ခရက်ဒစ်
UNICODE VERSION ဖြင့်ဖတ်ရန်
စိတ်နာပြီဆိုရင် လှည့်တောင်မကြည့်ချင်တော့တဲ့စိတ်ဓာတ်ရှိတဲ့ မိန်းကလေးတွေဆိုတာ…
မိန်းကလေးတွေဟာ ချစ်တတ်တဲ့နေရာမှာ နှစ်ယောက် မရှိအောင်ကို ချစ်တတ်ကြပါတယ်။ တစ်ယောက်ကိုချစ်ပြီဆိုရင် သစ္စာရှိစွာနဲ့ အနွံတာခံပြီး ချစ်တတ်တဲ့ သူတွေဖြစ်ပါတယ် …။
ကိုယ့်အပေါ်မှာဘယ်လောက်ပဲ နာကျင်မှုတွေ၊ ဒဏ်ရာတွေပေးပေး သည်းခံပြီး ချစ်မြတ်နိုးတတ်တဲ့ သူလေးတွေ ဖြစ်ပါတယ် …။
ဒါပေမယ့် တကယ်တမ်း စိတ်နာသွားပြီဆိုရင် လှည့်တောင် မကြည့်ချင်တော့လောက်အောင် ပြတ်သားတဲ့ မိန်းကလေးတွေလည်း ဖြစ်ပါတယ် …။
ခုဖော်ပြပေးမှာကတော့ စိတ်နာပြီဆိုရင် လှည့်တောင်မကြည့်ချင်တော့တဲ့ စိတ်ဓာတ်ရှိတဲ့ မိန်းကလေးတွေရဲ့ အကြောင်းပဲ ဖြစ်ပါတယ် …။
(၁) အဆုံးစွန်ထိသည်းခံတယ်…
ဒီလိုမိန်းကလေးတွေဟာ လူတစ်ယောက်အပေါ်မှာ အဆုံးအထိသည်းခံပေးတဲ့သူတွေဖြစ်ပါတယ်။
လူတစ်ယောက် သူတို့အပေါ်မှာ ဘယ်လိုပဲဆိုးဆိုး၊ ဘယ်လိုပဲနာကျင်အောင်လုပ်လုပ် သည်းခံခွင့်လွှတ်ပေးတဲ့သူတွေ ဖြစ်ပါတယ်။
သည်းခံနိုင်သမျှအကုန် သည်းခံပေးခဲ့ပြီးပြီဖြစ်လို့ တော်ပြီဆိုရင် လှည့်ကိုမကြည့်ချင်တော့တဲ့သူတွေဖြစ်ပါတယ်။
(၂) အခွင့်အရေး ထပ်မပေးတော့ဘူး…
ဒီလိုမိန်းကလေးတွေဟာ တော်ပြီလို့ ဆုံးဖြတ်ပြီးတဲ့အခါမှာ နောက်ထပ်အခွင့်အရေးတွေ ထပ်ပေးမှာ မဟုတ်ပါဘူး …။
လူတစ်ယောက်ကို အခွင့်အရေးပေးသင့်သလောက် ပေးခဲ့အပြီးမှာ ယုံကြည်မှုတွေကို အလွဲသုံးစားလုပ်ခဲ့ရင် နောက်ထပ် အခွင့်အရေးထပ်ပေးတော့မှာ မဟုတ်ပါဘူး …။
အကြောင်းကတော့ လူတစ်ယောက်ရဲ့ အကြိမ်ကြိမ်အရူးလုပ်ခြင်းကို မခံချင်တော့လို့ပဲ ဖြစ်ပါတယ် …။
(၃) အချစ်တွေအားလုံးပေးခဲ့ပြီးပြီ…
ဒီလိုမိန်းကလေးတွေဟာ လူတစ်ယောက်ကိုချစ်ပြီဆိုရင် အချစ်တွေအားလုံးပုံအောပြီး ချစ်တတ်တဲ့ သူတွေပါ …။
လူတစ်ယောက်ကို အချစ်တွေ အားလုံးနဲ့ချစ်နိုင်သမျှ ချစ်ခဲ့ပြီး ဖြစ်တယ် …။
ဒါကြောင့် မချစ်တော့ဘူး၊ တော်ပြီလို့ ဆုံးဖြတ်ပြီးတဲ့အခါမှာတော့ နောက်တစ်ခါပြန်ပြီး လှည့်ကြည့်တော့မှာ မဟုတ်ပါဘူး …။
အကြောင်းကတော့ ပေးစရာအချစ်တွေထပ်ပြီး မရှိတော့လို့ပါပဲ …။
(၄) ဆုံးဖြတ်ပြီးရင်မပြင်တော့ဘူး…
ဒီလိုမိန်းကလေးတွေဟာ ဆုံးဖြတ်ပြီးရင် ပြန်မပြင်ချင်တဲ့ သူလေးတွေပါ …။
လူတစ်ယောက်အတွက် ရှိသမျှသိက္ခာတွေနဲ့ အရှက်တွေအားလုံးကို ပုံအောဖို့အထိ မိုက်မဲတဲ့ သူတွေမဟုတ်ပါဘူး …။
လူတစ်ယောက်ကိုစွန့်လွှတ်ဖို့ လွယ်လွယ်နဲ့မဆုံးဖြတ်သလို၊ ဆုံးဖြတ်လိုက်ပြီဆိုရင်လည်း နောက်ထပ်ပြန်ပြင်တော့မှာ မဟုတ်ပါဘူး …။
လူတစ်ယောက်အတွက်နဲ့ ကိုယ့်ရဲ့ဘဝတစ်ခုလုံးကို ဘယ်တော့မှ ပုံအပ်မယ့်သူတွေ မဟုတ်ပါဘူး …။
(၅) ကိုယ့်အတွက်ကိုယ်ပဲကြည့်ချင်တော့တယ်…
ဒီလိုမိန်းကေလးတွေဟာ မချစ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီဆိုရင် သူ့အကြောင်းကို ခေါင်းထဲတောင် အဝင်ခံတော့မှာ မဟုတ်ပါဘူး …။
သူ့အတွက်ပဲအမြဲစဉ်းစား၊ သူ့အတွက်ပဲ အမြဲတွေးနေပေမယ့် သူကတော့ကိုယ့်အတွက် မစဉ်းစားပဲ အကြိမ်ကြိမ်နာကျင်အောင်ပဲ လုပ်နေခဲ့မယ်ဆိုရင်တော့ ထားခဲ့ဖို့ကိုပဲ ဆုံးဖြတ်လိုက်ပြီး
ကိုယ့်အတွက်ကိုယ်ပဲ ကြည့်ချင်တော့တဲ့ စိတ်မျိုးရှိတဲ့ သူတွေပါနော် …။ ။
ခရက်ဒစ်