သားသမီးမ်ားကို ငရဲေပးတဲ့ မိဘဆိုတာ တကယ္ရွိပါသလား…

သားသမီးမ်ားကို ငရဲေပးတဲ့ မိဘဆိုတာ တကယ္ရွိပါသလား…

သင္မဖတ္ပဲေက်ာ္သြားလွ်င္ ဘာတစ္ခုမွ သိမယ္မဟုတ္ပါ။ သားသမီးမ်ားကိုငရဲေပးတဲ့ မိဘဆိုတာ တကယ္ရွိပါတယ္ …။

(၁) `အျပစ္တင္လြန္းတဲ့မိဘ´

ဘာလုပ္လုပ္ အျပစ္တင္ေနတတ္တာ တစ္နည္းဆိုရရင္ ေလာဘႀကီးမိၾကတာပါ။ အသုံးမက်ဘူးဆိုတဲ့ ေဘာင္ထဲသြတ္သြင္းတာ သားသမီးက တကယ္အသုံးမက်တာျဖစ္ခ်င္ျဖစ္မယ္။ ဒါေပမယ္႔ အသုံးမက်တာကိုပဲ ေဖာက္ျမင္ေနတတ္တာ ဒါကိုၾကားရဖန္မ်ားလာတဲ့အခါ ေဒါသက မိဘကို ျပန္ခံေျပာတတ္ဖို႔ စတင္လာတယ္ …။

(၂) `ဘက္လိုက္တာ´

သားသမီးခ်င္းတူတူ ငါ့သမီး/သားေလးဘက္လိုက္ဆက္ဆံတတ္တာ ဘက္လိုက္တတ္တဲ့မိဘေတြရဲ႕ သားသမီးေတြဟာ မစည္းလုံးၾကတာမ်ားတယ္။ မိဘကေသြးခြဲထားလို႔ပါ`နင္ကညံ့တယ္၊ နင္ကေတာ္တယ္´ဆိုၿပီး ကြာလတီခြဲလိုက္တဲ့ ကုန္ပစၥည္းေတြဟာ ဘယ္ေတာ့မွေစ်းႏႈန္း ညႇိမရၾကေတာ့ဘူး။ ဘက္လိုက္မႈက မေလးစားမႈကို အစပ်ိဳးပါတယ္။ အခ်င္းခ်င္းမနာလိုစိတ္ကေန အမုန္းတရားပြားမ်ားလာတယ္။ ကေလးဘဝကတည္းက အ႐ိုးစြဲတဲ့အမုန္းတရားက ဘယ္ေတာ့မွေဖ်ာက္မရေတာ့ဘူး။ မိဘေတြသာမရွိၾကေတာ့ရင္ ဒီေမာင္ႏွမေတြဟာပက္သက္စရာ လုံးဝကိုမရွိေတာ့တဲ့ လူေတြျဖစ္ေနၾကပါလိမ့္မယ္ …။

(၃) ဆဲဆိုလြန္းတာ

ေန႔စဥ္ အဆဲခံရတဲ့လူဟာမခံခ်င္စိတ္ေၾကာင့္ ေဒါသမ်ားမယ္။ ျပန္ေျပာမိရင္ေတာ ့မိဘကိုခံေျပာသလိုျဖစ္တယ္။ငရဲႀကီးမယ္ ဒုကၡေရာက္မွေအးမယ္ ေခြးျဖစ္မွာဆိုတဲ့ က်ိန္စာဆန္ဆန္စကားေတြဟာ အရမ္းဆိုးပါတယ္။ေကာင္းေကာင္းမြန္မြန္ ေျပာၿပီးခိုင္းလို႔ရႏိုင္ေပမယ့္ ဆဲေရးၿပီးမွလုပ္မယ္ ထင္တဲ့အေတြးနဲ႔ ခိုင္းတာဟာ ဆိုး ဝါးလြန္းပါတယ္ …။

