စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန်
Crd: ဝေဒင်္ဂ
Unicode Version ဖြင့်ဖတ်ရန်
တနင်္ဂနွေသားသမီးလေးတွေကို ချစ်သူတော်မယ်ဆိုရင်…
ချစ်သူက တနင်္ဂနွေ သားသမီးလေးဆိုရင်တော့…
ချစ်သူအပေါ် အနိုင်ယူလိုတဲ့စိတ် ရှိတယ်။ ကိုယ့်ချစ်သူကို ကိုယ့်ရဲ့ အလိုကျ အတိုင်း ဖြစ်စေချင်တဲ့သူမျိုး။ အရမ်းလည်း ချစ်တတ်ကြပါတယ် …။
တနင်္ဂနွေ သားသမီးတွေက အရမ်းကြီး မထူးဆန်းပေမယ့် အခြားလူတွေနဲ့ ကွဲပြားတဲ့ စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေပါ။ ဒါကြောင့် သူတို့ဟာ အခြားလူတွေနဲ့ ကွဲပြားနေတတ်ပါတယ် …။
တနင်္ဂနွေ သားသမီးတွေဟာ စာဖတ် ဝါသနာပါကြတယ်။ ဗဟုသုတ ကို လိုက်စားတယ်။ အအိပ်မက်တယ်။ အစားမကြီးဘူး။ ဒါပေမယ့် ခဏ ခဏ စားနေတတ်တာမျိုး၊ ဒေါသကြီးပေမဲ့ ကောက်ရိုးမီးလိုမျိုးပါ …။
ခဏပဲ ပြီးရင် သူမဟုတ်သလိုမျိုး၊ စိတ်ဆိုး စိတ်ကောက် လွယ်တယ်။ ဒါပေမဲ့ စိတ်ပြေလွယ်တယ်။ ဒါကြောင့်မို့လို့ သူတို့ဟာ ချစ်စရာ ကောင်းနေ တတ်ကြပြန်ရော …။
ချစ်သူအပေါ် အနိုင်ယူလိုတဲ့စိတ် ရှိတယ်။ ကိုယ့်ချစ်သူကို ကိုယ့်ရဲ့ အလိုကျအတိုင်း ဖြစ်စေချင်တဲ့သူမျိုး။ အရမ်းလည်း ချစ်တတ်ကြပါတယ်။ အချစ်ကြီးပြီး အချစ် အတွက်ဆို တဇွတ်ထိုး နိုင်တဲ့ သူလေးတွေပါ …။
ဒါ့ကြောင် အချစ်ရေးမှာ ကံညံ့တယ်လို့ နည်းနည်းပြောရမယ်။ ဦးဆောင်လို စိတ် ပြင်းပြတယ် …။
နေရာတကာ ဆရာကြီးလုပ်တဲ့သူမျိုး မဟုတ်ပေမယ့် ဦးဆောင်နိုင်တဲ့ အရည်အချင်း အပြည့်အဝ ရှိသူတွေပါ။ မိသားစုကိုလည်း ချစ်တတ်ကြတယ်။ အပေါင်းအသင်းလည်း မက်ကြတယ် …။
ဘယ်နေရာမှာဖြစ်ဖြစ် သူတို့က ဦးစားပေး နံပါတ် တစ် ဖြစ်ချင်တဲ့ သူမျိုးတွေပါ။ သူငယ်ချင်းတွေ အပေါ် အမြဲ အနစ်နာခံတတ်ကြတယ် …။
ခံစားရတာတွေကိုလည်း မျိုသိပ်ထားတတ်ကြတယ်။ ဒါကြောင့် အများရှေ့မှာ ပြုံးပျော်နေပေမဲ့ ကွယ်ရာမှာ တိတ်တိတ်လေး ကျိတ်ပြီး ခံစားတဲ့သူမျိုးတွေပါ။ အထူးအခြားဆုံးအချက်က တနင်္ဂနွေ သားသမီးတွေက အစွဲအလမ်း ကြီးလွန်းတာပါပဲနော် …။ ။
Crd: ဝေဒင်္ဂ