(၃) ရုပ်ရည်က မတည်မြဲဘူး
The Idealist
Unicode Version ဖြင့်ဖတ်ရန်
အမျိုးသမီးတွေကို ဆွဲဆောင်ရာမှာ ရုပ်ရည်ထက် ပိုပြီးအရေးကြီးအရာ(၃)ခု…
ရုပ်ရည်က အရေးကြီးသလားလို့ ချစ်သူရှာချင်တဲ့ အမျိုးသားတွေက မေးကြလေ့ ရှိပါတယ် …။
တစ်ခွန်းတည်းပြောရရင်တော့ အရေးမကြီးပါဘူး …။
သိပ်လှတဲ့ ကောင်မလေးတစ်ယောက်က သူ့ထက်အရပ်ပုတဲ့ အမျိုးသားတစ်ယောက်နဲ့တွဲသွားတာကို စာဖတ်သူ ဘယ်နှကြိမ်လောက် မြင်ဖူးသလဲ …၊
တွေ့လေ့တွေ့ထရှိတဲ့ မြင်ကွင်းမျိုး မဟုတ်ဘူးလား။ သည်လိုပြောလို့ ရုပ်ရည်ရူပကာက လုံးဝအရေးမကြီးဘူးလို့ မဆိုလိုပါဘူး …။
ရုပ်ရည်ချောမောလို့ အမျိုးသမီးတွေရဲ့ စိတ်ဝင်စားမှုကို နည်းနည်းလောက် တိုးမြှင့်ပေးနိုင်တယ်။ ဒီလောက်ပါပဲ။ ရုပ်မချောလို့ မိန်းကလေးတွေစိတ်မဝင်စားဘူးလို့ မထင်လိုက်ပါနဲ့ …။
ရုပ်ရည်ဟာ အမျိုးသမီးတွေကိုဆွဲဆောင်ဖို့ အဓိကမကျရတဲ့ အကြောင်းရင်းတွေ ရှိပါတယ်။ အဲဒါတွေကတော့…
(၁) အမျိုးသမီးတွေဟာ အဆင့်အတန်းတွေကို ပိုစိတ်ဝင်စားတယ်
အဆင့်အတန်းဆိုလို့ အပျံစားကားကြီး စီးနိုင်တာ၊ နာမည်ကြီးတာတွေကို ဆိုလိုတာ မဟုတ်ပါဘူး …။
အဆင့်အတန်းဆိုတာ လူမှုအသိုင်းအဝိုင်းမှာ အဆင့်အတန်းမြင့်မှုကို ဆိုလိုတာပါ …။
လူမှုရေးအဆင့်မြင့်တဲ့အမျိုးသားတွေကို အမျိုးသမီးတွေက အလိုလို စိတ်ဝင်စားကြပါတယ် …။
လူမှုဆက်ဆံရေးအကောင်းဆုံး၊ စွမ်းဆောင်ရည်အရှိဆုံးသူတွေဟာ အမျိုးသမီးတွေ စိတ်အဝင်စားဆုံးသူတွေပဲ ဖြစ်ပါတယ် …။
(၂) အမျိုးသားတွေဟာ သူတို့ဆွဲဆောင်နိုင်စွမ်းကို မြှင့်တင်နိုင်ပါတယ်
အမျိုးသမီးတွေက ခေါင်းဆောင်နိုင်စွမ်းရှိတဲ့သူ၊ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့သူ၊ ဟာသဉာဏ်ရှိတဲ့ သူတွေကို အဓိက စိတ်ဝင်စားတတ်ပါတယ် …။
ဒီတော့ ကိုယ့်မှာရှိတဲ့ အဲသည်အရည်အချင်းတွေကို မြှင့်တင်ပြီး စိတ်ဝင်စားမှုကို ရယူနိုင်ပါတယ် …။
(၃) ရုပ်ရည်က မတည်မြဲဘူး
ရုပ်ရည်ရူုပကာက အမြဲပြောင်းလဲနေပါတယ်။ ဆံပင်ပုံစံ၊ အဝတ်အစားပြောင်းရုံနဲ့ ရုပ်လည်း ပြောင်းသွားတတ်ပါတယ် …။
အလှအပအကြောင်း ပင်ကိုဗီဇစိတ်နဲ့ နားလည်ထားတဲ့ အမျိုးသမီးတွေဟာ အမျိုးသားတစ်ယောက်နဲ့ စတွေ့တွေ့ချင်းမှာ သူ့ရုပ်ရည်ကို အာရုံသိပ်ပြီး မပြုကြပါဘူး …။
အမျိုးသားရဲ့ ပြောဟန်ဆိုဟန်၊ သြဇာတိက္ကမနဲ့ မိမိကိုယ်ကိုယုံကြည်စိတ်တွေကို အမျိုးသမီးတစ်ယောက် တွေ့ထားပြီဆိုရင် သူ့ရုပ်ရည်ကို သူ့အရည်အချင်းတွေက ဖုံးလွှမ်းသွားမှာပဲ ဖြစ်ပါတယ် …။
ဒီတော့ ကိုယ့်ကိုယ်ကို ရုပ်ချောအောင် ပြင်ဆင်တာထက် ကိုယ်ရည်ကိုယ်သွေးကို အဓိကထားမြှင့်တင်ဖို့ ကြိုးစားရမှာပါ …။
ကိုယ်ရည်ကိုယ်သွေးသာမြင့်မားရင် ကျန်တာတွေ အလိုလို ပါလာပါလိမ့်မယ် …။
ကျန်တာတွေ ဆိုတဲ့အထဲမှာ အမျိုးသမီးတွေလည်း ပါတာပေါ့။ သူငယ်ချင်းအားလုံး အောင်မြင်တဲ့ဘဝကို ပျော်ရွှင်စွာလျှောက်လှမ်းနိုင်ပါစေနော် …။ ။
The Idealist