညှင်းဆန်လေးများ အပေါ်သို့ ထိုးထွက်လာပါ လိမ့်မယ်။ ၎င်းကောက်ညှင်းဆန်နှင့် ဖျက်လိုသော မှည့်ထိပ်မှ ကပ်ထားပါ …။

မှည့်အရွယ်အစားကို လိုက်၍ ၁၅မိနစ်… ၂၀…မိနစ်.. ၃၀မိနစ်… ၁နာရီထားပါ။ အသားပိုများလည်း ဒီနည်းအတိုင်း ဖျက်လို့ရပါတယ်နော် …။ ။

မြန်မာဆေးမြီးတို

Yin Min