အခ်စ္စစ္၊အခ်စ္မွန္နဲ႕ ခ်စ္ၾကတဲ့စုံတဲြေတြမွာသာ ျမင္ေတြ႕ရတဲ့အျပဳအမူမ်ား…

အခ်စ္စစ္၊အခ်စ္မွန္နဲ႕ ခ်စ္ၾကတဲ့စုံတဲြေတြမွာသာ ျမင္ေတြ႕ရတဲ့အျပဳအမူမ်ား…

ဆုိရွယ္မီဒီယာေပၚမွာ အမ်ား အားက်ရဖုိ႕ဓာတ္ပုံေတြတင္ေနတာထက္ တကယ္လက္ေတြ႕ဘ၀မွာ အခ်စ္ခံရတာကမွ အခ်စ္စစ္၊ အခ်စ္မွန္ပဲျဖစ္တယ္။ တစ္ေယာက္နဲ႕ တစ္ေယာက္ စိတ္ထဲက ႏွစ္ႏွစ္ကာကာ ခ်စ္ေနၾကရင္ ၊ ဂရုစိုက္ေပးေနၾကရင္ ႏွစ္ေယာက္ တစ္ကမာၻေလးကိုေတာင္ ပုိင္ဆုိင္ႏုိင္မွာပါ။ ဆုိရွယ္မီဒီယာမသုံးတဲ့ စုံတဲြေတြက အခ်စ္ေရးပုိခုိင္ျမဲၾကပါတယ္ …။

တခ်ိဳ႕စုံတဲြေတြက ဆုိရွယ္မီဒီယာမွာပဲ စံျပျဖစ္ေနၿပီး လက္ေတြ႕မွာေတာ့ ထင္သေလာက္ အခ်စ္မခံရပါဘူး။ ဒီအျပဳအမႈေတြကေတာ့ အခ်စ္စစ္ ၊ အခ်စ္မွန္နဲ႕ ခ်စ္ၾကတဲ့စုံတဲြေတြမွာသာ ျမင္ေတြ႕ရမွာပါေနာ္ …။

(၁) တစ္ေယာက္လုံုျခံဳေရးကို တစ္ေယာက္က ဂရုစိုက္ေပးတယ္”

အခ်စ္စစ္၊ အခ်စ္မွန္နဲ႕ခ်စ္ၾကတဲ့ စုံတဲြေတြက တစ္ေယာက္လုံျခံဳေရးကို တစ္ေယာက္က ဂရုစိုက္ေပးေနတတ္တယ္။ တစ္ေယာက္နဲ႕တစ္ေယာက္ ကားဆုိရင္လည္း ဂရုစုိက္ေမာင္းဖုိ႔၊ အျပင္သြားရင္လည္း ဂရုစိုက္သြားဖုိ႕ အျမဲေျပာေနတတ္ၾကတယ္။ တစ္ေယာက္ကုိတစ္ေယာက္လည္း အဆုံးရႈံးမခံႏုိင္ေလာက္ေအာင္ ခ်စ္ၾကလုိ႕ပါ။ ဒါေၾကာင့္ အျမဲဂရုစုိက္ဖုိ႕အေျပာခံေနရမွာပါ …။

(၂) အေပၚယံေတြထက္ အစစ္အမွန္ခ်စ္ၾကတယ္”

ဆုိရွယ္မီဒီယာေပၚကလုိ ဖိနပ္ သုိင္းႀကိဳးခ်ည္ေပးမွ၊ ေယာက်ာ္းေလးက ကားလမ္းေဘးမွာ လမ္းေလွ်ာက္ေပးေနမွ၊ အံ့အားသင့္သြားေစတဲ့ surprise ေတြလုပ္ေပးေနမွ အစစ္အမွန္ခ်စ္ၾကတယ္လုိ႕ ယူဆရင္ မွားသြားပါမယ္။ တကယ္ေတာ့ ဒီလုိ အေပၚယံေတြ ပကာသနေတြ မရွိမွ အခ်စ္စစ္ အခ်စ္မွန္ပါ။ ဂရုစုိက္ေပးသင့္သေလာက္ အျပန္အလွန္ဂရုစုိက္ေပးတာမ်ိဳး ၊ တစ္ေယာက္မသိေအာင္ ေနာက္ကြယ္ကေန ပံ့ပုိးေနတာမ်ိဳး မွ တကယ္႔ အခ်စ္စစ္ပါ …။

(၃) ဟန္ေဆာင္တာေတြ မရွိဘူး”