(၄) `သားသမီးအိမ္ေထာင္ေရးကိစၥကို စြက္ဖက္တာ´

`နင့္ ေယာက္က်ားကဘယ္လို´`နင္ယူထားတဲ့ မိန္းမကဘယ္လို´ဆိုတာမ်ိဳးမေျပာသင့္ပါဘူး။ သားသမီးရဲ႕ေ႐ြးခ်ယ္မႈကိုလဲေလးစားရပါမယ္။ သူေတာင္ သူ႔ဘဝကိုသူေနတတ္လို႔ ေနေနတာပါ။သားသမီးကသူ႔အိမ္ေထာင္နဲ႔ ပက္သက္ၿပီး ကူညီပါလို႔မေျပာမခ်င္း ဝင္ပါစရာမလိုတာပါ။ ငါ့သမီးမွန္တယ္ ငါ့သားမွန္တယ္ဆိုတဲ့ အယူအဆဟာမွားပါတယ္။ ကိုယ့္သားသမီးအေၾကာင္းသိတယ္ဆိုတာ ကေလးဘဝမွာပဲ ျဖစ္ပါလိမ့္မယ္။ကေလးဘဝမွာသာမိဘနဲ႔တစ္ေနကုန္ရွိေနလို႔ သူတို႔အက်င့္ေလးေတြ သိေနၾကရတာ သူတို႔အ႐ြယ္ေရာက္တဲ့အခါ မိဘနဲ႔ေနခ်ိန္နည္းေလ မိဘကသားသမီးစိတ္ကို မသိရေလဆိုတာကိုသတိထားသင့္ပါတယ္ …။

သားသမီးဆိုတာ မိဘကိုအစစအရာရာေျပာျပခ်င္တဲ့ အ႐ြယ္ဆိုတာ အသက္ေလးငါးဆယ္ႏွစ္အ႐ြယ္မွာပဲ ရွိတယ္။ ဒါကိုကေလးလိုပဲ အကုန္သိခ်င္အကုန္ေျဖရွင္းေပးခ်င္တယ္ ဆိုရင္ေတာ့ တကယ္ျဖစ္လာရင္ေတာင္ မိဘကိုမတိုင္ပင္ ၾကေတာ့တာမ်ားပါတယ္။`ငါေျပာသားပဲ´ဆိုတဲ့စကားေနာက္က အျပစ္တင္မႈေတြဟာ ျပႆနာကိုေျဖရွင္းဖို႔ ေဝးကြာေစတာသားသမီးေတြက ရိပ္စားမိၾကပါတယ္။ သားသမီးအေၾကာင္းတကယ္သာသိရင္ ဒါမ်ိဳးမလုပ္သင့္တာကို သိကိုသိထားရပါမယ္ …။

(၅) `သားသမီးကိုေျပာဆိုဆက္ဆံပုံ မွားတာ´

အခ်ိဳ႕ မိဘေတြရွိပါတယ္ ျပင္ပမွာေတာ့ လူငယ္လူႀကီးမေ႐ြးကို အရမ္းအေလးထားဆက္ဆံတတ္ပါတယ္။ ေျပာရရင္လူေတြအေပၚ ေလးစားမႈရွိတာေပါ့။ သားသမီးကိုက် အဲ့လိုမလုပ္ႏိုင္ၾကပါဘူး။ သားသမီးဆိုတာ ငယ္ႏိုင္လိုျဖစ္ေနေတာ ့စိတ္အလိုမက်တိုင္းသားသမီးကို ႏွိမ္ေနတတ္တာမ်ိဳးပါ။ ေစတနာစကားေပမယ့္ အေျပာမတတ္ရင္နားခါးတာ လူ႔သဘာဝပါ။အျပင္ပန္းကမွတ္မထားခ်င္ရင္ေနမယ္။ စိတ္ခံစားခ်က္ကေတာ့ မိဘက ငါေျပာတိုင္းမေကာင္းျမင္တယ္ဆိုၿပီး ေဒါသႀကီးေနတတ္တဲ့ သားသမီးေတြရွိလာရတာပါ …။

စိတ္ဆိုတာအၿမဲၾကည္သာမေနပါဘူး။ အၿမဲနားပူေအာင္ ေန႔စဥ္ဆုံးမစကားဆိုမေနမိပါေစနဲ႔။ သူေန႔စဥ္လုပ္တာေတြ မွတ္ထားၿပီး တစ္ပတ္တစ္ခါတစ္လတစ္ခါေလာက္သာ စားပြဲဝိုင္းမွာေအးေအးေဆးေဆးပဲ ဆုံးမစကား တစ္ခြန္းခ်င္း ေျပာသင့္ပါတယ္။ တစ္ပတ္တစ္ခါမို႔ဆုံးမရတာ စိတ္လဲရွည္တယ္။ သားသမီးအေနနဲ႔လည္းမိဘက ခ်က္က်လက္က်ေျပာေတာ ့ျငင္းရခက္တယ္။ သူ႕အမွားကို ဆင္ျခင္ႏိုင္တယ္`ေဒါသပါတဲ့ ဆုံးမစကားဟာေျပာင္းျပန္ အက်ိဳးသက္ေရာက္ပါတယ္ …။

