ကဲ အမ်ိဳးသားတို႔ေရ ခ်စ္သူက ႏႈတ္ကေန ဖြင့္မေျပာေပမယ့္ သင့္ကို သိေစခ်င္တဲ့ အရာေလးေတြရွိေနပါတယ္။ ဘာေတြလဲဆိုတာသိရေအာင္ ေျပာျပေပးမယ္။
၁။ က်ား၊ မ မခြဲျခားေစခ်င္တဲ့အေၾကာင္း
ဒီကေန႔ေခတ္မွား အမ်ိဳးသမီးေတြလည္း အမ်ိဳးသားေတြနဲ႔ တန္းတူ အလုပ္လုပ္ေနၾကၿပီေနာ္။ သင့္ခ်စ္သူ မိန္းကေလးကလည္း သင့္ကို က်ား၊ မ ခြဲျခားတတ္တဲ့သူမ်ိဳး မျဖစ္ေစခ်င္ပါဘူး။ အမ်ိဳးသားနဲ႔ အမ်ိဳးသမီးဆိုတာ အေျခခံအားျဖင့္ အတူတူပဲျဖစ္တယ္ဆိုတာ သင့္ကို သိေစခ်င္ၾကပါတယ္။
၂။ ခ်စ္သူရဲ႕ ၾကင္နာမႈဟာ သူ႔ကိုအၿမဲတမ္း စြဲေဆာင္ထားတဲ့အေၾကာင္း
ခ်စ္သူကိုၾကင္နာပါ။ သင့္ရဲ႕ ၾကင္နာမႈကို သူသေဘာက်တယ္ဆိုတဲ့အေၾကာင္းကို သူ႕ႏႈတ္ကေန ဖြင့္မေျပာေပမယ့္ ၾကင္နာတတ္တဲ့ အမ်ိဳးသားကို သူသေဘာက်တယ္ဆိုတာ သင့္အေနနဲ႔ သိထားသင့္ပါတယ္။
၃။ ဖရိုဖရဲ၀တ္တာမ်ိဳးကို သေဘာမက်တဲ့အေၾကာင္း
အ၀တ္အစားကို ဖရိုဖရဲ၀တ္တာမ်ိဳးကို သူတို႔ေတြသေဘာမက်ၾကပါဘူး။ အမ်ိဳးသမီးေတြဟာ သပ္သပ္ရပ္ရပ္နဲ႔ ၀တ္စားတတ္တဲ့သူေတြကို သေဘာက်ၾကပါတယ္။
၄။ သင့္ကိုယ္သင္ ျပည့္စံုတဲ့သူတစ္ေယာက္လို လုပ္ျပစရာမလိုဘူးဆိုတဲ့အေၾကာင္း
အမ်ိဳးသမီးေတြဟာ ျပစ္မ်ိဳးမွဲ႔မထင္ လူတစ္ေယာက္ကို သေဘာက်တယ္လို႔ မမွတ္ယူပါနဲ႔။ ရိုးသားၿပီး အရွိကို အရွိအတိုင္း ခ်ျပတဲ့သူေတြကို သေဘာက်တာပါ။
၅။ လြတ္လပ္မႈကို တန္ဖိုးထားတဲ့အေၾကာင္း
အမ်ိဳးသမီးေတြဟာလည္း ကိုယ္ပို္င္လြတ္လပ္ခြင့္ကို တန္ဖိုးထားတယ္ဆိုတာ သူ႕ခ်စ္သူကို သိေစခ်င္ၾကပါတယ္။ ဟိုမသြားရ ဒီမသြားရ ခ်ဳပ္ခ်ယ္တဲ့သူေတြထက္ သူတို႔ကို ယံုၾကည္ေလးစားၿပီး လြတ္လပ္မႈကို တန္ဖိုးထားတဲ့ ခ်စ္သူကို တန္ဖိုးထားၾကပါတယ္။ သူတို႔က ဖြင့္မေျပာေပမယ့္ သင့္အေနနဲ႔ သိထားရမယ္ေနာ္။
၆။ အႏိုင္က်င့္တာကို သည္းမခံႏိုင္တဲ့အေၾကာင္း
အားႀကီးတ့ဲသူက အားႏြဲ႔တဲ့သူကို တမင္အႏိုင္ယူတာမ်ိဳးကို မႀကိဳက္တဲ့အေၾကာင္း၊ တန္းတူညီမွ်မႈမရွိတာကို သည္းမခံႏိုင္တဲ့အေၾကာင္း သင့္ကိုဖြင့္မေျပာေပမယ့္ သူတို႔ေတြ ဒါကိုမႀကိဳက္ဘူးဆိုတာ သိေစခ်င္ၾကပါတယ္။ ေယာက်ၤားေလးတန္မယ့္ လူေရွ႕သူေရွ႕မွာ ေအာ္တာမ်ိဳးကို သူသေဘာမက်ဘူးဆိုတာ သင့္ကို သိေစခ်င္ပါတယ္။
၇။ ေမြးေန႔တို႔ ႏွစ္ပတ္လည္ေန႔တို႔ကို ေမ့လို႔မျဖစ္တဲ့အေၾကာင္း
သူ႔ေမြးေန႔ပဲျဖစ္ျဖစ္ ၊ ႏွစ္ပတ္လည္ေန႔ပဲျဖစ္ျဖစ္ သင့္ကို အၿမဲအမွတ္ရေနေစခ်င္ၾကပါတယ္။ ေမြးေန႔လက္ေဆာင္၀ယ္ေပးဖို႔ ႏႈတ္ကေန မပူဆာေပမယ့္ သင့္ဆီက ေပ်ာ္စရာေကာင္းတဲ့ လက္ေဆာင္တစ္ခုခုကို တိတ္တိတ္ေလး ေမွ်ာ္လင့္ေနတဲ့အေၾကာင္း သိေစခ်င္ပါတယ္ ခ်စ္သူေရ။
Credit : Mystyle
Unicode
