နာထောင်းပေးလာမယ်”
=========
ခရက်ဒစ်
Unicode Version ဖြင့်ဖတ်ရန်
အချစ်စစ်နဲ့တွေ့တဲ့အချိန်မှာ တွေ့ရတက်တဲ့ အမျိုးသားတွေရဲ့အမူအကျင့်များ…
အမျိုးသားနဲ့ အမျိုးသမီးတွေက ချစ်ခြင်းမေတ္တာကို ပုံဖော်ပြသတဲ့နေရာမှာ ကွဲပြားခြားနားကြပါတယ်။ အမျိုးသားတွေက ပိုပြီး ထိရှလွယ်ကြတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေက အမျိုးသားတွေကို သိပ်ပြီး နားမလည်ကြတာပါ။ အမျိုးသားနဲ့အမျိုးသမီးတွေက တွေးခေါ်စဉ်းစားပုံခြင်း မတူညီတာကြောင့်လည်း အပြုအမူတွေက ကွဲပြားနေတတ် ပါတယ်နော် …။
နာထောင်းပေးလာမယ်”
အထူးသဖြင့် အမျိုးသမီးတွေက အမျိုးသားတွေထက် နားထောင်ပေးနိုင်စွမ်း ပိုရှိကြပါတယ်။ လေ့လာမှုတွေအရ အမျိုးသားတွေက သူတို့စိတ်ဝင်စားတဲ့ အရာတွေအကြောင်းကိုပဲ နားထောင်ချင်ကြပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတစ်ယောက်ပြောနေတာကို ဂရုတစိုက် နားထောင်ပေးပြီး တုံ့ပြန်ပြောဆိုမှုတွေ ပြုလုပ်နေပြီဆိုရင် အဲ့ဒီအမျိုးသားဟာ ချစ်ကျွမ်းဝင်နေပြီဆိုတာ သေချာနေပါပြီ …။
စွန့်လွှတ်အနစ်နာခံဖို့ မကြောက်တော့ဘူး”
ချစ်ရသူတွေအတွက် ကိုယ်ကျိုးစွန့်ရတာက ခတ်ခဲတဲ့အလုပ်မဟုတ်‌တော့ပါဘူး။ အမျိုးသားတွေဟာ သူချစ်ရတဲ့ မိန်းကလေးတစ်ယောက် မပျော်မရွှင်ဖြစ်နေရင် နေမထိထိုင်မသာဖြစ်တက်ပါတယ်။ မင်းရဲ့ပျော်ရွှင်မှုအတွက် စွန့်လွှတ်အနစ်နာခံပေးခဲ့တယ် ဆိုတာက မင်းအတွက် သူ့ရဲ့အချစ်ကို ပြသတာပါ။ အမျိုးသားတစ်ယောက်ဟာ တကယ်ချစ်မိသွားပြီဆိုရင် အရာအရာ သူချစ်ရတဲ့ သူအတွက်ပဲ ပထမဦးစားပေး စဉ်းစားလေ့ရှိပါတယ်နော် …။
အားနည်းချက်ကို ထုတ်ဖော်ပြလာမယ်”
အမျိုးသားတွေဟာ သူတို့ရဲ့အားနည်ချက်ကို တခြားလူတွေမသိအောင် အတက်နိုင်ဆုံးထိန်းသိမ်းထားတက်ကြပါတယ်။ ဒါပေမယ့် တကယ်ချစ်မိသွားတဲ့ အမျိုးသားတွေကတော့ သူတို့ရဲ့အားနည်းချက်ကို ချစ်ရတဲ့သူမြင်အောင် ထုတ်ဖော်ပြဖို့ ဝန်မလေးကြပါဘူး။ ချစ်ရတဲ့သူက ကိုယ့်ရဲ့ အားနည်ချက်ကိုသိထားစေချင်တာက အမျိုးသားတွေ ချစ်သူအပေါ်ထားတဲ့ စိတ်ဆန္ဒပဲဖြစ်ပါတယ်။ ဒါက ချစ်သူနှစ်ဦးကြားမှာ ပိုပြီးရင်းနှီးကျွမ်းဝင်မှု ရရှိစေနိုင်ပါတယ် …။
ချစ်ရတဲ့သူအတွက် ဂုဏ်ယူတယ်”
တကယ်ချစ်မိသွားတဲ့ အမျိုးသားတွေဟာ သူတို့ချစ်ရတဲ့သူအကြောင်းကို ဂုဏ်ယူစွာပြောဆိုတက်ပါတယ်။ သူတို့ချစ်ရတဲ့သူက အလုပ်ထဲမှာ အလုပ်ကြိုးစားသူဖြစ်ဖြစ်၊ ရည်မှန်းချက်ကို အကောင်အထည် ဖော်နေသူဖြစ်ဖြစ် သင့်ရဲ့ကြိုးစားမှုကို အမြဲ အသိအမှတ်ပြုပေးမယ့်သူက သင့်ကိုချစ်တဲ့ အမျိုးသားပါနော် …။ ။
=========
ခရက်ဒစ်