ဘာလို႔လဲဆိုေတာ့ သားသမီးဆိုတာလူသားမို႔ေဒါသထြက္ရင္အ႐ြဲ႕တိုက္တတ္လို႔ပါ အဆင္မေျပမႈေတြကိုသူတို႔လဲ မလိုလားၾကပါဘူး။ ဒါေပမယ္႔ ျငင္းဆန္မရရင္ေတာ့မိဘနဲ႔ ထိပ္တိုက္ရင္ဆိုင္ျခင္းထက္ အေဝးကို ေျပးသြားလိုက္တာ အကုသိုလ္အနည္းဆုံး အဆင္ေျပဆုံးလို႔ ထင္ျမင္ယူဆလာၾကပါတယ္ …။

မိဘနဲ႔အဆင္မေျပတဲ့သားသမီးဟာ သူ႔ဖာသာရပ္တည္ေနရတဲ့အခါမွာလဲ အဆင္ေျပဘို႔ဆိုတာမလြယ္ကူပါဘူး။ အဆင္ေျပေျပ မေျပေျပ မိဘမသိပါေစနဲ႔အဆင္ေျပတယ္ပဲေျပာလိုက္ပါ။ ေတြးပူေနတတ္တဲ့မိဘကိုလည္း စိတ္မပင္ပန္းေစသလို အကုသိုလ္လဲနည္းေစပါတယ္။ တတ္ႏိုင္ရင္အေဝးကေန ေထာက္ပံ့ျခင္းကို လုပ္လို႔ရပါတယ္။ အနီးမွာပဲ ေနမယ္ဆိုလဲမိဘနဲ႔ အဆင္ေျပေအာင္နည္းလမ္းရွာၿပီး စိတ္ေလ်ာ့ၾကပါ။မိဘဆိုတာ အဖိုးတန္ပါတယ္။ ဒါေပမယ့္သားသမီးဆိုတာလဲ လူသားမို႔သူလဲ သူ႔တန္ဖိုးနဲ႔သူရွိတယ္ဆိုတာ မိဘမ်ားအထူးသတိထားၾကည့္ၾကၿပီး မိဘနဲ႔သားသမီးမ်ားဆက္ဆံေရးဟာလဲ ပိုအဆင္ေျပၾကမွာပါေနာ္ …။ ။

ခရက္ဒစ္

Unicode Version ဖြင့်ဖတ်ရန်

သားသမီးများကို ငရဲပေးတဲ့ မိဘဆိုတာ တကယ်ရှိပါသလား…

သင်မဖတ်ပဲကျော်သွားလျှင် ဘာတစ်ခုမှ သိမယ်မဟုတ်ပါ။ သားသမီးများကိုငရဲပေးတဲ့ မိဘဆိုတာ တကယ်ရှိပါတယ် …။

(၁) `အပြစ်တင်လွန်းတဲ့မိဘ´

ဘာလုပ်လုပ် အပြစ်တင်နေတတ်တာ တစ်နည်းဆိုရရင် လောဘကြီးမိကြတာပါ။ အသုံးမကျဘူးဆိုတဲ့ ဘောင်ထဲသွတ်သွင်းတာ သားသမီးက တကယ်အသုံးမကျတာဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် အသုံးမကျတာကိုပဲ ဖောက်မြင်နေတတ်တာ ဒါကိုကြားရဖန်များလာတဲ့အခါ ဒေါသက မိဘကို ပြန်ခံပြောတတ်ဖို့ စတင်လာတယ် …။

