အခ်စ္ႀကီးလြန္းသူေတြ ျပဳလုပ္မိတတ္တဲ့ အမွား(၆)ခု…

အခ်စ္ႀကီးလြန္းသူေတြ ျပဳလုပ္မိတတ္တဲ့ အမွား(၆)ခု…

အခ်စ္ဆိုတာကို တစ္ခ်ိန္ မဟုတ္ တစ္ခ်ိန္မွာ လူတုိင္း ၾကံဳၾကမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း တစ္ေယာက္နဲ႔ တစ္ေယာက္ ခ်စ္ပံုခ်စ္နည္းေတြကေတာ႔ မတူၾကပါဘူး …။

တစ္ခ်ိဳ႕ေတြက ခ်စ္ေပမယ့္လည္း အခ်စ္ေတြကို ဘယ္လိုထုတ္ျပရမယ္ မသိၾကပါဘူး။ တစ္ခ်ိဳ႕ကေတာ့ သိပ္ကို ခ်စ္တတ္လြန္းလို႔ အခုလို အမွားေတြ လုပ္မိတတ္တာမ်ိဳးလည္း ရွိတတ္ပါတယ္ေနာ္ …။

ခ်ဳပ္ခ်ယ္သလို ျဖစ္တယ္”

တစ္ေယာက္ေယာက္ကို အရမ္း ခ်စ္မိသြားတဲ့အခါ အခ်စ္ႀကီးသူေတြက သူတို႔ကိုပဲ ၾကည့္မိေအာင္ ျပဳလုပ္တတ္ၾကပါတယ္။ ကိုယ္နဲ႔ပဲ အျမဲရွိေနဖို႔ ကိုယ့္ကို ဦးစားေပးဖို႔နဲ႔ သူ႔ရဲ႕ အရာရာကို ကိုယ္ပဲ သိခ်င္တာမ်ိဳးေတြ ျပဳလုပ္ လာတတ္ပါတယ္ …။

ဒီအခ်က္က တစ္ဖက္သူကို အရမ္းကို ပင္ပန္းသြားေစၿပီး အခ်စ္ေတြကိုေတာင္ ေလ်ာ့သြားေစပါတယ္။ ဒါေၾကာင့္ သင္ခ်စ္တာက ခ်ဳပ္ခ်ယ္မႈအျဖစ္ ေျပာင္းသြားတာပါ …။

အေလ်ာ့ေပးမိတယ္”

တစ္ခ်ိဳ႕က်ေတာ့ ခ်စ္မိသြားတာနဲ႔ သူနဲ႔ အျမဲ အတူရွိႏိုင္ေရးကို ေတြးတတ္ၾကပါတယ္။ ဒါေၾကာင့္ ကိုယ့္ကို ထားမသြားရင္ ၿပီးေရာ အကုန္ လိုက္ေလ်ာ တတ္ၾကပါတယ္ …။

တစ္ခ်ိဳ႕က်ေတာ့ ကိုယ္ပံုစံ ေပ်ာက္သြားၿပီး သူ ႀကိဳက္ပါတယ္ဆိုတဲ့ ပံုစံအတိုင္းပဲ လိုက္ေနေတာ့တာလည္း ရွိတတ္ၾကပါတယ္။ ဒါက သင့္အတြက္ ေကာင္းတဲ့အခ်က္ေတာ့ မဟုတ္ပါဘူး …။

အလြန္အကၽြံ တုန္႔ျပန္မိတယ္”

အခ်စ္ႀကီးတဲ့သူက အမ်က္လည္း ႀကီးတယ္လို႔ ေျပာစမွတ္ ရွိပါတယ္။ တစ္ခ်ိဳ႕ကေတာ့ ခ်စ္မိသြားတာနဲ႔ သဝန္တိုလြန္းတာ၊ ေဒါသနဲ႔ ဖိႏွိပ္လြန္းတာေတြ စတဲ့ တုန္႔ျပန္မႈ လြန္ကဲ တာေတြ ျဖစ္ေနတတ္ပါတယ္ …။

ဒါေၾကာင့္ သင္ကို တစ္ဖက္သူက ခ်စ္စရာလို႔ မျမင္ေတာ့ဘဲ လန္႔စရာသူအျဖစ္ ျမင္သြားႏိုင္ပါတယ္ …။

ကိုယ့္ကိုယ္ကို ေမ့တယ္”

