ခရက်ဒစ် PP
Unicode Version ဖြင့်ဖတ်ရန်
မိန်းကလေးတစ်ယောက် စိတ်နာသွားပြီဆိုရင်…
အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတဲ့စကားက အမှန်တကယ် ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် မိန်းမသားတွေအတွက် ပိုပြီး မှန်နိုင်ပါတယ် …။
ဘာလို့ဆို အချစ်ကြီးတဲ့မိန်းမသားတွေဟာ သူတို့ချစ်မိတဲ့သူအတွက် ဘာမဆိုပေးဆပ်ဖို့ ဝန်မလေးသလို၊ သူတို့အချစ်ကိုတန်ဖိုးမထားဘဲ နာကျင်အောင်လုပ်ရင်တော့ လုံးဝလှည့်မကြည့်တော့ပဲ ကျောခိုင်းသွားတတ်ကြလို့ပါ …။
အချစ်ကြီးတဲ့ မိန်းမတစ်ယောက်ဟာ အရှုံးပေးရတယ်လို့ မတွေးဘူး …။
ချစ်မိသွားပြီဆိုရင် ကိုယ်ချစ်တဲ့သူကရော ကိုယ်ချစ်သလောက် ကိုယ့်ကိုချစ်ရဲ့လား ၊ တကယ်ရောချစ်ရဲ့လားဆိုတာကို သံသယဖြစ်တတ်ကြပြီး …၊
ကိုယ်ချစ်သလောက် ကိုယ့်ကိုမချစ်ဘူးလို့ ထင်တဲ့အခါ အရှုံးသမားလို ခံစားရပါတယ်။ အချစ်ကြီးတဲ့သူတွေကတော့ ဒီလိုမဟုတ်ပါဘူးနော် …။
သူ့ဘက်က ကိုယ့်လောက် ချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ ကိုယ်က အကောင်းဆုံးချစ်သွားပြီး ပေးဆပ်တတ်ပါတယ်။ ဒါကို ရှုံးတယ်လို့လည်း မ တွေးပါဘူး …။
မျှော်လင့်ချက် အနည်းဆုံးထားတယ်
ကိုယ့်ဘက်ကအကောင်းဆုံးတွေကိုပဲ ပေးလို့ သူ့ဆီက ဘာတွေပြန်ရရမယ်ဆိုတဲ့ စိတ်မျိုးမထားဘူး။ ဒီချစ်ခြင်းနဲ့ ပတ်သက်လို့ မျှော်လင့်ချက်ကို အနည်းဆုံးပဲ ထားထားပါတယ် …။
အကြိမ်ကြိမ်ခွင့်လွှတ်နိုင်တယ်
အမှားတွေ ခဏခဏလုပ်ပေမယ့် ၊ ကိုယ့်ကိုစိတ်ပျက်စေမယ့် အပြုအမူတွေလုပ်ပေမယ့် အကြိမ်ကြိမ်ခွင့်လွှတ်ပေး၊ နားလည်ပေးနိုင်တာလည်း အချစ်ကြီးချစ်ကြတဲ့ သူတွေပါပဲ …။
အကောင်းဆုံးတွေကိုသာပေးချင်တယ်
သူနဲ့ချစ်နေတဲ့အချိန်မှာ အရှုံးအမြတ်တွက်တာတွေမရှိဘဲ ကိုယ့်ဘက်ကအကောင်းဆုံးဘာတွေပေးနိုင်မလဲဆိုတာကိုပဲ တွေးတယ်။ ကိုယ်တတ်နိုင်တာတွေရဲ့ အကောင်းဆုံးတွေကိုပဲ ပေးတယ် …။
စိတ်နာသွားရင်တော့ ဘာကြီးပဲဖြစ်နေနေ လှည့်မကြည့်တော့ဘူး …။
အချစ်ကြီးတဲ့သူတွေဟာ ကိုယ့်ဘက်ကအကောင်းဆုံးကိုပေးချင်တယ်၊ ဘာပြန်ရရမယ်ဆိုတဲ့ မျှော်လင့်ချက်အနည်းဆုံး ထားတတ်တယ်၊ အမှားလုပ်ရင်လည်း အကြိမ်ကြိမ် ခွင့်လွှတ်ပေးတတ်တယ် …။
ဒါပေမယ့် သူတို့ကိုစိတ်နာသွားအောင်လုပ်ရင်တော့ သင်ဘာကြီးပဲဖြစ်နေဖြစ်နေ လုံးဝလှည့်ကြည့်တော့မှာမဟုတ်ပါဘူးနော် …။ ။
ခရက်ဒစ် PP