(၂) `ဘက်လိုက်တာ´

သားသမီးချင်းတူတူ ငါ့သမီး/သားလေးဘက်လိုက်ဆက်ဆံတတ်တာ ဘက်လိုက်တတ်တဲ့မိဘတွေရဲ့ သားသမီးတွေဟာ မစည်းလုံးကြတာများတယ်။ မိဘကသွေးခွဲထားလို့ပါ`နင်ကညံ့တယ်၊ နင်ကတော်တယ်´ဆိုပြီး ကွာလတီခွဲလိုက်တဲ့ ကုန်ပစ္စည်းတွေဟာ ဘယ်တော့မှဈေးနှုန်း ညှိမရကြတော့ဘူး။ ဘက်လိုက်မှုက မလေးစားမှုကို အစပျိုးပါတယ်။ အချင်းချင်းမနာလိုစိတ်ကနေ အမုန်းတရားပွားများလာတယ်။ ကလေးဘဝကတည်းက အရိုးစွဲတဲ့အမုန်းတရားက ဘယ်တော့မှဖျောက်မရတော့ဘူး။ မိဘတွေသာမရှိကြတော့ရင် ဒီမောင်နှမတွေဟာပက်သက်စရာ လုံးဝကိုမရှိတော့တဲ့ လူတွေဖြစ်နေကြပါလိမ့်မယ် …။

(၃) ဆဲဆိုလွန်းတာ

နေ့စဉ် အဆဲခံရတဲ့လူဟာမခံချင်စိတ်ကြောင့် ဒေါသများမယ်။ ပြန်ပြောမိရင်တော့မိဘကိုခံပြောသလိုဖြစ်တယ်။ငရဲကြီးမယ် ဒုက္ခရောက်မှအေးမယ် ခွေးဖြစ်မှာဆိုတဲ့ ကျိန်စာဆန်ဆန်စကားတွေဟာ အရမ်းဆိုးပါတယ်။ကောင်းကောင်းမွန်မွန် ပြောပြီးခိုင်းလို့ရနိုင်ပေမယ့် ဆဲရေးပြီးမှလုပ်မယ် ထင်တဲ့အတွေးနဲ့ ခိုင်းတာဟာ ဆိုး ဝါးလွန်းပါတယ် …။

(၄) `သားသမီးအိမ်ထောင်ရေးကိစ္စကို စွက်ဖက်တာ´

`နင့် ယောက်ကျားကဘယ်လို´`နင်ယူထားတဲ့ မိန်းမကဘယ်လို´ဆိုတာမျိုးမပြောသင့်ပါဘူး။ သားသမီးရဲ့ရွေးချယ်မှုကိုလဲလေးစားရပါမယ်။ သူတောင် သူ့ဘဝကိုသူနေတတ်လို့ နေနေတာပါ။သားသမီးကသူ့အိမ်ထောင်နဲ့ ပက်သက်ပြီး ကူညီပါလို့မပြောမချင်း ဝင်ပါစရာမလိုတာပါ။ ငါ့သမီးမှန်တယ် ငါ့သားမှန်တယ်ဆိုတဲ့ အယူအဆဟာမှားပါတယ်။ ကိုယ့်သားသမီးအကြောင်းသိတယ်ဆိုတာ ကလေးဘဝမှာပဲ ဖြစ်ပါလိမ့်မယ်။ကလေးဘဝမှာသာမိဘနဲ့တစ်နေကုန်ရှိနေလို့ သူတို့အကျင့်လေးတွေ သိနေကြရတာ သူတို့အရွယ်ရောက်တဲ့အခါ မိဘနဲ့နေချိန်နည်းလေ မိဘကသားသမီးစိတ်ကို မသိရလေဆိုတာကိုသတိထားသင့်ပါတယ် …။

သားသမီးဆိုတာ မိဘကိုအစစအရာရာပြောပြချင်တဲ့ အရွယ်ဆိုတာ အသက်လေးငါးဆယ်နှစ်အရွယ်မှာပဲ ရှိတယ်။ ဒါကိုကလေးလိုပဲ အကုန်သိချင်အကုန်ဖြေရှင်းပေးချင်တယ် ဆိုရင်တော့ တကယ်ဖြစ်လာရင်တောင် မိဘကိုမတိုင်ပင် ကြတော့တာများပါတယ်။`ငါပြောသားပဲ´ဆိုတဲ့စကားနောက်က အပြစ်တင်မှုတွေဟာ ပြဿနာကိုဖြေရှင်းဖို့ ဝေးကွာစေတာသားသမီးတွေက ရိပ်စားမိကြပါတယ်။ သားသမီးအကြောင်းတကယ်သာသိရင် ဒါမျိုးမလုပ်သင့်တာကို သိကိုသိထားရပါမယ် …။