တစ္ေယာက္နဲ႕ တစ္ေယာက္ အရွိကုိ အရွိအတုိင္း ေျပာၾကတယ္။ လုပ္ေပးႏုိင္သေလာက္ အစြမ္းကုန္ လုပ္ေပးၾကတယ္။ တစ္ေယာက္အေပၚမွာလည္း ဟန္ေဆာင္ ဖုံးကြယ္ထားတာမ်ိဳးေတြ မရွိၾကဘူး။ အခ်စ္စစ္ နဲ႕ ခ်စ္ၾကတဲ့ စုံတဲြေတြက အေပၚယံ၊ ေပၚပင္ေတြၾကားမွာ မေပ်ာ္ေနၾကဘဲ လက္ေတြ႕မွာ တစ္ေယာက္နဲ႕တစ္ေယာက္ အခ်ိန္ေပးလုိ႕ေတာင္ မေလာက္ႏုိင္ျဖစ္ေနၾကမွာပါေနာ္ …။

(၄) ယုံၾကည္မႈ နက္နဲတယ္”

အခ်စ္စစ္ အခ်စ္မွန္ခ်စ္ၾကတဲ့ စုံတဲြေတြက သာမန္ယုံၾကည္တာထက္ ယံုၾကည္မႈေတြနက္နဲတယ္။ တစ္ေယာက္ရဲ႕ရည္မွန္းခ်က္မွာ ယုံၾကည္မႈ နက္နဲသလိုမ်ိဳးပဲ တျခားကိစၥေတြမွာလည္း ယုံၾကည္မႈနက္နဲၾကတယ္။ အခ်စ္စစ္လို႕ ယုံၾကည္မႈ နက္နဲသြားၾကတာပါ။ တစ္ေယာက္နဲ႕တစ္ေယာက္ ယုံၾကည္မႈ နက္နဲၾကမွလည္း သက္ဆုံးတုိင္ လက္တဲြျမဲၾကမွာ ျဖစ္ပါတယ္ …။

(၅) အခက္အခဲေတြကို အတူတူရင္ဆုိင္ႏုိင္ၾကတယ္”

ရင္ဘတ္ႀကီးနဲ႕ႏွစ္ႏွစ္ကာကာခ်စ္ၾကတဲ့ စုံတဲြတုိင္းကေတာ့ တစ္ေယာက္မွာ ရွိေနတဲ့ အခက္အခဲေတြကို တစ္ေယာက္က ကူထမ္းေပးတတ္ၾကတယ္။ ဘယ္လုိအခက္အခဲမ်ိဳးကိုမဆုိ အတူတူရင္ဆုိင္ႏုိင္ၾကတယ္။ တစ္ေယာက္က ရႈံးနိမ့္ေနတဲ့အခ်ိန္မ်ိဳးမွာ ေဘးကေန အားေပးၿပီး ပံ့ပုိးေပး ေနတာမ်ိဳးပါေနာ္ …။

Credit

Unicode Version ဖြင့်ဖတ်ရန်

အချစ်စစ်၊အချစ်မှန်နဲ့ ချစ်ကြတဲ့စုံတွဲတွေမှာသာ မြင်တွေ့ရတဲ့အပြုအမူများ…

ဆိုရှယ်မီဒီယာပေါ်မှာ အများ အားကျရဖို့ဓာတ်ပုံတွေတင်နေတာထက် တကယ်လက်တွေ့ဘဝမှာ အချစ်ခံရတာကမှ အချစ်စစ်၊ အချစ်မှန်ပဲဖြစ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် စိတ်ထဲက နှစ်နှစ်ကာကာ ချစ်နေကြရင် ၊ ဂရုစိုက်ပေးနေကြရင် နှစ်ယောက် တစ်ကမာ္ဘလေးကိုတောင် ပိုင်ဆိုင်နိုင်မှာပါ။ ဆိုရှယ်မီဒီယာမသုံးတဲ့ စုံတွဲတွေက အချစ်ရေးပိုခိုင်မြဲကြပါတယ် …။

တချို့စုံတွဲတွေက ဆိုရှယ်မီဒီယာမှာပဲ စံပြဖြစ်နေပြီး လက်တွေ့မှာတော့ ထင်သလောက် အချစ်မခံရပါဘူး။ ဒီအပြုအမှုတွေကတော့ အချစ်စစ် ၊ အချစ်မှန်နဲ့ ချစ်ကြတဲ့စုံတွဲတွေမှာသာ မြင်တွေ့ရမှာပါနော် …။

(၁) တစ်ယောက်လုုံခြုံရေးကို တစ်ယောက်က ဂရုစိုက်ပေးတယ်”