ကဲ အမျိုးသားတို့ရေ ချစ်သူက နှုတ်ကနေ ဖွင့်မပြောပေမယ့် သင့်ကို သိစေချင်တဲ့ အရာလေးတွေရှိနေပါတယ်။ ဘာတွေလဲဆိုတာသိရအောင် ပြောပြပေးမယ်။
၁။ ကျား၊ မ မခွဲခြားစေချင်တဲ့အကြောင်း
ဒီကနေ့ခေတ်မှား အမျိုးသမီးတွေလည်း အမျိုးသားတွေနဲ့ တန်းတူ အလုပ်လုပ်နေကြပြီနော်။ သင့်ချစ်သူ မိန်းကလေးကလည်း သင့်ကို ကျား၊ မ ခွဲခြားတတ်တဲ့သူမျိုး မဖြစ်စေချင်ပါဘူး။ အမျိုးသားနဲ့ အမျိုးသမီးဆိုတာ အခြေခံအားဖြင့် အတူတူပဲဖြစ်တယ်ဆိုတာ သင့်ကို သိစေချင်ကြပါတယ်။
၂။ ချစ်သူရဲ့ ကြင်နာမှုဟာ သူ့ကိုအမြဲတမ်း စွဲဆောင်ထားတဲ့အကြောင်း
ချစ်သူကိုကြင်နာပါ။ သင့်ရဲ့ ကြင်နာမှုကို သူသဘောကျတယ်ဆိုတဲ့အကြောင်းကို သူ့နှုတ်ကနေ ဖွင့်မပြောပေမယ့် ကြင်နာတတ်တဲ့ အမျိုးသားကို သူသဘောကျတယ်ဆိုတာ သင့်အနေနဲ့ သိထားသင့်ပါတယ်။
၃။ ဖရိုဖရဲဝတ်တာမျိုးကို သဘောမကျတဲ့အကြောင်း
အဝတ်အစားကို ဖရိုဖရဲဝတ်တာမျိုးကို သူတို့တွေသဘောမကျကြပါဘူး။ အမျိုးသမီးတွေဟာ သပ်သပ်ရပ်ရပ်နဲ့ ဝတ်စားတတ်တဲ့သူတွေကို သဘောကျကြပါတယ်။
၄။ သင့်ကိုယ်သင် ပြည့်စုံတဲ့သူတစ်ယောက်လို လုပ်ပြစရာမလိုဘူးဆိုတဲ့အကြောင်း
အမျိုးသမီးတွေဟာ ပြစ်မျိုးမှဲ့မထင် လူတစ်ယောက်ကို သဘောကျတယ်လို့ မမှတ်ယူပါနဲ့။ ရိုးသားပြီး အရှိကို အရှိအတိုင်း ချပြတဲ့သူတွေကို သဘောကျတာပါ။
၅။ လွတ်လပ်မှုကို တန်ဖိုးထားတဲ့အကြောင်း
အမျိုးသမီးတွေဟာလည်း ကိုယ်ပိုင်လွတ်လပ်ခွင့်ကို တန်ဖိုးထားတယ်ဆိုတာ သူ့ချစ်သူကို သိစေချင်ကြပါတယ်။ ဟိုမသွားရ ဒီမသွားရ ချုပ်ချယ်တဲ့သူတွေထက် သူတို့ကို ယုံကြည်လေးစားပြီး လွတ်လပ်မှုကို တန်ဖိုးထားတဲ့ ချစ်သူကို တန်ဖိုးထားကြပါတယ်။ သူတို့က ဖွင့်မပြောပေမယ့် သင့်အနေနဲ့ သိထားရမယ်နော်။
၆။ အနိုင်ကျင့်တာကို သည်းမခံနိုင်တဲ့အကြောင်း
အားကြီးတဲ့သူက အားနွဲ့တဲ့သူကို တမင်အနိုင်ယူတာမျိုးကို မကြိုက်တဲ့အကြောင်း၊ တန်းတူညီမျှမှုမရှိတာကို သည်းမခံနိုင်တဲ့အကြောင်း သင့်ကိုဖွင့်မပြောပေမယ့် သူတို့တွေ ဒါကိုမကြိုက်ဘူးဆိုတာ သိစေချင်ကြပါတယ်။ ယောင်္ကျားလေးတန်မယ့် လူရှေ့သူရှေ့မှာ အော်တာမျိုးကို သူသဘောမကျဘူးဆိုတာ သင့်ကို သိစေချင်ပါတယ်။
၇။ မွေးနေ့တို့ နှစ်ပတ်လည်နေ့တို့ကို မေ့လို့မဖြစ်တဲ့အကြောင်း
သူ့မွေးနေ့ပဲဖြစ်ဖြစ် ၊ နှစ်ပတ်လည်နေ့ပဲဖြစ်ဖြစ် သင့်ကို အမြဲအမှတ်ရနေစေချင်ကြပါတယ်။ မွေးနေ့လက်ဆောင်ဝယ်ပေးဖို့ နှုတ်ကနေ မပူဆာပေမယ့် သင့်ဆီက ပျော်စရာကောင်းတဲ့ လက်ဆောင်တစ်ခုခုကို တိတ်တိတ်လေး မျှော်လင့်နေတဲ့အကြောင်း သိစေချင်ပါတယ် ချစ်သူရေ။
Credit : Mystyle