(၅) `သားသမီးကိုပြောဆိုဆက်ဆံပုံ မှားတာ´

အချို့ မိဘတွေရှိပါတယ် ပြင်ပမှာတော့ လူငယ်လူကြီးမရွေးကို အရမ်းအလေးထားဆက်ဆံတတ်ပါတယ်။ ပြောရရင်လူတွေအပေါ် လေးစားမှုရှိတာပေါ့။ သားသမီးကိုကျ အဲ့လိုမလုပ်နိုင်ကြပါဘူး။ သားသမီးဆိုတာ ငယ်နိုင်လိုဖြစ်နေတော့စိတ်အလိုမကျတိုင်းသားသမီးကို နှိမ်နေတတ်တာမျိုးပါ။ စေတနာစကားပေမယ့် အပြောမတတ်ရင်နားခါးတာ လူ့သဘာဝပါ။အပြင်ပန်းကမှတ်မထားချင်ရင်နေမယ်။ စိတ်ခံစားချက်ကတော့ မိဘက ငါပြောတိုင်းမကောင်းမြင်တယ်ဆိုပြီး ဒေါသကြီးနေတတ်တဲ့ သားသမီးတွေရှိလာရတာပါ …။

စိတ်ဆိုတာအမြဲကြည်သာမနေပါဘူး။ အမြဲနားပူအောင် နေ့စဉ်ဆုံးမစကားဆိုမနေမိပါစေနဲ့။ သူနေ့စဉ်လုပ်တာတွေ မှတ်ထားပြီး တစ်ပတ်တစ်ခါတစ်လတစ်ခါလောက်သာ စားပွဲဝိုင်းမှာအေးအေးဆေးဆေးပဲ ဆုံးမစကား တစ်ခွန်းချင်း ပြောသင့်ပါတယ်။ တစ်ပတ်တစ်ခါမို့ဆုံးမရတာ စိတ်လဲရှည်တယ်။ သားသမီးအနေနဲ့လည်းမိဘက ချက်ကျလက်ကျပြောတော့ငြင်းရခက်တယ်။ သူ့အမှားကို ဆင်ခြင်နိုင်တယ်`ဒေါသပါတဲ့ ဆုံးမစကားဟာပြောင်းပြန် အကျိုးသက်ရောက်ပါတယ် …။

ဘာလို့လဲဆိုတော့ သားသမီးဆိုတာလူသားမို့ဒေါသထွက်ရင်အရွဲ့တိုက်တတ်လို့ပါ အဆင်မပြေမှုတွေကိုသူတို့လဲ မလိုလားကြပါဘူး။ ဒါပေမယ့် ငြင်းဆန်မရရင်တော့မိဘနဲ့ ထိပ်တိုက်ရင်ဆိုင်ခြင်းထက် အဝေးကို ပြေးသွားလိုက်တာ အကုသိုလ်အနည်းဆုံး အဆင်ပြေဆုံးလို့ ထင်မြင်ယူဆလာကြပါတယ် …။

မိဘနဲ့အဆင်မပြေတဲ့သားသမီးဟာ သူ့ဖာသာရပ်တည်နေရတဲ့အခါမှာလဲ အဆင်ပြေဘို့ဆိုတာမလွယ်ကူပါဘူး။ အဆင်ပြေပြေ မပြေပြေ မိဘမသိပါစေနဲ့အဆင်ပြေတယ်ပဲပြောလိုက်ပါ။ တွေးပူနေတတ်တဲ့မိဘကိုလည်း စိတ်မပင်ပန်းစေသလို အကုသိုလ်လဲနည်းစေပါတယ်။ တတ်နိုင်ရင်အဝေးကနေ ထောက်ပံ့ခြင်းကို လုပ်လို့ရပါတယ်။ အနီးမှာပဲ နေမယ်ဆိုလဲမိဘနဲ့ အဆင်ပြေအောင်နည်းလမ်းရှာပြီး စိတ်လျော့ကြပါ။မိဘဆိုတာ အဖိုးတန်ပါတယ်။ ဒါပေမယ့်သားသမီးဆိုတာလဲ လူသားမို့သူလဲ သူ့တန်ဖိုးနဲ့သူရှိတယ်ဆိုတာ မိဘများအထူးသတိထားကြည့်ကြပြီး မိဘနဲ့သားသမီးများဆက်ဆံရေးဟာလဲ ပိုအဆင်ပြေကြမှာပါနော် …။ ။

ခရက်ဒစ်