အချစ်စစ်၊ အချစ်မှန်နဲ့ချစ်ကြတဲ့ စုံတွဲတွေက တစ်ယောက်လုံခြုံရေးကို တစ်ယောက်က ဂရုစိုက်ပေးနေတတ်တယ်။ တစ်ယောက်နဲ့တစ်ယောက် ကားဆိုရင်လည်း ဂရုစိုက်မောင်းဖို့၊ အပြင်သွားရင်လည်း ဂရုစိုက်သွားဖို့ အမြဲပြောနေတတ်ကြတယ်။ တစ်ယောက်ကိုတစ်ယောက်လည်း အဆုံးရှုံးမခံနိုင်လောက်အောင် ချစ်ကြလို့ပါ။ ဒါကြောင့် အမြဲဂရုစိုက်ဖို့အပြောခံနေရမှာပါ …။

(၂) အပေါ်ယံတွေထက် အစစ်အမှန်ချစ်ကြတယ်”

ဆိုရှယ်မီဒီယာပေါ်ကလို ဖိနပ် သိုင်းကြိုးချည်ပေးမှ၊ ယောက်ျားလေးက ကားလမ်းဘေးမှာ လမ်းလျှောက်ပေးနေမှ၊ အံ့အားသင့်သွားစေတဲ့ surprise တွေလုပ်ပေးနေမှ အစစ်အမှန်ချစ်ကြတယ်လို့ ယူဆရင် မှားသွားပါမယ်။ တကယ်တော့ ဒီလို အပေါ်ယံတွေ ပကာသနတွေ မရှိမှ အချစ်စစ် အချစ်မှန်ပါ။ ဂရုစိုက်ပေးသင့်သလောက် အပြန်အလှန်ဂရုစိုက်ပေးတာမျိုး ၊ တစ်ယောက်မသိအောင် နောက်ကွယ်ကနေ ပံ့ပိုးနေတာမျိုး မှ တကယ့် အချစ်စစ်ပါ …။

(၃) ဟန်ဆောင်တာတွေ မရှိဘူး”

တစ်ယောက်နဲ့ တစ်ယောက် အရှိကို အရှိအတိုင်း ပြောကြတယ်။ လုပ်ပေးနိုင်သလောက် အစွမ်းကုန် လုပ်ပေးကြတယ်။ တစ်ယောက်အပေါ်မှာလည်း ဟန်ဆောင် ဖုံးကွယ်ထားတာမျိုးတွေ မရှိကြဘူး။ အချစ်စစ် နဲ့ ချစ်ကြတဲ့ စုံတွဲတွေက အပေါ်ယံ၊ ပေါ်ပင်တွေကြားမှာ မပျော်နေကြဘဲ လက်တွေ့မှာ တစ်ယောက်နဲ့တစ်ယောက် အချိန်ပေးလို့တောင် မလောက်နိုင်ဖြစ်နေကြမှာပါနော် …။

(၄) ယုံကြည်မှု နက်နဲတယ်”

အချစ်စစ် အချစ်မှန်ချစ်ကြတဲ့ စုံတွဲတွေက သာမန်ယုံကြည်တာထက် ယုံကြည်မှုတွေနက်နဲတယ်။ တစ်ယောက်ရဲ့ရည်မှန်းချက်မှာ ယုံကြည်မှု နက်နဲသလိုမျိုးပဲ တခြားကိစ္စတွေမှာလည်း ယုံကြည်မှုနက်နဲကြတယ်။ အချစ်စစ်လို့ ယုံကြည်မှု နက်နဲသွားကြတာပါ။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု နက်နဲကြမှလည်း သက်ဆုံးတိုင် လက်တွဲမြဲကြမှာ ဖြစ်ပါတယ် …။

(၅) အခက်အခဲတွေကို အတူတူရင်ဆိုင်နိုင်ကြတယ်”

ရင်ဘတ်ကြီးနဲ့နှစ်နှစ်ကာကာချစ်ကြတဲ့ စုံတွဲတိုင်းကတော့ တစ်ယောက်မှာ ရှိနေတဲ့ အခက်အခဲတွေကို တစ်ယောက်က ကူထမ်းပေးတတ်ကြတယ်။ ဘယ်လိုအခက်အခဲမျိုးကိုမဆို အတူတူရင်ဆိုင်နိုင်ကြတယ်။ တစ်ယောက်က ရှုံးနိမ့်နေတဲ့အချိန်မျိုးမှာ ဘေးကနေ အားပေးပြီး ပံ့ပိုးပေး နေတာမျိုးပါနော် …။

Credit