Credit
စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန်္
အသက်ကြီးရင် အိုဇာတာကောင်း၊မကောင်းသိနိုင်မယ့် သင့်ဘယ်ဘက်လက်မလေး…
ကံတရားကို ဘယ်သူမှ ရှောင်လွှဲလို့ မရနိုင်ကြဘူးဆိုတာ လူတိုင်းအားလုံး သိပြီးသား ဖြစ်ပါတယ်။
ဒီကံတရားကိုလည်း ဘုရားက လွဲပြီး ဘယ်သူကမှ ကြိုတင် မမြင်နိုင်ဘူး ဆိုတာလည်း လူတိုင်း လက်ခံကြပါ လိမ့်မယ် …။
သို့သော်လည်း လူတစ်ယောက် ရဲ့ ကံတရားကို အနီစပ်ဆုံး အတတ်နိုင်ဆုံး ကြိုတင် ခန့်မှန်းနိုင်တာဟာ ဗေဒင် နှင့် လက္ခဏာ ပညာရပ်ပါပဲ …။
ကျနော် တွေ့တဲ့ ပို့လေး တစ်ခု ကတော့ လူ တစ်ယောက်ဟာ အသက်ကြီးလာတဲ့ အခါမှာ အိုဇာတာ ကောင်းမကောင်း ခန့်မှန်း နိုင်တဲ့ လက္ခဏာ အမှတ်အသားလို့ သိရတဲ့ အကြောင်းလေးပါ။ အဲ့တာလေးကို အခု ဖော်ပြပေးလိုက်ပါတယ် …။
အိုဇာ တာ ကောင်းမှာလား မကောင်းဘူးလား ဒီမှာ ဖတ်ကြည့်သွားဗျ ပုံမှာပြထား တဲ့ အတိုင်း လက် မရဲ့ အကွေး အစစ် အတွင်း ပိုင်းနေရာ မှာ လူ တိုင်း မှာ ပါ ရှိတဲ့ အရေးအကြောင်း လက္ခဏာလေး ဖြစ် ပါတယ် …။
ဒီအကြောင်းလေးဟာ စပါးစေ့လို သေး ချွန် ပြီး ပိတ်နေရင် အိုဇာတာ ကောင်းပါ တယ်။ ထိုလူဟာ အသက် အရွယ်ကြီးလာ တဲ့အခါ မိမိရှာသည်ဖြစ်စေ၊ သူတစ်ပါးကူညီ သည်ဖြစ်စေ၊ ပြည့်စုံပြီး မပူပင်ရပါ။ စိတ်ချမ်းသာစွာ နေထိုင် ရပါမယ် …။
ဒါဟာ အသက်ကြီး သူတို့ရဲ့ အလိုအပ်ဆုံး အရေးကြီး ဆုံး အချက် တစ်ချက်လို့ ပြောလို့ ရပါတယ်။ သို့တည်းမဟုတ် လက်မရဲ့ အကွေး အစစ်နေရာက အရေးအကြောင်းလေးဟာ စပါးစေ့ပုံ မဖြစ်ပဲ ဟ နေရင် ၊ မျဉ်းပြိုင်ဖြစ်နေရင် ဆင်းရဲချမ်းသာမဟုတ်ပဲ မိမိ က ရှာ သူများက သုးံ၊ ကိုယ့် မရှိရင် သူများက လာမပေးတဲ့ ကံမျိုး ဖြစ်ပါတယ် …။
အားလုံးကံကောင်းကြပါစေ …။ ။
Credit