တစ္ဖက္လူကို ခ်စ္လြန္းေတာ့ ကိုယ့္ကိုယ္ကို ေမ့သြားၾကတဲ့သူေတြ ရွိပါတယ္။ တကယ္တမ္းက ကိုယ့္ကိုယ္ကို ဂရု အစိုက္သင့္ဆံုးနဲ႔ အခ်စ္သင့္ဆံုး ျဖစ္ပါတယ္ …။

သင္ကေတာ့ ကိုယ့္အတြက္ နည္းနည္းေလးေတာင္ ဂရုမစိုက္ေတာ့ဘဲ ခ်စ္တဲ့သူကိုပဲ အာရံုထဲ ထားမိေနတာ တကယ္ေတာ့ မေကာင္းပါဘူး …။

ဘဝအတြက္ ေမ့တယ္”

ခ်စ္သူရသြားတာနဲ႔ ခ်စ္သူနဲ႔ပဲ ရႈပ္ေနၿပီး ဘာမွ မလုပ္ျဖစ္တဲ့သူေတြ ရွိပါတယ္ …။

ဘဝအတြက္ကိုေတာင္ မေတြးေလာက္ေအာင္ စားလည္း ခ်စ္သူနဲ႔ အိပ္ခ်ိန္လည္း ခ်စ္သူနဲ႔ စကားေျပာ၊ ရန္ျဖစ္တာ၊ အေျခအတင္ ျဖစ္ေနတာ ၾကည္ႏူးေနတာေတြနဲ႔ပဲ အခ်ိန္ကို ကုန္ေလ့ ရွိၿပီး ဘဝအတြက္ အခ်ိန္ကုန္ခ်ိန္ နည္းလြန္းသြားတာကလည္း အလြန္အမင္း ခ်စ္လြန္းသူေတြမွာပဲ ရွိတာပါ …။

သဝန္ေၾကာင္မိတယ္”

ခ်စ္မိတဲ့သူေတြတုိင္း သဝန္တိုတတ္ၾကပါတယ္။ ဒါက အဆန္း မဟုတ္ပါဘူး။ ဆန္းတာကေတာ့ သဝန္တိုတဲ့ အဆင့္ကို လြန္ၿပီး သဝန္ေၾကာင္တဲ့ အဆင့္ကို ေျပာင္းလဲ သြားတတ္ၾကတာပဲ ျဖစ္ပါတယ္ …။

လူတိုင္းနဲ႔ အထင္ေတြ လြဲေနတတ္သလို လူတိုင္းကို ကိုယ့္ခ်စ္သူက ျပန္ႀကိဳက္သြားႏိုင္တယ္ဆိုတဲ့ အေတြးနဲ႔ သဝန္ေၾကာင္ေနတာက သူတုိ႔ကိုယ္ သူတို႔ ႏွိပ္စက္ျခင္း တစ္မ်ိဳးပဲ ျဖစ္ပါတယ္ေနာ္ …။ ။

ခရက္ဒစ္

Unicode Version ဖြင့်ဖတ်ရန်

အချစ်ကြီးလွန်းသူတွေ ပြုလုပ်မိတတ်တဲ့ အမှား(၆)ခု…

အချစ်ဆိုတာကို တစ်ချိန် မဟုတ် တစ်ချိန်မှာ လူတိုင်း ကြုံကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ယောက်နဲ့ တစ်ယောက် ချစ်ပုံချစ်နည်းတွေကတော့ မတူကြပါဘူး …။

တစ်ချို့တွေက ချစ်ပေမယ့်လည်း အချစ်တွေကို ဘယ်လိုထုတ်ပြရမယ် မသိကြပါဘူး။ တစ်ချို့ကတော့ သိပ်ကို ချစ်တတ်လွန်းလို့ အခုလို အမှားတွေ လုပ်မိတတ်တာမျိုးလည်း ရှိတတ်ပါတယ်နော် …။

ချုပ်ချယ်သလို ဖြစ်တယ်”

တစ်ယောက်ယောက်ကို အရမ်း ချစ်မိသွားတဲ့အခါ အချစ်ကြီးသူတွေက သူတို့ကိုပဲ ကြည့်မိအောင် ပြုလုပ်တတ်ကြပါတယ်။ ကိုယ်နဲ့ပဲ အမြဲရှိနေဖို့ ကိုယ့်ကို ဦးစားပေးဖို့နဲ့ သူ့ရဲ့ အရာရာကို ကိုယ်ပဲ သိချင်တာမျိုးတွေ ပြုလုပ် လာတတ်ပါတယ် …။

ဒီအချက်က တစ်ဖက်သူကို အရမ်းကို ပင်ပန်းသွားစေပြီး အချစ်တွေကိုတောင် လျော့သွားစေပါတယ်။ ဒါကြောင့် သင်ချစ်တာက ချုပ်ချယ်မှုအဖြစ် ပြောင်းသွားတာပါ …။

အလျော့ပေးမိတယ်”

တစ်ချို့ကျတော့ ချစ်မိသွားတာနဲ့ သူနဲ့ အမြဲ အတူရှိနိုင်ရေးကို တွေးတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ကို ထားမသွားရင် ပြီးရော အကုန် လိုက်လျော တတ်ကြပါတယ် …။

တစ်ချို့ကျတော့ ကိုယ်ပုံစံ ပျောက်သွားပြီး သူ ကြိုက်ပါတယ်ဆိုတဲ့ ပုံစံအတိုင်းပဲ လိုက်နေတော့တာလည်း ရှိတတ်ကြပါတယ်။ ဒါက သင့်အတွက် ကောင်းတဲ့အချက်တော့ မဟုတ်ပါဘူး …။

အလွန်အကျွံ တုန့်ပြန်မိတယ်”

အချစ်ကြီးတဲ့သူက အမျက်လည်း ကြီးတယ်လို့ ပြောစမှတ် ရှိပါတယ်။ တစ်ချို့ကတော့ ချစ်မိသွားတာနဲ့ သဝန်တိုလွန်းတာ၊ ဒေါသနဲ့ ဖိနှိပ်လွန်းတာတွေ စတဲ့ တုန့်ပြန်မှု လွန်ကဲ တာတွေ ဖြစ်နေတတ်ပါတယ် …။

ဒါကြောင့် သင်ကို တစ်ဖက်သူက ချစ်စရာလို့ မမြင်တော့ဘဲ လန့်စရာသူအဖြစ် မြင်သွားနိုင်ပါတယ် …။

ကိုယ့်ကိုယ်ကို မေ့တယ်”

တစ်ဖက်လူကို ချစ်လွန်းတော့ ကိုယ့်ကိုယ်ကို မေ့သွားကြတဲ့သူတွေ ရှိပါတယ်။ တကယ်တမ်းက ကိုယ့်ကိုယ်ကို ဂရု အစိုက်သင့်ဆုံးနဲ့ အချစ်သင့်ဆုံး ဖြစ်ပါတယ် …။

သင်ကတော့ ကိုယ့်အတွက် နည်းနည်းလေးတောင် ဂရုမစိုက်တော့ဘဲ ချစ်တဲ့သူကိုပဲ အာရုံထဲ ထားမိနေတာ တကယ်တော့ မကောင်းပါဘူး …။

ဘဝအတွက် မေ့တယ်”

ချစ်သူရသွားတာနဲ့ ချစ်သူနဲ့ပဲ ရှုပ်နေပြီး ဘာမှ မလုပ်ဖြစ်တဲ့သူတွေ ရှိပါတယ် …။

ဘဝအတွက်ကိုတောင် မတွေးလောက်အောင် စားလည်း ချစ်သူနဲ့ အိပ်ချိန်လည်း ချစ်သူနဲ့ စကားပြော၊ ရန်ဖြစ်တာ၊ အခြေအတင် ဖြစ်နေတာ ကြည်နူးနေတာတွေနဲ့ပဲ အချိန်ကို ကုန်လေ့ ရှိပြီး ဘဝအတွက် အချိန်ကုန်ချိန် နည်းလွန်းသွားတာကလည်း အလွန်အမင်း ချစ်လွန်းသူတွေမှာပဲ ရှိတာပါ …။

သဝန်ကြောင်မိတယ်”

ချစ်မိတဲ့သူတွေတိုင်း သဝန်တိုတတ်ကြပါတယ်။ ဒါက အဆန်း မဟုတ်ပါဘူး။ ဆန်းတာကတော့ သဝန်တိုတဲ့ အဆင့်ကို လွန်ပြီး သဝန်ကြောင်တဲ့ အဆင့်ကို ပြောင်းလဲ သွားတတ်ကြတာပဲ ဖြစ်ပါတယ် …။

လူတိုင်းနဲ့ အထင်တွေ လွဲနေတတ်သလို လူတိုင်းကို ကိုယ့်ချစ်သူက ပြန်ကြိုက်သွားနိုင်တယ်ဆိုတဲ့ အတွေးနဲ့ သဝန်ကြောင်နေတာက သူတို့ကိုယ် သူတို့ နှိပ်စက်ခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်နော် …။ ။

ခရက်ဒစ်